backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Broken Forearm (လက်ဖျံရိုးကျိုးခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Sandy Kyaw မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Broken Forearm (လက်ဖျံရိုးကျိုးခြင်း) ကဘာလဲ။

လက်ဖျံရိုးဆိုတာက တံတောင်ဆစ်နဲ့လက်ကောက်ဝတ်ကြား

မှာရှိတဲ့နေရာကိုဆိုလိုပါတယ်။၎င်းနေရာကိုအရိုးနှစ်ခုနဲ့ ပြ ုလုပ်ထားပါတယ်။ ulna နဲ့ radius အရိုးနှစ်ခုပါ။Ulna အရိုး

က တံတောင်ဆစ်ထိပ်ကနေ လက်ကောက်ဝတ်ရိုးရဲ့ လက်သန်းဘေးဘက်ထိသွားပါတယ်။radius အရိုးကတော့

နည်းနည်းပိုကြီးတဲ့အရိုးဖြစ်ပြီးတံအောင်ဆစ်ကနေလက်မအောက်ခြေနားအထိသွားပါတယ်။

လက်ဖျံရိုးတွေဟာနည်းမျိုးစုံနဲ့ကျိုးနိုင်ပါတယ်။ သာသာလေး

ကျိုးတာပဲဖြစ်ဖြစ် အစိတ်စိတ်အမွှာမွှာကျိုးတာပဲဖြစ်ဖြစ် ကျိုး

နိုင်ပါတယ်။ ကျိုးနေတဲ့အရိုးအစတွေကတည့်တည့်လေးဖြစ်

နေတာဖြစ်နိုင်သလိုနေရာတွေမမှန်ပဲ ဖြစ်နေတာလည်း ဖြစ်

တတ်ပါတယ်။

တစ်ချို့အခြေအနေတွေမှာတော့ အရိုးကနေအရိုးစတွေကွဲ

ထွက်ပြီးအရေပြားမှာလာပေါက်ထွက်တာဒါမှမဟုတ် ကျိုးနေတဲ့အရိုးကနေပေါက်ထွက်လာပြီးအနာဖြစ်တာတို့ ရှိ

နိုင်ပါတယ်။၎င်းကို ပွင့်ထွက်သောကျိုးခြင်းလို့ခေါ်ပြီး ပိုးဝင်

မှာကြောက်ရတာကြောင့် ချက်ခြင်းဆေးကုသမှုခံယူဖို့လိုပါ

တယ်။

လက်ဖျံရိုးတစ်ဝက်ကနေ radius and ulna အရိုးတွေကျိုး

ဖို့ဆိုတာဟာ ပြင်းထန်တဲ့အားသက်ရောက်မှုရှိမှဖြစ်နိုင်မှာမို့

လက်ဖျံရိုးဒဏ်ရာရတဲ့အခါမှာအရိုးနှစ်ခုလုံးကျိုးခြင်းဟာလူ

ရွယ်တွေမှာပဲပိုအတွေ့ရများပါတယ်။ အရိုးကတစ်ခုတည်းကျိုးခဲ့တယ်ဆိုပါကအများအားဖြင့် ulnaအရိုးပဲ

ဖြစ်တတ်ပြီး ၎င်းကတော့ သင်ကသင့်ကိုယ်ကိုခုခံကာကွယ်တဲ့အနေနဲ့ လက်နဲ့ ကာတဲ့အခါ ရတဲ့ ကျိုးခြင်းပဲဖြစ်ပါတယ်။

Broken Forearm (လက်ဖျံရိုးကျိုးခြင်း) က ဘယ်လောက်အဖြစ်များသလဲ

လက်ဖျံရိုးကျိုးခြင်းဟာခြေလက်ကျိုးခြင်းတွေမှာတော့ အများဆုံးထဲမှာပါပါတယ်။ လက်ကောက်ဝတ်ကျိုးခြင်းကတော့ အဖြစ်အများဆုံးလက်ဖျံရိုးကျိုးခြင်းပါပဲ။ အခြားအချက်အလက်တွေ သေချာသိရဖို့ သင့်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။

လက္ခဏာများ

Broken Forearm (လက်ဖျံရိုးကျိုးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

လက်ဖျံရိုးကျိုးခြင်းရဲ့ အတွေ့ရများတဲ့လက္ခဏာတွေကတော့

-လက်ကောက်ဝတ် သို့မဟုတ် တံတောင်ဆစ်လှုပ်လိုက်တဲ့

အခါ လက်မောင်းနာလာခြင်း

-လက်ဖျံနား၊လက်ကောက်ဝတ် သို့မဟုတ် လက်တို့မှာနာ

ခြင်း၊ရောင်ခြင်း၊

-သတိထားမိနိုင်စရာမူမမှန်မှုဖြစ်ခြင်း၊လက်ကောက်ဝတ်

ကွေးနေခြင်း

-လက်မောင်းကိုပုံမှန်အတိုင်းမဟုတ်ပဲခက်ခဲစွာအသုံးပြ ု

နေရခြင်း။

-လက်ဖျံရိုးနဲ့ လက်ကောက်ဝတ်နားမှာ နွေးနေခြင်း ၊ အညိုအမည်းစွဲခြင်းဒါမှမဟုတ် ထုံနေခြင်း

-လက်ကထုံနေခြင်း

(အပေါ်မှာ မပါခဲ့တဲ့ မပြောခဲ့တဲ့ လက္ခဏာတွေရှိပါသေးတယ်။ တကယ်လို့သင်က သိချင်သေးတဲ့ လက္ခဏာတွေရှိခဲ့ပါက သင့်ရဲ့ ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အကယ်၍အထက်တွင်ဖော်ပြခဲ့သောရောဂါလက္ခဏာများ ဖြစ်ပေါ်လျှင်လည်းကောင်း၊ မေးလိုသည်များရှိလျှင်သော်လည်းကောင်းဆရာဝန်နှင့်သာ ပြသသင့်ပါသည်။ လူတိုင်း၏ ခန္ဓါကိုယ်တုံ့ပြန်မှုသည် တစ်ဦးနှင့်တစ်ဦးမတူညီကြပါ။ သင့်ရောဂါအခြေအနေအတွက် ဘာကအကောင်းဆုံးလဲဆိုတာကိုဆရာဝန်နှင့် ဆွေးနွေးခြင်းကသာအမှန်ကန်ဆုံးဖြစ်ပါသည်။

အကြောင်းရင်းများ

Broken Forearm (လက်ဖျံရိုးကျိုးခြင်း) ကိုဘာတွေကဖြစ်စေသလဲ

လက်ဖျံရိုးကျိုးခြင်းကိုဖြစ်စေတဲ့ အတွေ့ရအများဆုံးအကြောင်းအရာတွေကတော့

-တိုက်ရိုက် ထိခိုက်မိခြင်း

-လက်ကိုဖြန့်လျက်သားကျခြင်း၊အားကစားလုပ်ရင်းဒါမှမဟုတ် အမြင့်ကပြုတ်ကျခြင်း

-မော်တော်ဆိုင်ကယ် ဒါမှမဟုတ် ကားမတော်တဆဖြစ်မှုများ

ဖြစ်နိုင်ခြေများ

Broken Forearm (လက်ဖျံရိုးကျိုးခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

လက်ဖျံရိုးကျိုးခြင်းမှာပိုအန္တရာယ်ဖြစ်စေတဲ့အချက်တွေကတော့-

-အရိုးပွခြင်း(မိန်းမတွေကယောက်ကျားတွေထက်ပိုဖြစ်ပါတယ်)

-ကင်ဆာရောဂါများ

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Broken Forearm (လက်ဖျံရိုးကျိုးခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

လက်ဖျံရိုးကျိုးတဲ့ လူတော်တော်များများကတော့ အရေးပေါ်ဌာနတွေ မှာသွားပြီးကုသမှ ုခံယူကြပါတယ်။

စစ်ဆေးစမ်းသပ်ခြင်းနှင့် ကျန်းမာရေးရာဇဝင်မေးမြန်းခြင်း။

သင့်ဆရာဝန်က သင့်ရဲ့ဒဏ်ရာဘယ်လိုရလာတာလဲဆိုတာသိဖို့လို

ပါတယ်။ဥပမာအနေနဲ့သင်ကလှေကားပေါ်ကပြုတ်ကျတာလားသင်ဘယ်လောက်အမြင့်ကနေပြုတ်ကျသလဲဆိုတာမျိုးပေါ့။ သင့်မှာ

တစ်ခြားဘယ်နားတွေဒဏ်ရာရသလဲဆိုတာတွေရယ် တစ်ခြားကျန်းမာရေးအခြေအနေတွေရယ်ကိုသင့်ဆရာဝန်ကသိနေဖို့ အရေးကြီးပါတယ်။ သင်ကဘာဆေးတွေသောက်နေရတယ်ဆိုတာ

ကိုလည်းသင့်ဆရာဝန်ကသိဖို့လိုပါတယ်။

သင့်ရောဂါလက္ခဏာတွေနဲ့ ကျန်းမာရေးနောက်ကြောင်းရာဇဝင်ကို သေချာဆွေးနွေးပြီးပါကသင့်ဆရာဝန်က သင့်ကိုသေချာစမ်းသပ်

စစ်ဆေးပါလိမ့်မယ်။ ဒဏ်ရာရတာကနေသင့်ဆီမှာအပေါက်အပြဲ

နေရာများရှိမလားဆိုတာအရေပြားမှာရှာပါမယ်။ အရိုးကျိုးတဲ့ အစလေးကနေအရေပြားကိုပေါက်ထွက်ပြီးဒဏ်ရာဖြစ်စေတတ်ပါ

တယ်။၎င်းကနေမှ ပိုးဝင်ခြင်းပိုဖြစ်စေနိုင်ပါတယ်။ တစ်ခြားနေရာတွေ

ပါနာနေလားဆိုတာသိဖို့ ကိုင်ကြည့်ထိကြည့်ရပါမယ်။ ဒီဟာကနေမှ

အခြားအရိုးတွေကျိုးသေးလားဒါမှမဟုတ် တစ်ခြားဒဏ်ရာတွေရှိ

သေးလားဆိုတာကို ညွှန်ပြနိုင်မှာပါ။ လက်ကောက်ဝတ်ကသွေးခုန်

နှုန်းကိုစမ်းကြည့်ပြီးလက်ဖျံကနေ လက်ကောက်ဝတ်ထိသွေးစီး

ဆင်းမှုကောင်းရဲ့လားဆိုတာစမ်းလို့ရပါတယ်။ သင့်လက်ချောင်းတွေ လက်ကောက်ဝတ်တွေ လှုပ်လို့ရလားဆိုတာရယ် လက်ချောင်းတွေ

က ထိတာကိုင်တာကိုသိသေးလားဆိုတာစမ်းကြည့်ပါ။ တစ်ခါတစ်

ရံအရိုးကျိုးတဲ့အခါမှာအာရုံကြောတွေကိုထိခိုက်နိုင်ပါတယ် အဲ့ဒါကြောင့်လည်းလက်နဲ့ လက်ကောက်ဝတ်တို့မှာ အားပျော့တာ

မျိုးထုံတာမျိုး ဖြစ်တတ်ပါတယ်။ သင့်ဆရာဝန်က သင်ကလက်မောင်းတွေနာတယ်လို့ပြောမှ သင့်ပုခုံး၊လက်မောင်း၊တံတောင်ဆစ်၊လက်တွေကိုစမ်းပါလိမ့်မယ်။

X-rays

ဓါတ်မှန်ရိုက်ခြင်းကတော့ အသုံးအများဆုံးနဲ့ လွယ်ကူစွာရနိုင်တဲ့

ရောဂါရှာတဲ့ ပုံရိပ်ဖော်နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဓါတ်မှန်ကနေမှ

အရိုးကျိုးတာရယ် ဘယ်နေရာကိုရွေ့သွားလဲဆိုတာကိုပြနိုင်ပါတယ်။

အရိုးကအစိတ်အပိုင်းဘယ်လောက်များများကျိုးသွားတယ်ဆိုတာ

ကိုလည်းပြနိုင်ပါတယ်။

Broken Forearm (လက်ဖျံရိုးကျိုးခြင်း) ကို ဘယ်လိုကုသပါသလဲ

အရိုးကျိုးခြင်းများအတွက်ကုသမှုအခြေခံအချက်တစ်ခုရှိပါတယ်။

ကျိုးနေတဲ့အစိတ်အပိုင်းတွေကိုသူ့နေရာနဲ့သူပြန်ထားတာရယ် နေရာမရွေ့အောင်ကာကွယ်တာတွေကိုသူတို့ပြန်မဆက်တဲ့အထိထားရပါမယ်။radius and ulna အရိုးတို့ကတစ်ယောက်ကိုတစ်

ယောက် အထောက်အကူပြုပြီးနေနေကြလို့ပါ။ အဲ့ဒါကြောင့် သူတို့

ကိုသေချာလေးငြိမ်နေအောင်ထားဖို့လိုပါတယ်။ တကယ်လို့ အရိုး

တွေဟာ ပြန်ဆက်တဲ့အချိန်မှာမတည့်ခဲ့ဘူးဆိုပါက လက်ကောက်ဝတ်နဲ့ တံတောင်ဆစ်တွင် ရေရှည်မှာ ပြသနာတွေ

ဖြစ်လာနိုင်ပါတယ်။

အရွယ်ရောက်ပြီးသားလူတွေမှာဖြစ်တဲ့ အရိုးကျိုးခြင်းကတော့များ

သောအားဖြင့် ခွဲစိတ်ပြီးမှ အရိုးတွေကိုတည့်အောင် ငြိမ်နေအောင်ထားပြီးအရိုးအောင်မြင်စွာဆက်ဖို့ လုပ်ကြရပါတယ်။

ချက်ခြင်းကုသမှုခံယူခြင်း။

သင်ကအရေးပေါ်အခန်းထဲရောက်နေစဉ်မှာသင့်ဆရာဝန်က သင့်အရိုးတွေ နေရာဘယ်လောက်ရွေ့နေသလဲဆိုတာကိုကြည့်ပြီး

ယာယီပြန်တည့်နိုင်အောင် ကြိုးစားကြည့်နိုင်ပါတယ်။ ဒီဟာကတော့

ခွဲစိတ်မှုမဟုတ်ပါဘူး။ သင့်ရဲ့နာကျင်မှုကိုဆေးပေးပြီးထိန်းထားပါ

မယ်။ နောက်ပြီးရင်တော့ သင့်ဆရာဝန်က အထိန်းတစ်ခုခုအနေနဲ့ စည်းပေးပြီးသင့်လက်မောင်းကိုသူ့နေရာနဲ့သူရှိအောင် လက်မောင်းအသိုင်းနဲ့ထားပါလိမ့်မယ်။ ကျောက်ပတ်တီးကိုင်ထားသ

လိုအပြည့်မဟုတ်ပဲ တစ်ဝက်ပဲ လုပ်ပြီးသိုင်းထားတဲ့အတွက် ရောင်

ခြင်း ပြ ုခြင်းရှိပါကလည်းခပ်ချောင်ချောင်နေရာရှိတာမို့ စိတ်ချရပါတယ်။

ကျိုးနေတဲ့အရိုးကိုရွှေ့ဖို့ဆိုတာဟာအရမ်းအရေးကြီးပါတယ်။ ကျိုး

နေတဲ့အရိုးကိုရွှေ့လိုက်ကာမှ အရိုးကိုပိုထိခိုက်ခြင်း၊ သွေးကြောတွေ အာရုံကြောတွေ အနီးအနားကတစ်ရှုူးတွေကိုထိ

ခိုက်ခြင်းပိုဖြစ်နိုင်ပါတယ်။

အမြန်ဆုံးလုပ်နိုင်တဲ့ကုသမှုကတော့ ရောင်နေတဲ့နေရာကိုရေခဲကပ်ခြင်း ၊အနာသက်သာဆေးသောက်ခြင်းတို့ပါပဲ။

ခွဲစိတ်မှုမဟုတ်သောကုသမှု။

တကယ်လို့ အရိုးကတစ်ခုပဲကျိုးခဲ့ရင် ပြီးတော့သူကနေရာလည်း

ရွေ့မနေပါကကျောက်ပတ်တီးကိုင်ခြင်းနဲ့ စည်းသိုင်းထားခြင်းနဲ့ ကုသလု့ိရပါတယ်။ သင့်ဆရာဝန်ကသင့်အရိုးဆက်ခြင်းကိုသေချာ

စောင့်ကြည့်နေမှာဖြစ်ပြီးဓါတ်မှန်ခဏခဏရိုက်ခြင်းတို့အမြဲလုပ်

နေမှာပါ။ တကယ်လို့ ကျိုးတဲ့ဟာကနေရာရွေ့သွားပါကသင့်အရိုးတွေကိုနေရာတကျပြန်ဖြစ်ဖို့ ခွဲစိတ်ဖို့လိုအပ်လာပါလိမ့်မယ်။

ခွဲစိတ်ကုသခြင်း။

လက်ဖျံရိုးနှစ်ချောင်းလုံးကျိုးတယ်ဆိုပါကဒါမှမဟုတ် အရိုးတွေက

အရေပြားကိုဖောက်ထွက်လာတယ်ဆိုရင်တော့ ခွဲစိတ်မှုလုပ်ကိုလုပ်

ဖို့လိုပါတယ်။

ဘာကြောင့်လဲဆိုတော့ပိုးဝင်မှာကို ကြောက်လို့ပါ။ ဒီလိုဒဏ်ရာမျိုးက

တော့ချက်ချင်းခွဲစိတ်ဖို့လိုပါတယ်။ လူနာတွေအားပိုးသတ်ဆေးကို

အကြောထဲမှပေးခြင်းနဲ့ မေးခိုင်ကာကွယ်ဆေးထိုးခြင်းတို့ကိုအရေး

ပေါ်အခန်းထဲမှာကတည်းကလုပ်ပါလိမ့်မယ်။ ခွဲစိတ်နေတဲ့အခါမှာ

ဒဏ်ရာကနေရတဲ့ အပြဲဒဏ်ရာကိုသေချာဆေးကြောပါလိမ့်မယ်။

ကျိုးနေတဲ့အရိုးတွေကိုလည်းတစ်ခါတည်းတည့်အောင်လုပ်ပါလိမ့်

မယ်။

တကယ်လို့ကျိုးတဲ့နားမှာအရေပြားကမပေါက်ပြဲခဲ့ဘူးဆိုပါကသင့်ဆရာဝန်က မခွဲစိတ်ခင်မှာအရောင်ကျသွားတဲ့အထိစောင့်ဖို့

အကြံပေးပါလိမ့်မယ်။ သင့်လက်ကိုမလှုပ်မယှက်ထားခြင်းနဲ့ အမြင့်

မှာတင်ထားပါကရက်အနည်းငယ်အတွင်းမှာအရောင်ကျနိုင်ပါ

တယ်။ နောက်ပြီးအရေပြားကိုဆွဲဆန့်သလိုဖြစ်တာကြောင့် နာလန်

ထလည်းပိုကောင်းနိုင်ပါတယ်။

ဖွင့်ပြီးအရိုးပြန်တည့်ခြင်းနဲ့အတွင်းထဲကိုပလိတ်ပြားများ ဝက်အူများသုံးပြီး လုပ်ခြင်း။ ဒီနည်းကတော့လက်ဖျံရိုးကျိုးတဲ့အခါ

အသုံးအများဆုံးနည်းတစ်ခုပါပဲ။ ဒီလိုနည်းတွေမျိုးမှာအရိုးရဲ့အစိတ်အပိုင်းတွေကိုပုံမှန်နေရာပြန်ရောက်အောင်ပြန်တည့်

အောင်လုပ်ပါတယ်။ အရိုးရဲ့အပြင်ပိုင်းနေရာကိုသတ္တုပလိတ်ပြား

တွေ ဝက်အူတွေအသုံးပြ ုပြီးနေရာတကျဖြစ်အောင် တွဲကြပါတယ်။

ဖွင့်ပြီးအရိုးပြန်တည့်ခြင်းနဲ့ အတွင်းထဲကိုသတ္တုချောင်းထည့်ပြီးလုပ်ခြင်း။ ဒီနည်းလမ်းကတော့ အထူးဒီဇိုင်း

ထုတ်ထားတဲ့ သတ္တုချောင်းကိုအရိုးတွေရဲ့အလယ် ရိုးတွင်းခြင်ဆီ

ထဲကိုထည့်ခြင်းဖြစ်ပါတယ်။

အရိုးအပြင်ဘက်မှ ပြန်တည့်အောင်လုပ်ခြင်း။ တကယ်လို့အရေပြား

တွေ အရိုးတွေက ပြင်းထန်စွာဒဏ်ရာရခဲ့ပါကပလိတ်ပြားများနဲ့ ဝက်အူများသုံးခြင်းက အရေပြားမှာဒဏ်ရာပိုရစေပြီးပိုဆိုးစေနိုင်ပါ

တယ်။ ပိုးဝင်ခြင်းကိုလည်းဖြစ်စေနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ

သင့်ကိုအပြင်ဘက်ကနေတည့်အောင်လုပ်ပေးမယ့် သတ္တုပင်အပ်များ ဝက်အူများကို အရုးရဲ့အပေါ်နဲ့အောက်မှာ တပ်ပြီး

အရေပြားအပြင်မှာ တွဲထားပါလိမ့်မယ်။ ဒီပစ္စည်းဟာ အရိုးတွေကို သူ့နေရာသူဖြစ်အောင် သေချာတွဲကပ်ထားတဲ့အတွက် အရိုးတွေ

ပြန်ဆက်တာကိုကူညီပေးပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Sandy Kyaw မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement