brand logo
Discover
Health Tools
Communities

Share

အာရုံကြောကြောင့် ကြွက်သားအားနည်းခြင်းရောဂါ

အာရုံကြောကြောင့် ကြွက်သားအားနည်းခြင်းရောဂါ (Myasthenia Gravis) ဆိုတာဘာလဲ။

Myasthenia Gravis ဆိုသည်မှာ အာရုံကြောများသည် သက်ဆိုင်ရာ ကြွက်သားများနှင့် ကောင်းစွာ ဆက်သွယ်လုပ်ဆောင် နိုင်ခြင်း မရှိဘဲ စိတ်ထိန်းကြွက်သားများ အားနည်းနေသော ရောဂါ ဖြစ်ပါသည်။ ဤရောဂါသည် အများအားဖြင့် အသက် ၄၀ အောက် အမျိုးသမီးများနှင့် အသက်၆၀ အထက် အမျိုးသားများတွင် တွေ့ရပါသည်။

အာရုံကြောကြောင့် ကြွက်သားအားနည်းခြင်းရောဂါ

Myasthenia Gravis ဖြစ်စေသော အကြောင်းရင်းများကို ဖော်ပြပါ။

ကြွက်သားများကို အာရုံကြောများမှ ထိန်းချုပ်ရာတွင် အာရုံကြောများမှ neurotransmitters များကို ထုတ်လွတ်ပြီး ကြွက်သားများရှိ recepters များမှ ဖမ်းယူပါသည်။

Myasthenia Gravis တွင်မူ ရောဂါရှင်၏ ကိုယ်ခံအားစနစ်မှ antibodies များ ထုတ်လွတ်ပြီး ကြွက်သားများရှိ recepters များကို ပိတ်ဆို့ခြင်း၊ ဖျက်စီးခြင်းများကို ပြုလုပ်ခြင်းကြောင့် ကြွက်သားများသည် neurotransmitters အနည်းငယ်ကို ဖမ်းယူနိုင်ပြီး ကြွက်သားများကို ထိန်းချုပ်နိုင်စွမ်း ကျဆင်းပါမည်။

Myasthenia Gravis ရောဂါရှိမရှိ ဘယ်လိုသိနိုင်မလဲ။

Myasthenia Gravis ရောဂါရှိမရှိကို သိရှိနိုင်ရန် ခက်ခဲပါသည်။ အဓိက တွေ့ရှိနိုင်သော လက္ခဏာမှာ မျက်လုံးနှင့် မျက်ခွံလှုပ်ရှားမှု့ များကို မထိန်းချုပ်နိုင်သောကြောင့် မျက်ခွံတွဲကျနေပြီး၊ အမြင်အာရုံ ပြောင်းလဲနေခြင်းများ ဖြစ်နိုင်ပါသည်။ အခြား လက္ခဏာများမှာ မျိုချရန် ခက်ခဲခြင်း၊ ဝါးရခက်ခြင်းနှင့် စကားပြောဝါးခြင်းတို့ အပြင် မျက်နှာ အမူအရာ ပြောင်းလဲရန် ခက်ခဲခြင်းတို့ ဖြစ်နိုင်ပါသည်။

အချို့ လူနာများတွင် မျက်စိလှုပ်ရှားရန် ခက်ခဲသည်လောက်သာ ဖြစ် တတ်သော်လည်း အချို့လူနာများတွင်မူ ပြင်းထန်သော ကြွက်သား အားနည်းခြင်းမှသည် အသက်ရှူမဝသည် အထိဖြစ်တတ်ပါသည်။

ဤလူနာများတွင် ခေါင်းကို မော့ထားရန်လည်း ခက်ခဲတတ်သလို ခြေလက်များတွင် မူမမှန် ကြွက်သားအားနည်းခြင်းလည်း ဖြစ်တတ် ပါသည်။ ထို့ကြောင့် အထက်ပါ လက္ခဏာများ ရှိနေပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေး သင့်ပါသည်။

ဤရောဂါကို ကုသ၍ ရပါသလား။

ဤရောဂါကို ဆေးဝါးပေး၍ ကုသခြင်းနိုင်သလို ခွဲစိတ်ခြင်း အားဖြင့် လည်း လိုအပ်သလို ကုသမှု့ ခံယူနိုင်ပါသည်။ ဆေးဝါးပေး၍ ကုသရာတွင်

  • Anticholinesterase agents (neostigmine နှင့် pyridostigmine) များကို အသုံးပြုပြီး အာရုံကြောနှင့် ကြွက်သားကြားရှိ ဆက်သွယ်လုပ်ဆောင်မှု့ကို အားကောင်း စေပြီး ကြွက်သားများ သန်မာစေပါသည်။
  • ကိုယ်ခံအား ကျစေသော ဆေးများဖြစ်သည့် prednisone, azathioprine, cyclosporin, mycophenolate mofetil, and tacrolimus စသောဆေးများကို ရောဂါမှ ထုတ်နေသော antibody များကို တိုက်ခိုက်ရန် သုံးနိုင်သော်လည်း ဘေးထွက် ဆိုးကျိုး အလွန်များသည့် အတွက် သမားတော် တစ်ဦးဦး၏ ညွှန်ကြားချက် ဖြင့်သာ သုံးစွဲသင့်ပါသည်။

ခွဲစိတ်ကုသရာတွင်မူ Thymus glands ကို ဖယ်ထုတ်လေ့ ရှိပြီး ယင်းသို့ ဖယ်ထုတ်ခြင်းကြောင့် ကိုယ်ခံအား အပြောင်းအလဲ ဖြစ် စေပြီး ရောဂါလက္ခဏာများကို သက်သာစေပါသည်။

အခြားကုသမှု့ နည်းလမ်းတစ်ခုမှာ plasampheresis ဟူသော ကုသခြင်းဖြစ်ပါသည်။ ဤကုသနည်းသည် လူနာ၏ antibody များကို သွေးသွင်းကုသခြင်းဖြင့် ဖယ်ရှားခြင်း ဖြစ်ပါသည်။

ဦးစွာ သွေးလှူရှင်၏ သွေးကြောထဲသို့ immune globulin ကို ကြိုတင် သွင်းထားပြီးမှ ယင်းသွေးလှူရှင်သွေးကို အသုံးပြု ကုသခြင်း ဖြစ်ပါသည်။

ထိုသို့ကုသနည်း များစွာထဲမှ လူနာနှင့် သင့်တော်သော ကုသမှု့ကို ရရှိနိုင်ရန်အတွက် ဦးနှောက်အာရုံကြော ဆရာဝန်ထံသို့ သွားပြရန် ညွှန်ကြားမည်ဖြစ်ပါသည်။ ယင်းအထူးကု ဆရာဝန်မှသာ ရောဂါ အနေအထား၊ ကြွက်သားထိခိုက်မှု့နှင့် လူနာ၏ အသက်အရွယ်၊ အခြေားသော ရောဂါများ ရှိမရှိ စသည်တို့ကို သုံးသပ်ပြီး လိုအပ်သော ကုသမှု့ကို ညွှန်ကြားမည် ဖြစ်ပါသည်။

Hello Sayarwon Panel
Fact Checked by Hello Sayarwon Panel · Written by Dr. Ye Mhan Linn · Updated 10/02/2021

Was this article helpful?