backup og meta

ဆယ်ကျော်သက်သားသမီးတွေကို စိတ်ဓါတ်မကျအောင် ဘယ်လိုကာကွယ်ပေးကြမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆယ်ကျော်သက်သားသမီးတွေကို စိတ်ဓါတ်မကျအောင် ဘယ်လိုကာကွယ်ပေးကြမလဲ

    အပျိုဖော်လူပျိုဖော်ဝင်လာတဲ့အခါ ဆယ်ကျော်သက်လူငယ်တွေဟာ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေပါ အများအပြားတွေ့ကြုံရပါတယ်။ ထိုအရွယ်မှာ စိတ်ဓါတ်ကျခြင်းဟာ အကြီးမားဆုံးပြဿနာကြီးပါ။ ထိုကိစ္စကိုဖြေရှင်းဖို့ မိဘတွေရဲ့အားပေးမှုက အလွန်အရေးကြီးပါတယ်။

    မိဘနဲ့သားသမီးကြား သံယောဇဉ်ခိုင်မာပါစေ

    မိဘနဲ့သားသမီးတွေကြားမှာ ရင်းနှီးမှုရှိခြင်းဟာ ဆယ်ကျော်သက်တွေရဲ့ စိတ်ဓါတ်ကျမှုပြဿနာကို ကာကွယ်ပေးနိုင်ပါတယ်။ မိဘတွေဟာ :

    • ကလေးတွေနဲ့နေ့စဉ်စကားပြောမယ်

    • သူတို့ခံစားချက်တွေ၊ လျှို့ဝှက်ချက်တွေကို မျှဝေမယ်

    • အားပေးမယ်၊ ချီးကျူးမယ်

    • သူတို့ရဲ့ဆိုးတဲ့အပြုအမူလေးတွေကိုလည်း တဖက်လှည့်နဲ့ ညင်သာစွာပြုပြင်ပေးမယ်

    တခြားဆက်ဆံရေးတွေကိုအားပေးပါ

    သူငယ်ချင်းတွေ တခြားလူမှုဆက်ဆံရေးတွေကလည်း ဆယ်ကျော်သက်စိတ်ဓါတ်ကျခြင်းအတွက် အရေးကြီးပါတယ်။ သင့်ကလေးတွေကို သူငယ်ချင်းကောင်းတွေနဲ့ အချိန်ကုန်ပါစေ၊ အဖွဲ့လိုက်လုပ်ဆောင်ရတာတွေ၊ အားကစားအဖွဲ့တွေ၊ ပရဟိတလုပ်ငန်းတွေလုပ်ဆောင်ပါစေ။ ဒါတွေဟာ သူတို့ကို မိမိကိုယ်ကိုယုံကြည်မှုတိုးစေပြီး အရည်အချင်းတွေလည်း တက်လာစေပါတယ်။ ချစ်သူရည်းစားပြဿနာတွေမှာလည်း အကြံပေးပါ။ ထိုပြဿနာများမှ စိတ်ဖိစီးမှုတွေကလည်း စိတ်ဓါတ်ကျခြင်းကို ဖြစ်စေနိုင်လို့ပါ။

    ကိုယ်လက်လှုပ်ရှားမှုလုပ်ခိုင်းပါ

    ကိုယ်လက်လှုပ်ရှားမှုတွေဟာ စိတ်ရှုပ်ထွေးမှု၊ စိတ်ဖိစီးမှုတွေကိုလျှော့ချပေးနိုင်ပါတယ်။ တစ်ရက်လျှင် အနည်းဆုံးတစ်နာရီလောက်လှုပ်ရှားပေးပါ။ လမ်းလျှောက်တာ၊ ပြေးတာ၊ ကြိုးခုန်တာမှစလို့ တောင်တက်တာ၊ အလေးမတာတွေထိ အကုန်အဆင်ပြေပါတယ်။

    စက်ပစ္စည်းတွေသုံးစွဲခြင်းကိုလျှော့ချပါ

    ဖုန်း၊ ကွန်ပျူတာ ဖန်သားပြင်တွေရှေ့မှာ အချိန်ကုန်နေခြင်းဟာ အိပ်ချိန်ကိုလျော့ကျစေပါတယ်။ ဒါ့အပြင် လူမှုကွန်ရက်တွေ၊ အင်တာနက်တွေဟာ သင့်ကလေးကို အွန်လိုင်းပေါ်မှာ အနိုင်ကျင့်လှောင်ပြောင်ခံရစေနိုင်ပါတယ်။ ဒါ့အပြင် ဇာတ်လမ်းတွေ၊ ရုပ်ရှင်တွေထဲက စံလူသားတွေနဲ့ ယှဉ်ပြီး လက်တွေ့ဘဝကို စိတ်ပျက်စေပါတယ်။ လူမှုကွန်ရက်တွေ အွန်လိုင်းတွေပေါ်က ရိုင်းစိုင်းသော မကောင်းသော စကားတွေ၊ ဖြစ်ရပ်တွေဟာလည်း အန္တရာယ်တစ်ခုပါပဲ။ ဒါတွေဟာ ကလေးတွေအတွက် မကောင်းသောရှေ့ဆောင်တစ်ခုဖြစ်နိုင်ပြီး လူမှုဘဝကိုကြောက်သွားစေပါလိမ့်မယ်။ ဒီအရာအားလုံးက ဆယ်ကျော်သက်တွေကို စိတ်ဓါတ်ကျစေနိုင်ပါတယ်။

    ကောင်းမွန်တဲ့အိပ်စက်အနားယူမှုမျိုးဖြစ်ပါစေ

    တနေကုန်ပင်ပင်ပန်းပန်းစာသင်ပြီးတဲ့အခါမှာ ကောင်းမွန်တဲ့အိပ်စက်ခြင်းဟာ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ကောင်းကောင်းဖြစ်မှာပါ။ အိပ်ရေးပျက်ပါက စိတ်ဓါတ်ကျခြင်းကိုအားပေးနိုင်ပါတယ်။ ဆယ်ကျော်သက်တွေကို အိပ်ရာစောစောဝင်စေခြင်းက စိတ်ဓါတ်ကျနိုင်ချေနည်းစေပါတယ်။

    သင့်တော်တဲ့ ကုသမှုကို အချိန်မီ ပေးပါ

    တကယ်လို့ သင့်ကလေးဟာ စိတ်ဓါတ်ကျမှု လက္ခဏာများပြနေပြီဆိုရင်တော့ သေးသေးလေးဖြစ်ပါစေ ဆရာဝန်နှင့်ဆက်သွယ်ပါ။

    တက်ကျွမ်းသူဆီမှ အကူအညီနဲ့ ထိုလက္ခဏာတွေလျော့သွားသည်ထိ ကုသမှုဆက်လက်ခံယူပါ။ မိသားစုပြဿနာနဲ့ပတ်သတ်သော စိတ်ဓါတ်ကျမှုမျိုးအတွက်က မိသားစုများရဲ့ဝိုင်းဝန်းကုသပေးမှုက အကောင်းဆုံးဖြစ်ပါတယ်။

    ထိုကဲ့သို့ကုသမျိုးမှာဆိုရင် စိတ်ဆရာဝန်က

    • စိတ်ဓါတ်ကျခြင်း အကြောင်းရင်း ကိုနားလည်စေခြင်း

    • စိတ်ဖိစီးမှုနဲ့ စိတ်ဓါတ်ကျခြင်းရဲ့ ဘဝအပေါ်သက်ရောက်မှု အမျိုးမျိုး ကိုသိစေခြင်း

    • အကောင်းဆုံးနည်းလမ်းနဲ့ စိတ်ဓါတ်ကျမှု သက်သာစေခြင်း

    • တခြားလူများနှင့်ဆက်ဆံတတ်စေခြင်း၊ ခံစားတတ်များမျှဝေတတ်စေခြင်း တို့အတွက် အကြံဉာဏ်များပေးပါလိမ့်မယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement