backup og meta

ဘိုးဘိုး၊ ဘွားဘွားတွေ ဒူးအစားထိုးကုသဖို့ ဘာကြောင့် လိုအပ်တာလဲ


Ye Zon Aung မှ ရေးသားသည်။ · 03/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသက်အရွယ်ကြီးရင့် လာချိန်မှာ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေ၊ ကိုယ်လက်လှုပ်ရှားနိုင်စွမ်းတွေ ကျဆင်းလာတတ်တာ သဘာဝပါပဲ။ အထူးသဖြင့် ဘိုးဘိုးဘွားဘွားတွေအနေနဲ့ လမ်းလျှောက်သွားလာကြတဲ့အခါ ဒူးနဲ့ ဒူးပတ်ဝန်းကျင်က အရိုးတွေ နာကျင်တာ၊ ကျွတ်ဆတ်တာ၊ ဒရွတ်ဆွဲနေတာတွေ မကြာခဏ ကြုံလာရနိုင်ပါတယ်။ အမြင့်လှေကားတွေတက်ချိန်မှာ ခြေထောက်လှမ်းကြွရခက်တာမျိုးတွေလည်း မကြခဏ ကြုံရလေ့ရှိပါတယ်။ ဒါဟာ ဒူးဆစ်ရိုးတွေ အားနည်းလာတာ၊ အရွတ်တွေပျက်စီးလာတာတွေရဲ့ လက္ခဏာတွေဖြစ်ပါတယ်။

    ဒီလိုပြဿနာတွေရင်ဆိုင်ရလာပြီဆိုရင် သက်ကြီးရွယ်အိုတွေအတွက် သွားရေးလာရေးမှာ ခက်ခဲမှုတွေ များစွာကြုံလာရလေ့ရှိပါတယ်။ အိမ်ထဲကနေ အိမ်ပြင်ထွက်ဖို့တောင် စိတ်ညစ်ငြူးနေရတာမျိုး၊ ချစ်ရတဲ့ မြေးငယ် သားငယ်လေးတွေကို ချီပိုးဖို့တောင် ခက်နေတာမျိုး၊ အပေါ့အလေး သွားဖို့တောင် အခက်တွေ့နေတာမျိုးတွေပေါ့။

    ဒီလိုဝေဒနာမျိုးတွေ ခံစားလာရပြီဆိုရင် ဒူးဆစ်ရိုးခွဲစိတ်ကုသတဲ့နည်းလမ်းကို သုံးပြီး ကုစားပေးတာဟာ ရွေးချယ်စရာ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒီကနေ့ခေတ်မှာ နည်းပညာမြင့်မားလာတာနဲ့အမျှ ကုန်ကျစရိတ်သက်သာပြီး ထိရောက်ကောင်းမွန်တဲ့ အရိုးခွဲစိတ်ကုသမှုနည်းလမ်းတွေ၊ ဆေးရုံတွေလည်း ရှိလာနေပြီဖြစ်ပါတယ်။

    ဘယ်လို အခြေအနေတွေမှာ ဒူးအစားထိုး ကုသ သင့်သလဲ

    ဒူးဆစ်ရိုးနဲ့ပတ်သက်တဲ့ ဝေဒနာမျိုးတွေဟာ အသက် ၄၀ နဲ့ ၈၀ အကြား လူကြီးတွေမှာ အများဆုံးဖြစ်လေ့ရှိပေမယ့် တခြားအသက်အရွယ်တွေမှာလည်း အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ခြေရှိတဲ့ ဝေဒနာတစ်မျိုးပါ။

    အရိုးအဆစ် ရောင်ရမ်းနာ (Osteoarthritis) ဟာ ဒူးအစားထိုးကုသမှုခံယူဖြစ်ဖို့အတွက် အရေးအပါဆုံး အကြောင်းတရားပါပဲ။ ဒူးဆစ်နဲ့ အရိုးတို့အကြားက အရွတ်တွေပျက်စီးယိုယွင်းလာခြင်းကြောင့် အရိုးအဆစ် ရောင်ရမ်းနာဖြစ်နိုင်ပါတယ်။ ဒီဝေဒနာမျိုးကို အသက်အရွယ်မရွေးခံစားရနိုင်ပေမယ့် အဓိကအားဖြင့်တော့ အသက်အရွယ် ကြီးရင့်သူတွေမှာ ပိုမိုပြီးအဖြစ်များပါတယ်။ လက်ရှိ ကမ္ဘာပေါ်မှာ အရိုးအဆစ် ရောင်ရမ်းနာ (Osteoarthritis) ခံစားနေရသူပေါင်း သန်းနဲ့ ချီပြီးရှိနေကြပါတယ်။

    ဒါ့အပြင် အောက်ပါအချက်တွေကြောင့်လည်း ဒူးအစားထိုးကုသမှုခံယူဖို့ လိုအပ်လာနိုင်ပါတယ်။

  • အဆစ်အမြစ် ရောင်ရမ်း ကိုက်ခဲတဲ့ ရောဂါ (Rheumatoid arthritis)
  • ခြေထောက် ခွင်တာ (knock-knees)
  • ဒူးမှာ ထိခိုက် ဒဏ်ရာ ရရှိတာ (Knee injuries)
  • ဒူးဆစ်ရိုးများဆီ သွေးမဆင်းတာ (Osteonecrosis) တို့ကြောင့် ဖြစ်ပါတယ်။
  • ဘာကြောင့် ဒူးအစားထိုးကုသမှု ခံယူသင့်သလဲ

    တကယ်လို့များ ကိုယ့်ရဲ့ ဖေဖေ၊ မေမေ၊ ဘိုးဘိုး၊ ဘွားဘွားတွေရဲ့ ဒူးနဲ့သက်ဆိုင်တဲ့ နာကျင်မှုတွေဟာ ပြင်းထန်လာမယ်၊ သူတို့အတွက် ပင်ပန်းဆင်းရဲလှတဲ့ ဝေဒနာမျိုးအဖြစ် ခံစားလာနေရမယ် ဆိုရင် ဒူးအစားထိုးကုသဖို့ စဉ်းစားသင့်ပါတယ်။ ဒီလို ဒူးအစားထိုးကုသပေးဖို့ လိုအပ်/မလိုအပ်ဆိုတာကို အောက်က အချက်တွေနဲ့ နိုင်းယှဉ်ပြီး သုံးသပ်သင့်ပါတယ်။

  • နာကျင်တာ၊ ဖူးရောင်တာနဲ့ မာဆတ်ဆတ်ဖြစ်လာတာတွေဟာ ဒူးဆစ်အနီးတစ်ဝိုက် ကျန်းမာရေး အားနည်းလာတာကြောင့်ဖြစ်ပါတယ်။
  • လမ်းလျှောက်လို့ မကောင်းတော့ဘူး။
  • အစောပိုင်းကာလတွေမှာ တစ်ချက်တစ်ချက် ခြေဒရွတ်ဆွဲသလိုဖြစ်လာမယ်။ နောက်ပိုင်းမှာ မကြာခဏဆိုသလိုဖြစ်လာမယ်။
  • တနေကုန်နီးပါး ဒူးက နာကျင်နေမယ်။
  • အတက်အဆင်းတွေမှာ ခြေထောက်လှမ်းကြွဖို့ အခက်အခဲတွေရှိလာမယ်။
  • အနားယူချိန် ဒါမှမဟုတ် အိပ်ချိန်ရောက်တိုင်း ဒူးက နာကျင်နေမယ်၊ စတဲ့ အချက်တွေ၊ လက္ခဏာတွေပြသနေပြီဆိုရင် ခွဲစိတ်ကုသဖို့ စဉ်းစားသင့်ပါတယ်။
  • ဒီအချက်တွေကို မျက်ကွယ်ပြုထားမိမယ်ဆိုရင် ရေရှည်မှာ ဘေးထွက်ဆိုးကျိုးတွေ ပိုမိုကြုံတွေ့လာရနိုင်ပါတယ်။

    တကယ်လို့များ မှန်ကန်သင့်လျော်တဲ့အချိန်ကာလမျိုးမှာ ခွဲစိတ်ကုသမှု မပြုလုပ်ခဲ့ဘူးဆိုရင် လူကြီးမိဘတွေအနေနဲ့ ရေရှည်မှာ အရိုးအဆစ်ကောက်ကွေးတာ၊ အရိုးကျွတ်ဆတ်တာ၊ ကြွက်သားတောင့်တင်းတာ၊ ကိုယ်လက်လှုပ်ရှားမှုနည်းပါးလာတာကြောင့် ကိုယ်အလေးချိန်မြင့်တက်လာတာ၊ စိတ်တိုလွယ်တာ၊ စိတ်ဖိစီးမှုကြောင့် နှလုံးရောဂါလက္ခဏာတွေပြသလာတာမျိုးတွေ ကြုံလာရနိုင်ပါတယ်။

    ဒီပြဿနာတွေကင်းဝေးစေဖို့ဆိုရင် အချိန်မနှောင်းခင်မှာ  အရိုးနဲ့ ပတ်သက်တဲ့ ခွဲစိတ်မှုကိုခံယူသင့်ပါတယ်။ ခန္ဓာကိုယ်အတွက်အရေးပါတဲ့ အရိုးတွေကို အကောင်းဆုံး ကုသမှုရယူချင်တယ်ဆိုရင်အရိုးကုသမှုပိုင်းမှာ ကျွမ်းကျင်မှုကြောင့် King of Bones လို့ နာမည်ကောင်းရထားတဲ့  ထိုင်းအခြေစိုက် ဝေ့ဌာနီ ဆေးရုံလိုမျိုး ဆေးရုံတွေမှာ ကုသမှုခံယူလို့ရပါတယ်။

    ကုသမှုခံယူလို့ ရလာမယ့် အကျိုးကျေးဇူးတွေ

    ဒူးခွဲစိတက်ကုသမှုခံယူတာဟာ ၁ နာရီ၊ ၂ နာရီ ဝန်းကျင်သာ ကြာမြင့်တဲ့ ခွဲစိတ်ကုသမှုနည်းလမ်းတစ်ခုဖြစ်ပါတယ်။ ကုသချိန်ဟာ ဒူးရဲ့ အနေအထား၊ ကိုယ်အလေးချိန်၊ အရပ်အမြင့်နဲ့ ကိုယ်လက်ကြံ့ခိုင်မှုအခြေအနေတွေအပေါ်မူတည်မှာဖြစ်ပါတယ်။ ပုံမှန်အတိုင်း ပြန်ဖြစ်ဖို့ကိုတော့ ရက်သတ္တပတ် အနည်းငယ်သာ စောင့်ဆိုင်းရမှာပါ။

    ကုသမှုခံယူပြီးသွားတဲ့နောက်မှာ ဒူးနာကျင်မှုတွေ၊ လမ်းကောင်းကောင်း မလျှောက်နိုင်တာတွေ၊ လေ့ကျင့်ခန်းပြုလုပ်ဖို့ ခက်ခဲနေတာတွေ၊ မိသားစုနဲ့ အချိန်ပေးဖို့ ခက်ခဲနေတာတွေ လျော့ပါးသွားမှာဖြစ်လို့ ကျန်းမာကြံ့ခိုင်မှုနဲ့ ပျော်ရွှင်တဲ့ မိသားစုဘဝကို ပြန်လည်ရရှိစေမယ့် အခွင့်အလမ်း တစ်ခု ဖြစ်ပါတယ်။

    လူတစ်ယောက် ကျန်းမာဖို့၊ ကိုယ်လက်လှုပ်ရှားမှုတွေ ပုံမှန်ပြုလုပ်နိုင်ဖို့၊ သင့်လျော်တဲ့ ကိုယ်အလေးချိန်ရှိနေအောင် ထိန်းညှိဖို့ဆိုတဲ့ ကိစ္စတွေတိုင်းမှာ ခန္တာကိုယ် ဟန်ချက်ညီစွာ လှုပ်ရှားနိုင်စွမ်းက အရေးအကြီးဆုံးဖြစ်ပြီးတော့ ဒီလိုပြုလုပ်နိုင်ဖို့ ဒူးကျန်းမာရေးက အလွန်အရေးပါပါတယ်။ ဒါကြောင့် မိမိတို့ ကိုယ်တိုင်သာမက ပတ်ဝန်းကျင်က လူကြီးသူမတွေရဲ့ ဒူးကျန်းမာရေးကို အလေးအနက်ထား ဂရုစိုက်ပေးတာက ပျော်ရွှင်မှုအတွက် အရေးပါတဲ့ နည်းလမ်းတစ်ခု ပါပဲ။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Zon Aung မှ ရေးသားသည်။ · 03/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement