backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Dupuytren's Contracture (လက်ချောင်းများကွေး၍ ပြန်ဆန့်မရတော့ခြင်း)


Hello Sayarwon မှ ရေးသားသည်။ · 09/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Dupuytren’s Contracture (လက်ချောင်းများကွေး၍ ပြန်ဆန့်မရတော့ခြင်း(ဂျူပြူထရန်း ကွန်ထရာရှာ)) ကဘာလဲ။

လက်ချောင်းသို့မဟုတ် လက်ဖဝါး၏အရေပြားအောက်တွင် ဆဲလ်စုသို့မဟုတ် အကျိတ်များပေါ်လာသောရောဂါဖြစ်သည်။ ထိုကြောင့်လက်ချောင်းများတောင့်တင်းလာမည်။ လက်သူကြွယ် လက်သန်းရှိ ဒုတိယနှင့်တတိယအဆစ်များတွင်ပိုဖြစ်တတ်သည် (လက်ဖဝါးနှင့်နီးသောလက်ဆစ်) ကွေးလာ၍ ဖြောင့်တန်းရခက်လာမည်။ ဆဲလ်စု ၏အခြေအနေပေါ်မူတည်၍ ကုသမှုလဲပြောင်းလဲနိုင်သည်။

Dupuytren’s Contracture (လက်ချောင်းများကွေး၍ ပြန်ဆန့်မရတော့ခြင်း(ဂျူပြူထရန်း ကွန်ထရာရှာ)) က ဘယ်လောက်အဖြစ်များသလဲ

ဤရောဂါသည် အရွတ်အဆစ်ယောင်ခြင်းဖြစ်တတ်သည့် အသက် လေးဆယ်နှင့် ခြောက်ဆယ်ကြားတွင်ပိုဖြစ်တတ်သည်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကိုလျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Dupuytren’s Contracture (လက်ချောင်းများကွေး၍ ပြန်ဆန့်မရတော့ခြင်း(ဂျူပြူထရန်း ကွန်ထရာရှာ)) ရဲ့လက္ခဏာတွေကဘာတွေလဲ

နှစ်ကြာရှည်စွာတဖြည်းဖြည်းဖြစ်တတ်သည်။ လက်အရေပြားထူလာခြင်းမှစတတ်သည်။ ထို့နောက် လက်အရေပြားများ ရှုံခြင်း ချိုင့်ဝင်ခြင်းများဖြစ်တတ်သည်။ လက်ဖဝါးပေါ်တွင် မာသောအလုံးများပေါ်လာတတ်သည်။ ထိုအလုံးအား ထိရင်သိသော်လည်း ပုံမှန်အားဖြင့်မနာတတ်ပါ။ နောက်ပိုင်းတွင် လက်ဖဝါးအောက်ရှိတစ်သျူးအမျှင်များ လက်ချောင်းအတွင်းထိရောက်လာတတ်သည်။ ထိုအမျင်များ ဆွဲခြင်းကြောင့် လက်ချောင်းသည် လက်ဖဝါးဘက်သို့ကွေးကောက်လာသည်။ တခါတရံတွင်ဒီထက်ပို၍ပြင်းထန်တတ်သည်။

လက်သူကြွယ်နှင့် လက်သန်းတို့တွင်ပိုဖြစ်တတ်သည်။ လက်ခလယ်လဲပါတတ်သည်။ လက်မနှင့်လက်ညှိုးပါခြင်းက ရှားသည်။ လက်နှစ်လုံးတွင်ဖြစ်တတ်သော်လည်း တစ်ဖက်တွင်ပိုပြင်းတန်တတ်သည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Dupuytren’s Contracture (လက်ချောင်းများကွေး၍ ပြန်ဆန့်မရတော့ခြင်း(ဂျူပြူထရန်း ကွန်ထရာရှာ)) ကိုဘာတွေကဖြစ်စေသလဲ

လက်ချောင်းများကွေး၍ ပြန်ဆန့်မရတော့ခြင်းကိုဖြစ်စေသော အကြောင်းရင်းကိုတိတိကျကျမသိရသေးပါ။ လက်ထိခိုက်မှုကြောင့်သို့မဟုတ် အလုပ်အကိုင်ကြောင့်ဖြစ်သည်ဟူသော သက်သေပြချက်လဲမရှိသေးပါ။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Dupuytren’s Contracture (လက်ချောင်းများကွေး၍ ပြန်ဆန့်မရတော့ခြင်း(ဂျူပြူထရန်း ကွန်ထရာရှာ)) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

ဘယ်အရာက ဖြစ်စေသလဲဆိုတာမသိသေးသော်လည်း အောက်ပါအခြေအနေများရှိပါက ရောဂါပိုဆိုးစေနိုင်သည်။

  • ယောကျာ်းလေးဖြစ်ခြင်း
  • အသက်လေးဆယ်နှင့် ခြောက်ဆယ်ကြားရှိခြင်း
  • မြောက်ဥရောပလူမျိုး
  • မိသားစုမျိုးရိုးတွင်လိုက်ခြင်း
  • အရက်သောက်ဆေးလိပ်သောက်ခြင်း
  • ဆီးချိုရှိခြင်း

လက်ကို ကြာကြာအသုံးပြုခြင်းအားရှောင်ကြည်သင့်သည်။ လက်ထိခိုက်ဒဏ်ရာရခြင်းမှ ဖြစ်ပွားမှုနှုန်းကိုမများစေနိုင်ပါ။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Dupuytren’s Contracture (လက်ချောင်းများကွေး၍ ပြန်ဆန့်မရတော့ခြင်း(ဂျူပြူထရန်း ကွန်ထရာရှာ)) ကို ဘယ်လိုအတည်ပြုပါသလဲ

လက်ချောင်းများကွေး၍ ပြန်ဆန့်မရတော့ခြင်း

ဟုသံသယရှိပါက ဆရာဝန်မှစမ်းသပ်မှုများပြုလုပ်ပါလိမ့်မည်။ အချို့ကိစ္စများတွင် ကြည့်ရုံကိုင်ရုံမျှဖြင့်သိနိုင်သည်။ ဆရာဝန်မှ လက်နှစ်ဘက်ကို ယှဉ် ကြည့်ခြင်း လက်အရေပြားအားဆွဲ၍ စမ်းသက်ခြင်းများပြုလုပ်လိမ့်မည်။ ဆဲလ်စုများ သို့မဟုတ် အကျိတ်ကို ဖိ၍ လည်း စမ်းသက်လိမ့်မည်။

ရေပြင်ညီရှိသော အရာဝတ္ထု သို့မဟုတ် စားပွဲခုံ ပေါ်တင်၍လက်ဆန့်တင်ပြီး ကြည့်လိမ့်မည်။ လက်အား အပြည့်အ၀ မဆန့်ထားနိုင်ခြင်းက ရောဂါရှိသည်ဟုဖော်ပြသည်။

Dupuytren’s Contracture (လက်ချောင်းများကွေး၍ ပြန်ဆန့်မရတော့ခြင်း(ဂျူပြူထရန်း ကွန်ထရာရှာ)) ကို ဘယ်လိုကုသပါသလဲ

အလျဉ်းပျောက်အောင်ကုသရန်ခက်သော်လည်း ကုသနည်းများတော့ရှိပါသည်။ လက်၏ပုံမုန်လုပ်ဆောင်ချက် လုပ်ဆောင်နိုင်သေးသ၍ ကုသမှုမလိုအပ်ပါ။ ခွဲစိတ်မှုမလိုအပ်သော ကုသနည်းများရှိပါသည်။ ဥပမာ စတီးရိုက်(အယောင်ကျဆေး)ထိုးခြင်းမှရောဂါပိုဆိးုလာခြင်းကိုကာကွယ်နိုင်သည်။ ကြပ်စီးထိုးခြင်းများလည်းရှိသည်။

အချို့အခြေအနေဆိုးသောကိစ္စများတွင် ခွဲစိတ်မှုကို ဆရာဝန်မှ ပိုအားပေးလိမ့်မည်။ လက်ချောင်းများကို လက်ဖဝါးသို့ဆွဲကပ်ထားသည့် တစ်သျူးမျှင်ကို ခွဲစိတ်ခြင်းဖြင့်ဖြတ်တောက်နိုင်သည်။ ရောဂါအခြေအနေပေါ် မူတည်၍ ကုသမှုကိုဆုံးဖြတ်နိုင်သည်။

အပ်ဖြင့်ကုသခြင်း။

တွယ်ဆက်ပေးထားသော တစ်သျူးမျှင်ကိုအပ်ဖြင့်ဖြတ်တောက်ခြင်းအားဖြင့် ကုသသည်။ ထိုသို့ကုသမှုသည် ပြန်ဖြစ်တတ်သော်လည်း ထိုကုသမှုကို ပြန်အသုံးပြုနိုင်သည်။

ကောင်းသောအချက်သည် ကုသမှုနည်းလမ်းကို အခေါက်ခေါက် အခါခါ အသုံးပြုနိုင်ခြင်းနှင့် ပြန်ကောင်းချိန်မြန်ခြင်းတို့ဖြစ်သည်။ မကောင်းသောအချက်သည် အမြဲတမ်းအသုံးမပြုနိုင်ပါ အဘယ်ကြောင့်ဆိုသော် အပ်သည် ဘေးတွင်ရှိသော အာရုံကြောကိုထိခိုက်စေနိုင်သောကြောင့်ဖြစ်သည်။

ဓါတုဓါတ်ကူပစ္စည်းထိုးသွင်းခြင်း။

Xiaflex ဟုခေါ်သည့် အရာသည် တင်းမာနေသော တစ်သျူးမျှင်များကို အားလျော့စေသည်။ ထိုသို့ထိုးပြီးပြီးနောက်နေ့တွင် ဆရာဝန်မှ တစ်ရူးမျှင်ကိုဖြတ်တောက်မည်။ ပြင်ပ လူနာဆောင်တွင် လုပ်ဆောင်နိုင်မည် ပြန်ကောင်းချိန်မြန်သည်။

မကောင်းသောအချက်မှာ တခါတွင် အဆစ်တစ်ခုသာလုပ်နိုင်ပြီး ပြန်ဖြစ်နှုန်းများသည်။ ကုသမှုများကို တလခြားတခါသာပြုလုပ်သင့်သည်။

ခွဲစိတ်ခြင်း

တစ်သျူးမျှင်၏နေရာကိုသိနိုင်သေးသော နောက်ဆုံးအခြေအနေတွင် ပြုလုပ်သည်။ အရေပြားကိုဖြတ်ထုတ်ခြင်းမပြုပဲ တစ်ရူးမျှင်အားဖြတ်ထုတ်ရန်ခက်ခဲတတ်သည်။

မကောင်းသောအချက်သည် ပြန်ကောင်းချိန်ကြာသည်။ ပြန်လည်လေ့ကျင့်ခြင်းများပြုလုပ်ဖို့လို့သည်။ ရံဖန်ရံခါတွင် အရေပြားပါဖြတ်ထုတ်လိုက်ရပြီး အရေပြားအစားထိုးမှုများပါလိုတတ်သည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက လက်ချောင်းများကွေး၍ ပြန်ဆန့်မရတော့ခြင်း ကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် လက်ချောင်းများကွေး၍ ပြန်ဆန့်မရတော့ခြင်း ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။

ပစ္စည်းကိရိယာတွေ တင်းကျပ်စွာဆုပ်ကိုင်ခြင်းကို ရှောင်ကြည်ပါ။ လက်ကိုင်သည့်နေရာတွင် ကြားခံ ပိုက်အကာ ကူရှင်ခံပြီးကိုင်တွယ်ပါ။

တင်းတင်းကျပ်ကျပ်ဆုပ်ကိုင် ပြုလုပ်ရသော အလုပ်များကို ဖော့ခံထူထူပါသော လက်အိတ်ဝတ်ဆင်ပြုလုပ်ပါ။

အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Hello Sayarwon မှ ရေးသားသည်။ · 09/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement