backup og meta

ဇက်ကြောတောင့်တင်းတာသက်သာစေမယ့် အလွယ်ဆုံးလေ့ကျင့်ခန်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဇက်ကြောတောင့်တင်းတာသက်သာစေမယ့် အလွယ်ဆုံးလေ့ကျင့်ခန်း

    စာအုပ်နဲ့မျက်နှာမခွာရလို့၊ အလုပ်စားပွဲကနေ ဖင်ကြွမရလို့၊ ဖုန်းတကိုင်ကိုင်မို့လို့၊ တီဗီရှေ့မှာတောက်လျှောက်မော့နေလို့၊ ကွန်ပျူတာရှေ့ကျောက်ချနေလို့၊ ဂိမ်းဆော့တာများလို့ စတဲ့အကြောင်းကြောင်းကြောင့် ဇက်ကြောတက်၊ အကြောတောင့်တင်းတာတွေဖြစ်တတ်တယ်နော်။ ဒီလိုဖြစ်လာရင် ဘာလုပ်လဲ ခဏထပြီး ဟိုလျှောက်ဒီလျှောက်လုပ်တယ်၊ခြေလက်တွေ ဟိုဆန့်ဒီဆန့်နဲ့ အညောင်းဆန့်တတ်ကြပါတယ်။ ဒါပေမယ့်ပြန်ဖြစ်တာပဲ။

    ဘာလို့လဲဆိုတော့ အညောင်းဆန့်တဲ့အခါ နည်းမမှန်သေးလို့ပါ။ ဇက်ကြောတောင့်တင်းတာသက်သာစေမယ့်လေ့ကျင့်ခန်းလေးလုပ်ကြည့်ရင်ခေါင်းမူးနေတာ၊ အိပ်ငိုက်နေတာပါပျောက်သွားဦးမှာ။ အကြောပြေပြီးခေါင်းကြည်စေမယ့် ဒီလေ့ကျင့်ခန်းကတော်တော်များများသိထားပြီးသားပါ။ တဂျွတ်ဂျွတ်နဲ့မြည်အောင် ဇက်ချိုးတာထက် ဒီနည်းလေးကိုပဲ စနစ်တကျလုပ်ပါ၊ တကယ်သိသာပါတယ်။

    လွယ်လွယ်လေးရယ် –

    ငုံ့၊ မော့ – ထိုင်လျက်အနေအထားမှာပဲလုပ်လို့ရပါတယ်။ မတ်မတ်နေပြီး ဦးခေါင်းကို (မေးစေ့က ရင်ညွန့်ကိုထိတဲ့အထိ)ဖြည်းဖြည်းချင်း ငုံ့ချပါ။ ၅ စက္ကန့်လောက်ထားပြီးမှ နဂိုပုံစံပြန်နေပါ။မေးကိုမော့ပါ(မျက်နှာကြက်ဆီမော့ကြည့်ပါ)။ ၁၀ စက္ကန့်ထားပြီး နဂိုပုံစံပြန်နေပါ။

    ဘေးစောင်း –ဦးခေါင်းကိုတဖြည်းဖြည်းဘေးဘက်စောင်းပါ။ နားရွက်က ပခုံးကိုထိတဲ့အထိ။ ၅ စက္ကန့်လောက်ထားပြီး နဂိုအနေအထားပြန်နေပါ။ ဘယ်၊ညာ တစ်ဖက်ကို ငါးကြိမ်လောက် လုပ်လို့ရပါတယ်။

    ဇက်ကြောဆန့် –ခန္ဓါကိုယ်ကို မတ်မတ်ထားပြီးမေးစေ့ကိုရှေ့ဘက်တတ်နိုင်သလောက်ထုတ်ပြီး လည်ပင်းကိုဆန့်ထုတ်ပါ။ ၅ စက္ကန့်ထားပြီးနဂိုပုံစံပြန်နေပါ။မေးစေ့ကို အတွင်းဘက်တတ်နိုင်သလောက်ပြန်ဆွဲကပ်ပြီး ၅ စက္ကန့်နေပါ။ နဂိုပုံစံပြန်နေပါ။ ဆန့်ထုတ်၊ပြန်သွင်း ငါးကြိမ်စီလောက်လုပ်ပေးပါ။

    နောက်ထပ်ရော –

    ဇက်ကြောနဲ့ နောက်ကျောကြွက်သားတွေအတွက် အကြောလျှော့ချင်တယ်ဆို ဒါတွေလည်း လုပ်လို့ရတယ်။

    ဘေးလှည့် – မတ်မတ်နေပြီး ဦးခေါင်းကို ဘယ်ဘက်လှည့်၊နဂိုပုံစံပြန်နေပါ။ ညာဘက်လှည့်နဂိုပုံစံပြန်နေပါ။ တလှည့်စီ ငါးကြိမ်လောက်လုပ်ပါ။

    လက်မောင်းဝိုက် –မတ်မတ်နေပြီး လက်မောင်းနှစ်ဖက်ကို တန်းတန်းဆန့်ပါ။ စက်ဝိုင်းပုံသဏ္ဍာန်ဝိုင်းပြီးလှည့်ပါ။ရှေ့ဘက်ကိုငါးကြိမ်၊နောက်ဘက်ကို ငါးကြိမ် စက်ဝိုင်းလှည့် ဝိုက်ပေးပါ။ အားစိုက်စရာမလိုပေါ့ပေါ့ပါးပါးဖြေလျှော့ပြီး လှည့်ရုံပါပဲ။ လက်ပြင်ကြားက အကြောပြေသွားတာခံစားမိပါလိမ့်မယ်။

    အသာဖိ –ထိုင်လျက်ဖြစ်ဖြစ် မတ်တတ်ဖြစ်ဖြစ် ဘယ်ဘက်လက်က ညာဘက်နားထင်နားထိ ဦးခေါင်းပေါ်လှမ်းတင်ပြီး အသာအယာဖြည်းဖြည်းဖိချပါ(ခေါင်းစောင်းလေ့ကျင့်ခန်းပါပဲ)။ ဦးခေါင်းနဲ့ကိုယ်အနေအထားက တည့်တည့်မတ်မတ်နေပြီးမှ စလုပ်ပါနော်။ ညာဘက်လက်နဲ့လည်း အလားတူပဲ ဆက်လုပ်ပါ။
    ဦးခေါင်းလေ့ကျင့်ခန်း –ကြမ်းပေါ်မှာ ဒူးထောင်ပြီးပက်လက်အိပ်ပါ။ခြေပြားချထားရပါမယ်။ လက်ကိုလည်း ကြမ်းမှာဆန့်ကပ်ထားပါ။ တစ်ကိုယ်လုံးမကြွတက်စေဘဲ ခေါင်းကိုမပါ၊ပြန်ချပါ။ ပခုံးမကြွလာဘဲ ခေါင်းထူလိုက်၊ပြန်လှဲချလိုက် လုပ်ပေးရပါမယ်။
    ဒါတွေအကုန်လုပ်ကြည့်ဖို့မလိုပေမယ့် ကိုယ်နှစ်သက်ရာရွေးပြီး လိုသလို လုပ်လို့ရတဲ့လေ့ကျင့်ခန်းလေးတွေပါ။ ကိုယ့်ထိုင်ခုံမှာတင်လုပ်လို့ရတယ်၊ မိနစ်ပိုင်းလေးပဲကြာတယ်၊ ထိရောက်တယ်၊ခေါင်းကြည်တယ်၊ အကြောပြေတယ်။

    အဲ… ကိုယ်က ဇက်ကြောတောင့်တင်းတာလောက်မကဘဲ အကြောတင်သလို၊ အုန်းလွဲသလိုဖြစ်နေတယ်ဆိုရင်တော့မလုပ်နဲ့ပေါ့။ နာကျင်မှုတစ်ခုခုရှိနေတယ်ဆို ဆရာဝန်နဲ့တိုင်ပင်ပြီးမှလုပ်ပါ။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement