backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Spinal Fracture ( ကျောရိုးဆစ်ကျိုးခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Spinal Fracture ( ကျောရိုးဆစ်ကျိုးခြင်း) ကဘာလဲ။

ကျောရိုးမကြီးတလျှောက်မှ အရိုးတစ်ခုကျိုးခြင်းဖြစ်တယ်။ ကျောရိုးမကြီးဟာ ကျောရိုးဆစ်တွေတစ်ခုနဲ့တစ်ခုဆင့်ပြီး တည်ဆောင်ထားတာဖြစ်ပြီး တခြားအရိုးတွေလိုပဲ ကျိုးတတ်ပါတယ်။ ဒါပေမယ့် ထိုအရိုးများကျိုးပါက အာရုံကြောမကြီးကို ထိခိုက်နိုင်တာကြောင့် တခြားအရိုးတွေကျိုးတာထက် ပိုပြင်းထန်နိုင်ပါတယ်။

Spinal Fracture ( ကျောရိုးဆစ်ကျိုးခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အရွယ်မရွေးဖြစ်နိုင်ပြီး ဖြစ်နိုင်ချေရှိသောအချက်များကို ရှောင်ခြင်းဖြင့်ထိန်းသိမ်းနိုင်တယ်။ အသေးစိတ်အတွက် ဆရာဝန်နဲ့တိုင်ပင်ကြည့်နိုင်ပါတယ်။

လက္ခဏာများ

Spinal Fracture ( ကျောရိုးဆစ်ကျိုးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

လက္ခဏာတွေက ထိခိုက်မှုတည်နေရာ၊ ဘယ်လောက်ပြင်းလဲပေါ်မှာမူတည်ပါတယ်။ လည်ပင်းနာခြင်း၊ ခါးနာခြင်း၊ ထုံခြင်း၊ ကျဉ်ခြင်း၊ ကြွက်သားများအကြောဆွဲခြင်း၊ တောင့်ခြင်း၊ အားနည်းခြင်း၊ ဆီးဝမ်းသွားမှုပြောင်းလဲခြင်း၊ လေဖြတ်ခြင်း တို့ဖြစ်နိုင်ပါတယ်။ ခြေလက်များ လှုပ်၇ှားမရဘဲ လေဖြတ်သွားခြင်းဟာ အာရုံကြောမကြီးထိခိုက်မှုကို ဖော်ပြနေခြင်းဖြစ်နိုင်တယ်။ ကျောရိုးကျိုးမှုအားလုံးကတော့ အာရုံကြောမကြီးမထိခိုက်စေပါဘူး။

ဖော်ပြထားသောလက္ခဏာတွေအပြင်ရှိနိုင်တာကြောင့် အသေးစိတ်အတွက်ဆရာဝန်ကိုမေးမြန်းနိုင်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်တွင်ဖော်ပြထားသောလက္ခဏာတွေခံစားရရင် သို့မဟုတ် သိရှိလိုသည်များရှိပါက ဆရာဝန်နဲ့ဆွေးနွေးနိုင်ပါတယ်။ လူတိုင်းတစ်ယောက်နဲ့ တစ်ယောက်မတူနိုင်တာကြောင့် သင့်အခြေအနေအတွက် အကောင်းဆုံးအဖြေရဖို့ ဆရာဝန်နဲ့ဆွေးနွေးကြည့်တာအကောင်းဆုံးပါ။

အကြောင်းရင်းများ

Spinal Fracture ( ကျောရိုးဆစ်ကျိုးခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ထိခိုက်မှု သို့မဟုတ် အရိုးအားနည်းစေသော အခြေအနေတွေဗကြာင့်ဖြစ်နိုင်ပါတယ်။

ထိခိုက်မှု-

ကားမတော်တဆမှု

ပြုတ်ကျခြင်း

အားကစားများ

ပြင်းထန်သောထိခိုက်မှု (ဥပမာ- သေနတ်မှန်ခြင်း)

ထိခိုက်မှုတွေဟာ ခန္ဓါကိုကိုပြင်းထန်စွာ လှုပ်၇ှားမှုတွေဖြစ်စေပြီး ကျောရိုးမအပေါ်ဖိအားသက်ရောက်စေကာ မခံနိုင်သောကြောင့်ကျိုးခြင်းဖြစ်နိုင်တယ်။ ဥပမာ- ကားမောင်းနေစဉ် မတော်တဆဖြစ်ခြင်းဟာ လည်ပင်းကိုနောက်သို့ဆောင့်တွန်းလိုက်သလိုဖြစ်တာကြောင့် ထိုဖိအားကိုခံရန်ကြိုးစားသော လည်ပင်းရိုးဆစ်များကို ကျိုးသွားစေပါတယ်။

ထိခိုက်မှုတွေကြောင့် ကျောရိုးဆစ်တွေအပြင်မှာ ထောက်ထားတဲ့အရိုးငယ်များအက်သွား၊ ကျိုးသွားပြီး ကျောရိုးဆစ်များပြုတ်ကျပိပြားခြင်းလည်း ဖြစ်နိုင်ပါတယ်။ အစပိုင်းမှာထိခိုက်မှုမများပေမယ့် အချိန်ကြလာတာနဲ့အမျှ ပိုဆိုးလာတာလည်းဖြစ်နိုင်တယ်။

အရိုးအားနည်းစေသောအခြေအနေများ-

အရိုးပါးခြင်း

အရိုးကင်ဆာ

ကျောရိုးထိခိုက်မှု

အရိုးပါးခြင်း၊ ပွခြင်းကဲ့သို့ အခြေအနေရှိပါက ကျောရိုးကျိုးနိုင်ချေများပါတယ်။ အားနည်းနေသောအရိုးများမှာ သာမန်ဈေးဝယ်သောအိတ် မလိုက်ခြင်းကပင် ရိုးသွားနိုင်ပါတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Spinal Fracture ( ကျောရိုးဆစ်ကျိုးခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

ကျောရိုးဆစ်တစ်တစ်ကျိုးခြင်းဟာ နောက်ထပ်ကျိုးဖို့ အလားအလာများနိုင်ပါတယ်။ အချိန်ကြာလာနဲ့အမျှ ကျိုးနေတဲ့အပိုင်းတွေက ကျောရိုးဖြောင့်တန်းမှုကို နှောက်ယှက်ကာအရှေ့ဘက်ကွေးသွားစေတယ်၊

ထိုသို့ကွေးသွားခြင်းဟာ ဟန်ချက်ကိုထိခိုက်စေပြီး ရင်ခေါင်းအကန့်ဖိထားသလိုဖြစ်ကာ အသက်ရှူကြပ်ခြင်း၊ အိပ်ခြင်းစားခြင်းတွေမှာခက်ခဲစေခြင်းများ ဖြစ်စေနိုင်ပါတယ်။ တခြားအချက်တွေကတော့ အရွယ်၊ ယောက်ျားမိန်းမဖြစ်ခြင်း နဲ့ နေထိုင်မှုပုံစံတွေပါပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Spinal Fracture ( ကျောရိုးဆစ်ကျိုးခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်ကစမ်းသပ်မှုတွေလုပ်ပြီး နာကျင်မှုနဲ့ပတ်သတ်တဲ့ မေးခွန်းတွေမေးပါလိမ့်မယ်။ ထိခိုက်မှုကိုလည်းမေးမြန်းပြီး တခြားဆက်နွယ်နေတဲ့ အာရုံကြောနဲ့ပတ်သတ်တဲ့ လက္ခဏာတွေကိုလည်း ဆွေးနွေးပါလိမ့်မယ်။ ကျောရိုးဆစ်ကိုစမ်းသပ်ကာ အမျိုးမျိုးလှုပ်ရှားကြည့်ခိုင်းနိုင်ပါတယ်။ ဘယ်လောက်ကောင်းကောင်းလှုပ်ရှားနိုင်သလဲ စစ်ကာ နာကျင်မှုတိုးစေ၊ လျော့စေသလားကိုလည်း စစ်ဆေးပါလိမ့်မယ်။

တကယ်လို့အာရုံကြောထိခိုက်သွားတယ်ထင်ပါက အာရုံကြောနဲ့ပတ်သတ်ပြီး စစ်ဆေးနိုင်ပါတယ်။ အလိုအလျောက်တုံ့ပြန်မှုစနစ်၊ ကြွက်သားအား၊ နာကျင်မှု၊ တခြားအာရုံကြောနဲ့ပတ်သတ်တဲ့ ပြောင်းလဲမှုတွေ စစ်ဆေးနိုင်ပါတယ်။

ကျောရိုးမကြီးကျိုးသွားခြင်းကို အကောင်းဆုံးသိရှိနိုင်တာကတော့ ပုံရိပ်များရိုက်ယူစစ်ဆေးခြင်းတွေပါပဲ၊

ဓါတ်မှန်- အရိုးကျိုးနေပါက ဓါတ်မှန်ကရှင်းလင်းစွာပြနိုင်ပါလိမ့်မယ်။

စီတီစကမ်(CT scan )- အရိုးများသာမက အာရုံကြောများကဲ့သို့ တစ်သျူးများအခြေအနေကိုပါပြနိုင်တယ်။ ဆရာဝန်က အာရုံကြောထိခိုက်သည်ဟု ယူဆပါက အာရုံကြောပေါ်ဖိနေသာအရာ၊ အာရုံကြောမကြီးအခြေအနေတို့ကိုသိရန် စီတီစကမ် ရိုက်ခိုင်းနိုင်ပါတယ်။ နောက်ထပ်ကောင်းသောအချက်တစ်ချက်ကတော့ စီတီစကမ်ဟာ ကျောရိုးဆစ်ကိုကန့်လန့်အနေအထား၊ ရှုထောင့်အမျိုးမျိုးမှမြင်နိုင်ခြင်းဖြစ်တယ်။

အမ်အာအိုင်(MRI scan) – အမ်အာအိုင်ဟာလည်း ကျောရိုးဆစ်ကြားမှ အရိုးပြား၊ အာရုံကြောများကိုကြည့်နိုင်တယ်။ ကျောရိုးဆစ်ကြားအရိုးပြားများ ပြဿနာများကိုရှာဖွေနိုင်ပါတယ်။

ထိုစစ်ဆေးမှုများကိုမူတည်ပြီး ကျိုးမှုပုံစံ၊ ပြင်းထန်မှုတွေကို သိနိုင်ပြီးကုသမှုပေးနိုင်ပါလိမ့်မယ်။

Spinal Fracture ( ကျောရိုးဆစ်ကျိုးခြင်း) ကို ဘယ်လိုကုသပါသလဲ

အာရုံကြောမကြီးပိခြင်းကို ကုသဖို့ ပထမနည်းကတော့ ခွဲစိတ်မှုမပါသေးဘဲ၊ ဆေးသောက်ဆေးထိုးခြင်း၊ ကယ်လ်စိယမ်၊ ဗီတာမင်-ဒီထောက်ပံ့မှု၊ အနားယူမှု (အချိန်တိုသာဖြစ်တယ်၊ အချိန်ကြာမလှုပ်၇ှားခြင်းဟာလည်း အရိုးများထိခိုက်နိုင်ပါတယ်) အပြင်ဘက်မှ ထောက်ပံ့တွယ်ဆိုင်းခြင်းတို့ဖြစ်တယ်။

ကျောရိုးဆစ်ကျိုးမှုကြောင့် နာကျင်ခြင်းဟာ လပေါင်းမျာစွာကြာနိုင်တယ်။ ဒါပေမယ့် သေချာကုသပါက ပျောက်ကင်းနိုင်ပါတယ်။ ရက်အနည်းငယ်၊ ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ နာကျင်မှုသက်သာလာနိုင်တယ်။

တကယ်လို့ဆက်လက်နာကျင်နေပါက ဆရာဝန်က ကျိုးသွားခြင်းကိုပြုပြင်ဖို့စဉ်းစားပါလိမ့်မယ်။ အရိုးပါးခြင်းကြောင့် ကျောရိုးဆစ်ကျိုးခြင်းအတွက် သုံးနိုင်တဲ့နှစ်နည်းကတော့ vertebroplasty နဲ့ kyphoplasty တို့ဖြစ်တယ်။ ဒါပေမယ့် ရှားရှားပါးပါး ကျောရိုးဆစ်အရှည်လျော့သွားနိုင်တဲ့ အခြေအနေဆိုရင်တော့ ခွဲစိတ်ကုသဖို့လိုပါလိမ့်မယ်။

Vertebroplasty -ကျိုးသွားသောကျောရိုးဆစ်ကို ငြိမ်အောင်ထိန်းပြီး နာကျင်မှုသက်သာစေမှာဖြစ်တယ်။

Kyphoplasty – နာကျင်မှုသက်သာစေပြီး အရိုးဆစ်များပိသွားခြင်းကြောင့် ကျောရိုးမကြီးအလျားလျော့သွားခြင်းကို ပြုပြင်ရန်ဖြစ်တယ်။

နေထိုင်မှုပုံစံ၊ အိမ်တွင်းကုသနည်းများ

ဗီတာမင်-ဒီ၊ ကယ်လ်စီယမ်၊ ပရိုတင်းကြွယ်ဝသော အစားအစာများစားပါ။ ဗီတာမင်-ဒီအတွက် ခဏတာနေရောင်ခံပေးသင့်ပါတယ်။

အရိုးပါးခြင်းအတွက် ဆရာဝန်ဆီမှာ မှန်မှန်ကုသပါ။ သွေးဆုံးပြီးစအချိန်မှာ ကျန်းမာရေးအကြံဉာဏ်များတောင်းခံထားသင့်ပါတယ်။

လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ တင်းနစ်ကစားခြင်းကဲ့သို့ အားကစားများလုပ်ပါ။ ဒါဟာအရိုးများသန်မာစေသော နေထိုင်မှုပုံစံဖြစ်တယ်။

အိမ်တွင်လဲကျစေနိုင်သော ပစ္စည်းများကိုဂရုတစိုက်ထားပါ။ ကားမတော်တဆဖြစ်ခြင်းများကိုလည်း သတိထားပါ။

ဟန်ချက်ငြိမ်စေရန် အလေးမခြင်းများပြုလုပ်ပါ၊ သန်မာလာစေပါတယ်။

ဆေးလိပ်မသောက်ပါနဲ့

အရက်လျှော့သောက်ပါ၊ သို့မဟုတ် ဖြတ်လိုက်ပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement