backup og meta

ကလေးငယ်ကို မှန်ကန်အောင် ဘယ်လိုချီမလဲ


Dr . Phyu Mon Latt မှ ရေးသားသည်။ · 07/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးငယ်ကို မှန်ကန်အောင် ဘယ်လိုချီမလဲ

    ပထမဦးဆုံးအကြိမ် မိဘဖြစ်မယ့်သူတွေအတွက် ကလေးကို ဂရုစိုက်ဖို့အတွက် သင်ယူစရာတွေထဲမှာ အရေးအကြီးဆုံးကတော့ ကလေးငယ်ကို သေချာမှန်ကန်စွာ ချီခြင်းနဲ့ ပွေ့ထားခြင်းပဲဖြစ်ပါတယ်။

    ကလေးငယ်ရဲ့ ကိုယ်ခန္ဓါဟာ အလွန်ပျော့ပြောင်းပြီး အလွယ်တကူ ဒဏ်ရာရနိုင်တာကြောင့် ကလေးကို ကိုင်တွယ်မှု မှန်ကန်ဖို့ လိုပါတယ်။ အပ်ထားပြီး ပွေ့ချီခြင်းကနေ မျက်နှာချင်းဆိုင် ပွေ့ချီခြင်းအထိ သင့်လျော်တဲ့ နည်းပေါင်းများစွာ ရှိပါတယ်။

    သင့်ကလေးငယ်ကို သင့်လျော်မှန်ကန်စွာ ပွေ့ချီနိုင်မယ့် နည်းလမ်းတွေကို ဖေါ်ပြပေးလိုက်ပါတယ်။

    ၁။ ကလေးငယ်ကို ဘယ်လို ချီရမလဲ။

    • ကလေးငယ်ရဲ့ ဦးခေါင်းဟာ ကိုယ်ခန္ဓါတစ်ခုလုံးရဲ့ အလေးလံဆုံးအပိုင်းဖြစ်ပါတယ်။ ဒါကြောင့် ကလေးကို ချီသူတွေက ကလေးငယ်ရဲ့ ဦးခေါင်းနဲ့ လည်ပင်းကို သေချာထောက်ပံ့ထားဖို့ လိုအပ်ပါတယ်။
    • ကလေးငယ် ဦးခေါင်းရဲ့ အထိခိုက်လွယ်ဆုံးအပိုင်းဟာ ခေါင်းပေါ်က အပျော့ဆုံးအပိုင်းဖြစ်တဲ့ fontanelles တွေပဲဖြစ်ပါတယ်။ သူတို့ကို ပွေ့ချီတဲ့ အချိန်မှာ ခေါင်းကို သေချာကိုင်သင့်ပါတယ်။
    • ကလေးချီဖို့အတွက် လက်တစ်ဖက်ကို သူတို့ ခေါင်းအောက်မှာ ထားပြီး အခြားတစ်ဖက်ကို တင်ပါးအောက်မှာ ထားသင့်ပါတယ်။ တစ်ချိန်တည်းမှာပဲ သင့်ခါးကိုကာကွယ်ဖို့အတွက် ဒူးကွေးပြီး လက်မောင်းနဲ့ တစ်တန်းတည်းဖြစ်အောင် ထားသင့်ပါတယ်။
    • သေချာပုံစံချပြီးပြီဆိုရင်တော့ ခြေထောက်တွေကို ဆန့်တန်းပြီးကလေးငယ်ကို ရင်ဘတ်နဲ့ နီးကပ်စွာ ပွေ့ထားသင့်ပါတယ်။

    ၂။ ကလေးကို ပိုက်ပြီး အသာအယာ လွှဲဖို့အတွက် ဘယ်လို ချီထားသင့်သလဲ။

    • ကလေးကို အသာအယာလွှဲနေစဉ်မှာ သင့်ကလေးငယ်အတွက် တိကျတဲ့ပုံစံတစ်ခု ပြုလုပ်ထားခြင်းဟာ ကလေးကို ကောင်းကောင်းအိပ်ပျော်စေပါတယ်။ ပထမဦးစွာ ကလေးငယ်ရဲ့ ဦးခေါင်းကို သင့်ရင်ဘတ်ပေါ်မှာ သက်တောင့်သက်သာ ဖြစ်အောင် တင်ပါ။ သူတို့ရဲ့ ခေါင်းနဲ့ လည်ပင်းကို ထောက်ပံ့မှုပေးနိုင်ဖို့အတွက် တင်ပါးက လက်ကို ဆန့်တန်းလိုက်ပါ။
    • ပြီးရင်တော့ ကလေးငယ်ရဲ့ ဦးခေါင်းကို တံတောင်ဆစ်ကွေးပေါ်တင်ပြီး လက်တစ်ဖက်နဲ့ လည်ပင်းကို ထိန်းထားသင့်ပါတယ်။ နောက်လက်တစ်ဖက်ကို တင်ပါးအောက်မှာ ထားသင့်ပါတယ်။
    • အခုဆိုရင်တော့ ကလေးငယ်ရဲ့ ကိုယ်ခန္ဓါကို ဖြည်းညင်းစွာ လှုပ်ပေးပြီး ကလေးချော့တေးကို ဆိုကာ ချော့သိပ်နိုင်ပါတယ်။ ဒီပုံစံဟာ သင်က ကလေးကို သေချာစွာ စောင့်ကြည့်နိုင်ပြီး ကောင်းမွန်စွာ စကားပြောနိုင်တဲ့ ပုံစံ ဖြစ်ပါတယ်။

    ၃။ ကလေးငယ်ကို ပုခုံးပေါ်မှာ ဘယ်လို ချီထားမလဲ။

    ကလေးငယ်ကို ရင်ဘတ်နဲ့ ပုခုံးပေါ်မှာ ချီထားခြင်းဟာ စိတ်အချရဆုံးပုံစံတွေထဲက တစ်ခုဖြစ်ပါတယ်။ ကလေးငယ်ရဲ့ ခေါင်းနဲ့ လည်ပင်းတွေ့ို လက်နဲ့ ထောက်ပံ့ထားပြီး ကလေးငယ်ရဲ့ ရင်ဘတ်ကို သင့်ရဲ့ ရင်ဘတ်နဲ့ ပုခုံးပေါ်တင်ထားနိုင်ပါတယ်။

    အခြားလက်တစ်ဖက်ကို သူတို့ကိုပုံစံချဖို့ တင်ပါးပေါ်မှာ ထားနိုင်ပါတယ်။ ဒီပုံစံကတော့ သင့်ကလေးငယ်ကို သင့်ရဲ့ နွေးထွေးမှု ခံစားရစေနိုင်ပြီး သင့်နှလုံးခုန်သံကို ကြားရစေကာ သင့်ပုခုံးပေါ်ကနေ အရာရာကို မြင်စေနိုင်ပါတယ်။

    ၄။ စိတ်ချရဖို့ ဂရုစိုက်ပါ။

    သင့်ကလေးငယ်ကို စိတ်ချရစေဖို့ ကလေးကို ချီတဲ့အခါ ပူတဲ့အစားအသောက်တွေကို မကိုင်ထားသင့်ပါဘူး။ သူတို့ကို ချီပြီး လှေကားတက်ချိန်၊ လှေကားဆင်းချိန်တွေမှာလည်း ဂရုစိုက်သင့်ပါတယ်။

    ကလေးငယ်ကို ပွေ့ချီခြင်း၊ ပူးကပ်ခြင်းတွေက မိဘတွေကို ကလေးနဲ့ နီးကပ်စေပြီး ရင်းနှီးမှု ပိုမိုရရှိစေပါတယ်။ သင့်လျော်တဲ့ ပုံစံတွေကို သိရှိခြင်းဟာ ကလေးငယ် ဒဏ်ရာရရှိခြင်းနဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်ခြင်းက ကာကွယ်ပေးနိုင်ပါတယ်။

    ဒီနည်းလမ်းတွေကို သိရှိခြင်းအားဖြင့် အခြားကလေးငယ်တွေ၊ အခြားလူကြီးတွေက ကလေးငယ်ကို ပွေ့ချီလိုတဲ့အခါမှာ ကူညီနိုင်ပါတယ်။ ကလေးမပွေ့ချီခင် တည်ငြိမ်အောင်နေဖို့နဲ့ ယုံကြည်မှုရှိဖို့ အရေးကြီးပါတယ်။ ဒါမှသာ သင်တို့ ဆက်သွယ်မှုမပြုခင်မှာ ကလေးငယ်က စိတ်တင်းကျပ်မှု မရှိမှာဖြစ်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 07/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement