backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Tibia Fracture ( ခြေသလုံးရိုးကျိုးခြင်း )

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr.Nyan Linn မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Tibia Fracture ( ခြေသလုံးရိုးကျိုးခြင်း ) ကဘာလဲ။

ထိခိုက်မိခြင်းကြောင့် ခြေသလုံးရိုးကျိုးခြင်း အဖြစ်များပါတယ်။ အားကစားလုပ်ရင်း ခိုက်မိခြင်း၊ ချော်လဲခြင်း စသည်တို့ကြောင့် ခြေသလုံးရိုးသာမက ခြေကျင်းဝတ်နှင့် ဒူးခေါင်းပါ ကျိုးပဲ့နိုင်ပါတယ်။

ခြေသလုံးတွင် အရိုးနှစ်ချောင်းရှိပြီး tibia သည် အလေးချိန်ဒါဏ် ခံနိုင်ဆုံး အရိုးဖြစ်ကာ fibula မှာ ပိုပါး၍ ဘေးကျသော အရိုးဖြစ်သည်။ ထိခိုက်မိပါက ထိုအရိုးနှစ်ချောင်းလုံး ကျိုးနိုင်ပါတယ်။ အရိုးကျိုးခြင်းတွင် ကျိုးသော တည်နေရာပေါ်မူတည်ပြီး အဖျားပိုင်းတွင်ကျိုးခြင်း၊ အလယ်တွင် ကျိုးခြင်း၊ အရင်းပိုင်းတွင် ကျိုးခြင်း ဟူ၍ ရှိသည်။ လုံး၀ ပြန်ကောင်းစေရန် အနည်းဆုံး တစ်နှစ်မှ နှစ်နှစ်ထိ ကြာနိုင်ပါတယ်။

Tibia Fracture ( ခြေသလုံးရိုးကျိုးခြင်း ) က ဘယ်လောက်အဖြစ်များသလဲ

ခြေသလုံးရိုးကျိုးခြင်း သည် အဖြစ်များဆုံး ခန္ဓါကိုယ်ရှိ အရိုးရှည် ကျိုးခြင်း အမျိုးအစားဖြစ်ပါတယ်။

အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Tibia Fracture ( ခြေသလုံးရိုးကျိုးခြင်း ) ရဲ့လက္ခဏာတွေကဘာတွေလဲ

ခြေသလုံးရိုးကျိုးခြင်း ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

-လမ်းမလျှောက်နိုင်ခြင်း သို့မဟုတ် အလေးချိန်မခံနိုင်ခြင်း

-ခြေထောက် ပုံစံ မမှန်တော့ခြင်း

-ခြေသလုံး ကွေးလာခြင်း သို့မဟုတ် အရိုးဟာ အရေပြားကို ဖေါက်ထွက်လာခြင်း

-ခြေထောက်ထဲ ဟာတာတာ ခံစားရခြင်း

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

(ယေဘူယျအသိပေးချက် – ယခုအပိုင်းရဲ့အစပိုင်းမှာထည့်သွင်းပါ

သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။

(တကယ်လို့ တခြားဘာအချက်အလက်မှမရှိဘူးဆိုရင် ဒီအောက်ကစာသားကို ထည့်သွင်းပါ)

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Tibia Fracture ( ခြေသလုံးရိုးကျိုးခြင်း ) ကိုဘာတွေကဖြစ်စေသလဲ

အားပြင်းစွာ တစ်စုံတစ်ခုနှင့် တိုက်မိခြင်း ။ ဥပမာ ကားအက်ဆီးဒင့်ဖြစ်ခြင်း ဟာ အဓိက အကြောင်းရင်းဖြစ်ပါတယ်။ ထိုအကြောင်းရင်းကြောင့် ခြေသလုံးရိုးကျိုးပါက အစိတ်စိတ် အပိုင်းပိုင်း ကျိုးသွားနိုင်ပါတယ်။

အားကစားလုပ်ရင်း ထိခိုက်မိခြင်း ဥပမာ စကိတ်စီးရင်း ချော်လဲခြင်း၊ ဘောလုံးကန်ရင်း တိုက်မိခြင်း စသည်တို့ဟာ အားအရမ်းမပြင်းသော ထိခိုက်မှုများ ဖြစ်ပြီး ခြေသလုံးရိုးကျိုးခြင်း ကိုဖြစ်စေပါတယ်။ ထိုသို့ဖြင့် ခြေသလုံးရိုးဟာ လည်ထွက်ပြီး လိမ်ကောက်ကျိုးသွားခြင်း ဖြစ်ပါတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Tibia Fracture ( ခြေသလုံးရိုးကျိုးခြင်း ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Tibia Fracture ( ခြေသလုံးရိုးကျိုးခြင်း ) ကို ဘယ်လိုအတည်ပြုပါသလဲ

ဓါတ်မှန်ရိုက်ခြင်း- ဓါတ်မှန်ရိုက်ခြင်းဖြင့် ခြေသလုံးရိုးကျိုးခြင်း ဟုတ်မဟုတ်ကို အတည်ပြုနိုင်ပါတယ်။ ထို့ပြင် ကျိုးသော အရိုးဟာ လွဲချော်မှုရှိမရှိသိနိုင်ခြင်း၊ ကျိုးသွားသော အရိုးစမည်မျှရှိသည်ကို သိနိုင်ခြင်း၊ ကျန်ရှိသောခြေသလုံးရိုး၊ ဒူးခေါင်းရိုးနှင့် ခြေကျင်းဝတ်ပါ ထိခိုက်မှု ရှိမရှိ သိနိုင်ခြင်း စသော အကျိုးများကို ရနိုင်ပါတယ်။

-CT ခေါ် ကွန်ပြူတာ ဓါတ်မှန်ရိုက်ခြင်း- ရိုးရိုးဓါတ်မှန်ရိုက်ပြီး ဒူးခေါင်းရိုးနှင့် ခြေကျင်းဝတ်ပါ ထိခိုက်မှု ရှိမရှိ သံသယ ရှိပါက ပြုလုပ်သော စမ်းသပ်မှုဖြစ်ပါတယ်။ CT ရိုက်ခြင်းဖြင့် ခြေထောက်ကို ကန့်လန့်ဖြတ် ပုံစံမြင်နိုင်ပါတယ်။ ထို CT ရိုက်ခြင်းဖြင့် ခြေသလုံးရိုး မည်မျှ ပြင်းထန်စွာ ကျိုးသွားသည် ကိုလည်း သိနိုင်ပါတယ်။

Tibia Fracture ( ခြေသလုံးရိုးကျိုးခြင်း ) ကို ဘယ်လိုကုသပါသလဲ

ခွဲစိပ်ရန် မလိုသော ကုသခြင်း

  • ဒီကုသနည်းကို အခြားရောဂါကြီးများ ရှိသောကြောင့် ခွဲစိပ်ရန် မသင့်သောသူများ၊ အနည်းငယ် ပြန်ညှိရုံနှင့် ပြန်ကောင်းနိုင်သူများ၊ အရိုးမှာ ကျိုးသော်လည်း နေရာမလွဲသွားသူများ၊ စသည်တို့တွင် ပြုလုပ်ပါတယ်။
  • ထိခိုက်မှုအများစုဟာ အစပိုင်းမှာ ရောင်ရမ်းခြင်းကို ဖြစ်စေပါတယ်။ သက်သာစေရန် ဆရာဝန်က splint ပစ္စည်းကို ခံ၍ ပတ်တီးစည်းပေးနိုင်ပါတယ်။ ကျောက်ပတ်တီး လိုမဟုတ်ဘဲ လိုသလို တင်းနိုင် လျော့နိုင်ပြီး ရောင်ရမ်းခြင်းကို လည်း မနာကျင်စေပါဘူး။ ရောင်ရမ်းခြင်း ကျသွားပါက အခြားကုသမှုများ ကို ဆက်လုပ်ရပါမယ်။ ဥပမာ- cast and functional brace ။ ထိုသို့သော ခွဲစိပ်ရန် မလိုသော နည်းများဟာ ကျိုးသော အရိုးကို မလှုပ်ရှားစေဘဲ အနားပေးခြင်းဖြစ်ပါတယ်။ ရက်သတ်တစ်ပတ် အနည်းငယ်ကြာသော် cast နေရာတွင် functional brace ကိုအစားထိုးပါတယ်။
  • ထို brace ဟာ ကျိုးသော အရိုးကို ကာကွယ်ပေးရုံမက အနာကျက်ဖို့လည်း အထောက်အကူပြုပါတယ်။ အလွယ်တကူ ချွတ်နိုင်ပြီး သန့်ရှင်းရေးနှင့် လေ့ကျင့်ခန်း အသေးစားများကိုလုပ်နိုင်စေပါတယ်။
  • ခွဲစိပ်ကုသခြင်း

    အောက်ပါတို့ဖြစ်ပါက ခွဲစိပ်ခြင်းကို ပြုလုပ်ရလေ့ရှိုပါတယ်။

    -အသားပွင့်၍ ကျိုးခြင်း(အရိုးကို မျက်စိနှင့်မြင်ရခြင်း)

    -အပိုင်းအစများစွာ ကျိုးသွားခြင်း

    -အရိုးနေရာလွဲသွားခြင်း

    -အခြားသော ကုသနည်းများနှင့် မသက်သာခြင်း

    • အရိုးတွင်း သတ္တုချောင်းထည့်ခြင်း- ဒီနည်းဟာ လတ်တလော အသုံးများပြီး သေချာစွာပြုလုပ်ထားသော သတ္တုချောင်းကို အရိုးအခေါင်းအတွင်း ထည့်သွင်းခြင်းဖြစ်ပါတယ်။ ထိုသတ္တုချောင်းဟာ ကျိုးသွားသော အရိုးများကို ထိန်းထားပေးပါတယ်။ ထိုသတ္တု ချောင်းများဟာ အရှည်၊ လုံးပတ် အမျိုးမျိုးလာပါတယ်။ ထိုသတ္တုချောင်းကို အရိုးထဲထည့်ကာ အဆုံးနှစ်ဘက်ကို ဝိုက်အူလိုအရာမျိုးနဲ့ ခိုင်အောင်တွယ် လိုက်ခြင်းဖြစ်ပါတယ်။ ထိုသို့ဖြင့် အနာအမြန်ကျက်စေပြီး အရိုးကိုနေရာတကျ ဖြစ်စေပါတယ်။ ထု အရိုးတွင်း သတ္တုချောင်းထည့်ခြင်း နည်းလမ်းဟာ အရိုးကို အကောင်းပကတိနီးပါး ပြန်လည်ကောင်းမွန်သန်မာစေ နိုင်ပါတယ်။ သို့သော် ထိုနည်းကို ကလေးများနှင့် လူငယ်များတွင် သိပ်မသုံးပေ။ အရိုးကြီးထွားနေဆဲ အရွယ်များဖြစ်သောကြောင့်ဖြစ်သည်။
    • ပလိပ်ပြား နှင့် စခရူထည့်ခြင်း- အရင်တုန်းက ကုသနည်းဖြစ်ပါတယ်။ သတ္တုချောင်းထည့်၍ မရနိုင်သော (ဒူးခေါင်း သို့မဟုတ် ခြေကျင်းဝတ် ထိကျိုးသွားသော) အခြေအနေများတွင် ပြုလုပ်ပါတယ်။ ဒီနည်းလမ်းမပြုလုပ်ခင် ကျိုးသွားသော အရိုးများကို နေရာတကျ ပြန်ချရပါတယ်။ ထို့နောက် သတ္တုပြားများ သို့မဟုတ် စခရူများဖြင့် အရိုးအပြင်ဘက်မျက်နှာကို တွယ်လိုက်ပါတယ်။
      • External fixation -သတ္တု pin များ/ စခရူများကို ကျိုးသော အရိုး၏ အပေါ်နှင့် အောက် ထည့်ကာ အရေပြားပေါ်တွင် ထားရှိထားသော ဘားတန်းကို သွားတွယ် ခြင်းဖြစ်ပါတယ်။ ထိုသို့ဖြင့် အရိုးကို နေရာတကျဖြစ်စေပြီး အနာအမြန်ကျက်စေပါတယ်။ သို့သော် ထိုဘားတန်းသည် အရေပြားပေါ်မြင်နေနိုင် သဖြင့် လူနာများနှင့် ဆရာဝန်အတော်များများက ဒီနည်းကို သိပ်သဘောမကျကြပေ။

      အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr.Nyan Linn မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement