backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Hip labral tear (တင်ပဆုံရိုး အရွတ် စုတ်ပြဲခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Hello Sayarwon Panel မှ ရေးသားသည်။ · 07/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Hip labral tear (တင်ပဆုံရိုး အရွတ် စုတ်ပြဲခြင်း) ကဘာလဲ။

တင်ပဆုံရိုး အရွတ် စုတ်ပြဲခြင်းဆိုတာ ဘာလဲ၊

တင်ပဆုံရိုးရှိအရွတ်သည် တင်ပဆုံရိုးအဆစ် လှုပ်ရှားမှုတွင် ပေါင်ထိပ်ရိုးနှင့်အတူ ပါဝင်သည်။ ထို့အပြင် တင်ပဆုံရိုးလှုပ်ရှားမှုတွင် ထိုအရွတ်သည် ရာဘာကဲ့သို့ ကြားခံတစ်ခုအနေဖြင့်၊ ပေါင်ထိပ်ရိုးကို ပေါင်ဆစ်ရိုးတွင် လုံခြံစိတ်ချရစွာနှင့် အဆင်ပြေချောမွေ့စွာလှုပ်ရှားသွားလာနိုင်ရန် ကူညီပေးပါသည်။

Hip labral tear (တင်ပဆုံရိုး အရွတ် စုတ်ပြဲခြင်း) က ဘယ်လောက်အဖြစ်များသလဲ

တင်ပဆုံရိုးအရွတ်စုတ်ပြဲခြင်းသည် အားကစားသမားများတွင် အလွန်အဖြစ်များပါတယ်။ နီးစပ်ရာဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။

လက္ခဏာများ

Hip labral tear (တင်ပဆုံရိုး အရွတ် စုတ်ပြဲခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အများစုသော ထိုကဲ့သို့အရွတ်စုတ်ပြဲခြင်းတို့သည် ရောဂါလက္ခဏာ မပြတတ်ပဲရှိတတ်လေသည်။

တခါတရံမှသာ အောက်ပါအခြေအနေများထဲမှတချို့ လက္ခဏာများကို သင်ခံစားရတတ်ပါသည်။

  • လှုပ်ရှားမှုတိုင်းတွင် ပေါင်ထိပ်ရိုးနေရာမှ ထစ်နေ၊ သကဲ့သို့ခံစားရခြင်း
  • ပေါင်ထိပ်အဆစ်နေရာ သို့မဟုတ် ပေါင်အတွင်းဘက်နေရာမှ နာကြင်ခြင်း
  • ပေါင်လှုပ်ရှားမှုများတွင်အကြောအဆစ် တောင့်တင်းနေပြီး လုပ်ဆောင်ရာတွင် နာကြင်ခြင်း၊

ထိုသို့သော လက္ခဏာများ မဖြစ်ပေါ်ပဲ သတိမပြုမိသော အခါများလည်း ရှိတတ်သေးသည်။ သို့သော် ထိုသို့သော ရောဂါလက္ခဏာများ အခြေအနေများ ခံစားရပါက နီးစပ်ရာဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ကြည့်သင့်သည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်ဖော်ပြပါ လက္ခဏာ သို့မဟုတ် အခြေအနေများကြုံတွေ့ခံစားရပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။ လူတိုင်းသည် ရောဂါလက္ခဏာ ဖြစ်ပေါ်ချိန်ခြင်း မတူညီတတ်သောကြောင့် အကောင်းဆုံးအချိန်တွင် ဆရာဝန်နှင့် ပြသသင့်ပါသည်။

အကြောင်းရင်းများ

Hip labral tear (တင်ပဆုံရိုး အရွတ် စုတ်ပြဲခြင်း) ကိုဘာတွေကဖြစ်စေသလဲ

  • ဘောလုံးကန်ခြင်း၊ ဟော်ကီကစားခြင်း အစရှိသော အားကစားလုပ်ရင်းမှ မတော်တဆဖြစ်ပြီး ပေါင်ထိပ်ရိုးနေရာသို့ ထိခိုက်ဒဏ်ရာရခြင်း၊ ပေါင်ဆစ်ရိုးလွဲခြင်း တို့မှအစပြုပြီး ဖြစ်ပေါ်တတ်သည်။
  • ပေါင်အရိုးဖွဲ့စည်းပုံ ပုံမှန်မဟုတ်ခြင်း – တချို့တွင်မွေးရာပါ ပေါင်အဆစ်နှင့် ပေါင်အရုးပြသနာများ ရှိတတ်ပေရာ အလွယ်တကူထိခိုက်ဒဏ်ရာရရှိတတ်ကြပြီး ထိုကဲ့သို့သော အရွတ်စုတ်ပြဲခြင်းကို ခံစားတတ်ကြရသည်။
  • ဂေါက်ရိုက်ခြင်း ဘောလုံးကစားခြင်းစသည့် အကြိမ်ရေများစွာလေ့ကျင့်ရသော လှုပ်ရှားမှုများ၊ ကိုယ်ကာယလေ့ကျင့်ခန်းများ၊ အားကစားလေ့ကျင့်မှုများသည်လည်း ထိုသို့အရွတ်စုတ်ပြဲခြင်းကို ပိုမိုခံစားရစေတတ်သည်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Hip labral tear (တင်ပဆုံရိုး အရွတ် စုတ်ပြဲခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

ဟော်ကီကစားသမားများ၊ ဘောလုံးကစားသမားများ၊ ဂေါက်ရိုက်ကစားသမားများ စသော အားကစားသမားများက ဒီလို အရွတ်စုတ်ပြဲခြင်းကို ပိုမိုဖြစ်ပွားစေနိုင်ချေရှိပါသည်။ မွေးရာပါ ပေါင်ထိပ်ရိုးနဲ့ အကြောအရွတ်များ ဖွဲ့စည်းပုံမမှန်သူများမှာလည်း ထိုသို့ အခြေအနေများ ဖြစ်ပွားနိုင်သည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Hip labral tear (တင်ပဆုံရိုး အရွတ် စုတ်ပြဲခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်နှင့် စမ်းသပ် စစ်ဆေးသောအခါ ဆရာဝန်မှ သင့်ခြေထောက် အထူးသဖြင့် ပေါင်ဆစ်ရိုးအား လှုပ်ရှားမှုပုံစံမျိုးစုံဖြင့် နာကြင်ခြင်းရှိမရှိနှင့် ပေါင်ဆစ်ရိုးလှုပ်ရှားနိုင်မှုအတိုင်းအတာကို စစ်ဆေးကြည့်ပါလိမ့်မည်။ သင်လမ်းလျှောက်ခိုင်းချင်မှ လျှောက်ခိုင်းပေလိမ့်မည်။

ပုံရိပ်ဖော်စက်ကိရိယာများဖြင့် ရောဂါရှာဖွေခြင်း

တင်ပဆုံရိုးအရွတ်စုတ်ပြဲခြင်းသည် ယင်းလက္ခဏာတစ်ခုတည်းအတွက် ရောဂါကိုသိရှိနိုင်ခြင်းမှာ နည်းပါးလှသည်။ အများစုမှာ ရေရှည်ထိခိုက်ခဲ့သော ဒဏ်ရာများကြောင့် ဖြစ်တတ်ပေသည်။ အရိုးအဆစ်များအား တိကျစွာ မြင်ရနိုင်သော ဓါတ်မှန်ရိုက်ခြင်းဖြင့် အရိုးကျိုးခြင်းနှင့် ပုံမှန်မဟုတ်သော အရိုးအဆစ်ပြသနာများအား သိရှိနိုင်သည်။ MRI ခေါ် သံလိုက်ဓါတ်အသုံးပြုသော ပုံရိပ်ဖော်စက်ဖြင့် သင့်ပေါင်အဆစ်ရိုးအနီးရှိ ကြွက်သားများကိုပါ ပိုမို ထင်ရှားစွာ သိမြင်နိုင်သည်။ ဓါတ်ရောင်ခြည်ဆေးရည်တမျိုးအား ပေါင်ဆစ်ရိုးအတွင်းသို့ ဆေးထိုးပြီး ဓါတ်မှန်ရိုက်ခြင်းဖြင့်လည်း သင်ဧ။်ပေါင်အဆစ်ရိုး အရွတ်ပြဲခြင်းအား ပိုမိုပြတ်သားစွာ သိမြင်နိုင်သည်။

ထုံဆေးထိုးထည့်ခြင်း

ပေါင်ဆစ်ရိုးမှ နာကြင်ခြင်းသည်ပေါင်တွင်းအဆစ်အရိုးပြသနာကြောင့် မဟုတ်ပဲ ပေါင်ဆစ်ရိုးမဟုတ်သော နေရာမှ ပြဿနာများကြောင့်လည်း ဖြစ်ပေါ်တတ်ပေသည်။ ဆရာဝန်မှ သင့် အရိုးအဆစ်အတွင်းသို့ ထုံဆေးထိုးခြင်းအား အကြံပြုနိုင်သည်။ ထိုသို့ဆေးထိုးမှသာ နာကြင်ခြင်းသက်သာလျှင် သင့်ပေါင်ဆစ်နေရာတွင် နာကြင်မှုဝေဒနာသည် တင်ပဆုံရိုးအတွင်းမှ ပြသနာကြောင့် ဖြစ်ပေသည်။

Hip labral tear (တင်ပဆုံရိုး အရွတ် စုတ်ပြဲခြင်း) ကို ဘယ်လိုကုသပါသလဲ

ကုသမှုသည် သင့်ရောဂါလက္ခဏာ အခြေအနေနှင့် ဆိုးရွားမှုတို့အပေါ်မူတည်သည်။ တချို့မှာ ရက်သတ္တပတ်အနည်းငယ်အတွင်းပင် ပျောက်ကင်းသွားတတ်ကြသော်လည်း တချို့မှာ စုတ်ပြဲသွားသော အရွတ်အား ခွဲစိတ်ကုသမှုများ လိုအပ်တတ်ကြလေသည်။

သောက်ဆေးများဖြင့် ကုသခြင်း

အကိုက်အခဲပျောက်ဆေးများသောက်ခြင်းဖြင့် အဆစ်ယောင်ယမ်းခြင်းနှင့် နာကြင်မှုဝေဒနာကိုသက်သာစေသည်။ အဆစ်အတွင်းသို့ cortisteroids ထိုးခြင်းဖြင့်လည်း နာကြင်ခြင်းအား ယာယီသက်သာစေသည်။

ကုသမှုများ

ကိုယ်ကာယလေ့ကျင့်ခန်းကုသမှုများဖြင့်လည်း ပေါင်ဆစ်ရိုးလှုပ်ရှားနိုင်မှုအတိုင်းအတာကို တိုးတက်လာစေသည်။ ကိုယ်ကာယကုသမှုတတ်ကျွမ်းသူများနှင့် တိုင်ပင်ပြီး သင့်ပေါင်အရိုးအဆစ်လှုပ်ရှားမှု၊တွင် ဆောင်ရန် ရှောင်ရန်များကို ဆွေးနွေးတိုင်ပင်ကြည့်နိုင်သည်။

ခွဲစိတ်ကုသခြင်းနှင့် အခြားကုသနည်းများ

စောင့်ကြည့်ကုသခြင်းဖြင့် မသက်သာလျှင် မှန်ပြောင်းကင်မရာနှင့် ခွဲစိတ်ကိရိယာများအသုံးပြုပြီး ခွဲစိတ်ကုသရန် ဆရာဝန်မှ ညွှန်ကြားနိုင်သည်။ ရောဂါအခြေအနေ ၊ ရောဂါဖြစ်ပွားရသော အချက်အလက်များပေါ်မူတည်ပြီး စုတ်ပြဲသွားသော အရွတ်အား ဖယ်ထုတ်ခြင်း၊ အရွတ်အား ခွဲစိတ်ခြင်းတို့ဖြင့်က ုသနိုင်သည်။

လူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့်အိမ်တွင်ဆေးနည်းများ

တင်ပဆုံရိုး အရွတ်စုတ်ပြဲခြင်းအား ကြိုတင်ကာကွယ်နိုင်မည့် လူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းတွေက ဘာတွေလဲ။

သိချင်တာတွေရှိလျှင် အကောင်းဆုံးဖြေရှင်းနည်းလမ်းတွေကို ပိုမိုနားလည်သိရှိစေနိုင်ရန်အတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်နိုင်ပါသည်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Hello Sayarwon Panel မှ ရေးသားသည်။ · 07/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement