backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Skier's thumb (စကိတ်စီးသူများတွင်ဖြစ်တတ်သည့် လက်မအရွတ်တွင် ဒဏ်ဖြစ်ခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr.Nyan Linn မှ ရေးသားသည်။ · 07/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Skier’s thumb (စကိတ်စီးသူများတွင်ဖြစ်တတ်သည့် လက်မအရွတ်တွင် ဒဏ်ဖြစ်ခြင်း) ကဘာလဲ။

စကိတ်စီးသူများတွင်ဖြစ်တတ်သည့် လက်မအရွတ်တွင် ဒဏ်ဖြစ်ခြင်း ဆိုတာဘာလဲ

လက်မရှိအရိုးများကို ချိတ်ဆက်ပေးထားသော တစ်ရှုးအပျော့အား ထိခိုက်ဒဏ်ရာရခြင်းကိုဆိုလိုသည်။ ဆေးပညာအရ ထိုတစ်ရှူးပျော့အား အရွတ်ပြားဟုခေါ်သည်။ ပြင်းထန်ပါက အရွတ်ပြားသည် လုံးဝစုတ်ပြဲသွားပြီး ခွဲစိတ်ပြုပြင်ရသည်အထိဖြစ်သွားနိုင်သည်။ ထိုအရွတ်ပြား၏ ခိုင်မာမှုသည်အရေးကြီးသည်။ အဘယ်ကြောင့်ဆိုသော် ထိုအရွတ်ပြားသည် လက်မ၏ ဆုပ်ကိုင်ခြင်းတာဝန်ကို ထမ်းဆောင်သည့်အတွက် ဖြစ်သည်။

Skier’s thumb (စကိတ်စီးသူများတွင်ဖြစ်တတ်သည့် လက်မအရွတ်တွင် ဒဏ်ဖြစ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

စကိတ်စီးရင်းရသောဒဏ်ရာများကြောင့် အများအားဖြင့်ဖြစ်ပွားသည်။8-10% သော စကိတ်စီးရင်းဖြစ်ပွားသည့် မတော်တဆမှုများတွင် တွေ့ရှိရသည်။ ဖြစ်နိုင်ချေများကို လျှော့ချပြီး ကာကွယ်နိုင်သည်။ ပိုမိုသိရှိလိုပါက ဆရာဝန်နှင့်တွေ့ဆုံမေးမြန်းပါ။

လက္ခဏာများ

Skier’s thumb (စကိတ်စီးသူများတွင်ဖြစ်တတ်သည့် လက်မအရွတ်တွင် ဒဏ်ဖြစ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

မည်သည့်လက္ခဏာရပ်များတွေ့ရသနည်း။

အဖြစ်များသောလက္ခဏာများမှာ

  • လက်မ၏အောက်ခြေဖြစ်သော လက်မနှင့် လက်ညှိးကြားကွက်လပ်နေရာတွင် နာကျင်နေခြင်း
  • လက်မရောင်ရမ်းခြင်း
  • လက်မနှင့်လက်ညှိုးကြားမှ မညှစ်နိုင်ခြင်း၊မဆုပ်ကိုင်နိုင်ခြင်း(သို့) ညှစ်ရန်အားနည်းနေခြင်း
  • လက်မဘက်တွင်ရှိသော လက်ညိုးမျက်နှာပြင်အား ထိတွေ့လျှင်နာကျင်နေခြင်း
  • လက်မပေါ်ရှိအရေပြားသည် ပြာနေခြင်း (သို့) မဲနေခြင်း
  • လက်မအား လှုပ်ရှားမှုပြုလုပ်ပါက ပို၍နာခြင်း
  • လက်ကောက်ဝတ်တွင် နာကျင်ခြင်း

အထက်ပါလက္ခဏာရပ်များအပြင် အခြားရှိနိုင်သေးသည်။ စိုးရိမ်ရပါက ဆရာဝန်နှင့် တွေ့ဆုံပြသပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်ပါ လက္ခဏာရပ်များဖြစ်ပွားပါက ဆရာဝန်ပြသသင့်ပါသည်။ လူတစ်ဦးနှင့်တစ်ဦးတွင် ဖြစ်ပွားမှုမတူညီ၍ ဆရာဝန်နှင့်ပြသခြင်းသည်သာ အကောင်းဆုံးဖြစ်သည်။

အကြောင်းရင်းများ

Skier’s thumb (စကိတ်စီးသူများတွင်ဖြစ်တတ်သည့် လက်မအရွတ်တွင် ဒဏ်ဖြစ်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

စကိတ်စီးသူများတွင်ဖြစ်တတ်သည့် လက်မအရွတ်တွင် ဒဏ်ဖြစ်ခြင်းသည် စကိတ်စီးရာမှ မတော်တဆဖြစ်ပွားမှုများကြောင့် အများဆုံးဖြစ်သည်။ စကိတ်စီးရင်း ဆန့်ထားသောလက်သည် ပြုတ်ကျသောအခါ စကိတ်တံ၏ဝင်ရိုးမှ လက်ဖဝါးအတွင်းသို့လက်မအရွတ်အားထိခိုက်စုတ်ပြဲစေနိုင်သည့် အားတခုကို ဖန်တီးပေးသည်။ ဆန့်ထားသောလက်ဗလာသည် ပြုတ်ကျသောအခါ ထိုကဲ့သို့သော တူညီသောအားတခုကို မဖန်တီးပေးပါ။ သို့သော် နှင်းခဲထဲသို့လက်မသည်အရှိန်နှင့်ဆောင့်မိသောအခါတွင် အရွတ်အားထိခိုက်နိုင်သည်။ အဖြစ်မများသော လက်မအရွတ်ထိခိုက်နိုင်သည့် နောက်ထပ် အကြောင်းအရင်းတခုမှာ ကားသမား၏ လက်မများသာ စတီရာယင်အပေါ်သို့ ဆုပ်ကိုင်ထားသောအခါ ကားမတော်တဆမှုဖြစ်ခြင်းဖြစ်သည်။ လက်မအား အနောက်သို့ကော့လန်သွားစေသော(သို့) ဘေးဘက်သို့သွေဖယ်သွားစေသော မည်သည့် ထိခိုက်မှုမျိုးမဆို စကိတ်စီးသူများတွင်ဖြစ်တတ်သည့် လက်မအရွတ်တွင် ဒဏ်ဖြစ်ခြင်းမျိုးဖြစ်ပွားနိုင်ပါသည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Skier’s thumb (စကိတ်စီးသူများတွင်ဖြစ်တတ်သည့် လက်မအရွတ်တွင် ဒဏ်ဖြစ်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်မှ လက်အားဖြတ်ပစ်ရနိုင်သော အခြေအနေများရှိမရှိ ကို အရင် စစ်ဆေးသေချာစေပြီးမှ လက်မအားအသေးစိတ်စစ်ဆေးတတ်သည်။ မည်ကဲ့သို့စတင်ဖြစ်ပွားသည်ကို မေးမြန်းတတ်ပြီး အောက်ပါမေးခွန်းများကို လည်းမေးတတ်သည်။

  • မည်သည့်အချိန်တွင်ဖြစ်ပွားခဲ့သနည်း
  • ထိခိုက်ဒဏ်ရာရချိန်တွင် လက်မနှင့် လက်သည်မည်ကဲ့သို့သောအနေအထားတွင်ရှိနေခဲ့သနည်း
  • ထိခိုက်ပြီး မည်မျှအကြာတွင် နာကျင်မှုနှင့် ရောင်ရမ်းမှုစတင်ဖြစ်ပေါ်လာသနည်း
  • ထိခိုက်စဉ်တွင် ပုံမှန်လက်မအနေအထားထက်လွန်စွာကော့လန်သွားခြင်း၊ဘေးစောင်းသွားခြင်း၊ချော်ထွက်သွားခြင်းများရှိသည်ဟု ခံစားမိခဲ့ပါသလား

ထို့နောက် ဖြစ်ပွားခဲ့သောရောဂါရာဇဝင်များကို မေးမြန်းတတ်သည်။ အောက်ပါအတိုင်းဖြစ်သည်။

  • ပုံစံတူထိခိုက်မှုမျိုးဖြစ်ခဲ့ဖူးပါသလား
  • လက်(သို့) လက်ကောက်ဝတ်တွင် ခွဲစိတ်ခဲ့ဖူးပါသလား
  • အနာသက်သာရန်သောက်ရသောဆေးများကို မတည့်ခြင်းများရှိပါသလား
  • လက်နှင့် လက်ကောက်ဝတ်တွင် အရိုးကျိုးဖူးပါသလား
  • ဘယ်သန်လား၊ညာသန်လား
  • အဓိက အလုပ်ကိုင်ကဘာလဲ

ထို့နောက် ထိတွေ့ကြည့်ရှူစမ်းသပ်ခြင်းကို ဆရာဝန်မှ လုပ်ဆောင်မည်ဖြစ်သည်။ အောက်ပါစစ်ဆေးမှုများလည်းပါဝင်သည်။

  • အရွတ်ပြားလျော့ရဲသွားခြင်း၊ချောင်ချိသွားခြင်း ရှိမရှိကိုသိရှိရန် ဒဏ်ရာရသွားသော လက်မနှင့် အကောင်းအတိုင်းရှိသော လက်မကို နှိုင်းယှဉ်ခြင်း
  • လက်ရှိအဓိကအကြောများ ကောင်းမကောင်းစမ်းသပ်ခြင်း
  • လက်အရိုးများကျိုးနေခြင်းရှိမရှိကို စမ်းသပ်ခြင်း၊လက်အားဓါတ်မှန်ရိုက်၍ အတည်ပြုခြင်း
  • လက်၏အခြားသောနေရာများ လက်ကောက်ဝတ်၊လက်ဖျံ၊တထောင်ဆစ်နှင့်ပခုံးတို့တွင်လည်း ထိခိုက်မှုရှိမရှိစစ်ဆေးခြင်း

    Skier’s thumb (စကိတ်စီးသူများတွင်ဖြစ်တတ်သည့် လက်မအရွတ်တွင် ဒဏ်ဖြစ်ခြင်း) ကို ဘယ်လိုကုသပါသလဲ

    ဆေးကုသမှု

    စကိတ်စီးသူများတွင်ဖြစ်တတ်သည့် လက်မအရွတ်တွင် ဒဏ်ဖြစ်ခြင်းရှိကြောင်း ဆရာဝန်မှ အတည်ပြုဆုံးဖြတ်ပါက လက်အရိုးကျွမ်းကျင်ခွဲစိတ်ဆရာဝန်များထံသို့လွှဲပေးခြင်းမှာ နောက်အဆင့်တခုဖြစ်သည်။ ထိုခွဲစိတ်ဆရာဝန်များက ပြန်လည်စစ်ဆေးရန်လိုမလိုဆုံးဖြတ်ပေးသည်။ ထို့နောက်သင့်တော်သော ခွဲစိတ်ခြင်းနှင့် ဆေးဖြင့်သာကုသခြင်းတို့၏ နည်းလမ်းများကို ဆွေးနွေးပေးလိမ့်မည်။ ပုံမှန်အားဖြင့် အနည်းငယ်သာလက်မအရွတ်ပြားအားထိခိုက်ပါက တည်ငြိမ်နေအောင်ကျပ်စည်းထားခြင်းဖြင့်သာကုသတတ်ပြီး အရွတ်ပြားတခုလုံးပြဲထွက်သွားပါက ခွဲစိတ်ပြုပြင်ရန်လိုအပ်တတ်သည်။

