ဖရုံစေ့ မှာ အပင် က ရရှိတဲ့ မပြည့်ဝဆီ (polyunsaturated fatty acids) တွေ၊ ဗီတာမင် B2 နဲ့ ဖောလိတ်ဓါတ် တို့လို အကျိုးပြုအာဟာရဓါတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ကာရိုတီးနွိုက် နဲ့ ဗီတာမင် E တို့လို ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်မှုလည်း များပါတယ်။
ထွက်မှာ သေချာပြီလား။
ဖရုံစေ့ မှာ အပင် က ရရှိတဲ့ မပြည့်ဝဆီ (polyunsaturated fatty acids) တွေ၊ ဗီတာမင် B2 နဲ့ ဖောလိတ်ဓါတ် တို့လို အကျိုးပြုအာဟာရဓါတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ကာရိုတီးနွိုက် နဲ့ ဗီတာမင် E တို့လို ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်မှုလည်း များပါတယ်။
ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက ခန္ဓာကိုယ်တွင်းဆဲလ်တွေကို free radicals တွေရန်က ကာကွယ်ပေးပြီး ကင်ဆာတွေကိုကာကွယ်ပေးပါတယ်။
ဒီလို ပါဝင်မှု ပြည့်စုံလှတဲ့ ဖရုံစေ့ ဆိမ့်ဆိမ့်လေးက ကျန်းမာရေးအတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်မလဲဆိုတာ အသိသာဆုံး (၆) ခုကို ဥပမာ ကြည့်လိုက်ရအောင်…
ဖရုံစေ့က ဆီးကျိတ်ရောင်ခြင်း ကို လက္ခဏာတွေ လျော့ပါးသက်သာစေတယ် လို့ သုတေသနတွေ့ရှိချက် တွေ ထွက်ပေါ်ထားပါတယ်။ နောက်ထပ် လေ့လာတွေ့ရှိချက်တွေအရ လည်း ဖရုံစေ့က ဆီးအိမ် လုပ်ဆောင်ချက် လွန်ကဲခြင်း ကို ကုသပေးနိုင်တယ် လို့ တွေ့ရှိရပါတယ်။
ဖရုံစေ့မှာ ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့ မဂ္ဂနီဆီယမ်ကြွယ်ဝပါတယ်။ သွေးဖိအား၊ နှလုံးကျန်းမာရေး၊ အရိုးကျန်းမာရေးထိန်းသိမ်းမှု၊ သွေးတွင်းသကြားဓာတ်တို့နဲ့ပတ်သက်ပြီး မဂ္ဂနီဆီယမ်ပမာဏ အလုံအလောက်ရရှိဖို့ အရေးကြီးပါတယ်။
ဖရုံစေ့ မှာ နှလုံး ကျန်းမာစေဖို့ အထောက်အကူပေးတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ မဂ္ဂနီဆီယမ်၊ ဇင့် နဲ့ အကျိုးပြုအဆီဓာတ်တွေ ပါဝင်မှု များပါတယ်။ လေ့လာမှုတွေ အရ ဖရုံစေ့က သွေးတိုး ကျစေပြီး အကျိုးပြု ကိုလက်စထရောဓာတ် တွေကို တိုးစေတယ် လို့ တွေ့ရပါတယ်။
လက်တစ်ဆုပ်စာ ဖရုံစေ့ပမာဏမှာ အမျှင်ဓာတ် ၁.၁ ဂရမ် ပါဝင်နိုင်ပါတယ်။ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေက အစာခြေစနစ်ကို ကောင်းမွန်စေတဲ့အပြင် နှလုံးရောဂါ၊ အမျိုးအစား ၂ဆီးချိုရောဂါ၊ အဝလွန်ခြင်းတို့ကိုဖြစ်နိုင်ခြေလျော့နည်း စေနိုင်ပါတယ်။
ဇင့်ဓာတ် ချို့တဲ့ခြင်း က အမျိုးသားတွေ မှာ သုက်ပိုး အရည်အသွေး ကျဆင်းစေပြီး သားသမီး ရနိုင်စွမ်း နည်းစေနိုင်ပါတယ်။
ဖရုံစေ့ မှာ ဇင့်ဓာတ် ပါဝင်မှု မြင့်မားတဲ့ အတွက် မျိုးအောင်နိုင်စွမ်း ပိုများစေပါတယ်။ ကျားဟော်မုန်းကို အထောက်အပံ့ပေးတဲ့ တခြားအာဟာရဓာတ်တွေ နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ လည်း ကြွယ်ဝပါသေးတယ်။
ည အိပ်မပျော်နိုင် ဖြစ်နေရတယ် ဆိုရင် မအိပ်ခင် ဖရုံစေ့ နည်းနည်းစားကြည့်ပါ။ သူ့မှာ အိပ်စက်ခြင်း ကို အထောက်အကူ ပေးနိုင်တဲ့ အမိုင်နိုအက်စစ် တစ်မျိုး ဖြစ်တဲ့ tryptophan ပါဝင်ပါတယ်။ တစ်နေ့ကို tryptophan ၁ ဂရမ် စားသုံးခြင်းက ကောင်းကောင်း အိပ်ပျော်စေနိုင်တယ်လို့ သိရပါတယ်။ ဇင့်၊၊ tryptophan၊ နဲ့ မဂ္ဂနီဆီယမ်တို့ စုံတဲ့ အရင်းအမြစ်တစ်ခု ဖြစ်တဲ့ အတွက် အိပ်စက်ခြင်း အတွက် ကောင်းကျိုးပေးနိုင်တာ သေချာပါတယ်။
အစေ့အဆန် ဆိုပြီး နိုင်ငံခြားကလည်း မှာစရာမလိုဘူး၊ ကိုယ့် ပြည်တွင်း မှာပဲ အလွယ်တကူ ရနိုင်တဲ့ ရတနာလေးပါပဲ။ တခါတည်း အများကြီးတော့ မစားနဲ့ပေါ့။ မကြာမကြာ ထိုက်သင့်သလောက် စားပေးရင်ပဲ ဒီအကျိုးကျေးဇူး တွေကို ရရှိနေမှာပါနော်။
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Ref:
https://www.healthline.com/nutrition/11-benefits-of-pumpkin-seeds
Accessed Apr-7, 2020.
https://www.medicalnewstoday.com/articles/303864
Accessed Apr-7, 2020.