backup og meta

မိဘတစ်ယောက်အနေနဲ့မိမိကလေးကိုဘယ်လိုပျိုးထောင်ပေးမလဲ


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိဘတစ်ယောက်အနေနဲ့မိမိကလေးကိုဘယ်လိုပျိုးထောင်ပေးမလဲ

    အကောင်းမြင်စိတ်ကို မွေးမြူပေးပါ။

    သင့်ကလေးရဲ့ ဘေးပတ်ဝန်းကျင်မှာရှိတဲ့ ကလေးတွေဆီမှာ မကောင်းတဲ့အမူအကျင့်တွေရှိနေတဲ့ အခါ သင့်ကလေးဆီကို ကူးစက်လာနိုင်ပါတယ်။ ဒါကိုပြန်လည်ပြုပြင်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ မကောင်းတာတစ်ခုခုကို လုပ်လိုက်မိပြီဆိုရင် ဆူပူဟောက်ဟမ်းလိုက်မှာထက် ကောင်းကောင်းမွန်မွန်ပြောဆိုဆုံးမတာမျိုးကို ကလေးတွေကလိုချင်ကြပါတယ်။ သူတို့လေးတွေကို မြှောက်ပင့်ပေးတာကိုလည်း နှစ်သက်သဘောကျတတ်ကြပါတယ်။

    သင်ဖြစ်စေချင်တဲ့ အပြုအမူမျိုးကိုပြောပြပေးပါ။

    အပေါင်းလက္ခဏာဘက်ဆောင်တဲ့ ပြောဆိုဆုံးမခြင်းမျိုးကိုသာ ပြုလုပ်ပေးပါ။ (ဥပမာ ‘ဒီနေရာကို မရှုပ်ပွစေနဲ’ လို့ပြောဆိုသုံးနှုန်းမယ့်အစား ‘အဝတ် လေးတွေကို ခေါက်ပြီးနေရာတကျထားပေးပါ’ လို့အပြုသဘောဆောင်တဲ့ အသုံးအနှုန်းမျိုးကိုသာ ရွေးချယ်သုံးနှုန်းပေးပါ။)

    ဒေါသကို ထိန်းချုပ်ပါ။

    သင့်ကလေးကို စိတ်ဆိုးမာန်ဆိုးနဲ့ အော်ဟစ်လိုက်ခြင်းဟာ သင့်ကိုလည်း စိတ်ဖိစီးမှုတွေတိုးပွားလာစေနိုင်သလို ကလေးကိုလည်း စိတ်ညစ်ညမ်းရှုပ်ထွေးမှုတွေ၊ ဒေါသတွေ ဖြစ်လာစေမှာပါ။ ဒီတော့ ဆုံးမရာမှာ စိတ်ကို တည်တည်ငြိမ်ငြိမ်ထားပြီး အတတ်နိုင်ဆုံး ပျော့ပျောင်းစွာပြောဆိုပေးပါ။

    ကောင်းမွန်တဲ့အရာ တစ်ခုခုကို သင့်ကလေးပြုလုပ်လိုက်တဲ့အခါ ချီးမွမ်းပေးဖို့ မမေ့ပါနဲ့

    ကလေးက ငယ်သည်ဖြစ်စေ ၊ ဆယ်ကျော်သက်ဖြစ်စေ အလုပ်တာဝန်တစ်ခုခုကို ကောင်းမွန်စွာ ပြီးမြောက် သွားတဲ့အခါ သူတို့ကို ချီးကျူးဂုဏ်ပြုဖို့ လုံးဝမမေ့လျော့သင့်ပါဘူး။ သင်ချီးကျူးစကားဆိုလိုက်တဲ့အခါ နောက်ထပ်အကြိမ်တွေမှာလည်း ကောင်းတာတွေကို သူတို့ထပ်လုပ်တတ်ကြပါတယ်။ထပ်လုပ်တတ်တာကို လည်း သင်သတိထားမိမှာပါ။ သင့်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်ခြင်းကိုလည်း သံသယကင်းကင်းခံစားမိစေမှာပါ။

    ဆိုးရွားတဲ့ အပြုအမူတွေကို ပြုပြင်ပေးပါ။

    ကလေးတိုင်းဟာ အမှားလုပ်တတ်ကြပါတယ်။ သူတို့မောပန်းလာတဲ့အခါ၊ ကြောက်လန့်သွားတဲ့ အခါ စသဖြင့် အဲ့လိုအချိန်တွေမှာ အမှားလုပ်မိနိုင်တာပုံမှန်ပါပဲ။ အခုလိုမျိုး အိမ်မှာပဲ ပိတ်မိနေရချိန်မှာ ပိုလို့တောင် ဖြစ်နိုင်ပါသေးတယ်။လမ်းညွှန်ပေးပါ။ ဆိုးရွားတဲ့အပြုအမူကို အမြန်ဆုံးသိရှိပြီး အဆိုးကနေကောင်းမွန်တဲ့ အပြုအမူ ဖြစ်အောင်ပြောင်းလဲပေးပါ။

    မစခင်မှာ ပြီးဆုံးစေပါ။

    ဥပမာ စိတ်ဆိုးနေတဲ့ ကလေးတစ်ယောက်ကို ပိုမိုဆိုးရွား မလာစေဖို့ တစ်စုံတစ်ခုကို အာရုံလွှဲပြောင်းလိုက်ပါ။ ဂိမ်းအတူတကွ ဆော့တာမျိုးလည်း ပြုလုပ်နိုင်ပါတယ်။

    ခေတ္တနားပါ

    ဆိုးရွားတဲ့အရာတစ်ခုကို ကလေးကပြုလုပ်လိုက်ပါက ချက်ချင်း မအော်လိုက်ပါနဲ့။ (၁၀) စက္ကန့်လောက် ခဏစဉ်းစားပါ။ အသက်ရှူသွင်း၊ ရှူထုတ် ငါးခါလောက်ပြုလုပ်ပါ။ ဒါဆိုရင် တော့ သင့်ရဲ့ တုံ့ပြန်မှုဟာ တည်တည်ငြိမ်ငြိမ်ဖြစ်လာမှာပါ။ သန်းပေါင်းများစွာသော မိဘတွေဟာ ဒီနည်းလမ်းနဲ့ အလုပ်ဖြစ်ကြောင်း တုံ့ပြန်လာကြပါတယ်။

    တစ်ဦးချင်းစီကို အချိန်ပေးပါ။ ချီးကျူးပေးပါ။

    တစ်ဦးချင်းစီကို အချိန်ပေးတာမျိုးနဲ့ ချီးကျူးပေးတာမျိုးဟာလည်း ဆိုးရွားတဲ့ အပြုအမူတွေပြုလုပ် ဖို့ ရာခိုင်နှုန်းနည်းသွားစေပါတယ်။

    လွယ်ကူရိုးရှင်းတဲ့ အလုပ်လေးတွေ ခိုင်းပေးပါ။

    တာဝန်ယူမှုတွေပါဝင်တဲ့ လွယ်ကူရိုးရှင်းတဲ့ အလုပ်လေးတွေ ခိုင်းပေးပါ။ ပြုလုပ်နိုင်ခဲ့ရင်လည်း ချီးကျူးစကားဆိုပေးပါနော်။

    နောက်ဆက်တွဲအကျိုးသက်ရောက်မှုကို ခံစားစေပါ။

    ဒါဟာ ဆူငေါက်အောက်ဟစ်လိုက်တာတွေ၊ ရိုက်နှက်ဆုံးမတာတွေထက် ပိုအကျိုးသက်ရောက်နိုင်ပါတယ်။ ဥပမာ ဆိုးရွားတဲ့ အပြုအမူတစ်စုံ တစ်ခုကို သင့်ကလေးက ပြုလုပ်လိုက်တဲ့အခါ သူ့ရဲ့လက်ကိုင်ဖုန်းကို သိမ်းလိုက်တာမျိုးနဲ့ အပြစ် ပေးနိုင်ပါတယ်။ ဒါဆိုရင်တော့ မကောင်းတဲ့ အပြုအမူအတွက် နောက်ဆက်တွဲအပြစ်ကို သူကိုယ်တိုင် သေသေချာချာ သိရှိသွားမှာပါ။

    ဖုန်းသိမ်းတဲ့နေရာမှာ အချိန်အကြာကြီး သိမ်းထားတာမျိုးကို မဆိုလိုပါဘူး။ သူ့ရဲ့အမှားကိုပြင်ဆင် လိုက်ချိန်မှာ၊ အပြစ်ကို ဝန်ခံပြီးချိန်မှာ ပြန်ပေးလိုက်သင့်ပါတယ်။ ပြင်းထန်တဲ့ အပြစ်ဒဏ်မျိုး ပေးခြင်းကလည်း ကလေးကို စိတ်ထိခိုက်စေပြီး ပိုမိုဆိုးရွားလာစေမှာပါ။

    သင့်ကလေး ဘာလုပ်ချင်သလဲဆိုတာကို မေးမြန်းပါ။

    သူတို့တွေ မိမိကိုယ်ကို ယုံကြည်မှုရှိစေဖို့ တည်ဆောက်ပေးပါ။ တစ်ဦးတစ်ယောက်ချင်းကို အချိန်ပေးလိုက်ခြင်းဟာ သူတို့လေးတွေကို ချစ်ခြင်းမေတ္တာနဲ့ လုံခြုံမှုတွေကိုရစေမှာပါ။

    သင်ကိုယ်တိုင်လည်း စံပြဖြစ်အောင်နေပါ

    သင့်ကလေးတွေဟာ သင့်ရဲ့ စိတ်ဓာတ်တွေ၊ အပြုအမူတွေကို လိုက်သင်ယူ နေမှာဖြစ်လို့ပါ။

    သူတို့ရဲ့ စိတ်ခံစားမှုတွေကို မျှဝေနားထောင်ပေးပါ။ စိတ်ဖိစီးမှုကို ဖြေရှင်းပေးပါ။

    စိတ်တည်ငြိမ်မှုရပါစေ။ ကလေးတွေအတွက် အလုံခြုံဆုံးနဲ့ အနွေးထွေးဆုံးဟာမိဘရင်ခွင်ပါ။ သူတို့လေး တွေရဲ့ ကြောက်ရွံ့မှုတွေ၊ ခံစားမှုတွေကို အသေအချာနားထောင်ပေးပါ။

    ရေးသားသူ-ဒေါက်တာမှူးခင်

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement