backup og meta

ဘယ်သူတွေက ခြေဖနောင့်အရွတ် ထိခိုက်ဒဏ်ရာ ရနိုင်ချေ ရှိသလဲ။


Dr. Thant Zin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘယ်သူတွေက ခြေဖနောင့်အရွတ် ထိခိုက်ဒဏ်ရာ ရနိုင်ချေ ရှိသလဲ။

    လူအတော်များများဟာခြေထောက်နောက်ပိုင်းဖနောင့်နားမှာနာကျင်တာကိုခံစားဖူးကြပါတယ်။ အဲဒါ ခြေဖနောင့်အရွတ် (အာခီးလိစ့် အရွတ်) ရောင်ခြင်းကြောင့် ဖြစ်ပါတယ်။ ဘယ်သူတွေမှာခြေဖနောင့်အရွတ်ရောင်ရမ်းခြင်းပိုဖြစ်နိုင်သလဲ။ အောက်တွင် ဆက်လေ့လာကြည့်ကြပါစို့။

    ခြေဖနောင့် အရွတ်ရောင်ခြင်း (အာခီးလိစ့် အရွတ်ရောင်ခြင်း) ဆိုတာဘာလဲ။

    ခြေဖနောင့်အရွတ်ဟာကိုယ်ခန္ဓါရဲ့ အကြီးဆုံး ကြွက်သားအရွတ်ဖြစ်ပါတယ်။ သူဟာခြေသလုံးရဲ့ ကြွက်သားနဲ့ ခြေဖနောင့်အရိုးကိုဆက်သွယ်ပေးထားပြီးပြေးခြင်း၊ လမ်းလျှောက်ခြင်း၊ ခုန်ခြင်းစတဲ့နေရာတွေမှာ အသုံးဝင်ပါတယ်။ ဒီကြွက်သားအရွတ်ဟာပြေးခြင်း၊ ခုန်ခြင်းစတဲ့လှုပ်ရှားမှုရဲ့ ဖိအားဒဏ်တွေကိုခံနိုင်ပေမယ့်အလွန်အကျွံသုံးရင်၊အသက်ကြီးလို့ ယိုယွင်းလာရင် ရောင်ရမ်းလာတတ်ပါတယ်။

    အားကစားလုပ်သူများ၊ ကိုယ်လက်လှုပ်ရှားပြုသူများ

    အလွန်အကျွံသုံးခြင်း၊ ထပ်ဖန်တလဲလဲ လှုပ်ရှားခြင်းစတာတွေကို ပြုလုပ်နေရင် ခြေဖနောင့် ကြွက်သားအရွတ်တွေကိုထိခိုက်အားနည်းစေနိုင်တာကြောင့် ဒီအကျင့်တွေကို ပြင်ဆင်ရပါမယ်။

    အားကစားလုပ်ခြင်းဟာအကျိုးရှိပါတယ်။ ဒါပေမယ့် အားကစားလုပ်ချိန်မှာဂရုမထားရင် ဒဏ်ရာရနိုင်ချေများပါတယ်။ ဒါ့အပြင် ဆောက်လုပ်ရေးလုပ်ငန်းခွင်၊ အိမ်တွင် ပန်းခြံပြုပြင်ခြင်းစတဲ့လှုပ်ရှားမှုများဟာလည်းဒဏ်ရာရနိုင်ချေကို မြင့်မားစေပါတယ်။

    တဖက်မှာလည်းရုပ်ပိုင်းဖွဲ့စည်းမှုဆိုင်ရာပြဿနာဟာရောဂါကိုဖြစ်စေပါတယ်။ ခြေဖဝါးပြားခြင်းဟာ ခြေဖနောင့် အရွတ်ကိုဒဏ်ပိုဖြစ်စေပါတယ်။ အလေးအပင်မခြင်း၊ ကြွက်သားတောင့်တင်းခြင်းစတာတွေဟာလည်းခြေဖနောင့်အရွတ်ကိုဒဏ်ဖြစ်စေပါတယ်။

    အားကစားလေ့ကျင့်နည်းစနစ်မှားယွင်းခြင်း

    အားကစားတစ်ခုခုမလုပ်ခင် သွေးပူလှုပ်ရှားမှု အရင်လုပ်ကြတာပုံမှန်ဖြစ်ပါတယ်။ အပြေးလေ့ကျင့်ခန်းဒါမှမဟုတ် တခြားလှုပ်ရှားမှုတွေ မလုပ်ခင် သွေးပူလေ့ကျင့်ခန်းမလုပ်တာဟာခြေထောက်ကိုထိခိုက်နိုင်ခြေပိုများစေပါတယ်။ ဒါ့အပြင် ပြေးမည့် အကွာအဝေးကို တင်လိုက်တာ၊ မကြာမကြာကုန်းပေါ် တက်ပြေးတာ၊ အောက်ခံကြမ်းပြင်ကိုမြေမညီတာစတဲ့အားကစားနည်းစနစ်မှားယွင်းမှုတွေဟာခြေဖနောင့်အရွတ် (အာခီးလိစ့် အရွတ်)ကိုဒဏ်ဖြစ်နိုင်ခြေများစေပါတယ်။

    အသက် ၃၀ကျော်လာသူများ

    အသက် ၃၀ရောက်လာရင် ခြေဖနောင့် အရွတ် (အာခီးလိစ့် အရွတ်)ဆီသို့ိသွေးစီးဆင်းမှု လျော့နည်းလာပြီးထိခိုက်ဒဏ်ရာရလွယ်စေပါတယ်။ ခြေဖနောင့် အရွတ်မှာရောဂါဖြစ်တာ၊ စုတ်ပြဲတာတွေဟာအသက် ၃၀ကျော်မှာ အများဆုံ့းဖြစ်ပွားကြောင်းသိရှိထားပါတယ်။ အဲဒီအသက်အရွယ်ရောက်ရင် ဒီပြောင်းလဲမှုကိုဂရုစိုက်သင့်ပါတယ်။

    ကိုယ့်ခြေထောက်နဲ့ မတော်သောဖိနပ်ကိုစီးသူများ

    ကိုယ့်ခြေထောက်နဲ့ မတော်တဲ့ဖိနပ်ကိုစီးတဲ့အခါ ခြေဖနောင့် အရွတ် (အာခီးလိစ့် အရွတ်)ရောင်ရမ်းခြင်းကိုဖြစ်ပွားနိုင်ခြေရှိပါတယ်။ စုတ်ပြဲတဲ့ဖိနပ်ကိုစီးခြင်းဟာလည်းသင့်ခြေထောက်နဲ့ ဖနောင့်ကိုသက်တောင့်သက်သာမဖြစ်စေပါဘူး။

    ရာသီဥတုနှင့် သက်ရောက်မှု

    အေးမြတဲ့ရာသီဥတုမှာဒဏ်ရာရနိုင်ခြေပိုများပါတယ်။ ကြွက်သား၊အရွတ်တွေနာကျင်ခြင်းဟာပူနွေးတဲ့ ရာသီဥတုထက် အေးမြတဲ့ရာသီဥတုမှာပိုဖြစ်ပါတယ်။

    အမျိုးသားဖြစ်ခြင်း

    အမျိုးသားများဟာအမျိုးသမီးများထက် ခြေဖနောင့် အရွတ်(အာခီးလိစ့် အရွတ်)ဒဏ်ရာရနိုင်ခြေပိုများတယ်လို့ သိရပါတယ်။

    ရောဂါရှိသူများ

    Psoriasis အရေပြားရောဂါနဲ့ သွေးတိုးခြင်းဟာခြေဖနောင့် အရွတ် ရောင်ရမ်းနိုင်ခြေပိုများစေပါတယ်။

    ဆေးဝါးသုံးစွဲနေရသူများ

    Fluoroquinolonesလို့ခေါ်တဲ့ ပဋိဇီဝဆေးအချို့ဟာခြေဖနောင့် အရွတ် ရောင်ရမ်းခြင်း ဖြစ်ပွားနိုင်ခြေ မြင့်တက်နှုန်းနဲ့ ဆက်စပ်နေပါတယ်။

    ခြေဖနောင့်အရွတ် (အာခီးလိစ့်အရွတ်)ကိုထိခိုက်ခြင်းအတွက် ဖြစ်ပွားနိုင်ခြေတွေ အများကြီးရှိပါတယ်။ ဒါတွေကိုနားလည်ထားရင် ရှောင်ရှားနိုင်ပြီးဘယ်လိုကာကွယ်ရမလဲဆိုတာသိနိုင်ပါတယ်။ ခြေဖနောင့် အရွတ်ကိုထိခိုက်ခြင်းဟာဆိုးရွား ပြင်းထန်ပါတယ်။ ဒါပေမယ့် ပြန်လည်ကုသနိုင်ပါတယ်။ ဆိုးရွားစွာ ကြုံကြိုက်ရင် ဆရာဝန်နဲ့ တိုင်ပင်စေလိုပါတယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    Translated by Thant Zin

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement