backup og meta

လက်ချောင်း ထိခိုက်ဒဏ်ရာနှင့်ရောဂါများ


Dr. Thant Zin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လက်ချောင်း ထိခိုက်ဒဏ်ရာနှင့်ရောဂါများ

    ကျွန်ုပ်တို့ဘဝရဲ့ လှုပ်ရှားမှု အားလုံးလိုလိုမှာ လက်ကို အသုံးပြုရပါတယ်။ ကျွန်ုပ်တို့ရဲ့ လက်ချောင်းတွေဟာ လှုပ်ရှားမှုများစွာနဲ့ ထိတွေ့ရတာမို့ လက်ချောင်းတွေမှာ ထိခိုက်ဒဏ်ရာရတာ ပိုများခြင်းဟာ ယုတ္တိတန်ပါတယ်။

    လက်ချောင်းများကို ထိခိုက်နိုင်တဲ့ နည်းလမ်းများစွာ ရှိပါတယ်။ လက်ချောင်းများဟာ တခြားခန္ဓါကိုယ် အစိတ်အပိုင်းတွေထက်စာရင် အာရုံကြောအဖျားပိုင်းတွေ ပိုများပါတယ်။ ဒဏ်ရာရခြင်းကြောင့် ဒီအာရုံကြောများကို ထိခိုက်နိုင်ပါတယ်။ ထိခိုက်ဒဏ်ရာ ရမယ်ဆိုရင် ဘယ်လိုဖြစ်တယ်ဆိုတာ၊ ဘာရောဂါတွေရှိပြီး ဘယ်လိုကုသမှုကို ရွေးချယ်ရမယ်ဆိုတာ သိရှိဖို့ အရေးကြီးပါတယ်။

    သင်ဟာ သင့်ရဲ့လက်ချောင်းကို ဓါးနဲ့လှီးမိတာ၊ တံခါးပိတ်စဉ် ညပ်မိတာ စတာတွေ အလွယ်တကူ ဖြစ်ပွားနိုင်ပါတယ်။ ကြွက်သားအရွတ်ကို ထိခိုက်ခြင်း၊ လက်ကျိုးခြင်း၊ လက်အဆစ်ဒဏ်ရာရခြင်း၊ အာရုံကြော ထိခိုက်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။

    လက်နဲ့ လက်ချောင်းများ ဒဏ်ရာရတဲ့အခါ ဘယ်လိုဖြစ်တယ်ဆိုတာ သိရဖို့ အရေးကြီးပါတယ်။ လှုပ်ရှားမှု အတိုင်းအတာနဲ့ အာရုံခံစားနိုင်မှုစမ်းသပ်ချက် စတာတွေဟာ ကြွက်သားအရွတ် ထိခိုက်ခြင်း၊ လက်အဆစ်ထိခိုက်ခြင်း စတာတွေကို ဆုံးဖြတ်နိုင်ဖို့ လိုအပ်ပါတယ်။ အရိုးများကို ထိခိုက်ခြင်း ရှိမရှိ ဓါတ်မှန်ရိုက်ပြီး စမ်းသပ်နိုင်ပါတယ်။

    လက်နဲ့ လက်ချောင်းများကို ထိခိုက်ခြင်းအတွက် ကုသခြင်းတွေဟာ ရိုးရှင်းပါတယ်။ ဖြစ်တဲ့နေရာကို ပတ်တီးစည်းပေးရုံဖြစ်ပါတယ်။ ဒီထက်ဆိုးပြီး အရိုးကျိုးတာမျိုးရှိရင်တော့ ကျောက်ပတ်တီး (သို့) လက်စည်းသုံးပြီး ကျိုးတဲ့အရိုးကို မလှုပ်ရှားနိုင်အောင် ထိန်းပေးနိုင်ပါတယ်။ လက်ချောင်းများကို ထိခိုက်မှုဟာ အရမ်းဆိုးရွားရင်တော့ ဖြတ်ပစ်ဖို့ လိုပါတယ်။ လက်ချောင်းထိပ်များ အာရုံခံစားမှုဟာ လပေါင်းများစွာထိ ကျန်နေတတ်ပါတယ်။ တခါတရံ ဒီခံစားမှုဟာ အကန့်အသတ်ရှိပါတယ်။ တချို့ကိစ္စတွေမှာ ပုံပျက်ခြင်း၊ တောင့်တင်းခြင်း စတာတွေဟာ ကုသမှုကနေ ဖြစ်ပေါ်လာနိုင်ပါတယ်။

    ဒဏ်ရာရခြင်းအပြင် သင့်လက်နဲ့ လက်ချောင်းတွေဟာ

  • အရွတ်ပြဿနာများ ။ ဥပမာ- Trigger finger (လက်ချောင်းအကြောကပ်ခြင်း)De Quervain ဆင်ဒရုန်း (လက်မအရွတ်ရောင်ခြင်း)စတဲ့ ပြဿနာတွေ ဖြစ်နိုင်ပါတယ်။
  • ဒီလိုဖြစ်ရခြင်းဟာ လက်ချောင်းတွေမှာရှိတဲ့ ကြွက်သားအရွတ်တွေ ကောင်းကောင်း အလုပ်မလုပ်လို့ ဖြစ်ပါတယ်။
  • ရောင်ရမ်းခြင်း။ ဥပမာပေးရရင် အရွတ်ကြောအကျိတ် (ganglion cyst)များ ဖြစ်ခြင်းဟာ တွေ့ရများပါတယ်။ အရွတ်ကြောအကျိတ်ဟုဆိုသော်လည်း အရည်များပြည့်နေသော အိတ်ကိုရောင်ရမ်းခြင်း အများစုဟာ အာရုံကြောဆုံရာနေရာမှာ အရည်အိတ် လေးတွေဖောင်းပြီး အကျိတ်ဖြစ်လာခြင်း ဖြစ်ပါတယ်။
  • အာရုံကြောညှပ်သောရောဂါ။ ဒီပြဿနာများဟာ အရိုးနဲ့ တခြားတစ်သျှူးတွေကြား အာရုံကြောညပ်တဲ့အခါ ဖြစ်တတ်ပါတယ်။
  • အဆစ်ရောင်ခြင်း။ ဟာ အဆစ်အမြစ်နေရာတွေ ရောင်ရမ်းခြင်းဖြစ်ပါတယ်။ အရိုးအဆစ်ရောင်ခြင်း၊ လေးဘက်နာအဆစ်ရောင်ခြင်း၊ ဂေါက်အဆစ်ရောင်ခြင်း စတာတွေစာလည်း လက်ကို ထိခိုက်နိုင်ပါတယ်။ အတွေ့ရအများဆုံးဖြစ်တဲ့ အရိုးအဆစ်ရောင်ခြင်းဟာ မိသားစုမျိုးရိုးလိုက်ခြင်းကြောင့်ဖြစ်ဖြစ်၊ ထိခိုက်မိခြင်းကြောင့်ဖြစ်စေ ဖြစ်ပါားနိုင်ပါတယ်။ လက်မှာ ထိခိုက်မှု အများဆုံးနေရာကတော့လက်မရဲ့အောက်ခြေနဲ့ လက်ချောင်းများရဲ့ အစွန်ပိုင်းအဆစ်တွေပဲ ဖြစ်ပါတယ်။
  • လက်ချောင်းများကောက်ကွေးသော Dupuytren ရောဂါ။ ဟာ လက်မှာဖြစ်တတ်ပြီး လက်ချောင်းများကို ကွေးကောက်စေကာ လုပ်ဆောင်နိုင်ခြင်းကို ထိခိုက်စေပါတယ်။ အန္တရာယ် မရှိတဲ့ ရောဂါဖြစ်ပြီး ကုသနိုင်ခြင်းလည်း မရှိသေးပါဘူး။ လက်ကို နည်းမျိုးစုံနဲ့ သက်ရောက်မှု ရှိပါတယ်။
  • Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Translated by thant zin

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement