backup og meta

အရိုးပွရောဂါအကြောင်းသိထားသင့်သည်များ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr . Phyu Mon Latt မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရိုးပွရောဂါအကြောင်းသိထားသင့်သည်များ

    National Health Service က UK မှာ လူအယောက် သုံးသန်းလောက်က အရိုးပွရောဂါကို ခံစားနေရပြီး အရိုးကျိုးမှုပေါင်း ၂၃၀၀၀ လောက်ရှိနေတယ်လို့ဆိုပါတယ်။ အရိုးပွခြင်းဟာ National Osteoporosis foundation အရ USA မှာ ၄၄ သန်းသော လူတွေမှာ အရိုးပွရောဂါ ခံစားနေရပြီးဒါဟာ ပြည်သူ့ကျန်းမာရေး ပြဿနာတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ NOF က အခုအခါမှာ လူဆယ်သန်းလောက်မှာ အရိုးပွရောဂါဖြစ်ပွားနေပြီး ၃၄ သန်းလောက်မှာတော့ အရိုးအလေးချိန်နည်းခြင်းရှိတာကြောင့် သူတို့ဟာလည်း အရိုးပွရောဂါ ဖြစ်ပွားနိုင်တယ်လို့ ဆိုပါတယ်။

    အရိုးပွတယ်ဆိုတာဘာလဲ။

    အရိုးပွသူတွေရဲ့ အရိုးဟာ ပါးပြီးတော့ အားနည်းတတ်ပါတယ်။ Osteo ဆိုတဲ့ စကားဟာ ဂရိဘာသာစကား Osteon ကနေ ဆင်းသက်လာပြီးတော့ အရိုးလို့အဓိပ္ပါယ်ရပြီး porosis ကတော့ အပေါက်၊ ဖြတ်သွားတဲ့ နေရာ လို့အဓိပ္ပါယ်ရပါတယ်။ Osteoporosis ဟာ အရိုးရဲ့ အရည်အသွေးကျဆင်းခြင်းဖြစ်ပြီး အရိုးတစ်ရှူးတွေကျုံ့လာခြင်းဖြစ်တယ် လို့ Medilexicon’s medical dictionary က ပြောထားပါတယ်။

    လူတွေဟာ ပိုအသက်ရှည်လာကြပြီးတော့ အထိုင်များတဲ့ အလုပ်တွေကို လုပ်လာကြတာကြောင့် အရိုးပွခြင်းဟာလည်း ပိုမိုများပြားလာပါတယ်။ လေ့လာမှုတစ်ခုက မူဝါဒ ပြုလုပ်သူတွေနဲ့ Funding agencies တွေဟာ သူတို့ရဲ့ အစီအစဉ်တွေထဲမှာ ဒီကိစ္စကို လုံလောက်အောင်ထည့်သွင်း စဉ်းစားခြင်း မပြုဘူးလို့ဆိုပါတယ်။

    အရိုးပွခြင်းကို မကာကွယ်ဘူးဆိုရင် (သို့) မကုသဘူးဆိုရင် သူဟာ ဘယ်လိုနာကျင်မှုမျိုးကိုမှ ဖြစ်ခြင်းမရှိပဲ ပိုမိုဆိုးရွားလာကာ အရိုးကျိုးတဲ့အထိ ဖြစ်နိုင်ပါတယ်။ အများဆုံးကတော့ တင်ပါးဆုံရိုး၊ ကြောရိုးမနဲ့ လက်ကောက်ဝတ်က အရိုးတွေ ကျိုးနိုင်ပါတယ်။ တင်ပါးဆုံရိုးကျိုးခြင်းဟာ ဆေးရုံတက်ဖို့လိုအပ်ပြီး ခွဲစိတ်ကုသမှုလည်း လိုအပ်ပါတယ်။ သူဟာ မကုသရင် ယေဘုယျ အားဖြင့် လမ်းမလျှောက်နိုင်ခြင်းနဲ့ နောက်ဆုံးမှာ သေဆုံးခြင်းကို ပါ ဖြစ်စေနိုင်ပါတယ်။ ကျောရိုးမနဲ့ ကျောရိုးအဆစ်တွေကျိုးခြင်းကတော့ ခါးနာခြင်းနဲ့ ပုံပျက်ခြင်းတွေ ဖြစ်စေတတ်ပါတယ်။

    အရိုးပွခြင်းရဲ့ ရောဂါ လက္ခဏာတွေက ဘာတွေလဲ။

    အရိုးပွခြင်းဟာ အချိန်များစွာ ကြာမြင့်တဲ့အထိ တဖြည်းဖြည်း ဆိုးဝါးလာတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ စစချင်းမှာ ဘာလက္ခဏာမှ မပြပဲ သူ့ကို သတိထားမိဖို့ လပေါင်းများစွာ၊ နှစ်ပေါင်းများစွာ ကြာမြင့်တတ်ပါတယ်။ အရိုးပွခြင်းရဲ့ ရောဂါလက္ခဏာတွေကတော့

    မတ်တပ်ရပ်ရန် ခက်ခဲခြင်း

    ထိုင်ရန် ခက်ခဲခြင်း။ ဒီလိုပုံစံမျိုးဟာ အရိုးပွရောဂါ ဖြစ်ပွားနိုင်တဲ့ အသက်ကြီးတဲ့ သူတွေမှာ အများဆုံး တွေ့ရတတ်ပါတယ်။

    တကယ်လို့ အရိုးသိပ်သည်းဆ (သို့) အလေးချိန်ဟာ ပိုပြီး လျော့ကျလာမယ်ဆိုရင် တင်ပါးဆုံရိုး၊ လက်ကောက်ဝတ်နဲ့ ကျောရိုးမထဲမှာ ရှိတဲ့ အရိုးကျိုးခြင်းတွေ ဖြစ်နိုင်ပါတယ်။ ချောင်းဆိုး၊ နှာချေခြင်းကတောင် အရိုးကျိုးခြင်းကို ဖြစ်စေနိုင်ပါတယ်။

    အသက်ကြီးတဲ့သူတွေမှာ အရိုးကျိုးတဲ့အခါ အရိုးဟာ သူကိုယ်တိုင် ပြန်ပြီး မပြုပြင်နိုင်တော့တာကြောင့် ပိုခံစားရပါတယ်။ ဒီလို မပြုပြင်နိုင်တော့တဲ့ အရိုးတွေဟာ အဆစ်ရောင်ခြင်းကိုဖြစ်စေပြီး နောက်ဆုံးမှာ လူနာကို မသန်စွမ်းဖြစ်စေနိုင်ပါတယ်။ အသက်ကြီးသူ များစုဟာ အရိုးကျိုးပြီးရင် နောက်ပိုင်းမှာ မမှီခိုပဲ နေနိုင်သူ ရှားပါးပါတယ်။

    အရိုးပွခြင်းဟာ နာကျင်ခြင်းမရှိပေမယ့် ဒီအခြေအနေဟာ အရိုးတွေကို ပိုမိုလွယ်ကူစွာ ကျိုးစေနိုင်ပြီး အရိုးကျိုးခြင်းကတော့ အလွန်နာကျင်စေပါတယ်။ အရိုးပွခြင်းနဲ့ ဆက်စပ်နေတဲ့ အဖြစ်များတဲ့ နာတာရှည် နာကျင်မှုတစ်ခုကတော့ ကျောရိုးမ ကျိုးခြင်းပဲ ဖြစ်ပါတယ်။

    ဘယ်အရာတွေက အရိုးပွခြင်းဖြစ်ပွားနှုန်းကို ပိုမိုမြင့်တက်စေသလဲ။ ဘယ်ရောဂါတွေက အရိုးပွခြင်းနဲ့ ဆက်စပ်နေပါသလဲ။

    အရိုးပွခြင်းဖြစ်ပွားနှုန်းကို မြင့်တက်စေတဲ့ အရာတွေ အများအပြားရှိပါတယ်။ သူတို့တွေကတော့

    • လိင် (အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အရိုးပွခြင်းနှစ်ဆ ပိုမိုဖြစ်နိုင်ပါတယ်။ ဒီအတွက် အကြောင်းရင်းနှစ်ခုရှိပြီး ပထမတစ်ခုကတော့ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ဘဝစစချင်းမှာ အရိုးနည်းပါးပါတယ်။ ဒုတိယတစ်ခုကတော့ အမျိုးသမီးတွေက အသက်ပိုရှည်ကြပါတယ်။ နောက်ဆုံးတစ်ခုကတော့သွေးဆုံးခြင်းဟာ အရိုးဆုံးရှုံးမှုကို ဖြစ်စေတဲ့ estrogen ကျဆင်းခြင်းကို ဖြစ်စေနိုင်ပါတယ်)
    • အသက် – အသက်ကြီးလာတာနဲ့ အမျှ အရိုးအလေးချိန်လည်း ကျဆင်းလာတတ်ပါတယ်။ လူတစ်ယောက်သေဆုံးချိန်အထိ အရိုးအလေးချိန်ဟာ ဆက်တိုက်ကျဆင်းလာတာ ဖြစ်ပါတယ်။
    • ချာချာလည်အောင် မူးခြင်း – ကိုရီးယား သိပ္ပံပညာရှင်တွေက မူးခြင်းနဲ့ အရိုးပွခြင်းနဲ့ ဆက်စပ်မှုကို တွေ့ရှိခဲ့ပါတယ်။
    • HIV – HIV ရှိသူတွေမှာ အရိုးပွနှုန်း ပိုများပါတယ်။
    • အစာအိမ်ကင်ဆာ – အစာအိမ်ကင်ဆာ အသက်ရှင်သူတွေဟာ အရိုးပွရောဂါခံစားကြရပြီး သူတို့ အသက်ကြီးလာရင် အရိုးကျိုးတာမျိုးတွေ ပိုဖြစ်တယ်လို့ ဆောင်းပါးတစ်ခုက ရှင်းပြပါတယ်။
    • လူမျိုးစု – အသားဖြူတဲ့သူတွေ (သို့) တောင်အာရှသူတွေဟာ အရိုးပွခြင်းကို အာဖရိက (သို့) တောင်၊ မြောက်အမေရိက အင်ဒီးယန်း ဆင်းသက်သူတွေနဲ့ ယှဉ်ရင် ပိုဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း ဖြစ်နိုင်ခြေဟာ လူတိုင်းအတွက် သိသာပါတယ်။
    • မိသားစု ရာဇဝင် – နီးကပ်တဲ့ မိသားစုထဲမှာ အရိုးပွတာ ဖြစ်ဖူးသူရှိရင် သူတို့ကိုယ်တိုင်လည်း ဖြစ်ပွားနိုင်တယ်လို့ဆိုပါတယ်။
    • ကိုယ်ခန္ဓါ သေးသူများ – ကိုယ်ခန္ဓါသေးသူတွေဟာ အသက်ကြီးလာချိန်မှာ ပိုအရိုးပွနိုင်ပါတယ်။ ဒါဟာ သူတို့အသက်ကြီးလာချိန်မှာ သူတို့အရိုးပမာဏက အခြားသူတွေထက် ပိုနည်းလို့ဖြစ်ပြီး အရိုးသိပ်သည်းဆ လျော့နည်းလာလို့ဖြစ်ပါတယ်။
    • ဆေးလိပ်သောက်ခြင်း – ဘာကြောင့်လဲ သေချာ မပြောနိုင်ပေမယ့် ဆေးလိပ်သောက်ခြင်းဟာ အရိုးပွခြင်းကို ပိုမိုဖြစ်စေပါတယ်။
    • Estrogen နဲ့ ထိတွေ့မှုရှိခြင်း – အသက်ကြီးမှ သွေးဆုံးသူတွေဟာ estrogen ပမာဏ ကျဆင်းသွားတာကြောင့် အသက်ငယ်ငယ် သွေးဆုံးသူတွေနဲ့ ယှဉ်ရင် ပိုပြီးတော့ အရိုးပွရောဂါ ဖြစ်နှုန်းနည်းပါတယ်။
    • အစာစားခြင်းနဲ့ ပတ်သက်တဲ့ရောဂါများ – အစာစားခြင်းနဲ့ ပတ်သက်တဲ့ရောဂါ ရှိသူတွေဟာ အရိုးပွခြင်း ပိုမိုဖြစ်နိုင်ပါတယ်။
    • နှလုံးရောဂါနဲ့ Alzheimer’s disease – Rice University က သုတေသနတစ်ခုက သုတေသီတွေက နှလုံးရောဂါ၊ Alzheimer’s ရောဂါနဲ့ အရိုးပွခြင်းဟာ ဆက်စပ်မှု ရှိနိုင်တယ်လို့ဆိုပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement