backup og meta

ကျောရိုးနေရာလွဲခြင်း ပုံစံ၃ မျိုး


Phyo Wai Yan မှ ရေးသားသည်။ · 07/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျောရိုးနေရာလွဲခြင်း ပုံစံ၃ မျိုး

    ကျောရိုးနေရာလွဲခြင်းဆိုသည်မှာကျောရိုးပြဿနာတစ်ခုဖြစ်ပြီး ကျောရိုးဟာ သူ့မူလနေရာမှလွဲချော်သွားခြင်းဖြစ်ပါတယ်။ လူတွေမှာဖြစ်တဲ့ကျောရိုးနေရာလွဲခြင်းပုံစံမျိုးစုံရှိပါတယ်။ ယခုဆောင်းပါးကတော့ သင့်ကို ကလေးနဲ့လူကြီးတွေမှာအဖြစ်တတ်တဲ့ အဖြစ်အများဆုံးပုံစံ ၃ မျိုးကို ဖော်ပြသွားမှာဖြစ်ပါတယ်။

    ၁။ မွေးရာပါကျောရိုးနေရာလွဲနေခြင်း။

    မွေးရာပါကျောရိုးနေရာလွဲနေခြင်းဆိုသည်မှာမွေးဖွားသည့်အချိန်ကတည်းက ကျောရိုးပုံစံမမှန်ခြင်းဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလတွင် ကျောရိုးဟာ ပုံမှန်ဖြစ်ပေါ်မလာတဲ့အခါ ကလေးရဲ့ကျောရိုးများဟာ နေရာလွဲသွားနိုင်ချေပိုများသွားပါတယ်။

    အကယ်၍ ကလေးဟာ နာကျင်မှုမခံစားရလျှင်ဖြစ်စေ ကျောရိုးနေရာလွဲ ခြင်းဟာ ပိုဆိုးမလာလျှင် ဖြစ်စေ အိမ်တွင်းကုသမှုများနှင့် ကုသနိုင်ပါတယ်။

    ၂။ ကျောရိုးပျက်စီးသွား၍နေရာလွဲသွားခြင်း ။

    ဒါကတော့ အဖြစ်အများဆုံးကျောရိုးနေရာလွဲတဲ့ပုံစံဖြစ်ပြီး အသက်ကြီးတဲ့လူတွေမှာပိုပြီးဖြစ်လေ့ရှိပါတယ်။

    အသက်ကြီးလာ၍ကျောရိုးနေရာလွဲသွားခြင်းဟာ အသက်ကြီးလို့ဖြစ်တဲ့သဘာဝဖြစ်စဉ်ပဲ ဖြစ်ပါတယ်။ ကျောရိုးကြားထဲရှိ ကျောရိုးပြားများဟာ ရေဓါတ်နည်းလာတဲ့အခါ ကျောရိုးကို ကာကွယ်ပေးနိုင်စွမ်းနည်းလာပြီး အဆစ်ရောင်ခြင်း နှင့် ကျောရိုးပျက်စီး၍ နေရာလွဲ ခြင်းတို့ ဖြစ်ပေါ်လာရပါတယ် ။ အရွတ်များ ၊ ကျောရိုးပြားများ နှင့် အရိုးများဟာ အားနည်းလာပြီး ကျောရိုးကိုပုံမှန်အနေအထားမှာရှိအောင် ထိန်းသိမ်းထားနိုင်စွမ်းမရှိတော့ပါဘူး ။ ဆက်ထားတဲ့အဆစ်များဟာလည်း အသက်ကြီးလာတဲ့အခါ အရွယ်အစားကြီးလာပြီး ပွတ်တိုက်မှုများစွာဖြစ်ပေါ်စေပါတယ်။ ဒါကြောင့်ကျောရိုးများဟာ တစ်ခုပေါ်တစ်ခု လွဲချော်ကုန်ပါတယ်။

    ကျောရိုးနေရာလွဲခြင်းဟာခါးနေရာတွင်အဖြစ်များလေ့ရှိပြီး လည်ပင်းနေရာတွင်လည်းဖြစ်တတ်ပါတယ်။

    • အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

    ကျော ၊ လည်ပင်းနှင့် ခြေထောက်များ နာကျင်ခြင်းပဲ ဖြစ်ပါတယ်။ တစ်ခါတစ်ရံသင်လမ်းလျှောက်တဲ့အခါ ဖြစ်ဖြစ် ၊အချိန်အကြာကြီး မတ်တပ်ရပ်နေတဲ့အခါဖြစ်ဖြစ် နာကျင်မှုဟာ ပိုဆိုးလာတတ်ပါတယ်။ အခြားရောဂါလက္ခဏာများဖြစ်တဲ့ ပေါင်ရှေ့ရှိကြွက်သားများ တင်းလာခြင်း နှင့် ခြေထောက်များအားနည်းလာခြင်းတို့ကိုလည်းခံစားရနိုင်ပါတယ်။

    ၃။ ဆက်ထားသောအရိုးကျိုးသွား၍ ကျောရိုးနေရာလွဲသွားခြင်း ။

    ကျောရိုးနောက်မှာရှိတဲ့ အဆစ်နှစ်ခုကိုဆက်သွယ်ပေးထားတဲ့အရိုးတစ်ခုရှိပါတယ် ။ ထိုအရိုးတွင်အနည်းငယ်ကျိုးသွားတဲ့အခါ ကျောရိုးနေရာလွဲ ခြင်းဖြစ်ပေါ်လာရပါတယ်။ ခါးနေရာတွင်အဖြစ်များပြီး ဖိအားအများဆုံးခံရသောနေရာဖြစ်သောကြောင့် ဖြစ်ပါတယ် ။ အရိုးတစ်ခုဟာ သွေးအလုံအလောက်မရတော့တဲ့အခါ ဖိအားများကိုမခံနိုင်ပဲ ကျိုးလွယ်လာပါတယ်။

    ယခုပုံစံမျိုးဟာ ကလေးများတွင်မတွေ့ရသောကြောင့် မွေးရာပါရောဂါတစ်ခုတော့မဟုတ်ပါဘူး ။

    ကျိုးတာအသေးအမွှားလေးဆိုလျှင်တော့ မနာကျင်ပါဘူး။ အကယ်၍ နာကျင်မှုခံစားလာရလျှင်တော့ ထိုနေရာဟာ အရိုးကျိးတဲ့နေရာဖြစ်လေ့ရှိပါတယ်။ နာကျင်မှုဟာ ပုခုံး ၊ လက်မောင်း ၊ တင်ပါး နှင့် ခြေထောက်များသို့လည်း ပျံ့နှံ့သွားလေ့ရှိပါတယ်။ သင်လမ်းလျှောက်တဲ့အခါ ၊မတ်တပ်ရပ်တဲ့အခါ ၊ခါးကုန်းလိုက်တဲ့အခါ သို့လည်ပင်းကိုမော့လိုက်တဲ့အခါ နာကျင်မှုဟာပိုဆိုးလာတတ်ပါတယ်။ သင်ဟာတစ်ခါတစ်ရံမှာ ခြေထောက်နှင့် ဒူးအောက်ပိုင်းနေရာများတွင် အားနည်းသလိုခံစားရနိုင်ပါတယ် ။

    ကျောရိုးနေရာလွဲ ခြင်းတွင်ပုံစံမျိုးစုံရှိပါတယ်။ အဖြစ်အများဆုံးကတော့ အထက်ဖော်ပြခဲ့တဲ့ ၃ မျိုးပဲ ဖြစ်ပါတယ် ။ မွေးရာပါကျောရိုးနေရာလွဲ ခြင်းကတော့ ကလေးများတွင်အဖြစ်များပြီး ကျောရိုးပျက်စီး၍ နေရာလွဲရခြင်းကတော့ အသက်ကြီးလာ၍ ပျက်ဆီးတဲ့ဖြစ်စဉ်တစ်ခုပဲ ဖြစ်ပါတယ်။ ဆက်ထားသောအရိုးကျိုး၍ ကျောရိုးနေရာလွဲ ခြင်းကတော့ သင့်ကျောရိုးမှာရှိတဲ့အရိုးကျိုးသွားတဲ့အခါ ဖြစ်ပေါ်လာပါတယ်။

    Hello health group သည် ကျန်းမာရေးဆိုင်ရာအကြံပေးခြင်း ၊ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းတို့ကို မပြုလုပ်ပေးပါ ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Phyo Wai Yan မှ ရေးသားသည်။ · 07/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement