backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Osteoporosis (အရိုးပွရောဂါ)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Osteoporosis (အရိုးပွရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Osteoporosis (အရိုးပွရောဂါ) ကဘာလဲ။

အရိုးပွရောဂါဆိုသည်မှာ အရိုး၏ သိပ်သည်းဆများ ဆက်တိုက် ဆုံးရှုံးခြင်းနှင့် အရိုး ပါးလာခြင်းဖြစ်သည်။ အရိုးသည် ပို၍ ကြွပ်ဆတ်လာကာ ကျိုးပဲ့လွယ်ပြီး အသေးစား ထိခိုက်မှု ဖြစ်လျှင်ပင် ကျိုးလွယ်လာပါသည်။ ကိုယ်အလေးချိန်ကျခြင်း နှင့် ကျောနာခြင်းတို့လည်း အဖြစ်များသည်။

အမျိုးသမီးများ သည် သွေးဆုံးပြီး၌ အရိုးပွရောဂါဖြစ်နိုင်ချေ မြင့်သည်။ အရိုး ပွရောဂါနှင့် ဆက်စပ်သော အရိုးကျိုးမှုများသည် အများအား ဖြင့် တင်ပဆုံ၊ လက်ကောက်ဝတ်နှင့် ကျောရိုးတွင် ဖြစ်ပွား သည်။ သို့သော် မည်သည့်အရိုးမဆို ထိခိုက်နိုင်ပါသည်။ အချို့ ကျိုးသွားသော အရိုးများသည် ပြန်လည်မကောင်းမွန် လာတော့ပါ။ အထူးသဖြင့် တင်ပါးဆုံရိုးကျိုးပါက ဆိုးဝါးသည်။

အရိုးပွရောဂါသည် အသံတိတ် ရောဂါဖြစ်သည်။ အရိုးမကျိုးမချင်း မသိရှိနိုင်ပါ။ လူအများက အရိုးပွရောဂါ သည် သဘာဝအတိုင်းဖြစ်ပြီး အသက်ကြီးရာတွင် ရှောင်လွှဲ၍ မရဟု ထင်ကြသည်။ သို့သော်လည်း ကျန်းမာရေး ပညာရှင် များက ယခုတွင် အရိုးပွရောဂါကို ကောင်းစွာ ကာကွယ်နိုင်ပြီ ဟုဆိုကြပါသည်။ အရိုးပွရောဂါ ဖြစ်ပြီးသူများသည်ပင် ရောဂါ ဆိုးရွားမှုကို နှေးစေသော ကာကွယ်စေနိုင်သော နည်းလမ်း များကို လုပ်ဆောင်ကာ နောက်ထပ် အရိုးကျိုးမည့် အန္တရာယ် ကို လျော့ချနိုင်ပြီ ဖြစ်သည်။

Osteoporosis (အရိုးပွရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

အရိုးပွရောဂါသည် အမျိုးသားများရော အမျိုးသမီးများ တွင်ပါ ဖြစ်ပွားသည်။ လူမျိုးပေါင်းစုံတွင် ဖြစ်ပွားသည်။ သို့ သော် လူဖြူ နှင့် အာရှအမျိုးသမီးများ (အထူးသဖြင့် သွေးဆုံး အပြီး အသက်ကြီးသော အမျိုးသမီးများ) သည် ဖြစ်နိုင်ချေ အမြင့်ဆုံး ဖြစ်သည်။ အန္တရာယ် ဖြစ်စေသော အချက်များကို လျော့ချခြင်းဖြင့် အရိုးပွရောဂါ ဖြစ်နိုင်မှုကို ကန့်သတ် နိုင်ပါ သည်။ ပိုမိုသော အချက် အလက်များအတွက် ဆရာဝန် နှင့် တိုင်ပင်ပါ။

လက္ခဏာများ

Osteoporosis (အရိုးပွရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

ရောဂါ အစောပိုင်းတွင် လက္ခဏာများ မပေါ်ပါ။ အချိန် ကြာပါက ကျောနာခြင်း၊ လည်ပင်းနာခြင်း၊ ကိုယ်နေကိုယ် ထား ကုန်းခြင်း၊ အရပ် တဖြည်းဖြည်း နိမ့်လာခြင်းတို့ ဖြစ်နိုင် သည်။ အချို့တွင် ပထမဆုံး လက္ခဏာသည် အရိုးကျိုးခြင်း (နံရိုး၊ လက်ကောက်ဝတ် နှင့် တင်ပါးဆုံ) ဖြစ်သည်။ ကျောရိုး သည် ပြားကာ ကျိုးနိုင်ပြီး ၎င်းသည် အဖြစ်အများဆုံးဖြစ် သည်။ တင်ပါးဆုံရိုးကျိုးခြင်းသည် မသန်စွမ်းမှုကို အဆိုးဆုံး ဖြစ်စေသည်။

အထက်တွင် ဖော်ပြ မထားသော အခြားလက္ခဏာ များလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါ လက္ခဏာ တစ်ခုခုများ ရှိနေသည်ဟု စိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင် သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင်သည် စောစီးစွာ သွေးဆုံးခြင်း၊ လများစွာ corticosteroids ဆေးများ သောက်နေရခြင်း သို့မဟုတ် သင့်မိဘ တစ်ဦးဦးတွင် တင်ပါးဆုံကျိုးဖူးခြင်းတို့ ဖြစ်ဖူးပါက သင်သည် ဆရာဝန်နှင့် အရိုးပွခြင်းအကြောင်း ဆွေးနွေးတိုင်ပင်သင့် သည်။ လူတိုင်း၏ ခန္ဓါကိုယ်တုံ့ပြန်မှု သည် မတူညီနိုင်ပါ။ ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးခြင်း သည် သင်၏အခြေအနေ ကောင်းမွန်ရန် အတွက် အကောင်းဆုံး ဖြစ်ပါသည်။

အကြောင်းရင်းများ

Osteoporosis (အရိုးပွရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

ပုံမှန်အရိုးဖြစ်ပေါ်မှုတွင် ကယ်စီယမ်နှင့် ဖော့စဖိတ် သတ္ထု ဓါတ်များ လိုအပ်သည်။ ခန္ဓါကိုယ်သည် ကယ်စီယမ်ကို အစားအစာမှ မရရှိပါက အရိုးထုတ်လုပ်မှုနှင့် အရိုးတစ်ရှူး များ ထိခိုက်နိုင်သည်။

အရိုးပွခြင်း၏ အဓိကဖြစ်စေသော အကြောင်းရင်းမှာ အသက်ကြီးခြင်းဖြစ်သည်။ ထိုအချိန်သည် အမျိုးသမီးများ တွင် သွေးဆုံးခြင်း မဟော်မုန်းကျချိန်၊ အမျိုးသားများတွင် ကျားဟော်မုန်းကျချိန် ဖြစ်သည်။

အရိုးသည် အသစ်ဖြစ်မှု ပုံမှန်အခြေအနေတွင်ရှိသည်။ အရိုးသစ်များ ပြုလုပ်ပြီး အရိုးဟောင်းများ ပျက်စီးသည်။ ငယ်ရွယ်စဉ်တွင် အရိုးသစ်ဖြစ်နှုန်းသည် အရိုးဟောင်းပျက်စီး နှုန်းထက် မြန်ကာ အရိုးအလေးချိန် တက်သည်။ လူအများ သည် အသက် ၃၀ အစောပိုင်းတွင် အရိုးအလေးချိန် အမြင့် ဆုံးသို့ ရောက်သည်။ အသက်ကြီးလာသောအခါ အရိုး အလေးချိန်သည် ကျဆင်းလာသည်။

အရိုးပွမှုရောဂါဖြစ်နိုင်နှုန်းသည် သင်ငယ်ရွယ်စဉ်က ဘယ်လောက် အရိုးအလေးချိန် ရခဲ့သည့်အပေါ် တစ်စိတ် တစ်ပိုင်းအားဖြင့် မူတည်သည်။ အရိုးအလေးချိန် များများရခဲ့ လေ အသက်ကြီးသောအခါ အရိုးပွရောဂါ ဖြစ်နိုင်ချေ နည်း လေဖြစ်သည်။

ဖြစ်နိုင်ခြေများ

အရိုးပွရောဂါ ဖြစ်နိုင်ချေကို ဘာတွေကမြင့်စေသလဲ။

ဖြစ်နိုင်ချေမြင့်စေသော အချက်များမှာ ကိုယ်အလေးချိန် ကျခြင်း၊ နေထိုင်မှု အကျင့်များ ( အထိုင်များခြင်း သို့မဟုတ် မလှုပ်ရှားခြင်း)၊ အရက်သောက်ခြင်း၊ စီးကရက်သောက်ခြင်း၊ အစာစားမှု ရောဂါများ၊ အချို့ဆေးများသောက်ခြင်း၊ အချို့ နာတာရှည်ရောဂါများ၊ ကြာရှည်စွ အိပ်ယာပေါ်တွင် လဲနေရ ခြင်း၊ မလှုပ်ရှားနိုင်ခြင်းတို့ ဖြစ်သည်။

အချက်များစွာသည် အရိုးဆုံးရှုံးမှုနှင့် အရိုးပွခြင်းကို ဦးတည်နိုင်သည်။ အချို့ကို ပြောင်းလဲယူ၍ မရသော်လည်း အချို့ကို ပြောင်းလဲနိုင်သည်။

သင်မပြောင်းလဲနိုင်သော အချက်များမှာ-

• လိင်။ အမျိုးသမီးများသည် အမျိုးသားများထက် အရိုးပွရောဂါ ပိုဖြစ်နိုင်သည်။

အသက်။ အသက်ကြီးလေ အရိုးပွရောဂါ ဖြစ်နိုင်ချေ မြင့်လေဖြစ်သည်။

ခန္ဓါကိုယ် အရွယ်အစား။ ပိန်သော ပါးသော အမျိုး သမီးများသည် ဖြစ်နိုင်ချေ ပိုမြင့်သည်။

မိသားစုမှတ်တမ်း။ အရိုးပွရောဂါသည် မိသားစုတွင်း တွင် ဖြစ်ပွားနိုင်သည်။ မိသားစုဝင် တစ်ဦးတွင် အရိုး ပွခြင်း သို့မဟုတ် အရိုးကျိုးခြင်း ရှိဖူးပါက သင့်တွင် ဖြစ်နိုင်ချေ မြင့်ပါသည်။

သင်ပြောင်းလဲ၍ ရသော အခြား အချက်များမှာ-

• လိင်ပိုင်းဆိုင်ရာ ဟော်မုန်းများ။ ရာသီမလာခြင်း၊ သွေးဆုံးခြင်းကြောင့် မဟော်မုန်းနည်းခြင်းသည် အမျိုးသမီးများတွင် အရိုးပွရောဂါကို ဖြစ်စေသည်။ အမျိုးသားများတွင် ကျားဟော်မုန်းနည်းခြင်းသည် အရိုးပွရောဂါကို ဖြစ်စေသည်။

ဝမည်စိုး၍ အစားအလွန်အကျွံရှောင်သော စိတ်ဝေဒနာတစ်မျိုး ခံစားနေရသောသူများတွင် အရိုးပွခြင်းကို ဖြစ်စေသည်။

ကယ်စီယမ် နှင့် ဗီတာမင် ဒီ ။ ကယ်စီယမ် နှင့် ဗီတာမင် ဒီ နည်းသော အစားအစာသည် အရိုး ဆုံးရှုံးမှုကို ပိုဖြစ်စေသည်။

• ဆေးဝါး။ အချို့ဆေးများသည် အရိုးပွ ရောဂါဖြစ်နိုင်ချေကို မြင့်စေသည်။

လှုပ်ရှားမှု။ လေ့ကျင့်ခန်း မလုပ်ခြင်း၊ ကြာရှည်စွာ အိပ်ယာတွင် လဲနေခြင်းသည် အရိုးများကို အားပျော့ စေသည်။

စီးကရက် ။ ဆေးလိပ်သောက်ခြင်း သည် အရိုး၊ နှလုံးနှင့် အဆုတ်တို့အတွက် မကောင်းပါ။

• အရက်သောက်ခြင်း။ အရက်အလွန်အကျွံ သောက်ခြင်း သည် အရိုးဆုံးရှုံးမှု နှင့် အရိုးကျိုးခြင်းကို ဖြစ်စေသည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Osteoporosis (အရိုးပွရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

အရိုး သတ္ထုသိပ်သည်းဆ စစ်ဆေးမှုသည် အရိုးကျန်းမာ ရေးကို စစ်ဆေးရန် အကောင်းဆုံးနည်းလမ်း ဖြစ်ပါသည်။ ဤ စစ်ဆေးမှုသည် မနာကျင်ပါ။ ကုတင်ပေါ်တွင် လဲလျောင်းကာ scanner မှ ခန္ဓါကိုယ်အပေါ် ဖြတ်သွားပါသည်။ ဖြစ်ပွားမှု အများစုတွင် အရိုးအနည်းငယ်ကိုသာ စစ်ဆေးပါသည်။ အများအားဖြင့် တင်ပဆုံ၊ လက်ကောက်ဝတ်နှင့် ကျောရိုးတို့ ဖြစ်ပါသည်။

Osteoporosis (အရိုးပွရောဂါ) ကို ဘယ်လိုကုသပါသလဲ

နေထိုင်မှုပုံစံပြောင်းလဲခြင်းသည် အရိုးကျိုးနိုင်ချေကို လျော့ချနိုင်သည်။ ပုံမှန်အလေးမသော အလုပ်များ၊ ကြွက် သားသန်မာစေသော လေ့ကျင့်ခန်းများ လုပ်ခြင်း၊ ဆေးလိပ် ဖြတ်ခြင်း၊ အရက်သောက်မှုကို ကန့်သတ်ခြင်းတို့ ပြုလုပ်ပါ။

ကယ်စီယမ် (တစ်နေ့လျှင်အနည်းဆုံး ၁၂၀၀ မီလီဂရမ်) နှင့် ဗီတာမင် ဒီ (တစ်နေ့လျှင် အနည်းဆုံး ၈၀၀ IU) လုံလောက်စွာ စားပါ။ ကယ်စီယမ် ထောက်ပံ့စာများသည် ကယ်စီယမ် စားသုံးမှုကို များစေပြီး ဗီတာမင် ဒီ သည် ခန္ဓါ ကိုယ်မှ ကယ်စီယမ်စုပ်ယူမှုကို ကူညီပေးသည်။

ကုသမှုသည် အရိုးဆုံးရှုံးမှုကို နှေးစေရန် သို့မဟုတ် ရပ်ရန်ဖြစ်ပြီး ချော်လဲ မှုများကို နည်းအောင်ပြုလုပ်၍ အရိုးကျိုးမှုကို ကာကွယ်ပါ။

Alendronate စသော biphosphonates တို့ပါဝင်သော ဆေးအမျိုးမျိုး ကိုအသုံးပြုနိုင်သည်။ ကယ်စီယမ်၊ ဗီတာမင်ဒီ တို့ လုံလောက်စွာ ထောက်ပံ့မှုရယူပါ။

စုပေါင်း ကုသမှု အစီအစဉ်တွင် ကောင်းမွန်သော အာဟာ ရ၊ လေ့ကျင့်ခန်း တို့အပေါ် အာရုံစိုက်မှုနှင့် အရိုးကျိုးခြင်း ဖြစ်စေသော ချော်လဲခြင်းတို့ကို ကာကွယ်ရန်တို့ ပါဝင်သည်။ ဆရာဝန်သည် အရိုးဆုံးရှုံးမှုကို ရပ်နိုင်၊ နှေးနိုင်သော သို့မဟုတ် အရိုးသစ် တည်ဆောက်နိုင်သော၊ အရိုးသိပ်သည်း ဆကို မြင့်စေသော ဆေးများထဲမှ တစ်မျိုးမျိုး သောက်ရန် ညွှန်ကြားပါမည်။ ထိုသို့ဖြင့် အရိုးကျိုးနိုင်ချေကို လျော့ချနိုင် သည်။

အာဟာရ။

ကျွန်တော်တို့စားသော အစားအစာများတွင် ဗီတာ မင်၊ သတ္ထုဓါတ်နှင့် ခန္ဓါကိုယ်ကျန်းမာအောင် ထိန်းသိမ်း ပေးသော အခြား အရေးကြီးသည့်အာဟာရများ မျိုးစုံပါဝင် သည်။ ထိုအာဟာရများ အားလုံးကို မျှတသော အချိုးအစား ဖြင့် လိုအပ်သည်။ အထူးသဖြင့် အရိုးများသန်မာရန် ကယ်စီ ယမ်နှင့် ဗီတာမင် ဒီ တို့လိုအပ်သည်။

လေ့ကျင့်ခန်း။

လေ့ကျင့်ခန်းလုပ်ခြင်းသည် အရိုးပွရောဂါ ကာကွယ်ရန်နှင့် ကုသမှု အစီအစဉ်တွင် အရေးပါသည်။ လေ့ ကျင့်ခန်းသည် အရိုးကျန်းမာရေးကို ကောင်းစေရုံသာမက ကြွက်သားသန်မာမှု၊ ပူးပေါင်းဆောင်ရွက်နိုင်မှု နှင့် မျှခြေတို့ ကိုကောင်းစေပြီး အလုံးစုံကျန်းမာရေးကို ကောင်းစေသည်။ လေ့ကျင့်ခန်းလုပ်ခြင်းသည် အရိုးပွရောဂါရှိသူအတွက် ကောင်းသော်လည်း အရိုးများအပေါ် ရုတ်တရက် သို့မဟုတ် ပြင်းထန်သော ဒဏ်မဖြစ်စေသင့်ပါ။

ကုထုံးဆေးများ သုံးခြင်း။ အရိုးပွရောဂါကို ကာကွယ်ရန် ကုသရန် ဆေးများစွာ ရှိသည်။ ဥပမာ- bisphosphonates၊ estrogen agonists/antagonists၊ calcitonin၊ parathyroid ဟော်မုန်း၊ estrogen ကုထုံး၊ ဟော်မုန်းကုထုံး

လူနေမှုပုံစံ ပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ အသုံးပြုခြင်း သည် အရိုးပွရောဂါ ကို ကုသရာတွင် ဘယ်လို အထောက် အကူပြုနိုင်မလဲ။

အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံး ကုထုံးများ သည် အရိုးပွရောဂါ ကို ထိန်းချုပ်နိုင်ပါသည်။

• ရောဂါလက္ခဏာများနှင့် ကျန်းမာရေး အခြေအနေ တိုးတက်မှုကို စောင့်ကြည့်ရန် ဆရာဝန်နှင့် တွေ့ဆုံ မှုများ ပြုလုပ်ပါ။

• ဆရာဝန် ညွှန်ကြားချက်များကို နားထောင်ပါ။ သောက်သုံးရန် ညွှန်ကြားမထားသော ဆေးများ မသောက်ပါနှင့်။ ဆေးသောက်ရန် မမေ့ပါနှင့်။

• ကြွက်သားများ သန်မာစေရန် လေ့ကျင့်ခန်းများ အတွက် ရုပ်ပိုင်းဆိုင်ရာ ကုထုံးဆရာဝန် သို့မဟုတ် ပြန်လည်ထူထောင်မှု အထူးကု ဖြင့် တိုင်ပင်ပါ။

• ကယ်စီယမ်နှင့် ဗီတာမင်ဒီ ကြွယ်ဝသော အစာများ စားပါ။ ဥပမာ နို့နှင့် နို့ထွက်ပစ္စည်းများ၊ ငါး၊ ပဲ၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်များ

• ဆေးလိပ်မသောက်ပါနှင့်။

• အရက် အလွန်သောက်ခြင်း ရှောင်ပါ။ တစ်နေ့လျှင် အရက် နှစ်ခွက်ထက်ပို၍ သောက်ခြင်းသည် အရိုး ဖြစ်ပေါ်မှုကို နှေးစေသည်။ အရက်မူးနေပါက ချော် လဲနိုင်ချေ မြင့်ပါသည်။

• ချော်လဲမှုကို ကာကွယ်ပါ။ မချောသော ဖိနပ်အောက် ခံဖြင့် ဒေါက်နိမ့်သော ဖိနပ်များ စီးပါ။ သင့်အိမ် အတွင်းတွင် ချောလဲမှုကို ဖြစ်စေနိုင်သော လျှပ်စစ် ကြိုးများ၊ ကြမ်းခင်း၊ ချောသော မျက်နှာပြင်များကို စစ်ဆေးပါ။ အခန်းကို အလင်းကောင်းစွာ ရအောင် ထားပါ။ ရေချိုးခန်းတံခါး အတွင်းနှင့်အပြင်တွင် လက်ကိုင်တန်းများ တပ်ပါ။ အိပ်ယာမှ လွယ်ကူစွာ ဝင်နိုင်ထွက်နိုင်အောင် ပြုလုပ်ပါ။

အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement