Achondroplasia (အရိုးမဖွံ့ဖြိုးသောရောဂါ)ဆိုတာ မျိုးရိုးဗီဇချို့ယွင်းလို့ ဖြစ်ပွားတဲ့ အရိုးများဖွံ့ဖြိုးမှုမရှိတဲ့ ပြသနာဖြစ်ပါတယ်။ အဲဒီဗီဇချို့ယွင်းမှုဟာ dwarfism ခေါ် ကိုယ်ခန္ဓါ အချိုးအစားမညီဘဲအရပ်ပု၊ သေးငယ်တဲ့ရောဂါကိုအဓိက ဖြစ်စေပါတယ်။ ဒီပြဿနာဖြစ်ရင် လူနာရဲ့ အရိုးနုများဟာကိုယ်ခန္ဓါရဲ့ ပုံပန်းသဏ္ဍာန်ကိုပုံမှန်ဖြစ်အောင် ဖော်ဆောင်နိုင်ခြင်းမရှိတော့ပါဘူး။ Achondroplasia(အရိုးမဖွံ့ဖြိုးသောရောဂါ) ဖြစ်နိုင်ခြေမှာရောဂါရှိသူများဟာအရပ်ပုကြပါတယ်။ ယောက်ျားလေးဆိုရင် ၁၃၁ စင်တီမီတာ၊ မိန်းကလေးဆိုရင် ၁၂၄ စင်တီမီတာရှိပါတယ်။ Achondroplasia (အရိုးမဖွံ့ဖြိုးသောရောဂါ) ဟာမိဘတွေဆီကနေသားသမီးတွေဆီဆက်ခံနိုင်ပေမယ့် အများစု (၈၀ရာခိုင်နှုန်း)ဟာဗီဇပြောင်းလဲမှု အသစ်ကြောင့် ဖြစ်ပွားပါတယ်။
Achondroplasia(အရိုးမဖွံ့ဖြိုးသောရောဂါ) ဟာအတွေ့များပါတယ်။ ယောက်ျားလေးတွေထက် မိန်းကလေးတွေမှာပိုဖြစ်တတ်ပါတယ်။ ဘယ်အသက်အရွယ်မဆို ဖြစ်ပွားတတ်ပါတယ်။ ဖြစ်ပွားနိုင်ခြေများတဲ့ အချက်တွေကိုလျှော့ချနိုင်ပါတယ်။ အချက်အလက်တွေ ပိုသိနိုင်အောင် ဆရာဝန်နဲ့ ဆွေးနွေးပါ။
Achondroplasia(အရိုးမဖွံ့ဖြိုးသောရောဂါ) ရဲ့ အတွေ့များတဲ့ လက္ခဏာတွေကတော့
Achondroplasia(အရိုးမဖွံ့ဖြိုးသောရောဂါ) နှင့် ပတ်သက်နေသောအခြားကျန်းမာရေးအခြေအနေများမှာ
ဒီစာရင်းမှာမပါတဲ့ တခြားလက္ခဏာတွေလည်းရှိနိုင်ပါတယ်။ ဒီလက္ခဏာတွေနဲ့ ပတ်သက်ပြီးစိုးရိမ်မှုရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။
အောက်ပါ အခြေအနေတစ်ခုခုရှိရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။
Achondroplasia(အရိုးမဖွံ့ဖြိုးသောရောဂါ) ဟာ FGFR3 လို့ ခေါ်တဲ့ မျိုးရိုးဗီဇ ချို့ယွင်းရင် ဖြစ်တတ်ပါတယ်။ အဲဒီဗီဇဟာသန္ဓေသားဖွံ့ဖြိုးချိန်မှာအရိုးနုတွေကိုအရိုးအဖြစ် ပြောင်းလဲပေးပါတယ်။
Achondroplasia (အရိုးမဖွံ့ဖြိုးသောရောဂါ) ဖြစ်ပွားနိုင်ခြေကို မြင့်စေတဲ့ အကြောင်းတွေကတော့
(ယခုဖော်ပြပါအချက်အလက်များသည် ဆေးပညာရပ်ဆိုင်ရာအကြံပြုချက်များနေရာတွင် အစားထိုးရန်မဟုတ်ပါ။ အချက်အလက် ပိုသိလိုလျှင် ဆရာဝန်နှင့်အမြဲဆွေးနွေးတိုင်ပင်ပါ။)
Achondroplasiaကိုရောဂါရှာဖွေမှု ဘယ်လိုလုပ်မလဲ
Achondroplasia(အရိုးမဖွံ့ဖြိုးသောရောဂါ) ကို ကိုယ်ဝန်ဆောင်ချိန်မှာ၊ ကလေးမီးဖွားပြီးချိန်မှာစစ်ဆေးနိုင်ပါတယ်။
Achondroplasia(အရိုးမဖွံ့ဖြိုးသောရောဂါ) အတွက် တိကျတဲ့ ကုသမှု မရှိပါဘူး။ သူနဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲပြသနာတစ်ခုခု ဖြစ်မှသာအချိန်နဲ့ တပြေးညီကုသခြင်း ဖြစ်ပါတယ်။ ဥပမာ-
Achondroplasiaကုသရေးမှာဘယ်လိုနေထိုင်မှုပုံစံပြောင်းလဲခြင်းတွေနဲ့ အိမ်တွင်းကုထုံးတွေကအထောက်အကူပေးပါသလဲ
အောက်ပါ နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေဟာAchondroplasia(အရိုးမဖွံ့ဖြိုးသောရောဂါ) ကုသရာမှာအထောက်အကူပြုပါတယ်။
သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးခြင်းဟာအကောင်းဆုံးဖြစ်ပါတယ်။
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
ဆက်စပ် အကြောင်းအရာများ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။