သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

နို့တိုက်မိခင် သိထားသင့်တဲ့ ဆောင်ရန်၊ရှောင်ရန်အချက်တွေ

နို့တိုက်မိခင် သိထားသင့်တဲ့ ဆောင်ရန်၊ရှောင်ရန်အချက်တွေ

နို့တိုက်မိခင် သိထားသင့်တဲ့ ဆောင်ရန်၊ရှောင်ရန်အချက်တွေ

မေမေတို့အမေးများတဲ့မေးခွန်းလေးတွေထဲမှာ မိခင်နို့တိုက်ကျွေးချိန်နဲ့ ပတ်သက်တာတွေ ပါဝင်ပါတယ်။ ကလေးနို့တိုက်နေတဲ့မေမေတွေ ဟိုအသီးစားလို့ရလား၊ ဒီဆေးသောက်လို့ရလား စသည်ဖြင့် စုံလို့ပါပဲ။

တကယ်က မိခင်နို့မှာ ကလေးအတွက် လိုအပ်တဲ့အာဟာရတွေ သဘာဝအတိုင်းပါဝင်ပြီးသားပါ။ ဒါပေမယ့် နို့ရည်မှာ ပါတဲ့ အာဟာရဓာတ်ပမာဏ လုံလောက်ဖို့ကတော့ မေမေစားတဲ့ အစားအသောက်တွေပေါ် အဓိက မူတည်ပါတယ်။ အစားအသောက်တွေက ကျန်းမာရေးနဲ့ညီမှ၊ ရွေးချယ်မှုမှန်ကန်မှ မေမေနို့ရည်အာဟာရပြည့်မှာပါ။

တစ်နေ့ကို ကယ်လိုရီ ၅၀၀ အထိ ပိုစားပါ။

ကလေးနို့တိုက်နေရချိန်မှာ မေမေတို့ အားပြည့်နေဖို့အတွက် တစ်နေ့တာမှာ ပုံမှန်ထက် ကယ်လိုရီ ၄၀၀ ကနေ ၅၀၀ အထိ ပိုစားလို့ရပါတယ်။ စားလိုက်တဲ့ကယ်လိုရီတွေက အာဟာရပြည့်တဲ့ အရင်းအမြစ်တွေဖြစ်ဖို့တော့ အရေးကြီးပါတယ်။ ဒါပေမယ့် နို့တိုက်နေရလို့ဆိုပြီး ကယ်လိုရီအလွန်အကျွံ ပိုမစားမိဖို့ သတိပြုပါနော်။

ပရိုတင်းကြွယ်ဝတာတွေ စားပါ။

အသား၊ ပဲနဲ့ ဥ တို့လို ပရိုတင်းဓာတ်ကြွယ်ဝတာတွေ စားပါ။ နို့ထွက်ပစ္စည်းတွေကို စားလို့၊သောက်လို့ရပေမယ့် ထိုက်သင့်သလောက်ထက် ပိုမစားပါနဲ့။ ကလေးကိုလေပွ၊ လေနာဖြစ်စေနိုင်ပါတယ်။ ပင်လယ်စာတွေထဲမှာ ပုဇွန်၊ ဆယ်လ်မွန်တို့လို မာကျူရီပါဝင်မှုနည်းတာ တွေကိုပဲ စားပါ။

အသီးအရွက်၊ သီးနှံတွေ ညီမျှအောင်စားပါ။

အသီးအရွက်တွေ၊ အသီးအနှံနဲ့ ဂျုံပြောင်းနှံတွေပါဝင်တဲ့ စားသောက်မှုပုံစံကို တည်ဆောက်ပါ။ ပိုးသတ်ဆေးနဲ့မထိတွေ့မိစေဖို့ အသီးနဲ့ အရွက်တွေကို အမြဲတမ်း သေချာ စင်ကြယ်အောင်ဆေးဖို့ မမေ့ပါနဲ့။

နို့တိုက်ဖို့ ကလေးငိုတဲ့အထိ မစောင့်ပါနဲ့။

ကလေးနို့တိုက်ကျွေးချိန်ကို သတ်သတ်မှတ်မှတ်ထားပြီး အချိန်မှန်တိုက်ပါ။ ကလေးငိုမှ နို့တိုက်ဖို့လိုတာမဟုတ် ပါဘူး။ ငိုတယ်ဆိုတာ ဆာလောင်မှုရဲ့ နောက်ဆုံးအချက်ပြအဆင့်တစ်ခု ဖြစ်တာမို့ပါ။ နို့ဆာတဲ့အခါ ကလေးက လျှာလေးသပ်တာ၊ နှုတ်ခမ်းလေးလှုပ်တာ၊ လက်ချောင်းစုပ်တာ၊ နို့စို့သလို ပုံစံလုပ်တာ စတဲ့ အစောပိုင်း လက္ခဏာတွေ ပြတတ်ပါတယ်။

သန့်ရှင်းရေး မလုပ်ဘဲ နို့မတိုက်ပါနဲ့။

ကလေးကို နို့မတိုက်ခင်နဲ့ နို့တိုက်ပြီးချိန်တိုင်း လက်နဲ့ ရင်သားကို သန့်ရှင်းပေးပါ။ နို့ရည်အကြွင်းအကျန်၊ ချွေး၊ စတာတွေကပ်ငြိနေတတ်လို့ နို့မတိုက်ခင်တိုင်း သေချာသန့်စင်ပေးဖို့လိုပါတယ်။

အပူအစပ်တွေ မစားပါနဲ့။

ပူပူစပ်စပ်လေးမှ ခံတွင်းတွေ့တာလား။ ဒါပေမယ့် မေမေက အစပ်တွေစားမယ်ဆို ကိုယ့်ရဲ့ဘေဘီလေးမှာ လေပွ၊ လေနာအပြင် ဝမ်းပျက်ဝမ်းလျှောပါ ဖြစ်တတ်တယ်နော်။

နို့တိုက်ပြီးတိုင်း ရေသောက်ပါ။

နို့ရည်ပိုထွက်အောင်လို့ အချိုရည်တွေသောက်တာ၊ အချိုများတဲ့အာဟာရမှုန့်တွေ အမြဲ ဖျော်သောက်တာမကောင်းပါဘူး။ တစ်ခါတစ်လေသောက်လို့ရပေမယ့် ရေဓာတ်ပြည့်အောင် သောက်မယ်ဆို စွပ်ပြုတ်ရည်၊ ဟင်းချိုရည်နဲ့ ရေကိုပဲ အားထားပြီးသောက်သင့်ပါတယ်။

ကော်ဖီနဲ့ ကဖင်းကို ဆင်ခြင်ပါ။

ကော်ဖီအပြင် အားဖြည့်အချိုရည်နဲ့ ကိုလာတို့မှာ ကဖင်းဓာတ်ပါဝင်ပါတယ်။ ကဖင်းက ကလေးရဲ့ဖွံ့ဖြိုးမှုကို အဟန့်အတားဖြစ်စေတတ်လို့ နို့တိုက်မိခင် တွေအနေနဲ့ နို့ထွက်များဖို့ ဒါတွေသောက်လို့ မကောင်းပါဘူးနော်။ မသောက်ဘဲမနေနိုင်ရင် အကန့်အသတ်နဲ့သောက်ပါ။ တစ်နေ့ တစ်ခွက်၊ နှစ်ခွက်ထက် မပိုပါစေနဲ့။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Yun Sandi Nan Mon မှ ရေးသားသည်။ 30/05/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။