backup og meta

အရိုးအဆစ်တွေကို ထိခိုက်စေနိုင်တဲ့ အပြုအမူ (၁၀) မျိုး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 04/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရိုးအဆစ်တွေကို ထိခိုက်စေနိုင်တဲ့ အပြုအမူ (၁၀) မျိုး

    မတော်တဆထိခိုက်မိတာတွေ၊ ထိခိုက်ဒဏ်ရာတွေကြောင့် အရိုးအဆစ်တွေကို ထိခိုက်နိုင်တယ်လို့ သိထားကြပါတယ်။ ဒါပေမယ့် ဒီအချက်တွေကြောင့်လည်း အရိုးထိခိုက်နိုင်တယ်ဆိုတာ Hello ဆရာဝန် ပရိသတ်တို့ သိကြရဲ့လားနော်။ ကဲ …. အရိုးအဆစ်တွေကို ထိခိုက်စေနိုင်တဲ့ အပြုအမူ တွေကို ကြည့်လိုက်ရအောင်နော်။

    အရိုးအဆစ်တွေကို ထိခိုက်စေနိုင်တဲ့ အပြုအမူ (၁၀) မျိုး

    အရိုးအဆစ်တွေကို ထိခိုက်စေနိုင်တဲ့ အပြုအမူတွေကတော့

    • ကိုယ်အလေးချိန် ဝန်ပိတာ

    အရိုးတွေကို ချိတ်ဆက်ပေးထားတဲ့ အဆစ်တွေဟာ လေးလံတဲ့ဝန် ထမ်းပိုးရတာကို သိပ်မခံနိုင်တတ်ကြပါဘူး။ ဝန်အပိဆုံးက ဒူးပါပဲ။ အရွတ်တွေကိုပျက်ယွင်းစေပြီး ခါး၊ တင်ပါးဆုံနဲ့ ခြေကျင်းဝတ်တို့ကိုလည်း ထိခိုက်နိုင်ပါတယ်။ ဒီလိုဖြစ်စေတဲ့အကြောင်းရင်းထဲမှာ ကိုယ်အလေးချိန်များခြင်းက ရှေ့ကပါဝင်တာမို့ ထိန်းသင့်ပါတယ်။

    • ဖုန်းပဲအမြဲနှိပ်နေတာ

    ဖုန်းလေးကိုင်ပြီး တစ်ချိန်လုံးနှိပ်နေမယ်ဆိုရင်တော့ လက်ချောင်းအဆစ်တွေ ပြဿနာတက်ပါလိမ့်မယ်။ လက်မအရွတ်တွေ ထိခိုက်နိုင်တယ်၊ ဖုန်းကိုကြည့်လွန်းလို့ လည်ပင်းဇက်ကြောနဲ့ ပခုံးအတွက်လည်း မကောင်းပါဘူး။

    ဒေါက်မြင့်ဖိနပ်စီးထားတာ လှပေမယ့် ခြေထောက်ကို ဖြောင့်တန်းနေစေဖို့ ပေါင်ကြွက်သားတွေက ပိုအလုပ်လုပ်ရပါတယ်။ ဒေါက်ကမြင့်လေ ဒူးမှာ ဖိအားပိုများစေတယ်။ အမြဲ သို့မဟုတ် ကြာကြာ စီးထားမယ်ဆိုရင် အဆစ်နာရောဂါဖြစ်လာနိုင်ခြေကို တိုးစေပါတယ်။

    ဖျောက်ဖျောက်နဲ့ လက်ဆစ် ချိုးလိုက်ရတာကို သဘောကျ ကြပါတယ်။ တချို့လူကြီးတွေ သတိပေးသလို ကျိုးတာ၊ အဆစ်လွဲတာတော့ မဖြစ်စေနိုင်ပေမယ့် အကျင့်ပါလာရင် လက်ကို ရောင်ရမ်းစေတာ၊ လက်ရဲ့ ဆုပ်အား လျော့နည်းစေတာတွေ ဖြစ်လာစေနိုင်ပါတယ်။

  • အိတ်အကြီးကြီးလွယ်တာ
  • အိတ်အလေးကြီးတွေ လွယ်ထားတာ၊ ဆွဲတာတွေက ဇက်ကြောနဲ့ ပခုံးကြော၊ အဆစ်တွေ နာကျင်မှုကို ဖြစ်စေတဲ့ အကြောင်းရင်းတွေပါ။ ပခုံးမှာ အလေးအပင်ဖြစ်စေရာကနေ ခန္ဓာကိုယ် ဟန်ချက်ထိန်းနိုင်စွမ်းနဲ့ လမ်းလျှောက်ပုံကို ပျက်ယွင်းစေနိုင်ပါတယ်။ တစ်ဖက်ပဲ သန်လို့ တစ်ဖက်ပဲ တောက်လျှောက် ဝန်ပိစေမယ်ဆို အရိုးအဆစ် ဝေဒနာ တစ်ခုခု ဖြစ်လာနိုင်ပါတယ်။

  • မှောက်အိပ်တာ
  • မှောက်အိပ်တာက ဟောက်တာတော့ သက်သာစေနိုင်ပေမယ့် ကျောရိုးကိုတော့ ဖိအား ဖြစ်စေနိုင်ပါတယ်။ ဦးခေါင်းကိုလည်း ပက်လက် အိပ်တာထက် ပိုပြီးလိမ်ခေါက်စေ၊ ဆွဲဆန့်ထားသလို ဖြစ်စေတာကြောင့် တခြားအဆစ်နဲ့ ကြွက်သားတွေအပေါ် ဖိအား ဖြစ်စေပါတယ်။

    • အကြောမလျှော့တာ

    လေ့ကျင့်ခန်း လုပ်လုပ် မလုပ်လုပ် အကြောလျှော့တာတော့ လုပ်သင့်ပါတယ်။ လေ့ကျင့်ခန်း မလုပ်ခင်မှာ အကြောလျှော့တာက အကြောအခြင်တွေကို ပျော့ပျောင်းစေတယ်၊ အဆစ်တွေကို လှုပ်ရှားရ လွယ်စေတယ်၊ ကြွက်သားတွေ လှုပ်ရှားမှု ပိုကောင်းစေတယ်။ တောင့်တင်းနေတဲ့ အရိုးအဆစ်တွေကို အတင်းလှုပ်ရှားစေမယ် ဆိုရင် ကိုယ်လက်လှုပ်ရှားမှု အကျိုးကို ရမယ့်အစား ထိခိုက်မှုပါ ရလာပါလိမ့်မယ်။

  • ကောင်းကောင်းမအိပ်တာ
  • အိပ်စက်ခြင်းက သင့်အဆစ်တွေကို ထိခိုက်နိုင်တယ် ဆိုတာ အံ့ဩကောင်း အံ့ဩပါလိမ့်မယ်။ သုတေသန အရ ညဘက် ကောင်းကောင်း မအိပ်ခဲ့ရရင် အဆစ်နာဝေဒနာ ရှိသူတွေမှာ နာကျင်မှု ပိုခံစားရတတ်တယ်လို့ ဆိုပါတယ်။

    • နေပုံထိုင်ပုံ ပုံစံမကျတာ

    မတ်တပ်ရပ်တဲ့အခါ လက်ပြင်ကုန်းပြီး ထိုင်တဲ့အခါ ခန္ဓာကိုယ်က ပုံစံ မကျတာမျိုးတွေက ကြာလာရင် ထိခိုက်စေနိုင်ပါတယ်။ ခုံမှာပဲ ထိုင်ထိုင်၊ ကားပေါ်မှာပဲ ထိုင်ထိုင် ကိုယ်နေဟန်ထား မှန်ကန်မှ ကြွက်သားနဲ့ အဆစ်တွေကို ဝန်မပိစေမှာ ဖြစ်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 04/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement