backup og meta

လူကြီးများတွင်ဖြစ်သော ကျောရိုးအဆစ်လွဲခြင်း


Phyo Wai Yan မှ ရေးသားသည်။ · 09/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လူကြီးများတွင်ဖြစ်သော ကျောရိုးအဆစ်လွဲခြင်း

    ကျောရိုးအဆစ်လွဲခြင်းအကြောင်း သင်ကြားဖူးလား။ ကျောရိုးအဆစ်လွဲခြင်းက သင့်ကျောရိုးမှာဖြစ်နိုင်တယ်ဆိုတာရော သိလား။ သင်အသက်ကြီးလာတဲ့အခါ ကျောရိုးအဆစ်လွဲနိုင်တယ် ဆိုတာရော သိလား။

    ဒီအချက်တွေကို လိုက်နာပြီး သင့်အတွက် အထောက်အကူဖြစ်စေမယ့် အချက်တွေကို ရှာဖွေလိုက်ပါ။

    ကျောရိုးအဆစ်လွဲတာက ကျောရိုးရဲ့အောက်ပိုင်းမှာ ဘာလို့ဖြစ်ပေါ်သလဲ။

    ကျောရိုးအဆစ်လွဲခြင်းက ကျောရိုးအကြားရှိအဆစ်ပြားတွေ ပျက်စီးတာ(ကျီးပေါင်းရောဂါ)ကို ပြန်တည်ဆောက်တဲ့အချိန်မှာ ဖြစ်စေနိုင်ပါတယ်။ အရိုးကျီးပေါင်းဖြစ်သောအခါ အရိုးတွေက အနည်းငယ်ကျိုးနိုင်ပါတယ်။ တချို့သောအခြေနေတွေမှာ အရိုးကျိုးတာက ကျောရိုးကို အားနည်းစေပါတယ်။

    ကျောရိုးက သူ့ရဲ့ပုံစံကို ထိန်းထားဖို့ ခက်ပါလိမ့်မယ်။ ဒီအခါ ကျောရိုးဆစ်လေးတွေက သူတို့ရဲ့နေရာကနေ ချော်ထွက်သွားနိုင်ပြီး ကျောရိုးအဆစ်လွဲခြင်း ဖြစ်စေနိုင်ပါတယ်။

    ယိုယွင်းပျက်စီးခြင်းဆိုတာ အသက်ကြီးခြင်းရဲ့ သဘာဝဖြစ်စဉ်ပဲ ဖြစ်ပါတယ်။ သင့်ကျောရိုးဆစ်၊ အရိုးများ၊ တွယ်ဆက်တစ်ရှူးများ နဲ့ အဆစ်တွေက ယိုယွင်းပျက်စီးတတ်ပါတယ်။ သူတို့ဟာ သင့်ကျောရိုးကို ပုံမှန်အနေအထားနဲ့ မထိန်းထားနိုင်ပါဘူး။ ကျောရိုးတစ်ခုက သူ့အောက်ရှိကျောရိုးပေါ်ကို ပိကျနိုင်ပါတယ်။

    ကျောရိုးအဆစ်လွဲခြင်းက ကျောရိုးတစ်လျှောက်လုံး ဖြစ်နိုင်သော်လည်း ခါးဆစ်ရိုးတွင် ပိုအဖြစ်များပါတယ်။

    ကျောရိုးအောက်ပိုင်းရှိ ကျောရိုးအဆစ်လွဲခြင်း အမျိုးအစားများ

    ကျောရိုးအောက်ပိုင်းမှာ အဆစ်လွဲတဲ့ အမျိုးအစား အများအပြားရှိပါတယ်။ အဖြစ်များတဲ့ အမျိုးအစားတွေကတော့-

    · မွေးရာပါ ကျောရိုးအဆစ်လွဲခြင်း။ ဒီကျောရိုးအဆစ်လွဲခြင်းက မွေးထဲက ဖြစ်လာတာပါ။ ဒါကြောင့် မွေးရာပါ ကျောရိုးဆစ်လွဲခြင်းလို့ ခေါ်ပါတယ်။ ဒါဟာ ကိုယ်ဝန်ဆောင်ချိန်မှာ အရိုးတွေက ပုံမမှန်ဖြစ်ပေါ်တာကြောင့် ဖြစ်ပါတယ်။ အရိုးတွေက ပုံမှန်မဟုတ်သောအခါ ကျောရိုးဆစ်တွေက လွယ်ကူစွာ အဆစ်လွဲနိုင်ပါတယ်။

    · ယိုယွင်းပျက်စီးသော ကျောရိုးအဆစ်လွဲခြင်း။ ဒါကအဖြစ်အများဆုံး အမျိုးအစားဖြစ်ပါတယ်။ နာမည်အတိုင်းပဲ သင့်ကျောရိုးအဆစ်တွေ ယိုယွင်းပျက်စီးပြီးနောက်မှာ အဆစ်လွဲခြင်း ဖြစ်ပေါ်လာပါတယ်။ တွယ်ဆက်တစ်ရှူးများ၊ အရိုးများ၊ အရွတ်များ၊ ကြွက်သားတွေက ကျောရိုးကို ပုံစံကျအောင် မထိန်းထားနိုင်ပါတယ်။

    · ကျီးပေါင်းကြောင့်ဖြစ်သော အဆစ်လွဲခြင်း။ ဒီအမျိုးအစားက ကျီးပေါင်းရောဂါကြောင့် ဖြစ်ပေါ်လာတယ်။ သင့်ကျောရိုးမှာ အရိုးအနည်းငယ်ကျိုးသောအခါ အရိုးအားနည်းနေတတ်ပါတယ်။ ကျောရိုးရှိအရိုးတွေက ကျောရိုးကို ထိန်းထားနိုင်စွမ်း ကျဆင်းသွားပါတယ်။ ဒါ့ကြောင့် အရိုးတွေက နေရာလွဲသွားနိုင်ပါတယ်။

    အတွေ့ရနည်းသော ကျောရိုးအဆစ်လွဲခြင်း အမျိုးအစားများ

    · ထိခိုက်ဒဏ်ရာကြောင့်ဖြစ်သော ကျောရိုးအဆစ်လွဲခြင်း။ ဒီအမျိုးအစားမှာ ဒဏ်ရာကြောင့် အရိုးကျိုးပြီး လွဲသွားနိုင်ပါတယ်။

    · ရောဂါကြောင့်ဖြစ်သော ကျောရိုးအဆစ်လွဲခြင်း။ ဒီအမျိုးအစားဟာ ရောဂါ သို့မဟုတ် ကျောရိုးအကျိတ် သို့မဟုတ် ရောဂါပိုးကြောင့် ကျောရိုးအားနည်းခြင်းကြောင့် ဖြစ်စေနိုင်ပါတယ်။

    · ခွဲစိတ်မှုခံယူပြီးနောက် ကျောရိုးအဆစ်လွဲခြင်း။ ကျောရိုးခွဲစိတ်မှုခံယူပြီးနောက် ကျောရိုးအဆစ်လွဲခြင်း ဖြစ်စေနိုင်တယ်။ သို့မဟုတ် ပိုပြီးဆိုးလာနိုင်ပါတယ်။

    သင့်ကျောရိုးအောက်ပိုင်းမှာ အဆစ်လွဲခြင်းရှိ၊ မရှိ ဘယ်လိုသိနိုင်သလဲ။

    ကျောရိုးအောက်ပိုင်းမှာ အဆစ်လွဲခြင်းရှိ၊ မရှိ သေချာသိရန် ရောဂါကို သေချာသိရန် ဆရာဝန်နှင့် ပြသပါ။

    ရောဂါရာဇဝင်

    ပထမဦးဆုံး ဆရာဝန်က သင့်ကို ရောဂါရာဇဝင်ကို မေးမြန်းပါလိမ့်မယ်။ သူတို့က သင့်ကို ဒါတွေမေးနိုင်ပါတယ်။

    · သင့်ကျောရိုးထိခိုက်ဖူးခြင်း ရှိသလား။

    · သင့်ရောဂါ လက္ခဏာတွေက ဘာတွေလဲ။

    · သင့်ရောဂါကို ဘယ်လိုကုသနိုင်သလဲ။

    ဆရာဝန်က သင့်ကျောကုန်းကို နာကျင်စေတဲ့ ပြဿနာတွေ ရှိ၊ မရှိ မေးမြန်းပါလိမ့်မယ်။

    စမ်းသပ်မှု

    ဆရာဝန်က သင့်ကို ရောဂါရာဇဝင်မေးပြီးနောက် တချို့သောစမ်းသပ်မှုတွေကို လုပ်ပါလိမ့်မယ်။ ဆရာဝန်က သင့်ကျောကို တွန်းပြီးကြည့်ခြင်းဖြင့် အနာဆုံးနေရာကို ရှာဖွေပါလိမ့်မယ်။ နောက်ပြီး သင့်ကို အနောက်ကို လှန်ခိုင်းခြင်း၊ ခါးလှည့်ခိုင်းခြင်း ပြုလုပ်ပြီး သင့်ရဲ့ လှုပ်ရှားနိုင်မှုကို စမ်းသပ်ပါလိမ့်မယ်။

    ရောဂါရှာဖွေနည်းများ

    ရောဂါရှာဖွေနည်းတွေက သင့်ရဲ့နာကျင်မှု၊ ဖြစ်စေတဲ့အကြောင်းနဲ့ နေရာတွေအတွက် တိကျတဲ့သတင်းအချက်အလက်တွေကို ဖော်ပြန််ုင်ပါတယ်။ အသုံးများတဲ့ နည်းတွေကတော့ ဓါတ်မှန်ရိုက်ခြင်း၊ သံလိုက်ဓါတ်နှင့် ပုံရိပ်ဖမ်းခြင်း( MRI)၊ ကွန်ပြူတာ ဓါတ်မှန် (CT) တို့ဖြစ်ကြပါတယ်။

    ဓါတ်မှန်တွေက သင့်အရိုးရဲ့ ပုံရိပ်တွေကို ပြနိုင်ပြီး MRI က တစ်ရှူးတွေကို ပြနိုင်ပါတယ်။ CT ကတော့သင့်အရိုးကို အဝိုင်းပုံဖြတ်ထားတဲ့အနေအထားနဲ့ ပြသနိုင်ပါတယ်။

    ကျောရိုးဆစ်လွဲတယ်ဆိုတာ ကျောရိုးတစ်ခုက သူ့အောက်ကတစ်ခုအပေါ် လွဲနေတာဖြစ်ပါတယ်။ မွေးရာပါ၊ ယိုယွင်းပျက်စီးခြင်းနဲ့ ကျီးပေါင်းကြောင့်ဖြစ်သော ကျောရိုးဆစ်လွဲနေတာတွေက အတွေ့ရများပါတယ်။ သင့်ရောဂါကို စစ်ဆေးရန် ဆေးရုံကိုသွားပြီး စစ်ဆေးမှုခံယူပါ။

    Hello Health Group သည် ဆေးပညာနှင့်ဆိုင်သော အကြံများပေးခြင်း၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မလုပ်ဆောင်ပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Phyo Wai Yan မှ ရေးသားသည်။ · 09/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement