backup og meta

ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းရခြင်း နှင့် ပတ်သက်ပြီး သိကောင်းစရာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. K Zin Thwe မှ ရေးသားသည်။ · 09/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းရခြင်း နှင့် ပတ်သက်ပြီး သိကောင်းစရာများ

    အချို့လူများသည် ခြေဖနောင့်နာခြင်းခံစားနေရသော်လည်း သူတို့ကိုယ်သူတို့ ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းရခြင်း ဖြစ်သည်ဟု သတိမထားမိတတ်ကြပါ။

    အောက်ပါတို့သည် ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းရခြင်း၊ ခြေဖနောင့်နာခြင်းများနှင့် ပတ်သက်ပြီး သိသင့်သောအရာများဖြစ်ပါသည်။

    1. ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းရခြင်းဆိုတာဘာလဲ။

    ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းခြင်းဆိုသည်မှာ ခြေထောက်အောက်ဆုံးအပိုင်းတွင် ခုံးနေသော အနေအထားကို ထိန်းပေးထားသော ထူထဲသည့် တစ်သျူးအလွှာများရောင်ရမ်းခြင်းကို ခေါ်ပါသည်။ ခြေဖနောင့်နာခြင်းသည်လည်း ထိုဖြစ်စဉ်ကြောင့် အများဆုံးဖြစ်ရခြင်းဖြစ်သည်။

    2. ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းရခြင်းသည် ဘယ်လိုဖြစ်လာတာလဲ။

    ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းရခြင်းသည် အသက်ကြီးသူများတွင်ဖြစ်လေ့ရှိသော်လည်း ယင်းကိုဖြစ်စေသော အကြောင်းရင်းကို တိတိကျကျမသိရသေးပါ။

    သို့သော် ခြေထောက်ကို အမှတ်မထင်ဘဲ ထပ်ခါထပ်ခါ ထိခိုက်မှုများစုပေါင်းလာခြင်းမှ ကြာလာသောအခါ ဒဏ်ဖြစ်ခြင်းဖြစ်သည်ဟု ယူဆရပါသည်။ နာကျင်ဒဏ်ရာသည် ခြေဖနောင့်အရှေ့ ၄ စင်တီမီတာခန့်တွင်ဖြစ်တတ်ပြီး ထိလိုက်လျှင် နာကျင်တတ်ပါသည်။

    ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းရခြင်းကို ဖြစ်စေနိုင်သော အခြေအနေများမှာ အောက်ပါတို့ဖြစ်ပါသည်။

    · အချိန်ကြာမြင့်စွာ မတ်တပ်ရပ်ခြင်း၊ လမ်းလျှောက်ခြင်း၊ ပြေးလွှားခြင်း(အထူးသဖြင့် သင်သည်ထိုအပြုအမူများနှင့် ကျင့်သားမရသေးခြင်း၊ လှုပ်ရှားမှုနည်းသော နေထိုင်မှုပူံစံမျိုးဖြစ်ခြင်း)

    · ခြေဖနောင့်နာစေသော၊ ခြေဖဝါးအောက်ခံ မကောင်းသော ရှုးဖိနပ်များ၊ ဒေါက်မြင့် ဖိနပ်များစီးခြင်း

    · ကိုယ်အလေးချိန်များလွန်းခြင်းကလည်း ခြေထောက်အောက်ပိုင်း အခုံးနေရာကို ဖိအားများစေပြီး နာကျင်မှုဖြစ်စေသည်။

    · ခြေဖဝါးကို ဆွဲဆန့်သော အနေအထားများပြုလုပ်မိခြင်း (ဥပမာ- လှေကားထစ်များတက်ခြင်း၊ ခြေဖျားထောက်ခြင်း)

    · ခြေချင်းဝတ်နေရာ အကွေးအဆန့်ကောင်းစွာမပြုလုပ်နိုင်သောသူများတွင်လည်း ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းရခြင်း ဖြစ်စေနိုင်ပါသည်။

    3. ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းရခြင်းကို မကုဘဲထားလျှင် ဘာဖြစ်မလဲ။

    ခြေဖနောင့်များ ကြာမြင့်စွာ နာကျင်နေခြင်းကြောင့် သင့်နေ့စဉ်အလုပ်များကို ထိခိုက်လာနိုင်ပါသည်။ ထို့ပြင် ထိုနာကျင်မှုကြောင့် လမ်းလျှောက်သော အနေအထားများ ပြောင်းလဲလာမှုကြောင့် ကြာလာလျှင် ခြေဖဝါး၊ ဒူး၊ တင်ပါးနှင့် ကျောတို့ ဒဏ်ဖြစ်လာနိုင်ပါသည်။

    4. ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းရခြင်းကြောင့်ဖြစ်သော နာကျင်မှုများကို ဘယ်လို သက်သာအောင်လုပ်မလဲ။

    • သင့် ခြေဖဝါးများကို အနားပေးပါ။

    ပြေးလွှားခြင်း၊ လမ်းများများလျှောက်ခြင်း၊ ကြာမြင့်စွာ မတ်တပ်ရပ်ခြင်း ၊ သင့်ခြေဖဝါးကို ဆွဲဆန့်သော အနေအထားပြုလုပ်ခြင်း စသည့် အပြုအမူများသည် ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းနေချိန်တွင် ဖြစ်နိုင်သမျှ ရှောင်ကျဉ်ရမည့် အရာများဖြစ်ပေသည်။

    • ဖိနပ်များ ကိုဂရုစိုက်ရွေးချယ်ပါ။

    မာကြောသော မျက်နှာပြင်များပေါ်တွင် ခြေဗလာနှင့် လျှောက်ခြင်း ရှောင်ကျဉ်ပါ။ သင့်ခြေဖနောင့်ကို ကောင်းမွန်စွာထောက်ပံမပေးနိုင်သော ရူးဖိနပ်များစီးခြင်းကိုရှောင်ကျဉ်ပါ။ ခြေညှပ်ဖိနပ်များစီးခြင်းထက် ကြိုးသိုင်းဖိနပ်များကို ပိုစီးသင့်ပါသည်။

    • ခြေဖိနောင့်အောက်တွင် ခုခံသောပစ္စည်းများနှင့် ခြေထောက်အခုံးကို ထောက်ပံ့ပေးသော ပစ္စည်းများ

    သင့်ခြေဖနောင့်အောက်နှင့် ခြေအခုံးအောက်တွင် သက်တောင့်သက်သာဖြစ်စေရန် ရေမြှုပ်ကဲ့သို့ ပစ္စည်းများကို ခုခံပေးပါ။ အမြဲတမ်းခုခံထားလျှင် ပိုကောင်းပါသည်။ ထိုသို့ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်မှာ သင့်ခြေဖနောင့်ကို ပုံမှန်ထက် ၁ စင်တီမီတာခန့်မြင့်တက်စေခြင်းဖြင့် အနာသက်သာစေသောကြောင့်ဖြစ်သည်။

  • အနာပျောက်စေရန်
  • ခြေဖနောင့်ကို ရေခဲဖြင့် ၁၅- ၂၀ မိနစ်ခန့်ကပ်ပေးခြင်းဖြင့် အနာသက်သာစေပါသည်။ Paracetmol ကဲ့သို့ အနာပျောက်ဆေးများသည် အနာသက်သာစေသလို Ibuprofen အရောင်ကျဆေးများကိုလည်း တခါတရံသုံးစွဲနိုင်ပါသည်။ သို့သော်ထိုဆေးများမသောက်မီ ကျန်းမာရေးဝန်ထမ်းများ၏ အကြံပေးချက်များကို ခံယူသင့်ပါသည်။

    • လေ့ကျင့်ခန်းများ

    ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းသူအများစုသည် ခြေချင်းဝတ်အရွတ်များ တင်းနေခြင်းကြောင့်းအများဆုံးဖြစ်သောကြောင့် ခြေချင်းဝတ်နေရာကို ဖြေးညှင်းစွာ ဆွဲဆန့်ပေးခြင်းဖြင့် နာကျင်မှုများကို သက်သာစေပါသည်။

    ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများသည် ညဘက်အိပ်ရာမှနိုးလျှင် တင်းမာပြီး နာကျင်မှုများကို ပိုဆိုးစေပါသည်။ ထိုလေ့ကျင့်ခန်းကို ပြုလုပ်ခြင်းဖြင့် ခြေဖနောင့်၏ အောက်နှင့် အပေါ်တွင်ရှိသော တွယ်ဆက်တစ်သျူးများနှင့် အရွတ်များကို ပြေလျော့စေပြီး နာကျင်မှုကို သက်သာစေပါသည်။

    ထို့ပြင် သင့်ဆရာဝန်ကလည်း ကိုယ်လက်သန်စွမ်းရေးကုထုံးများကို ကုသရန်အကြံပေးပါလိမ့်မည်။

    5. ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းရခြင်းကြောင့်ဖြစ်သော နာကျင်မှုများကိုသက်သာအောင် ဘယ်လောက်အချိန်ယူရမလဲ။

    လူတယောက်နှင့်တယောက်လှုပ်ရှားမှုများပြုလုပ်နေရခြင်း နှင့် အနာကိုခံနိုင်ရည်ရှိခြင်းအပေါ်မူတည်ပြီး နာကျင်မှုအတိုင်းအတာသည် ကွာခြားမှုရှိပါသည်။ တွယ်ဆက်တစ်သျူးများသည် အနာကျက်နှေးသောကြောင့် အနည်းဆုံး ၆ ပတ်ခန့်အချိန်ယူမှသာ သက်သာလာမည်ဖြစ်သည်။ သို့သော် အနာပျောက်ဆေးများသုံးပါက သင့်နာကျင်မှုကို ပိုမိုလျှင်မြန်စွာသက်သာစေမည်ဖြစ်ပါသည်။

    6. ထိုပြသနာအတွက် ဆရာဝန်နှင့် သွားပြသင့်သလား။

    သင်ဖြစ်နေသော ပြသနာများကို ဆရာဝန်ထံသို့သါားပြသင့်ပါသည်။ ထိုထက်ပိုသင့်တော်သော အခြားအကောင်းဆုံးနည်းလမ်းမရှိပါ။

    အချုပ်ဆိုရသော် အထက်ဖော်ပြပါ အကြံပေးချက်များသည် သင့်တွင်ဖြစ်နေသော ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းခြင်းကို သက်သာစေရန်နှင့် ထိုသို့မဖြစ်အောင်ကာကွယ်ရန်အကြံပေးချက်များဖြစ်ပေသည်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. K Zin Thwe မှ ရေးသားသည်။ · 09/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement