backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

1

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Boxer's fracture (လက်ဝှေ့သမားအရိုးကျိုးခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Hello Sayarwon မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Boxer’s fracture (လက်ဝှေ့သမားအရိုးကျိုးခြင်း) ကဘာလဲ။

လက်ဝှေ့သမားအရိုးကျိုးခြင်း လက်သီးဆုပ်ဖြစ်အောင်လုပ်ပေးတဲ့ လက်က အရိုးလေးတွေကျိုးသွားခြင်းကို ဆိုလိုတာပါ။ ဆရာဝန်အချို့ကတော့ လက်ဝှေ့သမားဆိုတာထက် နပန်းသမားလို့ သုံးနှုန်းတာကို ပိုပြီး သဘောကျကျတယ်။ ဘာလို့လဲဆိုတာ လက်ဝှေ့သမားတွေက ဒီလိုမျိုး အရိုးကျိုးတာမျိုးနည်းပါတယ်။ တက်သစ်စနပန်းသမားတွေဟာ မိမိလက်ကို မထိခိုက်စေပဲ လက်သီးထိုးနည်းကို ကောင်းကောင်းကျင့်ထားသင့်ပါတယ်။

လက်ဖဝါးရိုးတွေဟာ လက်ချောင်းရိုးတွေနဲ့ လက်ကောက်ဝတ်အရိုးတွေကို ဆက်သွယ်ပေးထားပါတယ်။ လက်ဖဝါးရိုး ၅ ခု ရှိပြီးတော့ တစ်ခုချင်းစီက လက်ချောင်းတစ်ချောင်းချင်းစီကို လက်ကောက်ဝတ်နဲ့ ချိတ်ဆက်ပေးထားပါတယ်။ လက်ဖဝါးရိုးတစ်ခုစီမှာ အခြေ၊ အတံ၊ လည်တိုင်နဲ့ ခေါင်းဆိုပြီး အစိတ်အပိုင်းတွေပါဝင်ပါတယ်။

  • လက်ဖဝါးရိုးရဲ့ အခြေဆိုတာဟ လက်ကောက်ဝတ်နဲ့ ချိတ်ဆက်ထားတဲ့ အပိုင်းကို ဆိုလိုပါတယ်။
  • အတံဆိုတာကတော့ လက်ဖဝါးရိုးရဲ့ ရှည်ပြီးတော့ သွယ်လျတဲ့ အပိုင်းကိုဆိုလိုတာပါ။
  • လည်တိုင်ဆိုတာကတော့ အရိုးရဲ့ခေါင်းပိုင်းနဲ့ အတံပိုင်းတို့ကို ဆက်သွယ်ထားတာပဲဖြစ်ပါတယ်။
  • ခေါင်းအပိုင်းကတော့ လက်ဖဝါးရိုးကို လက်ချောင်းရိုးနဲ့ ဆက်သွယ်ပေးထားပါတယ်။
  • လက်သီးသေချာဆုပ်ထားမယ်ဆိုရင် လက်ဖဝါးရိုးရဲ့ ခေါင်းပိုင်းတွေက လက်သီးလုံးလေးတွေဖြစ်နေတဲ့နေရာအဖြစ်တွေ့ရပါမယ်။
  • လက်ဝှေ့သမားအရိုးကျိုးခြင်းမှာ လက်ဖဝါးရိုး လည်တိုင်ကျိုးသွားခြင်းပဲဖြစ်ပါတယ်။ မူလကတော့ လက်သန်းရဲ့ လက်ဖဝါးရိုးကျိုးတာကိုဖော်ပြတဲ့အနေနဲ့ ဝေါဟာရကိုသုံးခဲ့ပါတယ်။ ရွေ့မရတဲ့ အရာတွေကို ထိုးတဲ့အခါမှာလည်း အတော်လည်း အဖြစ်များတာကြောင့်ပါ။ လက်သကြွယ်မှာလည်း အဖြစ်များပါတယ်။ လက်သန်းရယ် လက်သကြွယ်ရယ်ကို နံပါတ် ၅ နဲ့ နံပါတ် ၄ လက်ဖဝါးရိုးတွေကို ဆရာဝန်တွေက သတ်မှတ်ထားပါတယ်။ တစ်ချို့ဆရာဝန်တွေကတော့ လက်ဝှေ့သမားအရိုးကျိုးခြင်း ဆိုတာမှာ နံပါတ် ၂ နဲ့ နံပါတ် ၃ လက်ဖဝါးရိုးတွေလည်း ပါဝင်တယ်လို့ဆိုထားပါတယ်။ နံပါတ် ၂ ဆိုတာကတော့ လက်ညိုးနဲ့ လက်ကောက်ဝတ်ကိုဆက်ထားတဲ့ လက်ဖဝါးရိုးဖြစ်ပြီး နံပါတ် ၃ ဆိုတာကတော့ လက်ခလယ်နဲ့ လက်ကောက်ဝတ်ကို ဆက်ထားတဲ့ လက်ဖဝါးရိုးပဲဖြစ်ပါတယ်။

    Boxer’s fracture (လက်ဝှေ့သမားအရိုးကျိုးခြင်း) က ဘယ်လောက်အဖြစ်များသလဲ

    နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

    လက္ခဏာများ

    Boxer’s fracture (လက်ဝှေ့သမားအရိုးကျိုးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

    လက်ဝှေ့သမားအရိုးကျိုးခြင်း ရဲ့လက္ခဏာတွေက အောက်ပါအတိုင်းပဲဖြစ်ပါတယ်။ ပုံမှန်ဖြစ်နေကျလက္ခဏာတွေကတော့ ကျိုးသွားတဲ့ လက်ဖဝါးရိုးရဲ့ အလည်တည့်တည့်မှာ နာကျင်ခြင်းနဲ့ ထိမရအောင် နာခြင်းတို့ပဲဖြစ်ပါတယ်။ လက်ချောင်းနဲ့ လက်ကို လှုပ်လိုက်ရင် ပိုနာတယ်ဆိုတာကိုလည်း ခံစားရမှာပါ။

    • ကျိုးသွားတဲ့နေရာနားမှာ လက်ကရောင်မယ်၊ အရောင်ပြောင်းလာမယ်၊ သွေးချည်တွေဥမယ်။ လက်ပုံစံမမှန်ဖြစ်နေတာကိုလည်း တွေ့ရမယ်။ ကျိုးနေတဲ့အပိုင်းလေးတွေရဲ့ လှုပ်ရှားပုံ မူမမှန်တာကိုလည်းတွေ့ရမယ်။ ဆရာဝန်က ကျိုးနေတဲ့ အရိုးကို ဖိလိုက်ရင် အရမ်းနာလိမ့်မယ်။ ဒါ့အပြင် ကျိုးနေတဲ့ လက်ဖဝါးရိုးနဲ့ဆက်နေတဲ့ လက်ချောင်းကို အပြင်ကိုဆွဲတာပဲဖြစ်ဖြစ် အတွင်းကိုထိုးသွင်းတာပဲဖြစ်ဖြစ်အရမ်းနာကျင်မှုကို ခံစားရပါလိမ့်မယ်။
    • ဒဏ်ရာရတဲ့ လက်ကို လက်သီးဆုပ်လိုက်မယ်ဆိုရင် ကျိုးနေတဲ့ လက်ချောင်းက တခြားလက်တွေနဲ့ အလိုင်းမန့် မညီတာကိုတွေ့ရမှာပါ။ ဆရာဝန်ကကျိုးနေတဲ့အရိုး ပုံစံမမှန်ဖြစ်နေတာကို ကြည့်လိုက်ရုံနဲ့သိပါတယ်။ လက်သီးဆုပ်လိုက်ရင် ကျိုးနေတဲ့အရိုးရဲ့ လက်ချောင်းက ပုံမှန်ထက် လက်မဘက်ကို ပိုကွေးကျလာတာကိုတွေ့ရမှာပါ။ ဒါကို လည်ခြင်း(rotation) ဖြစ်တယ်လို့ခေါ်ပါတယ်။ ကျိုးတဲ့ ပုံစံတိုင်းမှာ ဒီလိုမျိုး လည်ခြင်းကို မတွေ့ရပေမဲ့ လည်နေပြီဆိုရင်တော့ ပြင်းထန်တဲ့ လက်ဝှေ့သမားအရိုးကျိုးခြင်း အမျိုးအစားဖြစ်နေပြီလို့ပြောလို့ရပါတယ်။

    အထက်တွင်မဖော်ပြထားသော လက္ခဏာများလည်း ရှိပါသေးတယ်။ ရောဂါလက္ခဏာတွေနဲ့ ပတ်သတ်ပြီး သိချင်တာတွေရှိမယ်ဆိုရင် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

    ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

    အထက်တွင်ဖော်ပြထားသော လက္ခဏာတွေရှိမယ်ဆိုရင် ဒါမှမဟုတ် မေးချင်တာတွေရှိမယ်ဆိုရင် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ လူတစ်ယောက်နှင့်တစ်ယောက်ဟာ ခန္ဓါကိုယ်တုံ့ပြန်ပုံချင်းမတူညီကြပါဘူး။ သင့်အခြေအနေအတွက် ဘာကအသင့်တော်ဆုံးလဲဆိုတာ ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ခြင်းက အကောင်းဆုံးပါပဲ။

    အကြောင်းရင်းများ

    Boxer’s fracture (လက်ဝှေ့သမားအရိုးကျိုးခြင်း) ကိုဘာတွေကဖြစ်စေသလဲ

    လက်ဝှေ့သမားအရိုးကျိုးခြင်းဆိုတဲ့ အတိုင်းပဲ တစ်ခုခုကို လက်သီးဆုပ်နဲ့ ထိုးရကာနေဖြစ်ပွားခြင်းဖြစ်ပါတယ်။

    ဖြစ်နိုင်ခြေများ

    ငါ့ဆီမှာ Boxer’s fracture (လက်ဝှေ့သမားအရိုးကျိုးခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

    ထိုအချက်အလက်များနဲ့ ပတ်သတ်ပြီး သိချင်သည်များရှိပါက ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

    ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

    ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

    Boxer’s fracture (လက်ဝှေ့သမားအရိုးကျိုးခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

    ဆရာဝန်မှ လက်ဖြင့်စမ်းသပ်ခြင်းနှင့် X ray ဓါတ်မှန်ရိုက်ခြင်းတို့ဟာ လက်ဝှေ့သမားအရိုးကျိုးခြင်းရောဂါကို ရှာဖွေအတည်ပြုနိုင်ဖို့ မရှိမဖြစ်လုပ်ရပါမယ်။ X ray ရိုက်ရဖို့ အားပေးတဲ့ အချက်တွေကတော့ သင့်မှာ အရင်က ဒီလိုမျိုးကျိုးနိုင်တဲ့ လှုပ်ရှားမှုတွေရှိခဲ့လျှင်၊ လက်ပုံစံမမှန်ခဲ့လျှင်၊ လက်ဖဝါးတစ်နေရာထဲမှာ ကွက်ပြီး နာနေခဲ့လျှင်၊ လက်ဖောင်းနေခဲ့ရင်၊ အရောင်ပြောင်းလာခဲ့လျှင်၊ အကောင်းပကတိပုံစံအတိုင်း လက်၊လက်ကောက်ဝတ်နှင့် လက်ချောင်များ မလှုပ်နိုင်ခဲ့လျှင်၊ ထုံနေခဲ့လျှင်၊ ထိခိုက်မိသောလက်နှင့် လက်အကောင်းတို့ရဲ့အပူချိန်ကွာခြားနေခဲ့လျှင်၊ တစ်စုံတစ်ဦးရဲ့ ပါးစပ်ကိုထိုးမိရာက သွားနှင့်ခြစ်မိပြီး ပြဲရှခဲ့လျှင် ဓါတ်မှန်ရိုက်ဖို့လိုပါလိမ့်မယ်။

    • ကျိုးသွားတဲ့နေရာရဲ့ ဘေးပတ်ပတ်လည်ကနေရာတွေကိုကြည့်ပြီးတော့ ဓါတ်မှန်ဟာ စိတ်ချရတယ်ဆိုရင် ဆရာဝန်က ဆုံးဖြတ်ချက်ချပါလိမ့်မယ်။ ဆရာဝန်က ဘာကြောင့်ဒဏ်ရာရလာတယ်ဆိုတာကို အသေးစိတ်မေးမြန်းပြီးရင်တော့ စမ်းသပ်ခြင်းကို ဆက်ပြီးပြုလုပ်ပါမယ်။
      • အရိုးကျိုးပြီဆိုရင်တော့ ရောင်ခြင်းနဲ့ အရောင်ပြောင်းလဲခြင်းတို့ဟာဖြစ်တတ်ပါတယ်။ အရိုး၊ ကြွက်သား၊ အရွတ်၊ အာရုံကြောနဲ့ သွေးကြောတွေကို တိုက်ရိုက်ထိခိုက်မိရင်လည်း ရောင်တတ်၊ အရောင်ပြောင်းလဲတတ်ပါတယ်။
      • အရိုးကျိုးခြင်းကြောင့် နာကျင်ခြင်းနဲ့ ယောင်ရမ်းခြင်းတို့ကြောင့်လက်ကို ပုံမှန်လှုပ်နေကျတိုင်း မလှုပ်နိုင်တော့ပါ။ ဆရာဝန်ကသင့်ကို လက်သီးဆုပ်ထားဖို့ပြောပါမယ်။ ဒီလိုပြုလုပ်ခြင်းဖြင့် ဒဏ်ရာဘယ်လောက်ပြင်းတယ်ဆိုတာနဲ့ ဘယ်လိုပုံစံနဲ့ကုသရမယ်ဆိုတာကို ဆုံးဖြတ်ချက်ချလို့ရပါတယ်။ အရွတ်ပြဲခြင်းကြောင့်လည်း ဒီလိုတွေဖြစ်တတ်ပါေးတယ်။ အရွတ်ပြဲခြင်းဟာ အရိုးကျိုးခြင်းနဲ့ တွဲပြီး ဖြစ်တတ်ပေမဲ့ အရွတ်ပြဲနေတာကိုတော့ X-ray မှာမြင်တွေ့ရမှာမဟုတ်ပါဘူး။
    • လက်ကို ဓါတ်မှန်ရိုက်ပြီဆိုရင်တော့ ထောင့် ၃ ထောင့်က ကြည့်တဲ့ပုံစံဖြစ်ရပါမယ်။ ဒီလိုရှုထောင့်စုံကြည့်ခြင်းအားဖြင့် အရိုးကျိုးနေတာကို မမြင်ပဲ လွတ်သွားတာမျိုးမဖြစ်တော့ပါဘူး။ ဓါတ်မှန်သေချာကြည့်ပြီးရင်ဆိုရင် ဆရာဝန်က ဘယ်လိုပုံစံကျိုးတယ်ဆိုတာကို သတ်မှတ်ပါမယ်။ အချို့ကိစ္စတွေမှာတော့ ဆရာဝန်က အထူး ရှုထောင့်တွေနဲ့ တော်ရုံမမြင်နိုင်တဲ့ အရိုးကျိုးတာတွေကို ရှာပါလိမ့်မယ်။ ပုံမှန် X-ray တွေမှာ ကျိုးနေတာမမြင်ရခြင်းနှင့် သင့်ဒဏ်ရာရပုံနဲ့ ဆရာဝန်ရဲ့ စမ်းသပ်မှုတွေမှာ တော်ရုံမမြင်နိုင်တဲ့ အရိုးကျိုးတဲ့ပုံစံရှိမယ်လို့ထင်ခဲ့မယ်ဆိုရင် ဒီလို အထူးရှုထောင့်ဓါတ်မှန်တွေရိုက်ရပါမယ်။
    • တခြားပစ္စည်းတွေလက်ထဲဝင် မဝင်ဆရာဝန်က စမ်းသပ်ပါမယ်။ တခြားပစ္စည်းတွေလက်ထဲဝင်နိုင်တဲ့ အကြောင်းအရာတွေကတော့- အခြားသူရဲ့ ပါးစပ်ထဲကို ထိုးခြင်း၊ တိရိစ္ဆာန်အကိုက်ခံရခြင်း၊ ချွန်ထက်သောအရာနဲ့ ရှမိခြင်း၊ ထိုးသွင်းဒဏ်ရာရခြင်း၊ ပွတ်ဆွဲခြင်းနဲ့ ပဲ့ထွက်သောအရာဝတ္ထုများဝင်ရောက်ခြင်းတို့ပါပဲ။ ဖန်စမှန်စ၊ အရိုး၊ သတ္တု နဲ့ ကျောက်သားတွေကိုတော့ X ray ဓါတ်မှန်မှာမြင်ရမေပမဲ့ သစ်သားစနဲ့ အပင်တွေလိုမျိုး အော်ဂင်းနစ်ပစ္စည်းတွေကတော့ ဓါတ်မှန်မှာ မပေါ်နိုင်ပါဘူး။ အော်ဂင်းနစ်ပစ္စည်းတွေရှိမရှိသိနိုင်ဖို့တော့ အခြားသော စစ်ဆေးမှုတွေလိုပါလိမ့်မယ်။

    နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

    Boxer’s fracture (လက်ဝှေ့သမားအရိုးကျိုးခြင်း) ကို ဘယ်လိုကုသပါသလဲ

    ကုသမှုကိုတော့ ဆရာဝန်မတွေ့မီရှေးဦးကုသခြင်းနှင့် ဆရာဝန်မှ လက်ဝှေ့သမားအရိုးကျိုးခြင်းလို့ ရောဂါတွေရှိပြီးနောက်ပိုင်း ကုသခြင်းဆိုပြီး အဓိက ၂ ပိုင်းခွဲထားပါတယ်။

    • ပထမဆုံးဦးတည်ချက်ကတော့ ဒဏ်ရာရတဲ့လက်ကို အနာသက်သာစေဖို့၊အရောင်ကျစေဖို့နဲ့၊ ပွင့်ထွက်ဒဏ်ရာများကို ပိုးမဝင်စေရန်ပြုလုပ်ဖို့၊ ကျိုးပြီးယိုင်နဲ့နေတဲ့ဒဏ်ရာတွေ ပိုမဆိုးသွားစေဖို့ပဲဖြစ်ပါတယ်။
    • အနာသက်သာစေဖို့နဲ့ အရောင်ကျစေဖို့ အကောင်းဆုံးနည်းလမ်းကတော့ ဒဏ်ရာနေရာကို ရေခဲကပ်ပေးဖို့ပဲဖြစ်ပါတယ်။ ရေခဲမရနိုင်ရင်တော့ မျက်နှာသုတ်ကို ရေအေးထဲစိမ်ပြီးတော့ ဒဏ်ရာရတဲ့လလက်ကို ပတ်ပေးထားလို့ရပါတယ်။ လက်ကိုမြှောက်ပေးထားခြင်းဟာလည်း အရောင်ကျစေပါတယ်။
    • အရိုးကျိုးပြီး အပြင်က အရေပြားနဲ့ အသားတွေပါပွင့်နေတယ်ဆိုရင်တော့ ပိုးဝင်တတ်သလို အနာလည်း ကျက်ဖို့ ကြာနိုင်ပါတယ်။ ပြတ်ရှမှုအားလုံးကို ဆပ်ပြာနဲ့ရေဆေးပြီးတော့ သန့်ရှင်းတဲ့ ပတ်တီးကို ချက်ချင်းစည်းထားပေးခြင်းဖြင့် ပိုးဝင်ခြင်းအန္တရာယ်ကိုလျော့နည်းစေနိုင်ပါတယ်။
    • ဒဏ်ရာပြီးကျိုးနေတဲ့လက်ကို နောက်ဆက်တွေ ဒဏ်ရာတွေနဲ့ပိုမဆိုးသွားစေဖို့ ငြိမ်အောင်ထိန်းထားခြင်းဟာ အဓိက သော့ချက်ပဲဖြစ်ပါတယ်။ လက်အကောင်းနဲ့ ဒဏ်ရာရတဲ့လက်ကို ငြိမ်အောင်ထိန်းထားပေးပါ။ ကျိုးနေတဲ့လက်ကို ဝန်ပိစေနိုင်တဲ့အပြုအမူတွေနဲ့ ပစ္စည်းတွေကို မခြင်းကိုလည်း ရှောင်ကြဉ်ရပါမယ်။ ကျိုးနေတဲ့အရိုးကို ငြိမ်အောင်မထိန်းထားရင် အရိုးဘေးနားရှိတဲ့ ကြွက်သား၊ သွေးကြောများ၊ အရွတ်နဲ့ အာရုံကြောတွေကို ထပ်မံထိခိုက်သွားနိုင်ပါတယ်။
  • ဆရာဝန်ကဘယ်လိုကုသတယ်ဆိုတာကို လိုက်ပြီး အိမ်မှာ ဘာတွေဆက်လုပ်ရမယ်ဆိုတာက ကွာသွားပါလိမ့်မယ်။ အိမ်မှာတော့ အနာသက်သာစေတဲ့ဆေးဝါးများသောက်ခြင်း၊ ကျောက်ပတ်တီးနဲ့ ငြိမ်အောင်ထိန်းခြင်း၊ ပိုးဝင် မဝင်စောင့်ကြည့်ခြင်းတို့ကို ပြုလုပ်ရပါမယ်။
    • အရိုးဟာလည်း ခနာကိုယ်ရဲ့ တခြားအစိတ်အပိုင်းတွေလိုလဲ နာကျင်ခြင်းကိုသိစေနိုင်တဲ့ အာရုံကြောတွေပါရှိပါတယ်။ အရိုးကျိုးတာကြောင့် နာကျင်ခြင်းဆိုတာ ၂ မျိုးဖြစ်နိုင်ပါတယ်။ တစ်မျိုးကတော့ အရိုးဘေးနားရှိတဲ့ တစ်ရှုးများ ရောင်ခြင်းနဲ့ နောက်တစ်မျိုးကတော့ ကျိုးနေတဲ့အရိုးက အာရုံကြောကို ပွတ်တိုက်မိနေခြင်းတို့ကြောင့်ဖြစ်နိုင်ပါတယ်။ ကျိုးနေတဲ့အရိုးကို ကျောက်ပတ်တီးကိုင်ပြီး ငြိမ်အောင်ထိန်းလိုက်ပြီဆိုရင် နာကျင်တာသက်သာသွားပါမယ်။ အနည်းငယ်တော့ နာနေနိုင်ပါသေးတယ်။ ဆရာဝန်က အနာသက်သာဖို့ဆေးပေးပြီဆိုရင် ဆရာဝန်သောက်ခိုင်းတဲ့အတိုင်း တိတိကျကျသောက်ဖို့လိုအပ်ပါတယ်။ ဒီလိုသောက်ခြင်းဖြင့် အနာသက်သာရုံမျှမက ဆေးရဲ့ ဘေးထွက်ဆိုးကျိုး အန္တရာယ်ကိုပါ နည်းသွားစေပါမယ်။ အနည်းငယ်နာကျင်မှုအတွက်တော့ Acetaminophen နဲ့ Ibuprofen ကို ညွန်ကြားတဲ့အတိုင်းသောက်လို့ရပါတယ်။ ဆေးတွေကို မသောက်မှီတော့ ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။
    • ချက်ချင်းခွဲစိတ်ဖို့မလိုတဲ့ လက်ဝှေ့သမားအရိုးကျိုးခြင်းတိုင်းကို ကျောက်ပတ်တီးအပြည့်ဒါမှမဟုတ် တခြမ်း စည်းပေးပါတယ်။ ကျောက်ပတ်တီးကို ခြောက်သွေ့အောင်ထားခြင်းဖြင့် မာကြောမှုကိုထိန်းထားရပါမယ်။ အရိုးကျိုးရာမှ ရောင်ရမ်းလာခြင်းကြောင့် ကျောက်ပတ်တီးစည်းထားတဲ့နေရာမှာ အရမ်းတင်းကြပ်တာမျိုးကို နောက်ဆက်တွဲအနေနဲ့ တွေ့ရတတ်တယ်။ နောက်လက္ခဏာတစ်ခုကတော့ ကျောက်ပတ်တီးစည်းထားတဲ့ လက်ရဲ့ လက်ချောင်းထိပ်တွေ ထုံကျင်လာပြီး အေးစက်စက်ထိတွေ့မူမျိုးခံစားလာရခြင်းပဲဖြစ်တယ်။ ဒီလိုဖြစ်ပြီဆိုရင်တော့ ဆရာဝန်ကိုပြသခြင်း သို့မဟုတ် ဆေးရုံ အရေးပေါ်ဌာနကိုသွားပြီးတော့ လိုအပ်တဲ့ကုသမှုကို ချက်ချင်းယူရပါမယ်။
    • ပွင့်ထွက်ဒဏ်ရာတိုင်းဟာ ပိုးဝင်တတ်ပါတယ်။ ဒါကြေင့် အနာကျက်တဲ့အထိ သန့်ရှင်းအောင်ထားပြီး သန့်ရှင်းတဲ့ အဝတ်(Dressing) နဲ့ ကာထားပေးရမယ်။ ပြတ်ရှမှုတွေကို ချုပ်လိုက်ရပြီဆိုရင်တော့ ချုပ်ထားတဲ့အချက်တွေကို ဘယ်လို ဂရုစိုက်ပြီး ဘယ်လိုဖြည်ရမယ်ဆိုတာကို ဆရာဝန်က မှာကြားပါလိမ့်မယ်။ ပြတ်ရှမှုတိုင်းကို ပိုးဝင်မဝင်သေချာဂရုစိုက်ကြည့်ပါ။ ပိုးဝင်တယ်လို့ သတိပေးတဲ့အချက်တွေကတော့ နီခြင်၊ နွေးခြင်း၊ ပြတ်ရှဒဏ်ရာတစ်ဝိုက် ဖောင်းလာခြင်းတို့ပဲဖြစ်ပါတယ်။ အနာကပြည်ထွက်ရင် ပြည်တွေကို ထုတ်ပစ်ရပါမယ်။ အထက်ပါအချက်အားလုံးက ချက်ချင်းကုသမှုခံယူရရန်လိုပါတယ်။
  • ဆေးပညာကုသနည်းများ

    လက်ဝှေ့သမားအရိုးကျိုးခြင်းကိုတွေ့ပြီဆိုရင်တော့ ပဏာမအနေနဲ့ အနာကောင်းကောင်းကျက်စေဖို့ ငြိမ်အောင်ထားခြင်းနဲ့ အရိုးကျိုးခြင်းကြောင့် နာကျင်မှုကို သက်သာစေခြင်းတို့ကို ပြုလုပ်ရပါမယ်။

    ကျိုးနေတဲ့အရိုးကို ငြိမ်အောင်ထိန်းဖို့ အတွက် ဒဏ်ရာရတဲ့ နေရာရဲ့ အပေါ်နဲ့ အောက်အရိုးဆစ်တွေကို ကျောက်ပတ်တီးစည်းပေးရပါမယ်။ လက်ဝှေ့သမားအရိုးကျိုးခြင်းမှာတော့ သီးသန့်ကျောက်ပတ်တီးပုံစံစည်းပေးရပါမယ်။ ပုံစံတစ်မျိုးမှာတော့ ကျောက်ပတ်တီးက လက်ချောင်းထိပ်ကိုဖော်ထားပြီး လက်ချောင်းကနေ လက်ဖျံထိကို စည်းပေးရပါမယ်။ လက်သန်း လက်ဝှေ့သမားအရိုးကျိုးခြင်းအတွက် နောက်ထပ်အသုံးဝင်တဲ့ ပုံစံကတော့ လက်သန်းနဲ့ လက်သန်းကြွယ်ကို ပူးပြီးချည်ကပ်လိုက်တဲ့ ပုံစံပဲဖြစ်ပါတယ်။ သင့်ဆရာဝန်က သင်နဲ့ အသင့်တော်ဆုံး ကျောက်ပတ်တီးစည်းတဲ့ပုံကို ဆုံးဖြတ်ပေးပါလိမ့်မယ်။

    • လက်ဝှေ့သမားအရိုးကျိုးခြင်းဖြစ်ပြီဆိုရင်တော့ လက်ဖဝါးအရိုးတစ်ပိုင်းပိုင်း က ပုံမှန်ပုံစံ အလိုင်းမန့်ကနေ ရွေ့သွားနိုင်ချေများပါတယ်။ အဲလိုရွေ့သွားတာကို ထောင့်ခံသွားခြင်း(angulation) လို့ခေါ်ပါတယ်။ ထောင့်ခံသွားတဲ့ ပမာဏာကို လိုက်ပြီးတော့ အနာပြန်ကောင်းဖို့ ဘယ်လိုကုသမှုပေးရမယ်ဆိုတာကို ဆုံးဖြတ်ရပါမယ်။ လက်ခံနိုင်လောက်တဲ့ ထောင့်ခံသွားခြင်းကိုတော့ ဆရာဝန်ဆေးခန်းမှာပဲဖြစ်ဖြစ် အရေးပေါ်ဌာနမှာပဲဖြစ်ဖြစ် ကျောက်ပတ်တီးစည်းပေးလို့ရပါတယ်။
    • လက်ဖက်ဝါးအရိုး နံပါတ် ၂ နဲ့ နံပါတ် ၃ တွေကျိုးပြီးထောင့်ခံသွားပြီဆိုရင်တော့ မူမမှန်အဖြစ်သတ်မှတ်ပြီးတော့ လက်ချောင်းခွဲစိတ်ဆရာဝန်ထံလွဲပေးပြီး ခွဲစိတ်ကုသရပါမယ်။ လက်ဖဝါးရိုး နံပါတ် ၄ နဲ့ နံပါတ် ၅ တွေကတော့ ထောင့်ခံသွားတာ အရမ်းဆိုးရင်၊ ထုံဆေးပေးပြီး ပုံစံအမှန်ကို ပြန်ချလို့မရရင်မှ ခွဲစိတ်ကုသဖို့လိုအပ်ပါမယ်။
    • ကျိုးသွားတဲ့အရိုးတွေက သိသာလောက်တဲ့နာကျင်မှုကိုဖြစ်စေတာကြောင့် အနာနဲ့ပတ်သက်ပြီး ကုသခြင်းဟာ အရိုးကျိုးတဲ့ကိစ္စတွေမှာ တော်တော်ကို အရေးကြီးပါတယ်။ အကိုက်အခဲပျောက်ဆေးနဲ့ အရောင်ကျဆေးတွေကတော့ နာကျင်မှုကိုကုသရာမှာ အကောင်းဆုံးပါပဲ။ Acetaminophenနဲ့ Ibuprofen တွေကတော့ ဘေးထွက်ဆိုးကျိုးကင်းကင်းနဲ့ အနာသက်သာစေနိုင်ပါတယ်။ ဒီလိုဆေးတွေကိုတော့ဘေးထွက်ဆိုးကျိုးကင်းနိုင်စေဖို့ ညွန်ကြားထားတဲ့အတိုင်းပဲသောက်ရပါမယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    လူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့်အိမ်တွင်ဆေးနည်းများ

    လက်ဝှေ့သမားအရိုးကျိုးခြင်း ကို ရင်ဆိုင်နိုင်စေဖို့ လူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းတွေက ဘာတွေလဲ။

    အောက်ပါလူနေမှုဘဝပုံစံပြောင်းလဲခြင်းတွေနဲ့ အိမ်တွင်းဆေးနည်းတွေက လက်ဝှေ့သမားအရိုးကျိုးခြင်း ကို ရင်ဆိုင်နိုင်စေဖို့ ကူညီပေးပါလိမ့်မယ်။

    အကောင်းဆုံးရှောင်နိုင်မဲ့နည်းကတော့လက်ဝှေ့သမားအရိုးကျိုးခြင်း ကိုဖြစ်စေနိုင်မဲ့ အခြေအနေတွေကိုရှောင်ပါ။ လက်ဝှေ့သမားအရိုးကျိုးခြင်းဆိုတာကတော့ အများအားဖြင့် လက်သီးထိုးတဲ့အချိန်တွေမှာဖြစ်တတ်ပြီးတော့ မာကျောတဲ့အရာတွေကို ဒေါသနဲ့ စိတ်လွတ်ပြီး ထိုးမိတဲ့အချိန်တွေမှာပိုဖြစ်တတ်ပါတယ်။ ဒီလိုအခြေအနေတွေကိုရှောင်လိုက်ရင်တော့ ကျိုးနိုင်ခြေသိသိသာသာကိုနည်းသွားပါမယ်။ ဒါ့အပြင် အသက်ကြီးလာလို့ အရိုးအားနည်းသွားပြီးကျိုးတယ်ဆိုတာကလည်း ဖြစ်ခဲပါတယ်။ အရိုးတွေသန်မာနေစေဖို့ ပုံမှန်လေ့ကျင့်ခန်းလုပ်၊ ကယ်ဆီရန် ဓါတ်ဖြည့်စာတွေစားသုံးပြီး နို့ထွက်ပစ္စည်းတွေကို လုံလောက်အောင် စားသုံးရပါမယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

    သိချင်တာတွေရှိမယ်ဆိုရင် အကောင်းဆုံးဖြေရှင်းနည်းလမ်းတွေကို ပိုမိုနားလည်သိရှိစေနိုင်ရန်အတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Hello Sayarwon မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement