ကန်စွန်းကြီးရွက် ဆိုတာ ကန်စွန်းဥပင်ရဲ့ အရွက်တွေပါ။ ငါးဆုပ် သို့မဟုတ် ပုစွန်တို့နဲ့ ချဉ်ရည်ချက်စားရင် နူးနူးညံ့ညံ့လေးနဲ့ သိပ်စားကောင်းတဲ့ အရွက်ပေါ့။ ကန်စွန်းရွက်ထက် ပိုနူးညံ့သလို ကျန်းမာရေး အကျိုးကျေးဇူးလည်း မနည်းတဲ့ အသီးအရွက် ဖြစ်ပါတယ်။
ထွက်မှာ သေချာပြီလား။
ကန်စွန်းကြီးရွက် ဆိုတာ ကန်စွန်းဥပင်ရဲ့ အရွက်တွေပါ။ ငါးဆုပ် သို့မဟုတ် ပုစွန်တို့နဲ့ ချဉ်ရည်ချက်စားရင် နူးနူးညံ့ညံ့လေးနဲ့ သိပ်စားကောင်းတဲ့ အရွက်ပေါ့။ ကန်စွန်းရွက်ထက် ပိုနူးညံ့သလို ကျန်းမာရေး အကျိုးကျေးဇူးလည်း မနည်းတဲ့ အသီးအရွက် ဖြစ်ပါတယ်။
ဝယ်ရတာ ရှားနေသလား။ အိမ်မှာ ကန်စွန်းဥတစ်ဥလောက် စိုက်ထားရုံနဲ့ တစ်အိမ်လုံး စားလောက်တဲ့ အထိ အပင် ဖြစ်ထွန်းလွယ်ပါတယ်။ ကြာလာရင် အော်ဂန်းနစ် ကန်စွန်းဥတောင် စားရလိမ့်ဦးမယ်။
ကန်စွန်းကြီးရွက်ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးလေးတွေ ကြည့်လိုက်ရအောင်…
ကန်စွန်းကြီးရွက် လတ်လတ်ဆတ်ဆတ်လေး တွေမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝတဲ့ အတွက် free radicals တွေကြောင့် ဖြစ်ရတဲ့ ထိခိုက်ပျက်စီးမှုတွေကို ကာကွယ်တားဆီးပေးပါတယ်။ ဒါ့ကြောင့် အရွယ်တင်စေတာ၊ ကင်ဆာ ကာကွယ်နိုင်တာ၊ အဆစ်ရောင်ရောဂါ သက်သာစေတာ၊ ပန်းနာရင်ကျပ် သက်သာစေတာ စတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။
ကန်စွန်းကြီးရွက်မှာ ပါတဲ့ အရောင်ကျစေတဲ့ ဒြပ်ပေါင်းတွေကြောင့် ဂေါက်ရောဂါ၊ အဆစ်နာရောဂါ၊ ပန်းနာရင်ကျပ် စတဲ့ ရောဂါရှိသူတွေအတွက် ဆေးတစ်ခွက်ပါပဲ။ သူ့ကို ကြာကြာ ချက်ပြုတ်ထားတဲ့ အရည် (အနီးစပ်ဆုံးက ချဉ်ရည်ဟင်း) က အကိုက်အခဲပျောက်ဆေး လို ထိုက်သင့်သလောက် စွမ်းဆောင်ပေးနိုင်ပါတယ်။
အမျှင်ဓာတ် ပါဝင်မှု မြင့်မားတဲ့ အတွက် အစာခြေစနစ် ရဲ့ လုပ်ဆောင်ချက် တွေကို ကူညီထောက်ပံ့ပေးပြီး ဝမ်းချုပ်ခြင်းကို ကာကွယ် ဖြေရှင်းပေးနိုင်ပါတယ်။ အစာအိမ် အူလမ်းကြောင်း ပြဿနာတွေ အပြင် အူမကြီးကင်ဆာ ကိုပါ ကာကွယ်ပေးပါလိမ့်မယ်။
ကာဗိုဟိုက်ဒရိတ် နည်းပါးပြီး အမျှင်ဓာတ် များတဲ့ ကန်စွန်းကြီးရွက်က ဆီးချိုသွေးချို ရောဂါရှိသူတွေ အတွက်လည်း အကျိုးပြုဓာတ်စာ တစ်မျိုး ဖြစ်ပါတယ်။ လတ်ဆတ်တဲ့ ကန်စွန်းကြီးရွက်က ခန္ဓာကိုယ်ထဲမှာ အင်ဆူလင်နဲ့သွေးတွင်းသကြားဓာတ်တို့ကို ထိန်းညှိပေးနိုင်စွမ်း ရှိပါတယ်။
ကန်စွန်းကြီးရွက်က ပိုတက်စီယမ်ဓာတ်လည်း ကြွယ်ဝသလို စိတ်ပူပန်မှုနဲ့ စိတ်ဖိစီးမှုတွေကို ထိန်းချုပ်ပေးနိုင်တာမို့ သွေးတိုးကိုလည်း ကျစေနိုင်ပါတယ်။
အမျှင်ဓာတ်ကြွယ်ဝတာကြောင့် နှလုံးသွေးကြောတွေထဲမှာ အဆီတွေ စုပုံခြင်းကို တားဆီးပေးပြီး သွေးကြောပိတ်ဆို့ခြင်းကို ကာကွယ်ပေးပါတယ်။
ကန်စွန်းကြီးရွက်က ဗီတာမင် ကေ ပါဝင်မှုကြောင့် အမျိုးသမီးတွေမှာ ရာသီမလာခင်နဲ့ ရာသီလာချိန် နာကျင်ကိုက်ခဲမှုတွေကို သက်သာလျော့ပါးစေနိုင်ပါတယ်။ ဗီတာမင် ကေ ချို့တဲ့ခြင်းက ရာသီလာချိန် ခံစားရတဲ့ လက္ခဏာတွေကို ပိုဆိုးစေနိုင်ပါတယ်။
ကန်စွန်းကြီးရွက်မှာ ဘီတာကယ်ရိုတင်း ကြွယ်ဝတာကြောင့် ဗီတာမင် အေ တွေ ရရှိနိုင်တယ်လေ။ ဒါကြောင့် မျက်စိကျန်းမာရေး အတွက် အကျိုးကျေးဇူးတွေ ရနိုင်တာ အဆန်းတော့ မဟုတ်ပါဘူး။
ဗီတာမင် အေ ချို့တဲ့မယ် ဆိုရင် မျက်စိအားနည်းတာ၊ အမြင်အာရုံမကြည်လင်တော့တာ၊ မျက်ရိုးကိုက်တာ စတဲ့ အမြင်အာရုံပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ကန်စွန်းကြီးရွက်၊ ကန်စွန်းဥ တို့လို ဘီတာကယ်ရိုတင်း ကြွယ်ဝတဲ့ အစားအစာတွေ စားပေးရင် ဒီပြဿနာတွေ ကာကွယ်နိုင်ပါလိမ့်မယ်။
သွားနဲ့ သွားဖုံးပြဿနာတွေက ဗီတာမင် ကေ၊ ဗီတာမင် ဒီ၊ ဗီတာမင် အေ နဲ့ ဗီတာမင် စီ တို့ ချို့တဲ့ရင် ဖြစ်တတ်ပါတယ်။ ဒီအာဟာရဓာတ်တွေ ပါတဲ့ အစားအသောက်တွေကို စားမယ်ဆိုရင် သွားနဲ့ သွားဖုံး ကျန်းမာစေပါတယ်။
ကန်စွန်းကြီးရွက်မှာ ပါတဲ့ ဗီတာမင် ကေ က တခြားဗီတာမင်နဲ့ သတ္တုဓာတ်တွေနဲ့ ပေါင်းစပ်ပြီး သွားကြွေလွှာ ပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
အရသာရှိပြီး ဒီလိုအာဟာရ ပြည့်တဲ့ ကန်စွန်းကြီးရွက်ကို ကြော်စားစား၊ ချက်စားစား ကြိုက်တဲ့နည်းနဲ့ စားကြည့်လိုက်ပါတော့။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။