backup og meta

ကလေးများသည် EPA, DHA, GLA, နှင့် Vitamin D တို့ကိုကျန်းမာစွာနေနိုင်ရန်လိုအပ်ပါသည်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Su Sandy မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးများသည် EPA, DHA, GLA, နှင့် Vitamin D တို့ကိုကျန်းမာစွာနေနိုင်ရန်လိုအပ်ပါသည်

    အဆီဓါတ်သည်ကလေး၏ အာဟာရအတွက် အရေးကြီးသောဓါတ်တစ်ခုဖြစ်သည်။ သို့သော်အဆီသည် ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်စေနိုင်သည်ဟုတရားသေ ယူဆကြသောကြောင့် အဆီကို အာဟာရတွင်ချန်ထားတတ်ကြသည်။

    မိဘများသည် ကလေးများကိုကျွေးသည့်အထဲတွင်အဆီကို များစွာ မထည့်တတ်ကြပေ။ ကလေး၏ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများအတွက် fatty acid အဆီဓါတ်ကို လုံလောက်သော ပမာဏရနိုင်ရန်အရေးကြီးသည်။

    ထို့ကြောင့်မည်သည့် အဆီဓါတ်သည်သင့်ကလေးအတွက် စားသင့်ပြီးမည်သည့်အတွက် စားသုံးသင့်ကြောင်း သင်သိထားသင့်ပါသည်။

    DHA (Docosahexaenoic acid)

    DHA သည် Omega – 3 fatty acid ဖြစ်ပြီး မပြည့်ဝဆီအုပ်စုထဲတွင်ပါသည်။ ၎င်းသည် ကလေးများအတွက် ဘဝ၏ ပထမဆုံး နှစ်နှစ်တွင် ဦးနှောက်၏ ဖြစ်ပေါ်မှုနှင့် ဖွံ့ဖြိုးမှုအတွက် အရေးအကြီးဆုံး အဆီဓါတ် (fatty acid) ဖြစ်သည်။

    DHA သည် ကလေးဦးနှောက်တွင် အဆီပါဝင်မှု၏၉% ကိုနေရာယူပြီး လူကြီးများတွင်၁၂%ခန့် ရှိသည်။

    DHA သည် အာရုံကြောနှင့် အမြင်အာရုံဆဲလ်များ၏ အမြှေးပါးများ ဖြစ်ပေါ်ခြင်း၊ ဖွံ့ဖြိုးခြင်း နှင့်ကာကွယ်ခြင်းတို့အတွက် အစားမထိုးနိုင်သော ဓါတ်တစ်မျိုးလည်းဖြစ်သည်။

    ကလေး၏ဦးနှောက်သည် ပထမတစ်နှစ်တွင် ၁.၇၅ အဆ ကြီးထွားလာသောကြောင့်ကိုယ်ဝန်ဆောင်ချိန်နှင့် နို့တိုက်ချိန်တွင် အမေသည် DHA ကို လုံလောက်စွာ ရရှိရန် အရေးအကြီးဆုံးဖြစ်သည်။

    လေ့လာမှုများတွင် ကလေး၏ ဉာဏ်ရည်တိုးတက်မှုသည် DHAရရှိမှုနှင့်ဆက်စပ်မှုရှိကြောင်း အခိုင်အမာ ပြဆိုထားကြသည်။ လေ့လာမှုတစ်ခုတွင် DHA ကို အပိုရရှိထားသောအမေ၏ နို့တိုက်ကလေးသည် စိတ်ပိုင်းဆိုင်ရာစစ်ဆေးမှုတွင် အခြားကလေးများထက် ရလဒ်ပိုမိုကောင်းမွန်ကြောင်း ဖော်ပြထားသည်။

    အခြားသုတေသနတစ်ခုတွင် ဖော်မြူလာနို့မှုန့်တိုက်သော ကလေးများတွင် DHA များများပါသော ဖော်မြူလာကို သောက်သော ကလေးသည် အခြားပုံမှန်ဖော်မြူလာနို့မှုန့်ကို သောက်သော ကလေးများထက် ဉာဏ်ရည် ဖွံ့ဖြိုးမှုပိုမြန်ကြောင်းဖော်ပြထားသည်။

    ကလေး တစ်သောင်းတွင် စမ်းသပ်ထားသောလေ့လာမှုတစ်ခုတွင် တစ်ပတ်တွင် တစ်ကြိမ် သို့မဟုတ်တစ်ကြိမ်ထက် ပို၍ ငါးစားသော ကလေးသည် မစားသောကလေးများထက် စာသင်ကြားမှုနှင့် လူမှုဆက်ဆံရေးတွင်သိသာစွာ ပိုမိုကောင်းမွန်ကြောင်း ဖော်ပြထားသည်။

    EPA (Eicosapentaenoic acid)

    DHA သည် မွေးကင်းစကလေးများနှင့် မမွေးရသေးသော ကလေးများတွင် အရေးကြီးသကဲ့သို့EPAသည်လည်း အရေးကြီးသည်။ EPAသည် polysaturated omega 3 fatty acid ဖြစ်သည်။

    သို့သော် ၎င်း၏အဓိက တာဝန်သည် ကလေး၏ ကိုယ်ခံအားစနစ်ကိုတိုးတက်စေရန် နှင့် ရင်ကြပ်ခြင်း၊ atopy, ADHD နှင့်အခြားသော ကျန်းမာရေးပြသနာများမှကလေးကို ကာကွယ်ရန်ဖြစ်သည်။

    EPA သည်ကလေး၏ စိတ်ပိုင်းဆိုင်ရာ ခံစားချက်ဖွံ့ဖြိုးခြင်း၊ တိုးတက်ခြင်းများနှင့်သက်ဆိုင်သည်။ လေ့လာမှုများတွင် EPA ကို လုံလောက်စွာရရှိသော ကလေးများသည် စိတ်ဓါတ်ကျခြင်း၊ စိတ်ကြီးဝင်ခြင်း နှင့်အခြားသော စိတ်ပိုင်းဆိုင်ရာ ပြသနာများ ဖြစ်ပေါ်နိုင်ချေနည်းသည်ဟု ဖော်ပြထားသည်။

    ထို့အပြင် ရောင်ရမ်းခြင်းနှင့် အရေပြားနှင့်ဆိုင်သော ပြသနာများကိုလည်း အဖြစ်နည်းစေသည်။

    GLA (Gamma Linolenic acid)

    GLA သည် omeg-6 fatty acid ဖြစ်ပြီး polysaturated fat ဖြစ်သည်။ omega3 ကဲ့သို့ပင် ဦးနှောက်၊ အရိုး နှင့် ဆအရေပြားကျန်းမာရေးအတွက် လုပ်ဆောင်ချက်များအတွက် အရေးပါသည်။

    အချို့တွင် အရေပြားဓါတ်မတည့်ခြင်း၊ metabolic syndrome, chronic fatigue syndrome နှင့်အခြားသော ရောဂါများအတွက်လည်း အသုံးပြုနိုင်သည်။

    GLA ကို အသီးအရွက်ဆီများမှ ရရှိနိုင်သည်။ အချို့သော omega-6 fatty acid များသည် ရောင်ရမ်းခြင်းကိုဖြစ်စေနိုင်သော်လည်း GLAသည် ရောင်ရမ်းခြင်းကိုလျော့နည်းစေနိုင်ပြီး ကိုယ်ခံအားစနစ်ကို ကောင်းစေသည်။

    သို့သော် မိဘများအနေဖြင့် GLA ကို ကလေးကို အများကြီးမကျွေးသင့်ပါ။ omega 3 နှင့် 6 အချိုးမမျှတခြင်းသည် အဖြစ်များသော ကျန်းမာရေးပြသနာတစ်ခုပင်ဖြစ်သည်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Su Sandy မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement