အရောင်ရင့်စိုစိုနဲ့ ချယ်ရီသီး တွေကို မားကတ်တွေမှာ အမြဲလိုလိုတွေ့ရတာများပါတယ်။ ပြည်တွင်းမှာမရနိုင်ဘဲ သွင်းကုန်အသီးတစ်မျိုးဖြစ်တဲ့ ချယ်ရီသီးကို ဘာလို့ကြိုက်ကြ၊ စျေးကြီးပေးဝယ်ကြတာလဲ။ သူ့အရသာက အချိုလည်းမပြင်း၊ အချဉ်လည်းမပြင်း၊ အရမ်းလည်းမမွှေးဘဲ လူကြိုက်များတဲ့အကြောင်းရင်းက ဆိုးကျိုးသက်ရောက်မှုနည်းပြီး ကျန်းမာရေးအတွက် ကောင်းကျိုးတွေရှိနေလို့ပါပဲ။ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါတို့လို နာတာရှည်ဝေဒနာရှင်တွေအတွက် အသုံးဝင်ဆုံးဓာတ်စာတစ်မျိုးပဲလေ။