backup og meta

ကလေးအစာခြေစနစ်မှာ အကျိုးပြုဘက်တီးရီးယားတွေရဲ့ ကဏ္ဍ


Aye Thi Mon မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးအစာခြေစနစ်မှာ အကျိုးပြုဘက်တီးရီးယားတွေရဲ့ ကဏ္ဍ

    ခန္ဓါကိုယ်ကျန်းမာဖို့လေရှုရမယ်၊ရေသောက်ရမယ်၊ အစာအာဟာရြပည့်ဝမျှတအောင်စားသုံးရမယ်၊ပြည့်ဝတဲ့ အိပ်စက်ချိန်ထားရမယ်ဆိုငြင်းမလား။ ဒီအခြေအနေတွေမျှမှ ခန္ဓါကိုယ်ကျန်းမာမှာပါ။ ဒါတွေအပြင်နောက်တစ်ခုမေ့ထားလို့မဖြစ်တာက အစာခြေစနစ်ကျန်းမာဖို့ပါ။ အစာခြေစနစ်ကျန်းမာဖို့အရေးပါတဲ့ ဇာတ်လိုက်လေးတွေရှိပါတယ်။ ဒါကတော့ အစာခြေစနစ်ကို ကျန်းမာစေတဲ့ အကျိုးပြုဘက်တီးရီးယားလေးတွေဖြစ်ကြတဲ့ (Probiotics)တွေပါ။ သူတို့ကို အားဖြည့်ပေးမယ့် အာဟာရဓါတ်ကိုတော့ Prebiotics လို့ခေါ်ပါတယ်။ ဒီနှစ်ခုအကြောင်းနဲ့ ဒီဆောင်းပါးလေးထဲမှာ ကလေးတွေရဲ့ အစာခြေစနစ်ကျန်းမာဖို့ ဘာတွေလိုအပ်သလဲဆိုတာကိုပြောပြပေးပါရစေ။

    Probiotics ( အကျိုးပြုဘက်တီးရီးယား)

    အစာခြေစနစ်အတွင်းက အကျိုးပြုဘက်တီးရီးယားလေးတွေပေါ့။ အစာခြေစနစ်ကျန်းမာအောင်အထောက်အကူပြုပေးတာပါ။ ဒိန်ချဉ်၊ ကင်မ်ချီနဲ့ မီဆိုဟင်းရည်လိုမျိုး အစားအစာတွေမှာပါဝင်နေတတ်ကြပါတယ်။ အစာအိမ်နဲ့ အူနံရံတွေက အာဟာရတွေကို စုပ်ယူမှုကောင်းအောင်လုပ်ဆောင်ပေးပါတယ်။ ဒါကြောင့် အစာခြေစနစ်ကျန်းမာပြီး ကလေးကြီးထွားဖွံ့ဖြိုးဖို့ဆိုရင် ကလေးရဲ့နေ့စဉ်စားသောက်တဲ့အစားအစာတွေထဲမှာ အကျိုးပြုဘက်တီးရီးယားလေးတွေရရှိစေမယ့် အစားအသောက်တွေကိုပြင်ဆင်ပေးဖို့လိုပါမယ်။

    Prebiotics ( အကျိုးပြုဘက်တီးရီးယားအာဟာရ)

    Probioticခေါ်တဲ့ အကျိုးပြုအဏုဇီဝပိုးမွှားလေးတွေ ရှင်သန်ကြီးထွားဖို့အတွက်ဆိုရင် Prebiotic လို့ခေါ်တဲ့ အကျိုးပြုဘက်တီးရီးယားအာဟာရဓါတ်ကိုပြည့်ဝစွာရရှိဖို့လိုအပ်မှာပါ။ ဒီဓါတ်က အမျှင်ဓါတ်တစ်မျိုးဖြစ်ပြီး အူတွင်းကအကျိုးပြုဘက်တီးရီးယားတွေအတွက် အာဟာရထောက်ပံ့ပေးပါတယ်။ ငှက်ပျောသီး၊ ကြက်သွန်နီကြက်သွန်ဖြူ၊ ပန်းသီးအခွံ နဲ့ ပဲအမျိုးမျိုးတို့မှာ အကျိုးပြုဘက်တီးရီးယား အာဟာရဖြစ်တဲ့ Prebiotics ပါဝင်နေပါတယ်။ အူအတွင်းမှာ အကျိုးပြုဘက်တီးရီးယားအာဟာရများများရှိလေလေ အကျိုးပြုဘက်တီးရီးယားတွေရှင်သန်ကြီးထွားနိုင်လေလေဖြစ်တာကြောင့် အစာခြေစနစ်ကျန်းမာလေလေပါ။ အစာခြေစနစ်ကျန်းမာတဲ့အခါ ကလေးကြီးထွားဖွံ့ဖြိုးဖို့အတွက်အထောက်အကူဖြစ်ပြီးသားဖြစ်မယ်ဆိုတာပြောနေစရာမလိုအောင်ပါပဲ။

    ကလေးတွေရဲ့ အစာခြေစနစ်မှာ ပါဝင်နေတဲ့ အကျိုးပြုဘက်တီးရီးယားတွေရဲ့ကဏ္ဍ

    ကလေးတွေရဲ့ အစာခြေစနစ်ထဲမှာ ဘက်တီးရီယားတွေများစွာရှင်သန်နေကြတာပါ။ အကျိုးပြုဘက်တီးရီးယားတွေရှိသလို အကျိုးမပြုတဲ့ဘက်တီးရီးယားတွေလည်းရှိပါတယ်။ ဒီဘက်တီးရီးယားအရေအတွက်မျှတနေမှ အစာခြေစနစ်ရော ခန္ဓါကိုယ်တစ်ခုလုံးပါကျန်းမာမှာပါ။ Probioticsတွေက ကလေးရဲ့ အစာခြေစနစ်အတွင်းမှာ အကျိုးပြုဘက်တီးရီးယားတွေ ရှင်သန်ကြီးထွားဖို့ အထောက်အကူဖြစ်စေသလို ကလေးရဲ့ ကိုယ်ခံအားစနစ်ကိုလည်းကောင်းမွန်စေနိုင်ပါတယ်။ ဒါကြောင့်ကလေးနေ့စဉ်စားသုံးမယ့်အစားအစာသောက်တွေကိုသေချာသတိထားကျွေးမွေးသင့်ပါတယ်။ ကလေးဟာ Probiotics ပမာဏပြည့်ဝမျှတစွာရရှိမယ်ဆိုရင် –

    Probiotics ရရှိနိုင်မယ့် အစားအစာတွေက

    နို့နဲ့နို့ထွက်ပစ္စည်းတွေကprobiotics ရရှိစေနိုင်မယ့် အကောင်းဆုံးသော အစားအစာတွေပေါ့။ နို့ထွက်ပစ္စည်းဖြစ်တဲ့ ဒိန်ချဉ်သောက်သုံးပေးမယ်ဆိုရင်လည်းprobiotics ကိုရရှိမှာပါ။ ဒါတွေအပြင် အချဉ်ဖောက်ထားတဲ့ အစားအသောက်တွေဖြစ်ကြတဲ့ ကင်မ်ချီ၊ ချိစ်၊ဒိန်ခဲနဲ့ မီဆိုဟင်းရည်လိုမျိုး အစားအသောက်တွေကနေလည်းprobiotics ကိုရရှိနိုင်မှာပါ။

    ကလေးကိုprobiotics ကြွယ်ဝစွာပါဝင်တဲ့အစားအသောက်တွေကျွေးမွေးတာက ကျန်းမာဖွံ့ဖြိုးဖို့ အများကြီးအထောက်အပံ့ဖြစ်စေနိုင်တာပါ။ ဒါကြောင့် ကလေးကို ကျန်းမာတဲ့အစာခြေစနစ်နဲ့ ကျန်းမာစွာဖွံ့ဖြိုးကြီးထွားချင်စေချင်တဲ့ဖေဖေမေမေတို့အနေနဲ့ ကလေးကိုအစားအသောက်ပြင်ဆင်ပေးတိုင်းမှာprobiotics ကိုချန်မထားဖို့ပြောပါရစေ။

    Hello Health Groupသည်ဆေးပညာအကြံပေးချက်များ၊ရောဂါရှာဖွေမှုများ၊ကုသမှုများမပြုလုပ်ပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement