backup og meta

ခါးဆစ်ချော်ခြင်းဖြစ်သူများအတွက် ပြုလုပ်ရမည့်လေ့ကျင့်ခန်းများ


Dr. K Zin Thwe မှ ရေးသားသည်။ · 09/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခါးဆစ်ချော်ခြင်းဖြစ်သူများအတွက် ပြုလုပ်ရမည့်လေ့ကျင့်ခန်းများ

    ခါးဆစ်ချော်ခြင်းဝေဒနာရှိသူအများစုသည် လှုပ်ရှားမှုများပြုလုပ်ချိန်တွင် ခါးအောက်ပိုင်းနေရာတခုတွင် နာကျင်ခြင်းဖြစ်တတ်ပြီး အထူးသဖြင့် ခါးဆန့်လိုက်သော အခါတွင် ပိုဖြစ်တတ်ပါသည်။ ထိုသို့နာကျင်လာပါက တင်ပါးဆုံနှင့် ပေါင်များအထိပါ နာကျင်တတ်သည်။ ထိုသို့နာကျင်ခြင်းများကို သက်သာစေရန်၊ ကာကွယ်နိုင်ရန်မှာ လေ့ကျင့်ခန်းလုပ်ခြင်း၊ ကိုယ်လက်လေ့ကျင့်မှုကုထုံးများ ခံယူခြင်းဖြစ်ပါသည်။

    တနည်အားဖြင့် Williams flexion exercises ဟုခေါ်သော ကိုယ်လက်လေ့ကျင့်မှုကုထုံးများသည် ခါးအရိုးဆစ်တလျှောက်ကြွက်သားများကို သန်မာစေပြီး ခါးရိုးပင်မကျောရိုးကို နေရာတကျပြန်ဖြစ်စေကာ သင့်နာကျင်မှုများကို သက်သာစေသော လေ့ကျင့်ခန်းများဖြစ်ပါသည်။

    အောက်ပါတို့သည် ခါးဆစ်ချော် ဝေဒနာရှိသူများအတွက် ထောက်ခံမှု မြင့်မားစွာရရှိထားသော Williams flexion exercises လေ့ကျင့်ခန်းများဖြစ်ပါသည်။

    ခါးအောက်ပိုင်း အရိုးကွင်းလေ့ကျင့်ခန်း

    ခါးအောက်ပိုင်းတွင် အကောက်အကွေးများလွန်းသော အနေအထားများကြောင့် ခါးအောက်ပိုင်းနေရာတွင် နာကျင်လာခြင်းဖြစ်ကြောင်း Williams ကဆိုပါသည်။ ခါးအောက်ပိုင်း အရိုးကွင်လေ့ကျင့်ခန်းသည် အဆိုပါအနေအထားကို တန်ပြန်သက်ရောက်မှုဖြစ်စေကာ သင့်ခါးအောက်ပိုင်းကို ညှင်သာစွာဆန့်ထုတ်ပေးခြင်း နည်းဖြင့်ခါး၏ အကွေးအဆန့်ပြုလုပ်နိုင်မှု စွမ်းရည်ကို သက်သာစေပါသည်။ ထို့ကြောင့် ထိုလေ့ကျင့်ခန်းသည် သင်ကုသမှုများခံယူနေစဉ် အစောပိုင်းကာလများတွင် ပြုလုပ်သင့်ပါသည်။

    လေ့ကျင့်ခန်းပြုလုပ်ရန် အတွက်သင်သည် ကြမ်းပြင်ပေါ်တွင် လှဲလျောင်းရမည်။ ထို့နောက် သင့်ဒူးနှစ်ဖက်ကို ကွေးထားပြီး ခြေဖဝါးများကို ကြမ်းပြင်ပေါ်တွင် ထားပါ။ ထို့နောက် အသက်ကို ပုံမှန်ရှုပြီး သင့်ခါးကို ကြမ်းပြင်ပေါ်သို့ညင်သာစွာ ဖိချပါ။ ထို့နောက် ၁၀ စက္ကန့်ခန့်ထားပြီး ပြေလျော့လိုက်ပါ။ ဖော်ပြပါအတိုင်း နောက်တကျော့ အကြိမ်ကြိမ် ပြန်လုပ်ပါ။

    အရှေ့ဘက်ကို ဆန့်ထုတ်သော လေ့ကျင့်ခန်း

    ဝမ်းဗိုက်၊ တင်ပါးဆုံနှင့် ပေါင်နေရာများကို ဆန့်ထုတ်ခြင်းသည် နာကျင်မှုကို သက်သာစေကြောင်း ပြောထားပါသည်။ အဆိုပါနေရာများရှိ ကြွက်သားများကို အားပြုလိုက်ခြင်းဖြင့် သင့်ခါးမေရာတွင် ထောက်ပံ့မှုအားကောင်းလာပြီး ဖိအားများလျော့ပါးသွားစေမည်ဖြစ်ပါသည်။

    ခါးကျီးပေါင်းရှိသူအများစုသည် တင်ပါးအကွေးအဆန့်လုပ်သော နေရာများတွင် ဖိအားများဖြစ်ပေါ်တတ်ပြီး နာကျင်မှုများကို ပိုဆိုးစေပါသည်။ ဖော်ပြပါ လေ့ကျင့်ခန်းသည် ဝမ်းဗိုက်၊ တင်ပါးဆုံနှင့် ပေါင်နေရာများကိုအားပြုခြင်းဖြင့် တင်ပါးအရှေ့ပိုင်းကို ဆွဲဆန့်လိုက်သလိုဖြစ်သွားစေသည့်အတွက် ကျီးပေါင်းကြောင့် နာကျင်မှုများကို သက်သာစေပါသည်။

    အရှေ့ဘက်ကို ဆန့်ထုတ်သော လေ့ကျင့်ခန်းကို လက်နှင့် ဒူးများမှ အစချီပြီး လုပ်ရပါသည်။ သင့်ခြေတဖက်ကို အနောက်ဖက်သို့ဆန့်တန်းထားပြီး နောက်တဖက်ကို အရှေ့ဘက်သို့ တလှမ်း လှမ်းထားပါ။

    ထိုအနေအထားဖြင့် တင်ပါးကို အောက်ဘက်သို့ဖြေးညှင်းစွာ လျှောချပါ။ လုပ်ဆောင်သော အနေအထား မှန်ကန်ပါက သင်ဆန့်ထုတ်ထားသော နောက်ခြေထောက်၏ အရှေ့ပိုင်းနှင့် ခါးအောက်ပိုင်းတလျှောက် ဆန့်တင်းလာသော ခံစားမှုကိုရရှိပေလိမ့်မည်။ ထိုသို့ ၄ ကြိမ်ပြုလုပ်ပါ။ နောက်ခြေတဖက်ပြောင်းပြီး ၄ ကြိမ်ထပ်ပြုလုပ်ပါ။

    ထိုင်ထ လုပ်ခြင်း

    သင့်ခြေနှစ်ဖက်ကို ပခုံးအကျယ်အတိုင်း ခွဲပြီး ရပ်ပါ။ ထို့နောက်သင့်ကျောရိုးကို ရေပြင့် ထောင့်မှန်အနေအထား ထားပါ။ ကျောရိုးကို ဖြောင့်မတ်အနေအထားရှိပါစေ။ မျက်လုံးကို ရှေ့တည့်တည့်ကြည့်ပါ။ ခြေဖဝါးများကို ကြမ်းပြင်ပေါ်တွင် စုံချထားပါ။ ထိုအနေအထားဖြင့် ဒူးကိုကွေးချပါ။

    ထိုသို့ အထိုင်အထပြုလုပ်ရာတွင် လှုပ်ရှားမှုများနှင့် အနေအထားအားလုံးသည် အထက်ဖော်ပြပါအတိုင်း စနစ်ကျပါမှ သင့်ခါးကို ထိခိုက်မှုကင်ဝေးစေမည်ဖြစ်ပါသည်။

    အချုပ်ဆိုရသော ခါးဆစ်ချော်ခြင်းသည် အရွယ်ရောက်ပြီးသော သူများတွင်ဖြစ်သော ရောဂါဖြစ်သော်လည်း အန္တရာယ်ရှိသော အနေအထားမဟုတ်ပါ။ သို့သော် နာကျင်မှုများကို သက်သာစေရန်နှင့် လှုပ်ရှားမှုများ အဆင်ပြေစေရန် ကုသမှုများခံယူရန်လိုအပ်ခြင်းဖြစ်ပေသည်။

    မခွဲစိတ်ရသော ကုသမှုများသည်၊ ခါးဆစ်ကျွံခြင်းနှင့် ခါးရိုးအက်ခြင်းတို့ကို မပျောက်ကင်းစေနိုင်လည်း ခွဲစိတ်ရန် မလိုသော အနေအထားမျိုးတွင် အနာပျောက်ဆေးများကို ရေရှည်သောက်ရသော ကုသမှုမျိုးကို ခံယူရန်လိုအပ်ပါလိမ့်မည်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. K Zin Thwe မှ ရေးသားသည်။ · 09/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement