အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး

နေ့စဉ် လှုပ်ရှားမှုတွေအတွက် အရိုးအဆစ်တွေနဲ့ ကြွက်သားတွေ ကျန်းမာစေဖို့ အတော်လေး အရေးကြီးပါတယ်။ ဒီ အရေးကြီးတဲ့ အရိုးအဆစ်နဲ့ ကြွက်သားတွေ ကျန်းမာစေဖို့ ဘယ်လိုမျိုး စောင့်ရှောက်မှုတွေ လုပ်ပေးဖို့ လိုမလဲဆိုတာကို သေသေချာချာလေး လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး

အဆစ်ရောင်နာရှိသူတို့အတွက် အကောင်းဆုံး သောက်စရာတွေက ဘာတွေဖြစ်မလဲ!

အဆစ်ရောင်နာရှိသူတို့အတွက် အကောင်းဆုံး သောက်စရာတွေက ဘာတွေဖြစ်မလဲ! အဆစ်ရောင်နာ ဆိုတာက တော်တော်လေး ခံရခက်ပါတယ်။ အဆစ်နေရာတွေမှာ ရောင်ရမ်းပြီး လှုပ်ရှားလိုက် တိုင်းမှာ နာကျင်တာမျိုးပါ။ ဒီလို နာကျင်တာက တစ်နေ့တာရဲ့ လုပ်ဆောင်မှုတွေကို ထိခိုက်စေပြီး နာကျင်မှုကို လည်း အတော်လေး ခံစားကြရပါတယ်။ ဒီလို အဆစ်ရောင်နာ ရှိသူတွေကို ဆရာဝန်တွေက မှာလေ့ ရှိတဲ့ စကားလေး တစ်ခွန်းရှိပါတယ်။ ဒါကတော့ အဆစ်ရောင်နာ ရှိတယ်ဆိုရင် အဆစ်တွေ နာကျင်တာကို သက်သာစေဖို့ ရေများများ သောက်ပါလို့ပေါ့။ ဒီလို မှာတာက ရေများများ သောက်တာက အဆစ်တွေကို လှုပ်ရှားရ လွယ်ကူစေပြီး နာကျင်တာတွေကို သက်သာစေနိုင်လို့ပါ။ ဒီလိုမျိုး အဆစ်နာတာကို သက်သာစေဖို့ ရေဓာတ်ပြည့်ဝအောင် နေတဲ့အခါ ရေများများ သောက်ရတာကို ငြီးငွေ့တယ်ဆိုရင်တော့ အခြားသောက်လို့ […]

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး ကို ရှာဖွေမည်။

အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ငယ်ငယ်ရွယ်ရွယ်နဲ့ ခါးနာ ရတာ ဒါကြောင့်ပါ။

ခါးနာ တဲ့ဝေဒနာက လူကြီးတွေမှာပဲ ဖြစ်တတ်တာမဟုတ်ပါဘူး။ ဒီခေတ်ရဲ့ ဘဝနေထိုင်မှု ပုံစံအရ လူငယ်တွေမှာလည်း ခါးနာတာတွေ ခပ်စိတ်စိတ် တွေ့လာရပါပြီ။ အထူးသဖြင့်တော့ လုပ်နိုင်ကိုင်နိုင်တဲ့ ၂၀ကျော် ၃၀ပတ်ချာလည်လောက်မှာ တွေ့လာရတာပါ။ ငယ်ငယ်လေးနဲ့ ခါးနာနေရတာ ဘာကြောင့်များပါလိမ့်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ခါးနာ နေပြီလား။ လူငယ်တွေမှာ ခါးနာရတာက နေထိုင်မှု ပုံစံနဲ့ ရောဂါတွေကြောင့်လို့ ခွဲပြောလို့ရပါတယ်။ နေထိုင်မှု ပုံစံကြောင့် ဖြစ်တာကတော့ ပိုများပါတယ်။ ဒီနေ့ခေတ်မှာ အထိုင်များလာတာ၊ လှုပ်ရှားမှု နည်းလာတာ၊ လူနေမှုပုံစံက ပိုပြီး သက်သာအောင် ဖန်တီးလာတာတွေက ခါးါးနာစေတဲ့ အကြောင်းရင်းတွေပဲ ဖြစ်ပါတယ်။ အသေးစိတ်ကို ဆက်ကြည့်ရအောင်။ https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/causes-of-back-pain-due-to-too-much-sitting/ နေထိုင်မှု ပုံစံကြောင့် ခါးနာ ခြင်း ခါးကုန်းပြီးထိုင်တာ ကွန်ပျူတာရှေ့မှာ အလုပ်လုပ်တဲ့အခါ ကိုယ်မသိလိုက်ဘဲ ရှေ့ကို ကုန်းပြီး ထိုင်မိတတ်ပါတယ်။ ဒီလိုပုံစံက ကျောရိုးရဲ့ ပုံစံကို […]


အခြား အရိုးရောဂါများ

သင့်ခန္ဓာကိုယ်မှာ ကြွက်သားတွေက ဘယ်လောက်အရေးပါသလဲ။

ကြွက်သားဆိုတာ အရိုးတွေမှာ လာတွယ်ပြီး ခန္ဓာကိုယ်တစ်ခုလုံး လှုပ်ရှားနိုင်ဖို့ ကူညီပေးတယ်ဆိုတာ သိပြီးသာနေမှာပါ။ ဒါပေမယ့် ကြွက်သားတွေက ဒီထက့်ပိုပါတယ်။ မျက်တောင်ခတ်တာက စလို့ အသက်ရှင်ဖို့ နှလုံးခုန်နေရတာအထိ ကြွက်သားတွေ ပါပါတယ်။ နှလုံးခုန်တယ်ဆိုတာ နှလုံးကြွက်သား ညှစ်လို့ ခုန်တာပါ။ ခန္ဓာကိုယ်ရဲ့ ကြွက်သားတွေအကြောင်းကို နည်းနည်းလောက် လေ့လာကြည့်ကြမလား။ ကြွက်သားကို ဘာတွေနဲ့ လုပ်ထားတာလဲ။ သင့်ခန္ဓာကိုယ်မှာ ကြွက်သားပေါင်း ၆၀၀လောက်ရှိတယ်လို့ ပြောရင် အံ့သြသွားမလား မသိ။ သင်နေ့စဉ်အသက်ရှင်ဖို့ လှုပ်ရှားသွားလာဖို့ ဒီကြွက်သားတွေက အလုပ်ပေးရပါတယ်။ ကြွက်သားထုကြီးကို အသေးစိတ်ခွဲခြမ်းစိတ်ဖြာကြည့်ရင် ကြွက်သားမျှင်တွေနဲ့ လုပ်ထားတာကို တွေ့ရပါလိမ့်မယ်။ ကြွက်သားမျှင်ပေါင်း ထောင်ပေါင်းများစွာနဲ့ပါ။ ဒီကြွက်သားမျှင်တွေက သားရေကွင်းနဲ့ တူပါတယ်။ ကျုံ့တာရယ် ဆန့်တာရယ်ပဲ လုပ်ပါတယ်။ ဒီအကျုံ့အဆန့်ပဲ လုပ်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်းချုပ်ထားတာပါ။ ကြွက်သားတွေ ဘယ်လိုအလုပ်လုပ်သလဲ။ ကြွက်သားတွေ အလုပ်လုပ်ဖို့ Action […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

အထိုင်များလို့ ခါးနာ၊ ကျောနာ ဖြစ်နေပြီလား။

အခုနောက်ပိုင်း နည်းပညာတိုးတက်လာမှုတွေကြောင့် အလုပ်တော်တော်များများကို ထိုင်ရာကမထဘဲ လူအများနဲ့ ချိတ်ဆက်ပြီး လုပ်ဆောင်နိုင်နေပါပြီ။ ဒီလို တိုးတက်လာမှုက တစ်ဖက်မှာ ကောင်းသလို တစ်ဖက်မှာလည်း ဆိုးကျိုးရှိနေပါတယ်။ ဒီလိုပြောရတာက လူသားတွေဟာ အရင်က လမ်းလျှောက်တာ အပါအဝင် သင့်တင့်လျောက်ပတ်တဲ့ လှုပ်ရှားသွားမှု ရှိတဲ့ နေ့စဉ်ဘဝရော အလုပ်ခွင်ကိုပါ ပိုင်ဆိုင်ထားပေမယ့် တိုးတက်လာတဲ့ ဒီဘက်ခေတ်ကြီးမှာတော့ လှုပ်ရှားမှုတွေက တော်တော်လေး နည်းလာပါတယ်။ အရင်က ဓာတ်လှေကားတွေ၊ စက်လှေကားတွေ တွင်တွင်ကျယ်ကျယ် မပေါ်ခင်က လှေကားတက်ရတာလိုမျိုး လှုပ်ရှားမှုကို လုပ်ဆောင်မိပေမယ့် အခုခေတ်မှာတော့ ရုံးတွေ၊ အိမ်တွေက အထပ် ဘယ်လောက်မြင့်မြင့် ချွေးတစ်စက် မထွက်ဘဲ မတ်တတ်လေးရပ်ရင်း ဓာတ်လှေကားပြီး ရောက်သွားကြတာလေ။ အလုပ်ခွင်မှာဆိုလည်း အွန်လိုင်း app တွေကို သုံးပြီး ထိုင်ရာကမထဘဲ တစ်စားပွဲခြားလောက်ကိုတောင် လမ်းမလျှောက်ဖြစ်တော့ဘူးလေ။ ဒီတော့ တိုးတက်လာတဲ့ ဒီဘက်ခေတ်မှာ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ဆောင်းတွင်းမှာ အဆစ်တွေ ပိုကိုက်ရတဲ့ အကြောင်းရင်း

ဆောင်းတွင်းရောက်လာပြီဆိုရင် လူကြီးဖြစ်ဖြစ်၊ လူငယ်ဖြစ်ဖြစ် အဆစ်တွေ ကိုက်တတ်ကြပါတယ်။ နဂိုအဆစ်ကိုက်တတ်တဲ့သူတွေဆိုရင် ပိုပြီး သတိထားမိမှာပါ။ သာမန်အချိန်တွေထက် ဆောင်းတွင်းမှာ အဆစ်ကိုက်တာက ပိုပြင်းထန်တတ်သလို ခဏခဏလည်း ကိုက်တတ်ကြပါတယ်။ ဒါက ဘာကြောင့်များပါလိမ့်။ ဆောင်းတွင်းမှာ အဆစ်ပိုကိုက်ရတဲ့ အကြောင်းရင်း လူတိုင်းတော့ မဟုတ်ပေမယ့် တချို့က ဆောင်းတွင်းရောက်ရင် သိသိသာသာ အဆစ်ပိုကိုက်ကြပါတယ်။ ခြေဆစ်လက်ဆစ်တွေကစလို့ ဒူးဆစ်လို အဆစ်ကြီးတွေအထိ ကိုက်တတ်ပါတယ်။ အအေးပိုတဲ့ ညဦးပိုင်းတွေ၊ မနက်အရုဏ်တက်ချိန်တွေဆို ပိုသိသာပါတယ်။ ဆောင်းတွင်းမှာ အဆစ်ပိုကိုက်ရတဲ့ အကြောင်းရင်းတွေကတော့ သွေးလည်ပတ်မှု မကောင်းတာ အေးတဲ့အခါ ခန္ဓာကိုယ်က အပူကို ထိန်းထားဖို့လိုတဲ့အတွက် ကိုယ်တွင်းမှာ ရှိတဲ့ အင်္ဂါတွေဆီကို သွေးပိုပို့ပါတယ်။ ဥပမာ နှလုံး၊ အဆုတ်၊ အစာခြေစနစ် စတာတွေကိုပါ။ သိပ်အရေးမကြီးတဲ့ ခြေဖျားလက်ဖျားတွေက သွေးကြောတွေကိုတော့ ကျုံ့လိုက်ပြီး သွေးစီးဆင်းမှုနည်းအောင် လုပ်လိုက်ပါတယ်။ ဒါကြောင့် ခြေဖျားလက်ဖျားတွေ […]


အဆစ်ရောင်ရောဂါများ

အဆစ်ရောင်နာ (Arthritis)

အဆစ်ရောင်နာ (Arthritis) ဆိုတာ အဆစ်တွေကို ထိခိုက်စေနိုင်တဲ့ ကျန်းမာရေးပြဿနာ တစ်မျိုးပါ။ အဆစ်တွေ နာကျင်တာ၊ ရောင်ရမ်းတာတွေ ဖြစ်စေနိုင်ပါတယ်။ လှုပ်ရှားဖို့ ခက်တာ၊ တက်တက်ကြွကြွနေဖို့ ခက်တာမျိုးတွေကိုလည်း ခံစားရနိုင်ပါတယ်။ အဆစ်ရောင်နာတွေက အမျိုးမျိုးပါပဲ။ တစ်မျိုးစီတိုင်းမှာ မတူညီတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။  အဆစ်ရောင်နာ အမျိုးအစားကို လိုက်ပြီး ကုထုံးတွေလည်း ကွာခြားနိုင်ပါတယ်။ အဆစ်ရောင်နာ က များသောအားဖြင့် အသက်အရွယ် ကြီးရင့်သူတွေမှာ အဖြစ်များပါတယ်။ အမျိုးသားတွေမှာ ဖြစ်နိုင်သလို အမျိုးသမီးတွေ၊ ကလေးတွေမှာလည်း ဖြစ်နိုင်ပါတယ်။ အရွယ်သုံးပါးစလုံး ခံစားရနိုင်တဲ့ ကျန်းမာရေး ပြဿနာပါ။ အဆစ်ရောင်နာ (Arthritis) ဆိုတာ အဆစ်ရောင်နာ ဆိုတာ အဆစ်တွေ ( အရိုး တစ်ခုခုနဲ့ တစ်ခု ဆုံပြီး လှုပ်ရှားမှုတွေ လုပ်ဆောင်နိုင်တဲ့ နေရာ) မှာ ထိခိုက်စေတဲ့ ကျန်းမာရေး […]


အခြား အရိုးရောဂါများ

ဒူးချောင် နေတာ ဘာကြောင့်လဲ

ဒူးချောင် တာက ရုတ်တရက် ဒူးညွှတ်ပြီး ခွေကျလာတာလည်း ဖြစ်နိုင်သလို ဖြည်းဖြည်းချင်းနဲ့ ပိုဆိုးလာပြီး ပုံမှန်အတိုင်း လှုပ်ရှားဖို့ ခက်လာတာတွေလည်း ရှိနိုင်ပါတယ်။ ရောဂါတစ်ခုခုကြောင့် ဖြစ်နိုင်သလို ဒူးချောင်တာကြောင့် မတော်တဆချော်လဲပြီး ထိခိုက်မှုတွေလည်း ရှိနိုင်ပါတယ်။ ဘာကြောင့် ဒူးချောင် ရတာလဲ။ ဒူးဆစ်က တခြားအဆစ်တွေနဲ့ မတူဘဲ ရှုပ်ထွေးတဲ့ အဆစ်တစ်ခုပါ။ ရိုးရိုးတန်းတန်း အရိုးနှစ်ခုဆက်ထားရုံတင် မဟုတ်ဘဲ အရွတ်တွဲတွေနဲ့ ရှုပ်ယှက်ခတ်အောင် ထိန်းထားတဲ့ အဆစ်တစ်ခုပါ။ ဒီတော့ ဒီအဆစ်တွေ၊ အရိုးတွေ၊ အရွတ်တွဲတွေမှာ တစ်ခုခုထိခိုက်မှုဖြစ်ရင် ဒူးချောင်လာတတ်ပါတယ်။ ဖြစ်နိုင်တဲ့ အကြောင်းတွေကတော့ အရွတ်တွဲတွေပြဲတာ ဒူးမှာ အရွတ်တွဲ ၄ခုရှိပါတယ်။ အရှေ့ရယ်၊ အနောက်ရယ်၊ အတွင်းရယ်၊ အပြင်ဘေးဘက်ခြမ်းရယ်လို့ အလွယ်မှတ်ထားနိုင်ပါတယ်။ ဒီအရွတ်တွဲတွေ တစ်စိတ်တစ်ပိုင်း ဒါမှမဟုတ် လုံးဝပြဲထွက်သွားတဲ့အခါမျိုးမှာ ဒူးမခိုင် ဘဲ ဖြစ်တတ်ပါတယ်။ ဥပမာ အရှေ့က အရွတ်တွဲလုံးဝပြဲသွားရင် […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

သင့် အဆစ်အမြစ်ကိုက်ခဲ ရတဲ့ အကြောင်းရင်းများ

အဆစ်အမြစ်ကိုက်ခဲ တယ်ဆိုတာက နေ့စဉ်ဘဝမှာ တွေ့ကြုံနိုင်တဲ့ ဝေဒနာတစ်ခုပါ။ အရွယ်မရွေး၊ ကျားမမရွေး ကြုံရနိုင်ပါတယ်။ အဆစ်အမြစ်ကိုက်တယ်ဆိုတာက လက္ခဏာသက်သက်သာဖြစ်ပြီး ဖြစ်စေတဲ့အကြောင်းရင်းကို ရှာဖွေကုသဖို့ လိုပါတယ်။ အဆစ်အမြစ်ကိုက်ခဲ ရတဲ့ အကြောင်းရင်းများ အဆစ်အမြစ်တွေမှာ အဆစ်ကြီးတွေအပြင် လက်ဆစ်၊ ခြေဆစ်တွေလည်း ကိုက်ခဲနိုင်ပါတယ်။ ဖြစ်နိုင်တဲ့အကြောင်းရင်းတွေ အများကြီးရှိပေမယ့် တွေ့ရတတ်တာတွေကတော့ အရိုးအဆစ်ရောင်ရမ်းနာ (Osteoarthritis) ဒါကအဖြစ်များတဲ့ အဆစ်ရောင်ခြင်းအမျိုုးအစားပါ။ သက်လတ်ပိုင်းလောက်မှာ တဖြည်းဖြည်း စဖြစ်လာပြီး သက်ကြီးပိုင်းရောက်ရင် လက္ခဏာသိသာလာပါတယ်။ အသက်ရလာတာနဲ့အမျှ အဆစ်တွေကြားထဲမှာ ရှိတဲ့ အရိုးနုလေးတွေ ပွတ်တိုက်မှုကြောင့် ပါးပြီး အဆစ်ရောင်လာတာပဲ ဖြစ်ပါတယ်။ အဆစ်နာတာ၊ တောင့်တင်းတာတွေ ခံစားရတတ်ပါတယ်။ လေးဖက်နာအဆစ်ရောင် ရောဂါ နာတာရှည်အဆစ်ရောင်ရောဂါဖြစ်ပြီး အဆစ်တွေ ဖောင်းပြီး နာတတ်ပါတယ်။ များသောအားဖြင့် လက်ဆစ်တွေ၊ လက်ကောက်ဝတ်တွေက အဆစ်တွေ ရောင်ရမ်းပြီး ပုံပျက်တတ်ပါတယ်။ ဂေါက်ရောဂါ ယူရစ်အက်စစ် crystalတွေက အဆစ်တွေမှာ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ကြွက်သားနာကျင်မှုကို ဖြစ်စေနိုင်တဲ့ ကိုယ်နေဟန်ထားတွေကိုများ လုပ်မိနေပြီလား။

ကွန်ပျူတာ ရှေ့ထိုင်ပြီး အကြိုက်ဆုံး သီချင်းလေး နားထောင်ရင်း သီချင်းလေး ညည်းရင်း အချိန်တွေ ကုန်မှန်း မသိ အလုပ်တွေ လုပ်နေလိုက်တာ ညနေ အလင်းရောင် ပျောက်ချိန်မှ အော် ရုံးဆင်းချိန်တောင် ရောက်ပြီပဲဆိုပြီး လက်ပ်တော့ ပိတ်တတ်တဲ့ workerholic လေးတွေ များရှိလား။ ဒါတောင် အလုပ် မပြီးသေးရင် ဆက်လုပ်လိုက်ပါဦးမယ် ဆိုတဲ့သူလေးတွေလည်း ရှိပါတယ်။ အခုလို ကာလမှာ Work from home ကြောင့် အိမ်မှာပဲနေပြီး အလုပ်လုပ်တဲ့အခါ လက်ပ်တော့တစ်လုံးချလို့ရတဲ့ နေရာတိုင်းကအလုပ်စားပွဲဖြစ်ပြီး သီချင်းဖွင့်ထားရင်ကို ပြီးပြည့်စုံတယ်လို့ ခံစားမိတဲ့အနေအထားမှာ တစ်နေကုန် လှုပ်ရှားမှု မရှိဘဲ အလုပ်လုပ်နေတာက ညနေများ နားချိန် ရောက်ပြီဆိုရင် အကြောတွေ တင်းပြီး နာတာကို မခံစားရဘူးဆိုတဲ့သူက နည်းမယ် ထင်ပါတယ်။ ဒါတွေက ဘာကြောင့် […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

နာကျင်မှု ကင်းတဲ့ work from home လေး ဖြစ်စေဖို့

အိမ်ကနေအလုပ်လုပ်ရလို့ သက်သာလိုက်တာလို့ ထင်ရင် လွဲနေပါပြီ။ ကားမစီးရတာကလွဲရင် ကျန်တာက တစ်နေကုန် ကွန်ပျူတာရှေ့မှာ ငုတ်တုပ်ပါပဲ။ သိသာတဲ့အချက်ကတော့ ညနေ အလုပ်ဆင်းချိန်ရောက်လို့ အလုပ်စားပွဲက ထလိုက်ရင် တစ်ကိုယ်လုံး နာကျင်နေတာပါ။ ဇက်ကြောတွေတက်၊ ခါးကနာ၊ လက်ဆစ်တွေကိုက်၊ မျက်ရိုးတွေကိုက်နဲ့ ဝေဒနာ ပေါင်းစုံတင်လာပါပြီ။ တစ်ရက်လည်း မဟုတ် နေ့တိုင်းသာ ဒီလိုဆိုရင် ကြာလာရင် ကျန်းမာရေး ထိခိုက်လာမှာပါ။ နာကျင်မှု ကင်းတဲ့ work from home လေး ဖြစ်စေဖို့ ဒီတော့ နေ့စဉ်အလုပ်လုပ်နေရပေမယ့် နာကျင်မှုတွေ ကင်းနေအောင်၊ မိမိရဲ့ ကြွက်သားနဲ့ အရိုးအဆစ်တွေ မထိခိုက်အောင် အောက်ပါအချက်တွေကို လိုက်လုပ်ပေးနိုင်ပါတယ်။ အချိန်ဇယားအတိအကျထားပါ။ ဘယ်အချိန်မှာ အလုပ်စလုပ်မယ်။ ဘယ်အချိန်မှာ ထမင်းစားနားမယ်။ ဘယ်အချိန်မှာ အလုပ်ဆင်းမယ်ဆိုတာကို ရုံးမှာလိုပဲ သတ်မှတ်ထားပါ။ မဟုတ်ရင် ထိုင်ရာမထ ရုံးချိန်ကျော်တဲ့အထိ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

လေ့ကျင့်ခန်း လုပ်ပြီးနောက် ကြွက်သားတွေ နာကျင်ကိုက်ခဲလာတဲ့အခါ ဒါတွေ လုပ်ကြည့်ပါ။

အိပ်ရာ ထထချင်း ကြွက်သားတွေ နာလိုက်တာ ဘာလို့လဲမသိဘူးဆိုပြီး စဉ်းစားနေရင်း ခေါင်းထဲမှာ ပေါ်လာတာက အော် မနေ့က လေ့ကျင့်ခန်း လုပ်ထားတာကြောင့်ပဲဆိုပြီးဟုတ်။ လေ့ကျင့်ခန်းလုပ်တာက ကြွက်သားတွေ ပြေလျော့စေဖို့ ကျန်းမာစေဖို့ ဆိုပေမယ့် လေ့ကျင့်ခန်းကို စစလုပ်တဲ့အခါမျိုး၊ လေ့ကျင့်ခန်း လုပ်တာကို အကြာကြီး ရပ်ထားပြီးမှ ပြန်လုပ်တဲ့အခါမျိုးမှာ ကြွက်သားတွေ နာတတ်ပါတယ်။ ဒီတစ်ခေါက်တော့ လေ့ကျင့်ခန်း လုပ်ပြီးတဲ့အခါ ခံစားရလေ့ရှိတဲ့ ကြွက်သားနာတာကို သက်သာစေဖို့ ဘယ်လို နည်းလမ်းလေးတွေနဲ့ ဖြေရှင်းမလဲ ဆိုတာကို ပြောပြပေးသွားပါမယ်။ လေ့ကျင့်ခန်း လုပ်ပြီးနောက် ကြွက်သားတွေ နာကျင်ကိုက်ခဲလာတဲ့အခါ လေ့ကျင့်ခန်း လုပ်ပြီးတဲ့နောက် နာကျင်ကိုက်ခဲလာတဲ့ ကြွက်သားတွေ ပြေလျော့ပြီး ကိုက်ခဲတာ သက်သာစေဖို့ဆိုရင် အနားယူပါ ကြွက်သားနာကျင်တာကို သက်သာစေမယ့် ​နောက်ထပ် အလွယ်ကူဆုံး နည်းလမ်းတစ်ခုကတော့ အနားယူတာပါ။ အနားယူတဲ့အခါ ကြွက်သားတွေကို အနားရစေပြီး နာကျင်မှုကို လျော့ပါးစေဖို့ အကောင်းဆုံး […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်