    ခွဲစိတ်ကုသမှု

    ခွဲစိတ်ရန်ရွေးချယ်ခဲ့ပါက အရွတ်ပြားအား ခွဲစိတ်ကာ စမ်းသပ်လေ့လာခြင်းနှင့် ပြုပြင်ခွဲစိတ်ကုသခြင်းတို့ကို လုပ်ဆောင်ရပါသည်။ ကုသမှုပြီးဆုံးချိန်တွင် လက်မ အား အသေးစားကျောက်ပတ်တီးကိုင်ထားခြင်းအားဖြင့် အရွတ်ပြားပြန်လည်ကောင်းမွန်သည်အထိ လက်မကို ငြိမ်အောင်ထိန်းထားသည်။ မည်မျှကြာရှည်စွာ ကျောက်ပတ်တီးနှင့်နေရမည်မှာ အရိုးဆရာဝန်များ၏ညွှန်ကြားချက်အပေါ်တွင်မူတည်ပြီး ယခုအခါ တွင်ကား ခွဲစိတ်ပြီးသောအခါ ညင်သာစွာ လှုပ်ရှားမှုပြုလုပ်ရန်လည်း ဆရာဝန်များမှ တိုက်တွန်းတတ်ကြောင်း သိရသည်။ စကိတ်စီးသူများတွင်ဖြစ်တတ်သည့် လက်မအရွတ်တွင် ဒဏ်ဖြစ်ခြင်းနှင့်အတူ လက်မအရိုးကျိုးပါက အထူးပြုပြင်စီမံထားသော ကျောက်ပတ်တီးဖြင့်လက်မအားငြိမ်အောင်ထိန်းထားရတတ်သည်။ အရိုး၏အပိုင်းအစတခုကျိုးပျက်သွားခဲ့ပါက ခွဲစိတ်၍လက်မအရိုးအား ငြိမ်အောင်ပြုလုပ်ရန်လည်း လိုအပ်တတ်သည်။

    လူနေမှုပုံစံနှင့် အိမ်တွင်းကုထုံးများ

    မည်ကဲ့သို့သော အပြုအမူအနေအထိုင်ကောင်းများက ကုသရာတွင်အထောက်အကူပြုသနည်း

    • ထိခိုက်မှုဖြစ်ပွားသော လက်မကို တစ်ကြိမ်လျှင် 35 မိနစ်ခန့်တနေ့လျှင်လေးကြိမ်ခန့်

    ရေခဲအုံထားသင့်ပါသည်။ ရေခဲနှင့်အရေပြားအား တိုက်ရိုက်ထိတွေ့မှုမပြုရ။

    အနာသက်သာသည်အထိ ရေခဲအုံပေးနိုင်သည်။(ဆရာဝန်အား ရေခဲအုံသင့် မအုံသင့် မေးမြန်းသင့်ပါသည်။)

    • လက်မ၏လှုပ်ရှားမှုကို တတ်နိုင်သမျှလျှော့ချပါ။ ဝယ်ယူရရှိနိုင်သည့် လက်မစွပ်များနှင့် လက်ကောက်ဝတ်အစွတ်များ ကို သင့်တင့်ရုံချောင်ချောင်ချိချိ အထိန်းအကွပ်ပြုစေ

    ခြင်းအားဖြင့်လည်း အကူအညီပေးနိုင်ပါသည်။

    • ပါရာစီတမောကို အနာသက်သာရန်သောက်သုံးနိုင်ပြီး အိုင်ဘူပရိုဖန်အား ရောင်ရမ်းမှုသက်သာစေရန်အသုံးပြုသင့်ပါသည်။ ထိုဆေးနှစ်ခုလုံးကို အစာအိမ်ရောဂါများရှိပါက ရှောင်ကြဉ်သင့်ပါသည်။
    • အိမ်တွင်သာပြုစုကုသခြင်း၏ အရေးကြီးဆုံးအချက်မှာ အရေးပေါ်ဆရာဝန်(သို့) အရိုးဆရာဝန် (သို့) အထွေထွေကုဆရာဝန်များ၏ စမ်းသပ်အတည်ပြု၍

    ထောက်ခံချက်ရရှိထားရန်ဖြစ်သည်။

    ကျန်ရှိသော သိကောင်းစရာများအား ဆရာဝန်များနှင့် တိုင်ပင်ခြင်းသည်သာအကောင်းဆုံးဖြစ်သည်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr.Nyan Linn မှ ရေးသားသည်။ · 07/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement