အရွတ်ဆိုတာ ကြွက်သားနဲ့ အရိုးကြားကို ဆက်သွယ်ပေးထားတဲ့အရာတစ်ခုပါ။ သူ့ရဲ့တာဝန်ကတော့ ကြွက်သားက ထုတ်လိုက်တဲ့ အင်အားကို အရိုးဆီကို လွှဲပြောင်းပေးရတဲ့ တာဝန်ဖြစ်ပါတယ်။ အရှင်းဆုံးပြောရရင် အရိုးတွေရဲ့ လှုပ်ရှားနိုင်အား တာဝန်ယူရတဲ့ အရွတ်ပါ။
သူတို့တွေလည်း ဒဏ်ရာရတတ်ပါတယ် ။ ။
ကိုယ်ခန္ဓါပေါ်က အရာတွေအားလုံး မနိုင်ဝန်ထမ်းရတဲ့အခါမှာ ဒဏ်ဖြစ်တတ်တာ သဘာဝပါ။ ဒီလိုပဲ အရွတ်တွဲတို့ အရွတ်တို့ဟာ တစ်ရှူးဆဲလ်တွေနဲ့ ဖွဲ့စည်းထားတာကြောင့် သူတို့အားနဲ့ မမျှတဲ့အရာတွေ လုပ်ဆောင်ရတဲ့အခါ ဒဏ်ရာရပြီး စုတ်ပြဲလေ့ရှိပါတယ်။
အရွတ်တွဲ စုတ်ပြဲခြင်း – အရွတ်တွဲစုတ်ပြဲတဲ့ ဒဏ်ရာဟာ ခြေကျင်းဝတ်နဲ့ လက်ကောက်ဝတ်မှာ အများဆုံး ဖြစ်တတ်ပါတယ်။ ခြေချော်ပြီးခေါက်လဲတာတို့၊ အလေးအပင်မလိုက်တဲ့အခါ ဒဏ်ဖြစ်သွားတာမျိုးပါ။ ဒီလို အရွတ်တွဲစုတ်ပြဲသွားတဲ့အခါ အနာပြန်ကျက်ဖို့အတွက် အဆင့် ၃ ဆင့် ရှိပါတယ်။
- ပထမ အဆင့် – ပြဲသွားတဲ့နေရာမှာ သွေးတွေထွက်လာပြီးေသွးခဲခြင်းစတင်ပါတယ်။ စုတ်ပြဲသွားတဲ့ ဒဏ်ကြောင့် တစ်ရှူးတွေ ရောင်ရမ်းခြင်းလည်း ဖြစ်လာပါတယ်။
- ဒုတိယအဆင့် – inorganic salts, primarily hydroxyapatite and some calcium carbonate, and collagen fiber တို့နဲ့ ဖွဲ့စည်းထားတဲ့ matrix ရယ်၊ ကော်လာဂျင် အရွတ် တစ်ရှူးတွေရယ် ပွားလာပါတယ်။
- နောက်ဆုံး အဆင့်မှာတော့ – matrix ဟာ နဂိုမူလပုံစံဖြစ်အောင် remodeling သူ့ဘာသာ ပြန်ဖန်တီးယူပါတယ်။ ဒီအဆင့်ကနေ အကောင်းအတိုင်းပြန်ဖြစ်ဖို့ အချိန်တစ်ခုတော့ ယူရပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။