backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Femur shaft fractures (ပေါင်ရိုးတိုင်ကျိုးခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Nadi မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Femur shaft fractures (ပေါင်ရိုးတိုင်ကျိုးခြင်း) ကဘာလဲ။

ပေါင်ရိုးသည်ခန္ဓါကိုယ်တွင် အသန်မာဆုံးအရှည်ဆုံးအရိုးဖြစ်သည်။ ပေါင်ရိုးသည်သန်မာလွန်း၍ကျိုးရန်အားအများကြီးလိုအပ်သည်။ ကားတိုက်မှုဥပမာ သည် အများဆုံးဖြစ်စေသောအကြောင်းဖြစ်သည်။

ရှည်ပြီး ဖြောင့်သောအပိုင်းကို ပေါင်ရိုးတိုင်ဟုခေါ်သည်။ ထိုနေရာတွင်ကျိုးပါက ပေါင်ရိုးတိုင်ကျိုးခြင်းဟုခေါ်သည်။

ပေါင်ရိုးကျိုးခြင်းသည် များသောအားဖြင့် ဖြစ်စေသောအားအပေါ်မူတည်သည်။ အရိုးများက တညီတည်းသို့မဟုတ် လွဲသွားခြင်း နှင့် အရေပြားအပိတ် သို့မဟုတ် အဖွင့်( အရိုးကအရေပြားကိုဖောက်ထွက်) တို့ဖြစ်နိုငသည်။

ခွဲခြားစနစ်ကိုသုံး၍ဆရာဝန်မှ ကျိုးခြင်းအဆင့်ကိုသတ်မှတ်သည်။ ပေါင်ရိုးကျိုးခြင်းတွင်

ကျိုးသောနေရာ( ပေါင်ရိုးတိုင်တွင်သုံးပိုင်းရှိသည်။ အဝေး အလယ် အနီး)

အရိုးကျိုးသည့်ပုံစံ (ဥပမာ လားရာမျိုးစုံကျိုးနိုင်သည် ဥပမာ အလျားလိုက် အရှည်လိုက်သို့မဟုတ် အလယ်)

ထိခိုက်မှုကြောင့်ကျိုးပါက အရေပြားနှင့်ကြွက်သားသည် အရိုးအပေါ်တွင်ရှိမရှိ။

ပေါင်ရိုးတိုင်ကျိုးခြင်း အဓိကပုံစံများမှာ

ကန့်လတ်ဖြတ်ကျိုးခြင်း။ ထိုကျိုးခြင်းတွင် ပေါင်ရိုးတိုင်၏ ရေပြင်ညီအတိုင်းအဖြောင့်လိုက်ကျိုးသည်။။

စောင်းကျိုးခြင်း။ ထိုကျိုးခြင်းတွင် ပေါင်ရိုးတိုင်တွင် ထောင့်တခုပေါ်ကျိုးသည်။

ရစ်ပြီးကျိုးခြင်း။ အရိုးကျိုးရာသည်သိကြားလုံးအပေါ် ဝိုင်းထားသကဲ့လို့ ဖြစ်နေသည်။ လိမ်သွားစေသောအားပါသည့်အချိန်တွင်ထိုသို့ကျိုးခြင်းမျိုးဖြစ်နိုင်သည်။

တစ်စဆီကျိုးခြင်း။ ဒီကျိုးခြင်းတွင် အရိုးသည် သုံးလေးပိုင်းမကကြေသွားသည်။ များသောအားဖြင့် အရိုးအစများအရေအတွက်သည် အရိုးကျိုးစေသောအားပမာဏအပေါ်မူတည်နေသည်။

အပွင့်ကျိုး။ အရေပြားသို့မဟုတ် အနာကိုဖောက်၍ အရိုးကထွက်လာပါက အပွင့်ကျိုးသိုမဟုတ် ပေါင်းစပ်အရိုးကျိုးခြင်းဟုခေါ်သည်။ ပတ်ဝန်းကျင်ရှိ ကြွက်သား အရွတ် များကိုပိုထိခိုက်စေနိုင်သည်။ နောက်ဆက်တွဲပြသာနာများလည်းများသည် အထူးသဖြင့်ရောဂါပိုးဝင်ခြင်းနှင့် အနာကျက်ရန်ကြာတတ်သည်။

Femur shaft fractures (ပေါင်ရိုးတိုင်ကျိုးခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါဟာ်အဖြစ်များပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Femur shaft fractures (ပေါင်ရိုးတိုင်ကျိုးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ပေါင်ရိုးတိုင်ကျိုးခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

ပေါင်ရိုးတိုင်ကျိုးခြင်းကြောင့် ရုတ်တရပ် အပြင်းအထန်နာခြင်းကိုဖြစ်စေသည်။ နာနေသောခြေထောက်ပေါ်မထောက်နိုင်တော့ပါ။ ကြည့်ပါက ပုံသဏာန်မမှန်ခြင်းကိုတွေ့နိုင်သည်-အခြားခြေထောက်ထက်တိုနေခြင်း နှင့် အဖြောင့်အတိုင်းမရှိတော့ခြင်း။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ဒီရောဂါ၏လက္ခဏာများရှိပါက ဆရာဝန်နှင့်ချက်ချင်းဆက်သွယ်သင့်သည်။

အကြောင်းရင်းများ

Femur shaft fractures (ပေါင်ရိုးတိုင်ကျိုးခြင်း) ကိုဘာတွေကဖြစ်စေသလဲ

လူငယ်များတွင်ပေါင်ရိုးတိုင်ကျိုးပါက များသောအားဖြင့် အင်အားများတိုက်မိခြင်းကြောင့်ဖြစ်သည်။ အဓိကဖြစ်စေသောအကြောင်းအရင်းမှာ မော်တော်ကား ဆိုင်ကယ်မတော်မဆမှုများကြောင့်ဖြစ်သည်။ လမ်းလျောက်နေချိန် ကားတိုက်ခြင်းသည်လည်းအဖြစ်များသည်။ သေနတ်ဒဏ်ရာ အမြင့်ပေါ်ကပြုတ်ကျခြင်းတို့ကြောင့်လည်းဖြစ်နိုင်သည်။

အားနည်းသောမတော်မဆမှုဥပမာ လဲကျခြင်း ကြောင့် ပေါင်ရိုးတိုင်ကျိုးခြင်းသည် အသက်ကြီး၍ အရိုးများအားနည်းနေသူတွင်ဖြစ်တတ်သည်။

ဖြစ်နိုင်ခြေများ

Femur shaft fractures (ပေါင်ရိုးတိုင်ကျိုးခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Femur shaft fractures (ပေါင်ရိုးတိုင်ကျိုးခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ခြေထောက်အဘယ်ကြောင့်နာသည်ကိုမေးလိမ့်မည်။ ဥပမာ ကားမတော်မဆမှုဖြစ်ခဲ့ပါက ထိုသို့မေးခြင်းက ကားအရှိန်မည်မျှနှင့် သွားနေသည် သင်ကကားမောင်းသူသို့မဟုတ် စီးနင်းသူဟုတ်မဟုတ် ထိုင်ခုံခါးပါတ်ပတ်ထားမပတ်ထား တို့ကိုသိနိုင်သည်။ ထိုအကြောင်းအချက်များမှ သင်မည်မျှထိခိုက်သွားသည် အခြားမည်သည့်နေရာတွင်ထိခိုက်နိုင်သည်ကိုသိနိုင်သည်။

သင်တွင်အခြားကျန်းမာရေးအခြေအနေ သွေးပေါင်တက်ခြင်း ဆီးချိုရောဂါ ပန်းနာရင်ကြပ် သို့မဟုတ် မတည့်သောအရာများရှိမရှိကိုလဲ ဆရာဝန်ကိုပြောပြထားသင့်သည်။ ဆရာဝန်မှမည်သည့်ဆေးသုံးစွဲနေသည်ကိုမေးလိမ့်မည်။

ရောဂါအခြေအနေအကြောင်းဆွေးနွေးပြီးပါက ဆရာဝန်မှစမ်းသက်မှုပြုလုပ်လိမ့်မည်။ တစ်ကိုယ်လုံးအခြေအနေ မှ ခြေထောက်ကိုအာရုံအဓိကထားစမ်းသက်လိမ့်မည်။ ဆရာဝန်မှအောက်ပါတို့ကိုရှာဖွေနိုင်သည်။

ခြေထောက်ပေါင်တွင်သိသာသော ပုံသဏာန်မမှန်ခြင်းရှိမရှိ(ထောင့် မမှန်ခြင်း၊ကောက်နေခြင်း သို့မဟုတ် တိုနေခြင်း)

အရေပြားကွဲနေခြင်းရှိမရှိ

အညိုအမဲစွဲနေခြင်း

အရေပြားပေါ်တွင်ထွက်နေသောအရိုးအပိုင်းအစများရှိမရှိ

ကြည့်ပြီးနောက် ပေါင်ခြေထောက်ခြေဖဝါးတို့ကို ပုံမမှန်ခြင်း ရှိမရှိ အရေပြားနှင့်ကြွက်သားများအခြေအနေတို့ကိုကိုင်၍စမ်းသက်ကြည့်လိမ့်မည်။ သွေးခုန်နှုန်းကိုလဲကိုင်ကြည့်လိမ့်မည်။ အကယ်၍ သင်သည် နိုးနေပါက အာရုံနိုင်မှု လှုပ်ရှားမှုများလုပ်နိုင်မလုပ်နိုင်စမ်းသက်ပေးလိမ့်မည်။

ပုံရိပ်ဖော်စမ်းသက်ခြင်း။

ဆရာဝန်အားအချက်အလက်ပေးနိုင်သောစမ်းသက်မှုများတွင်အောက်ပါတို့ပါဝင်နိုင်သည်။

ဓါတ်မှန်ရိုက်ခြင်း။ အသုံးအများဆုံးနည်းလမ်းဖြစ်သည်။ အရိုးကျိုးမှုရှိမရှိကိုရှင်းလင်းစွာပြသနိုင်သည်။ ကျိုးသောပုံစံ ဘယ်မှာရှိနေသလဲကိုပါသိစေနိုင်သည်။

ကွန်ပြူတာဓါတ်မှန်။ အချက်အလက်များပိုလိုအပ်ပါက ကွန်ပြုတာဓါတ်မှန်ကိုတောင်းလိမ့်မည်။ ခြေထောက်ကိုကန့်လတ်ဖြတ်ပုံရိပ်ဖော်ပေးသည်။ အရိုးကျိုးမှုမည်မျှပြင်းထန်ကြောင်းအချက်အလက်ပေးသည်။ ဥပမာ အရိုးကျိုးလိုင်းသည် အရမ်းပါးသဖြင့် ရိုးရိုးဓါတ်မှန်တွင်မြင်ရန်ခက်ခဲတတ်သည်။ စီတီက ထိုလိုင်းကိုပိုထင်းစွာမြင်စေနိုင်သည်။

Femur shaft fractures (ပေါင်ရိုးတိုင်ကျိုးခြင်း) ကို ဘယ်လိုကုသပါသလဲ

ခွဲစိတ်မှုမလိုသောကုထုံး

ပေါင်ရိုးတိုင်ကျိုးခြင်းအများစုက အနာကျက်ရန်ခွဲစိတ်မှုလိုသည်။ ခွဲစိတ်မှုမလိုပဲကုသခြင်းကရှားသည်။ အရမ်းငယ်သောကလေးများတွင်တခါတရံကျောက်ပတ်တီးစီးပေးသည်။

ခွဲစိတ်မှုလိုသောကုထုံး

ခွဲစိတ်မည့်အချိန်။အရိုးအပေါ်ရှိအရေပြားမပျက်စီးသေးပါက ဆရာဝန်က သင့်အခြေအနေ ပုံမှန်ဖြစ်သည်အထိစောင့်ပြီးမှခွဲမည်။

ပွင့်ပြီးကျိုးခြင်းတွင် ရောဂါပိုးဝင်ခြင်းကာကွယ်ရန်အရေးပေါ် ခွဲစိတ်ရန်လိုအပ်သည်။

အရေးပေါ်ကုသမှုနှင့်သင့်ခွဲစိတ်မှုမစခင်အချိန်တွင် ကြပ်စီးစီးထားခြင်း အရိုးအားဆွဲထားခြင်းတို့လုပ်လိမ့်မည်။ ထိုသို့ပြုလုပ်ခြင်းကြောင့်ကျိုးသွားသောအရိုးများကိုညီစေပြီး ခြေထောက်ပုံမှန်အရှည်ကိုထိန်းထားပေးနိုင်သည်။

အရိုးအားဆွဲခြင်း တွင် အလေးချိန်ကို စက်သီးစနစ်ဖြင့်ချိတ်ထားပြီး တဖက်တွင် ကျိုးသောအရိုးများကိုတွယ်ထားပေးသည်။ ထိုသို့ပြုလုပ်ခြင်းက ခြေထောက်ကိုဆန့်စေပြီး အနာသက်သာစေနိုင်သည်။

အပြင်မှထိန်းထားခြင်း။ ထိုခွဲစိတ်မှုတွင် သတ္ထု အပ် ဝက်အူများကို အရိုးကျိုးသောနေရာအပေါ် အောက်တွင်တွယ်ဆက်ပေးခြင်းပါဝင်သည်။ ထိုအပ်နှင့် ဝက်အူ များကို အရေပြားအပြင်တွင်လဲထုတ်ထားသည်။ ထိုကိရိယာကို ထိန်းညှိကိရိယာဟုခေါ်ပြီး ပုံမှန် နေရာကိုပြန်ထားပေးခြင်းဖြင့် အနာကျက်စေသည်။

ဒီကုထုံးသည် ခဏတာအတွက်သာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လုပ်ရလွယ်ခြင်း ထိခိုက်မှုနေရာများပါကလည်းအသုံးပြုနိုင်ခြင်း နှင့် ခွဲစိတ်ရန်မသင့်တော်သေးသောလူများတွင့်သင့်တော်သည်။ ခွဲစိတ်ရန်သင့်တော်သည့်အချိန်သို့ဆွဲဆန့်ပေးသည်။ အချို့သောကိစ္စများတွင် အရိုးကျက်သည်အထိထားတတ်သော်လည်း ထိုသို့လုပ်သည်က ရှားသည်။

အတွင်းသို့ထည့်ခြင်း။လက်ရှိအသုံးအများဆုံးနည်းလမ်းဖြစ်သည်။ သံအချောင်းကို ရိုးတွင်းဆီအခေါင်းထဲသို့ထည့်သည်။ ထိုအချောင်းက ကျိုးနေသောအရိုးနေရာတွင်ဝင်သည်။

ဒီကုထုံးကို ခြေသလုံး တင်ပါးသို့မဟုတ် ဒူးခေါင်းမှ ခွဲစိတ်မှုသေးသေးလေးလုပ်ပြီးထည့်သည်။ အဆုံးနှစ်ဖက်တွင်မူလီဖြင့်ရစ်သည်။ ပုံမှန်နေရာအတိုင်းအနာကိုကျက်စေသည်။

ထိုအချောင်းကိုများသောအားဖြင့် တိုက်တေနီယမ်ဖြင့်ပြုလုပ်သည်။ အရှည်မျိုးစုံ အချင်းမျိုးစုံနှင့်လာသည်။

အပြားနှင့်ဝက်အူများ။ပုံမှန်နေရာအတိုင်းပုံစံပြန်ချသည်။ ထိုနောက် အထူးပြုလုပ်ထားသောအပြားနှင့်ဝက်အူကို အရိုးအပြင်မှတွဲချီသည်။ ဒီကုထုံးကို အတွင်းပြုပြင်၍မရသောအချိန်တွင်မှလုပ်သည်။ဥပမာ အရိုးသည် တင်ပါးသို့မဟုတ် ဒူးခေါင်းအဆစ်ကျော်နေပါကမလုပ်နိုင်ပေ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Nadi မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement