backup og meta

လည်ပင်းဆစ်ချော်သောသူများတွင် သိထားရမည့် အိမ်တွင်း ကုထုံး ၅ မျိုး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 09/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လည်ပင်းဆစ်ချော်သောသူများတွင် သိထားရမည့် အိမ်တွင်း ကုထုံး ၅ မျိုး

    လည်ပင်းဆစ်ချော်ခြင်းသည် ရှားပါးပါသည်။ ထိုသို့ဖြစ်ခြင်းသည် လည်းပင်းနေရာရှိ အဆစ်များ အနေအထားချော်သွားခြင်းကြောင့် ဖြစ်ပါသည်။ တခါတရံတွင် လည်ပင်းတွင် နာကျင်ခြင်း၊ ထုံခြင်းနှင့် အားနည်းခြင်းတို့ ခံစားရတတ်ပါသည်။

    ထိုသို့ မပြင်းထန်သော ဝေဒနာများကို ခံစားရလျှင် အိမ်တွင်းကုထုံးများဖြင့် ကုသခြင်းက အသုံးဝင်နိုင်ပါသည်။

    အပူ သို့မဟုတ် အအေးကုထုံး

    လည်ပင်းနေရာကို အပူသို့မဟုတ် ရေခဲကပ်ခြင်းဖြင့် သက်သက်သာစေနိုင်ပါသည်။ အပူသည် သွေးကြောများကို ကျယ်စေပြီး အဆစ်ချော်သည့်နေရာသို့ သွေးလည်ပတ်မှုကောင်းစေသောကြောင့် နာကျင်ခြင်းကို လျှင်မြန်စွာ သက်သာစေပါသည်။

    ရေခဲကပ်ခြင်းသည် သွေးကြောများကို ကျုံ့စေပြီး ရောင်ရမ်းခြင်းနှင် နာကျင်မှုများကို သက်သာစေပါသည်။

    လည်ပင်းနာနေသောနေရာကို ရေခဲဖြင့် ၁၀-၁၅ မိနစ်ကြာမျှ ကပ်ပေးပါ။ ၂-၃ နာရီခြားစီကပ်ပေးပါ။ သို့သော် အအေးကြောင့် အရေပြားပျက်စီးမှုကို ကာကွယ်နိုင်ရန် ရေခဲနှင့် အရေပြားကြားတွင် အဝတ်ပါးတစ်လွှာခံပေးပါ။

    ထို့ပြင် ရေနွေးဝတ်ဖြင့် ကပ်ခြင်း၊ ရေနွေးဖြင့် ရေချိုးခြင်းတို့ကိုလည်း ပြုလုပ်ပေးခြင်းဖြင့် အကြောအခြင်များကို ပြေလျော့စေနိုင်ပါသည်။ မပူချိန်အလယ်အလတ်မျှသာရှိသော ရေနွေးအိတ်ကိုသုံးပါ။

    အပူအလွန်ပြင်းလျှင် သင့်အရေပြားအပူလောင်စေနိုင်သောကြောင့် ဖြစ်ပါသည်။ လည်ပင်းနာနေသောရောကို ရေခဲဖြင့် ၁၀-၁၅ မိနစ်ကြာမျှ ကပ်ပေးပါ။ ၂-၃ နာရီခြားစီကပ်ပေးပါ။

    အဆိုပါ ရေနွေးအိတ်၊ ရေခဲများကို တညလုံးကပ်ထားခြင်းကလည်း အရေပြားကို ပျက်စီးစေနိုင်ကြောင်း သတိပြုရပါမည်။

    နှိပ်နယ်ခြင်း

    နှိပ်နယ်ခြင်းသည် တောင့်တင်းနေသောကြွက်သားများကို ပြေလျော့စေပါသည်။။ လည်ပင်းကို နှိပ်ပေးခြင်းဖြင့် လည်ပင်းကြွက်သားများကို ပြေလျော့စေပြီး လည်ပင်းတဝိုက်ရှိကြွက်သားများ၊ အရွတ်များ၊ အရိုးဆက်အရွတ်များကိုပါ ပြေလျော့စေပါသည်။ ထို့ပြင် နှိပ်နယ်ခြင်းသည် စိတ်ဖိစီးမှုများကိုလည်း ပြေလျော့စေပါသည်။

    လေ့ကျင့်ခန်းပြုလုပ်ခြင်း

    လည်ပင်းဆစ်ချော်ခြင်းအတွက် ပြုလုပ်ရမည့် လေ့ကျင့်ခန်းများတွင် ဆန့်ထုတ်သော လေ့ကျင့်ခန်းများ၊ အေရိုးဗစ်လေ့ကျင့်ခန်းများ ပြုလုပ်နိုင်ပါသည်။ လည်ပင်းနှင့် ပခုံးများကို လှည့်ခြင်း၊ ခေါင်းမော့ ခေါင်းငုံ့ပြုလုပ်ခြင်း စသည့်လေ့ကျင့်ခန်းများသည် လှုပ်ရှားမှုများနှင့် အကွေးအဆန့်များကို ပိုမိုကောင်းမွန်နိုင်စေပါသည်။

    ထို့အပြင် လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း စသည့်လေ့ကျင့်ခန်းများသည် ပေါ့ပါးပြီး နာကျင်ခြင်းကိုလည်း သက်သာစေပါသည်။ ထို့ပြင် နှလုံးခုန်မှန်စေခြင်း၊ ပင်မကျောရိုးသို့ သွေးလည်ပတ်မှုကောင်းခြင်းဖြစ်စေကာ သင့်ကို ကျန်းမာစေပါသည်။

    လေ့ကျင့်ခန်းမလုပ်မီတွင် ရေနွေးဖြင့် ရေချိုးခြင်း၊ ရေနွေးအိတ်ကပ်ခြင်း၊ ၅ မိနစ်ခန့်လမ်းလျှောက်ခြင်းဖြင့် သွေးပူလေ့ကျင့်ခန်းများကို ပြုလုပ်ပေးသင့်ပါသည်။ လေ့ကျင့်ခန်းပြုလုပ်ခြင်းသည် မနာကျင်စေပါ။

    သို့သော် တင်းသော ခံစားမှုကိုရပါမည်။ သင့်ကို အပြင်းအထန် နာကျင်စေသော လေ့ကျင့်ခန်းများကို မပြုလုပ်ပါနှင့်။ လေ့ကျင့်ခန်းပြုလုပ်နေရင်းလည်ပင်းဆစ်များ ပိုနာလာလျှင် ဆက်မလုပ်ဘဲ ရပ်ပစ်လိုက်ပါ။

    သင့်အနေအထားကို သတိထားပါ။

    ကိုယ်ဟန် အနေအထားမမှန်ခြင်းသည် လည်ပင်းဆစ်ချော်ခြင်းကို ဖြစ်စေနိုင်ပါသည်။ သင်အိပ်နေစဉ်နှင့် ထိုင်ခြင်း၊ထခြင်းနှင့် အလေးချိန်များသော ပစ္စည်းများကို မ ခြင်းများပြုလုပ်လျှင် ခေါင်း၊ လည်ပင်းနှင့် ခါးအနေအထားကို မတ်မတ်ထားပါ။

    သင့်စာကြည့်စားပွဲအနေအထားကို ညှိပါ။ ကွန်ပျူတာကို သင့်မျက်စိနှင့် ရေပြင်ညီ အနေအထားတွင် ထားပါ။ ဖုန်းကို အချိန်ကြာမြင့်စွာ မကြည့်ပါနှင့်။ ထသွားထလာပြုလုပ်ပါ။

    သင်အိပ်သော အနေအထားကို ပြောင်းလဲပေးပါ။

    အိပ်သော အနေအထားသည် အရိုးကျီးပေါင်းဖြစ်စေပြီး အရိုးကျီးပေါင်းကြောင့် လည်ပင်းဆစ်ချော်ခြင်းဖြစ်ရပါသည်။ ထို့ကြောင့် အိပ်နေစဉ်တွင် ကျောရိုးကို ဆန့်ဆန့်ထားပါ။ လည်ပင်းအောက်တွင် ခေါင်းအုံးပါးပါးအုံးပါ။ ခေါင်းအုံး နှစ်ဆင့်အုံးခြင်း၊ ထူထူအုံးခြင်းများကို မပြုလုပ်ပါနှင့်။

    ဒူးခေါင်းအောက်တွင် ခေါင်းအုံးငယ်တစ်ခုကို ထားပြီး အိပ်ပါ။ သင့်ကိုယ်အနေအထားကို ထောက်ပံ့ပေးသော အိပ်ရာမျိုးရှိလျှင် အကောင်းဆုံးဖြစ်ပါသည်။ ထိုင်နေလျက်အနေထားဖြင့် အိပ်ခြင်း၊ မှောက်အိပ်ခြင်းတို့သည် သင့်လည်ပင်းကို ပိုပြီး ဒဏ်ဖြစ်စေပါသည်။

    အဆစ်ချော်ခြင်းများသည် ခါးနေရာတွင် အများဆုံးဖြစ်တတ်ပါသည်။ လည်ပင်းအဆစ်ချော်ခြင်းသည် ဖြစ်တတ်ပါသည်။ ထိုသို့ဖြစ်လာလျှင် အထက်ဖော်ပြပါ အိမ်တွင်းကုထုံးများဖြင့် သက်သာစေနိုင်ပါသည်။

    သို့သော် သင်သည် နာကျင်ခြင်း၊ ထုံခြင်းများမခံမရပ်နိုင်အောင်ဖြစ်လာလျှင် ပိုမဆိုးလာမီ ဆရာဝန်နှငိ ပြသပြီး ထိရောက်သော ကုသမှုများ ခံယူသင့်ပါသည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. K Zin Thwe မှ ရေးသားသည်။ · 09/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement