backup og meta

အရိုးရောဂါများ


Dr. Thant Zin မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရိုးရောဂါများ

    အဖြစ်အများဆုံး အရိုးရောဂါ (၁၀) မျိုးနှင့် မဖြစ်ပွားအောင် ရှောင်ကြဉ်ခြင်း

    သင့်ကိုယ်ခန္ဓါမှာ အရိုးပေါင်း ၂၀၆ချောင်းရှိပါတယ်။ အရိုးချည်းပဲချိန်တွယ်ရင် တကိုယ်လုံးအလေးချိန်ရဲ့ ၁၅% ရှိပါတယ်။ အရိုးတွေဟာ ကိုယ်ခန္ဓါရဲ့ ပုံပန်းသဏ္ဍာန်ကိုပေးခြင်း၊ လှုပ်ရှားစေနိုင်ခြင်း၊ ကိုယ်တွင်းအင်္ဂါများကို ကာကွယ်ပေးခြင်း စတဲ့ အရေးကြီးတာဝန်တွေကို ထမ်းဆောင်ပေးပါတယ်။ အရိုးများဟာ ကိုယ်ခန္ဓါရဲ့ မရှိမဖြစ် အစိတ်အပိုင်း ဖြစ်တယ်ဆိုတာ အငြင်းပွားဖွယ် မရှိပါဘူး။

    ကျွန်တော်တို့လိုပဲ အရိုးတွေမှာလည်း သက်တမ်းရှိပါတယ်။ သူတို့ဟာ စတင်ဖြစ်ပေါ်လာမယ်၊ ကြီးထွားလာမယ်၊ နောက်ဆုံးမှာ အရိုးအသစ်တွေ ထပ်ဖြစ်လာနိုင်အောင် သူတို့ဟာ သေဆုံးသွားပါတယ်။ ကော်လဂျင်နဲ့ ကယ်လ်စီယမ်ဓါတ်တွေဟာ အရိုးတွေကို ဖြစ်ပေါ်စေပါတယ်။ သူတို့ဟာ အရိုးတွေရဲ့ အင်အားနဲ့ ပြောင်းလွယ်ပြင်လွယ်မှုကို ဖြစ်ပေါ်စေပါတယ်။ ဒါပေမယ့် အသက်ကြီးလာရင်တော့ အရိုးဖြစ်ပေါ်တဲ့ ဖြစ်စဉ်ဟာ နှေးကွေးသွားပြီး အရိုးရောဂါတွေလည်း ဖြစ်လာနိုင်ပါတယ်။

    အရိုးရောဂါတွေဟာ အရိုးထုထည်နည်းခြင်းနဲ့ တည်ဆောက်ပုံပျက်စီးတဲ့အတွက်ကြောင့် အများဆုံး ဖြစ်တတ်ပါတယ်။ အရိုးထုထည်နည်းခြင်းကတော့ အရိုးများမှာ ကယ်လ်စီယမ်လို ဓါတ်တွေ နည်းပါးလို့ ဖြစ်ပါတယ်။ အဲ့ဒီအခါ အရိုးဟာ ကျိုးလွယ်ပါတယ်။

    စားတဲ့အစာမြှ ကယ်လ်စီယမ်နည်းရင်၊ ဟော်မုန်းဓါတ် မမျှတရင်၊ ဆဲလ်များပုံမှန်မရှိရင် အရိုးရောဂါ ဖြစ်လွယ်ပါတယ်။ သင့်ဘဝရဲ့ တချို့အရာတွေဟာလည်း အရိုးရောဂါကို ဖြစ်ပွားနိုင်ခြေရှိပါတယ်။

    အဖြစ်များသော အရိုးရောဂါ (၁၀) မျိုး

    ၁။ အရိုးပွခြင်း

    အရိုးပွခြင်းဆိုတာ အသက်အရွယ်ကြီးသူတွေမှာ ဖြစ်တတ်တဲ့ အရိုးထုထည် ပုံမှန်မဟုတ်ဘဲ နည်းပါးပြီး အရိုးဖွဲ့စည်းတည်ဆောက်ပုံ မကောင်းတဲ့ ရောဂါပဲ ဖြစ်ပါတယ်။ အရိုးတွေကို အားနည်းစေပြီး ကျိုးလွယ်စေပါတယ်။ သူဟာ အသံတိတ်ရောဂါမျီုး ဖြစ်ပါတယ်။ ဒီလိုဖြစ်နေတာကို အရိုးကျိုးမှပဲ သိနိုင်တာမျိုး ဖြစ်ပါတယ်။ အရိုးပွခြင်းကို ကာကွယ်နိုင်ပါတယ်။ ဖြစ်ပွားနိုင်ခြေကိုလည်း လျှော့ချနိုင်ပါတယ်။ သင့်တော်တဲ့အာဟာရ၊ လေ့ကျင့်ခန်းပြုလုပ်ခြင်း အရိုးရှိဓါတ်ဆားများ သိပ်သည်းဆ စစ်ဆေးခြင်း စတာတွေဟာ အရိုးကျန်းမာရေးကို အထောက်အကူပြုပါတယ်။

    ၂။ Paget ရောဂါ

    ဒီရောဂါမှာ ဆဲလ်တွေဟာ ရောဂါဖြစ်ပြီး အရိုးတေါကို ထူထဲပြီး ကြီးမားလာစေပါတယ်။ အဲဒီဆဲလ်တွေဟာ အရိုးတစ်သျှူးတွေကို ဖြိုခွဲဖျက်ဆီးတဲ့ ဆဲလ်အမျိုးအစား ဖြစ်ပါတယ်။ ဖြိုခွဲတဲ့ဆဲလ်တွေ အလွန်အကျွံ အလုပ်လုပ်တဲ့အခါ အရိုးတွေဟာ လျင်မြန်စွာ ပျက်စီးတတ်ပါတယ်။ ဒါပေမယ့် အသစ်ဖြစ်လာတဲ့ အရိုးတစ်သျှူးတွေကတော့ ပုံစံမမှန် ဖြစ်တတ်ပါတယ်။ အဲ့ဒါကြောင့် အရိုးတွေ ကြွတ်ဆတ်ပြီး ကျိုးပဲ့လွယ်ပါတယ်။ ကျေားရိုး၊ တင်ဆုံရိုး၊ ခြေရိုး၊ ဦးခွံရိုး စတာတွေမှာ အဖြစ်များတတ်ပါတယ်။

    ၃။ မျိုးရိုးဗီဇကြောင့်ဖြစ်သော အရိုးရောဂါ

    ဒီရောဂါဟာ မျိုးရိုးဗီဇနဲ့ဆိုင်ပြီး အရိုးတွေဟာ အလွယ်တကူ ကျိုးတတ်ပါတယ်။ တခါတရံ အကြောင်းမရှိဘဲ ကျိုးတတ်ပါတယ်။ ဒီရောဂါဟာ အတန်အသင့်ကနေ အလွန်ဆိုးရားတဲ့ အခြေအနေထိ ရှိတတ်ပြီး လက္ခဏာတွေဟာလည်း တဦးနဲ့တဦး ကွဲပြားပါတယ်။ ဒီရောဂါရှိသူတယောက်ရဲ့ ဘဝမှာ အကြိမ်ရေ အနည်းငယ်ကနေ ရာနဲ့ချီတဲ့အထိ အရိုးကျိုးဖူးပါလိမ့်မယ်။ ရောဂါကိုပျောက်ကင်းအောင် ကုသလို့မရဘဲ ရောဂါလက္ခဏာတွေ သက်သာအောင်ပဲ စီမံနိုင်ပါတယ်။

    ၄။ အရိုးကင်ဆာများ

    နာမည်အရ အရိုးကင်ဆာလို့ ခေါ်ပေမယ့် များသောအားဖြင့် အရိုးမှာ စဖြစ်တာမဟုတ်ပါဘူး။ အမျိုးသားကင်ဆာသိပ္ပံရဲ့ အဆိုအရ အရိုးကင်ဆာအများစုဟာ တခြားနေရာတွေကနေ အရိုးဆီကို ပြန့်နှံ့လာခြင်း ဖြစ်ပါတယ်။ Osteosarcoma၊ chondrosarcomaနဲ့ Ewing’s sarcoma ဆိုပြီး အရိုးကင်ဆာ အမျိုးအစားပေါင်း များစွာရှိပါတယ်။

    ၅။ အရိုးပျော့ခြင်း

    ကလေးများဟာ ဗီတာမင်ဒီကို အလုံအလောက်မရရင် အရိုးပျော့ရောဂါ ဖြစ်တတ်ပါတယ်။ ကယ်လ်စီယမ်နဲ့ မီးစုန်းဓါတ် အရမ်းနည်းရင်လည်း ဖြစ်တတ်ပါတယ်။ အရိုးပျော့ရောဂါရှိတဲ့ ကလေးများမှာ ကြွက်သားနာကျင်ခြင်း၊ ဖွံ့ဖြိုးမှုအားနည်းခြင်း၊ အရိုးနဲ့ သွားများပုံပျက်ခြင်းစတဲ့ အခြေအနေတွေရှိပါတယ်။

    ၆။ အရိုးအားနည်းခြင်း

    ဒီရောဂါဟာ အရိုးပျော့ရောဂါလိုပဲ ဗီတာမင်ဒီ ချို့တဲ့ခြင်းကြောင့် ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အသက်ကြီးသူတွေမှာ အဓိကတွေ့ရတတ်ပါတယ်။ အရိုးအားနည်းခြင်း၊ ပုံစံမမှန်ခြင်း စတာတွေ တွေ့ရတတ်ပါတယ်။

    ၇။ အရိုးများပုံမှန် မဟုတ်ဘဲ ကြီးထွားခြင်း

    ဒီပြသနာဟာ ဟော်မုန်းတွေ ပုံမှန်မဟုတ်ဘဲ ထွက်လာတာကြောင့် အရိုးတွေ ကြီးထွားလွန်တဲ့ အခြေအနေဖြစ်ပါတယ်။ ဆီးချိုအမျိုးအစား (၂)၊ သွေးတိုးခြင်း၊ နှလုံးရောဂါ၊ အဆစ်ရောင်ခြင်း၊ အူမမှ တစ်သျှူးအတက်ထွက်ခြင်း ကင်ဆာဖြစ်သွားနိုင်ခြင်း စတဲ့အခြေအနေတွေကို ဦးတည်စေပါတယ်။ ဒီရောဂါဟာ ငယ်ရွယ်စဉ်မှာ သတိပြုမိနိုင်ဖို့ ခက်ပါတယ်။ အများစုဟာ ကုသနိုင်ပါတယ်။

    ၈။ Legg-Calve-Perthes ရောဂါ

    Perthes ရောဂါလို့ခေါ်ကြပြီး တင်ဆုံရိုးကွင်းဟာ သွေးကို လုံလောက်စွာ မရတာမို့ လမ်းကောင်းကောင်း မလျှောက်နိုင်ဘဲ နာကျင်မှုဟာ ပေါ်လိုက်ပျောက်လိုက် ဖြစ်တတ်ပါတယ်။ တဖြည်းဖြည်းနဲ့ အရိုးဟာ ပျက်စီးသွားပါတယ်။ အသက် ၄နှစ်မှ ၁၀နှစ် ယောက်ျားလေးတွေမှာ ဖြစ်တတ်ပါတယ်။

    ၉။ အမျှင်ဓါတ်ပုံမှန်မဟုတ်ဘဲ ကြီးထွားသောရောဂါ

    Paget ရောဂါမှာလိုပဲ အရိုးဟာ ပုံစံမမှန်ဘဲ ကြီးထွားလာပါတယ်။ အရိုးကိုဖြစ်ပေါ်စေတဲ့ ဆဲလ်တွေ ပုံမှန်မဟုတ်လို့ ဖြစ်ပါတယ်။ McCune-Albright လက္ခဏာစုလို့ အမည်ရတဲ့ အခြေအနေရဲ့ အစိတ်အပိုင်းလည်း ဖြစ်တတ်ပြီး အရေပြာအကွက်များ ဖြစ်ခြင်း၊ လူပျိုဘော် အပျိုဘော်ဝင်စောခြင်း၊ သိုင်းရွိုက်ဟော်မုန်း အထွက်များခြင်း၊ လူကောင်ကြီးခြင်း၊ အရိုးအဆစ်ကြီးခြင်း စတဲ့အခြေအနေတွေ ဖြစ်နိုင်ပါတယ်။

    ၁၀။ အရိုးတွင် ရောဂါပိုးဝင်ရောင်ရမ်းခြင်း

    အရိုးမှာရောဂါပိုးဝင်ရင် ဖြစ်တတ်ပြီး ရုတ်တရက်ဖြစ်တာ ရှိသလို နာတာရှည်ဖြစ်နေတာလည်း ရှိပါတယ်။ ပဋိဇီဝဆေးတွေနဲ့ ကုသနိုင်ပြီး ရောဂါပိုးကူးစက်ခံရတဲ့ အရိုးကို ဖယ်ထုတ်လိုတဲ့အခါ ခွဲစိတ်ကုသနိုင်ပါတယ်။

    အရိုးကျန်းမာရေး ထိန်းသိမ်းနည်းများ

    အရိုးရောဂါတွေဟာ ကာကွယ်နိုင်ပြီး တခါတရံ ပျောက်ကင်းအေင် ကုသနိုင်ပါတယ်။ အရိုးတွေ သန်မာဖို့ ရိုးရှင်းလှတဲ့ အပြောင်းအလဲ ၃ခု လုပ်ပေးနိုင်ပါတယ်။

    စားသောက်မှုပုံစံပြောင်းခြင်း

    အရိုးကိုသန်မာ ကြီးထွားစေမယ့် အစားအစာတွေ စားသင်ပပါတယ်။ ကယ်လ်စိယမ်နဲ့ ဗီတာမင်ဒိဟာ အဓိကပါပဲ။ အရိုးတွေဟာ အသက်၂၅နှစ်မှာ ဖွံ့ဖြိုးမှု အမြင့်ဆုံး ရောက်တတ်ပါတယ်။ ဒီအရွယ်မတိုင်ခင် အရိုးကြီးထွားမှုကို အားပေးတဲ့အစာတွေ စားသင့်ပါတယ်။

    ဒီအရွယ်ကျော်သွားရင် အရိုးတေါ သက်တမ်းရှည်စေဖို့ လုပ်ဆောင်ရပါမယ်။ ဗီတာမင်ဒီဟာ အစားအစာတွေကနေ ကယ်လ်စီယမ် စုပ်ယူမှု အားကောင်းစေပြီး ကယ်လ်စိယမ်ဓါတ်ဟာ အရိုးထုထည်နည်းပါးခြင်းနဲ့ တခြားအရိုးရောဂါတွေကို ကာကွယ်နိုင်ပါတယ်။

    ဆေးလိပ်ဖြတ်ခြင်း

    လက်ရှိမှာ သောက်သုံးနေရင် ဖြတ်လိုက်တာ ကောင်းပါတယ်။ အရိုးတွေကိုသာမက တခြား ကိုယ်ခန္ဓါ အစိတ်အပိုင်းတွေကိုပါ သက်ရောက်မှု ရှိတာကြောင့် ဖြစ်ပါတယ်။ ဆေးလိပ်သောက်ခြင်းဟာ အရိုးသိပ်သည်းဆကို ကျဆင်းစေပါတယ်။ ဆေးလိပ်သောက်သူအများစုဟာ ပိုပန်ပြီး အရက်ပိုသောက်ဖြစ်ခါ ကိုယ်လက်လှုပ်ရှား အားနည်းတာ၊ အစားကောင်းကောင်း မစားတာလည်း တွေ့နိုင်ပါတယ်။ ဒီအရာတွေဟာ အရိုးကိုသာမက အလုံးစုံသော ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။

    ကိုလ်လက်လေ့ကျင့်ခန်းလုပ်ခြင်း

    အရိုးများဟာ သက်ရှိဆဲလ်တွေနဲ့ပဲ ဖွဲ့စည်းထားပြီး လေ့ကျင့်ခန်းဟာ အကျိုးဖြစ်ထွန်းစေပါတယ်။ လမ်းလျှောက်ခြင်း၊ ရေကူးခြင်း၊ ကခြင်း စတဲ့ ရိုးရှင်းတဲ့ ကိုယ်လက်လှုပ်ရှားမှုများဟာ အရိုးကျန်းမာရေးကို အထောက်အကူပြုပါတယ်။ အလေးမခြင်းကတေဆာ့ အကောင်းဆုံးလေ့ကျင့်ခန်း ဖြစ်ပါတယ်။

    ဒါပေမယ့် နည်းစနစ်မှားရင် ထိခိုက်နိုင်ပါတယ်။ ကိုယ်နိုင်သလောက် နည်းနည်းကနေ စလုပ်တာ လေ့ကျင့်ပေးသူညွှန်ကြားချက်ကို လိုက်နာတာ ကောင်းပါတယ်။

    အရိုးတွေမရှိရင် ကျွန်တော်တို့ဟာ အသားစိုင်တွေ မြေကြီးပေါ် ပုံထားသလို ဖြစ်နေနိုင်ပါတယ်။ အနည်းဆုံး တနှစ်ကို တခါ စစ်ဆေးမှုလုပ်သင့်ပါတယ်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement