backup og meta

အရိုးအစားထိုးကုသခြင်း အကြောင်းသိကောင်းစရာ


Dr. Thant Zin မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရိုးအစားထိုးကုသခြင်း အကြောင်းသိကောင်းစရာ

    ၁၉၅၀ ကျော်ကာလမှာ နယူးယောက်၊ ကူးပါးစ်မြို့က ဒေါက်တာသောမတ်စ်ဟာ ပထမဆုံး ရိုးတွင်းချဉ်ဆီ အစားထိုးမှုအောင်မြင်ခဲ့ပါတယ်။ မွေးချင်းအမြွှာ ၂ယောက် အကြား ပြုလုပ်တာဖြစ်ပြီး တယောက်က သွေးကင်ဆာ ရောဂါ ခံစားနေရလို့ ဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ အရိုးအစားထိုးလဲလှယ်ခြင်းကို တွင်ကျယ်စွာအသုံးပြုခဲ့ပြီး သွားရောဂါများ ကုသရာမှာ၊ ခြေသလုံးရိုးထိခိုက်ခြင်းကို ကုသရာမှာ၊ ကင်ဆာရောဂါ ကုသရာမှာ အသုံးပြုခဲ့ကြပါတယ်။

    သင့်ခန္ဓါကိုယ်ရဲ့ အရိုးစုဟာ ပုံမှန်ကြီးထွားနေတာ ဖြစ်ပါတယ်။ အရိုးကျိုးခဲ့ရင် သူ့ဖာသာ တဖြည်းဖြည်းနဲ့ ပြန်ဆက်သွားနိုင်ပါတယ်။ ဒါပေမယ့် အရိုးမှာ ရောဂါတခုခုရနေရင်၊ ဆိုးရွားစွာ ပျက်စီးနေရင်၊ ရှုပ်ထွေးတဲ့ ပြဿနာတခုခုရှိနေရင်၊ ကျန်းမာရေးကို ထိခိုက်စေရင် အရိုးအစားထိုး ကုသရပါတယ်။

    အရိုးအစားထိုးခြင်းဟာ ကျိုးပဲ့ခြင်း နှင့် ကင်ဆာကြောင့် ပျက်စီးသွားတဲ့ အရိုးကို ပြန်လည် ပြုပြင်ခြင်း၊ ပြန်လည်တည်ဆောက်ခြင်း စတဲ့အဆင့်တွေနဲ့ အကူအညီပေးပါတယ်။ သွေးကင်ဆာ၊ ပြန်ရည်ကျိတ်ကင်ဆာ စတဲ့ ကင်ဆာရောဂါတွေကို ကုသဖို့လည်း သုံးပါတယ်။ ဒီရောဂါတွေ ကုသဖို့အတွက် ဓါတ်ရောင်ခြည်များများပေးတဲ့ နည်းနဲ့ ကုသလေ့ရှိပါတယ်။

    ဘာကြောင့် အရိုးအစားထိုးတာလဲ

    သင့်အရိုးဟာ ကျိုးပဲ့ခြင်းဒဏ်ရာ သေးငယ်ရင် သူ့အလိုလို ပြန်ကောင်းနိုင်ပါတယ်။ ပိုကြီးမားတဲ့ ကျိုးပဲ့ဒဏ်ရာတွေမှာ အရိုးပြန်ဆက်အောင် ကျိုးနေတဲ့အရိုး၂ခုကြား နေရာဟာ နီးကပ်စေဖို့ လိုအပ်ပါတယ်။ အရိုးအစားထည့်ပေးခြင်းဟာ အရိုးပြန်ဆက်ဖို့ အထောက်အကူဖြစ်စေပါတယ်။

    ဆက်ပေးမယ့်အရိုး ဘယ်က လာသလဲ

    ကြားမှာဆက်ပေးမယ့် အရိုးဟာ သင့်ဆီကဖြစ်ဖြစ်၊ တခြား တယောက်ဆီကဖြစ်ဖြစ် ရရှိပါတယ်။ ဖန်တီးပြီး ယူနိုင်ပါတယ်။ တခြားလူဆီကလာတဲ့ အရိုးအများစုဟာ သေဆုံးတဲ့လူတွေက လှူဒါန်းခဲ့တာဖြစ်ပြီး ခွဲစိတ်မှုနဲ့ အရိုးကိုထုတ်လိုက်ရတဲ့ လူတွေဆီကလည်း ရပါတယ်။

    ဆက်ပေးမယ့်အရိုးကို သူ့နေရာမှာ ထည့်ပြီးရင် ဘာဖြစ်မလဲ

    ကိုယ်ခန္ဓါကနေ လက်ခံလိုက်ရင် ဆဲလ်အသစ်တွေ ဖြစ်လာပြီး ပုံမှန်တည်ဆောက်ပုံအတိုင်း ကြီးထွားလာပါတယ်။ အပြင်ကထည့်ပေးတဲ့ အရိုးဟာ နဂိုအရိုးနဲ့ အတူတူပေါင်းစပ် ဖွဲ့စည်းသွားပါတယ်။

    အစားထိုးအရိုးကို ဘယ်နေရာမှာ အများဆုံးသုံးလဲ

    အစားထိုးအရိုးကို သွားရောဂါတွေအတွက် သုံးပါတယ်။ အနာဖြစ်ဖြစ် ဒဏ်ရာဖြစ်ဖြစ် ဆိုးဆိုးရွားရွား ရရှိပြီးနောက် သွားကျွတ်သွားတဲ့အခါ နဂိုပုံစံ ပြန်လည်ရရှိဖို့ အသုံးပြုနိုင်ပါတယ်။ တခြားအသုံးပြုတဲ့ နေရာကတော့ ခြေသလုံးရိုးမှာ အစားထိုးဖို့ ဖြစ်ပါတယ်။

    အရိုးအစားထိုးခြင်း မတိုင်မီ ဘာတွေလုပ်သင့်လဲ

    တခြားခွဲစိတ်မှုတွေမှာလိုပဲ မခွဲစိတ်ခင်မှာ အစားအသောက် မစားဖို့ဖြစ်ပါတယ်။ သင့်မှာရှိတဲ့ ရောဂါ အခြေအနေ၊ သောက်နေတဲ့ဆေး၊ အားဖြည့်ဓါတ်စာ စတာတွေအကြောင်း ဆရာဝန်ကို ပြောပြရပါမယ်။

    အရိုးအစားထိုးခြင်းရဲ့ နောက်ဆက်တွဲပြသနာတွေနဲ့ ဘယ်လိုစီမံရမယ်ဆိုတာ ဆွေးနွေးသင့်ပါတယ်။ တချို့ပြသနာတွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • ဆေးဓါတ်မတည့်ခြင်း
  • အသက်ရှူရခက်ခြင်း
  • သွေးထွက်ခြင်း
  • ရောဂါပိုးဝင်ခြင်း
  • အရိုးဖယ်ထုတ်လိုက်တဲ့နေရာက နာနေခြင်း
  • နလန်ထလာချိန်မှာ ဘာလုပ်သင့်လဲ

    ပုံမှန်အားဖြင့် ၂ပတ်ကနေ တခါတလေ တစ်နှစ်ကျော်ထိ အချိန်ယူရတတ်ပါတယ်။ ကျိုးတဲ့ပမာဏနဲ့ ဆက်တဲ့အရိုး အမျိုးအစားပေါ် မူတည်ပါတယ်။ အဲဒီအချိန်ပိုင်းအတွင်း အေးဆေးသက်သာစွာနေပြီး ပြင်းထန်တဲ့ ကိုယ်လက် လှုပ်ရှားမှုတွေကို ရှောင်ကြဉ်ရပါမယ်။ အရိုးဆက်ထားတဲ့နေရာမှာ အထူးသဖြင့် လက်နဲ့ ခြေထောက်တွေမှာ သွေးခဲခြင်းမဖြစ်အောင် ရေခဲကပ်ပြီး မြှောက်ထားပေးရပါမယ်။

    ဘယ်အရာတွေက နေပြန်ကောင်းတာကို မြန်စေသလဲ

    သင်ဟာ ဆေးလိပ်သောက်တတ်သူဆိုရင် ဆေးလိပ်ကို အရင်ဖြတ်ရပါမယ်။ ဆေးလိပ်သောက်သူတွေမှာ အရိုးအစားထိုးဆက်ခြင်းကို မအောင်မြင်စေတာ၊ အရိုး အသစ်မဖြစ်နိုင်တာ ဖြစ်နိုင်ခြေပိုများပါတယ်။ သင့်ကို ဂရုစိုက်စောင့်ရှောက်ပေးမယ့်သူ တယောက်တော့ ရှိသင့်ပါတယ်။ ဆရာဝန်နဲ့ သူနာပြုတွေဟာ အရိုး အစားထိုးဆက်ထားတဲ့နေရာကို ဘယ်လိုဂရုစိုက်ရမယ်၊ ဘယ်လို ရေချိုးရမယ်ဆိုတာ ညွှန်ကြားပါလိမ့်မယ်။

    သင့်အခြေအနေအတွက် အကောင်းဆုံးကုသနည်းကို သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

    အရိုးအားထိုးခြင်း အများစုမှာ ကိုယ်ခန္ဓါဟာ ပြင်ပအရိုးကို လက်မခံတာမျိုး ရှိတတ်ပါတယ်။ အကောင်းဆုံးနည်းကတော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာများစားပြီး ခွဲစိတ်မှုနဲ့ လွတ်ကင်းတဲ့နေရာက ကြွက်သားတွေကို လေ့ကျင့်ခန်း လုပ်ပေးဖို့ပါပဲ။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Translated by thant zin

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement