backup og meta

ကျောရိုးကွေးနေခြင်းကိုခွဲစိတ်ခြင်း,အန္တရာယ်ရှိသည်များနှင့် ခွဲစိတ်ပြီးဂရုစိုက်ရမည့်အရာများ


Phyo Wai Yan မှ ရေးသားသည်။ · 07/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျောရိုးကွေးနေခြင်းကိုခွဲစိတ်ခြင်း,အန္တရာယ်ရှိသည်များနှင့် ခွဲစိတ်ပြီးဂရုစိုက်ရမည့်အရာများ

    ကျောရိုးကွေးခြင်းကို ခွဲစိတ်ခြင်းဆိုတာဘာလဲ။

    ကျောရိုးကွေးခြင်းကိုခွဲစိတ်သည်ဆိုသည်မှာ ပြင်းပြင်းထန်ထန်ကျောရိုးကွေးနေမှုကို သက်သာကောင်းမွန်စေပြီး ကျောရိုးကွေးနေခြင်းကိုကုသပေးတဲ့ခွဲစိတ်မှုတစ်ခုပဲ ဖြစ်ပါတယ်။ ခွဲစိတ်မှုဟာ ကျောရိုးကို ပုံမှန်အတိုင်းတော့ပြန်မဖြစ်စေပါဘူး။ ခွဲစိတ်ရတဲ့ရည်ရွယ်ချက်ကတော့ ကျောရိုးကို ညီညီမျှမျှဖြစ်စေပြီး ကျောရိုးကွေးခြင်းပိုဆိုးလာသည်မှကာကွယ်ရန်ဖြစ်ပါတယ်။

    ဤသို့ပြုလုပ်ခွဲစိတ်ရာတွင် ခွဲစိတ်ဆရာဝန်များဟာ အရိုးများကိုဆက်နေစဉ်မှာ တုတ်ချောင်းကဲ့သို့အချောင်းလေးများကိုသုံးပြီး ကျောရိုးကိုကိုင်တွယ်ထိန်းချုပ်ထားပါတယ်။ အရိုးတွေဆက်သွားတာနှင့်အမျှ ကျောရိုးဟာ တည်ငြိမ်သွားပြီး အနာဂါတ်မှာပိုဆိုးမလာနိုင်တော့ပါဘူး။ အကယ်၍တုတ်ချောင်းလေးများကိုမဖယ်ဘူးဆိုလျှင် သူတို့ဟာ အနီးရှိတစ်ရှူးများကို အန္တရာယ်ပေးပါလိမ့်မယ်။

    ဖြစ်နိုင်ချေရှိတဲ့အန္တရာယ်တွေကဘာတွေလဲ။

    အခြားကုသမှုများကဲ့သို့ပင် ကျောရိုးကွေးခြင်းကိုကုသရာမှာလည်း အန္တရာယ်များရှိပါတယ်။

    လေဖြတ်ခြင်း ။

    လေဖြတ်ခြင်းဟာ ခွဲစိတ်ရာမှာအများဆုံးဖြစ်နိုင်တဲ့အန္တရာယ်တစ်ခုပဲ ဖြစ်ပါတယ်။ သို့သော်လည်း ထိုသို့ဖြစ်ခြင်းမှာအယောက်တစ်ထောင်မှတစ်သောင်းတွင်တစ်ယောက်သာဖြစ်လေ့ရှိပြီး အရမ်းရှားပါးပါတယ်။ ခွဲစိတ်နေစဉ်လေဖြတ်ခြင်းမှကာကွယ်ရန် အာရုံကြောမကြီးကိုအထူးနည်းလမ်းများဖြင့် စီယဉ်ထားထားသင့်ပါတယ်။

    – SSEPs and MEPs .ထိုအရာများဟာ သင့်ခြေထောက်မှလျှပ်စစ်ဓါတ်ပိုအသုံးပြုပြီး ဦနှောက်မှအချက်ပြမှုများ နှေးသွားခြင်းရှိမရှိ ဖော်ပြပေးနေမှာဖြစ်ပါတယ်။

    – ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့မှသင့်ကို ခွဲစိတ်နေစဉ် နှိုးပြီး သင့်ခြေထောက်ကို လှုပ်လို့ရမရ မေးပါလိမ့်မယ်။ နာကျင်မှာမဟုတ်ပါဘူး။ ခွဲစိတ်ပြီးတဲ့အခါမှာလည်းသင်ဟာဒါကိုမှတ်မိမှာမဟုတ်ပါဘူး။

    အကယ်၍ အာရုံကြောမကြီးအတွင်းပိုင်းမှာ ပုံမှန်မဟုတ်သောအရာတစ်ခုပေါ်လာခဲ့ပါက ဆရာ့ဝန်မျဟာ ခွဲစိတ်မှုကိုရပ်တန့်လိုက်မှာဖြစ်ပါတယ် ။ သို့သော်လည်း ဒီလိုဖြစ်ရပ်မျိုးဟာ အရမ်းရှားပါးပါတယ် ။

    သွေးထွက်ခြင်း။

    သွေးထွက်ခြင်းကတော့ ခွဲစိတ်မှုရဲ့အန္တရာယ်ရှိတဲ့အရာတစ်ခုအဖြစ်အမြဲဖြစ်နေတတ်ပါတယ်။ သင်ဟာခွဲစိတ်စဉ်နှင့် ခွဲစိတ်ပြီးစဉ်မှာသွေးအနည်းငယ်ဆုံးရှုံးသွားမည်ဖြစ်ပါတယ်။ သို့သော်လည်း သင့်တော်တဲ့နည်းလမ်းများဖြင့် သွေးများဆုံးရှုံးရခြင်းကိုထိန်းချုပ်နိုင်ပါတယ်။ သွေးသွင်းရခြင်းဟာ ရှားသော်ငြားလည်း သင်ဟာမခွဲစိတ်မီလိုအပ်လျှင် သွေးလှူရန်တောင်းဆိုနိုင်ပါတယ်။ ဆရာဝန်များဟာလည်း ခွဲစိတ်နေစဉ်မှာသွေးများကိုစုစည်းထားမည်ဖြစ်ပြီး သင့်ကိုပြန်လည်ထည့်သွင်းပေးမှာပဲ ဖြစ်ပါတယ်။

    အခြားအန္တရာယ်ရှိသည်များနှင့် နောက်ဆက်တွဲရောဂါများ ။

    လေဖြတ်ခြင်းနှင့် သွေးထွက်ခြင်းများအပြင် အခြားအန္တရာယ်ရှိသည်များလည်း ဖြစ်နိုင်ပါသေးတယ် ။ အဲ့ဒါတွေကတော့….

    – တုတ်ချောင်းလေးများကျိုးခြင်း ၊

    – ကူးစက်ပိုးဝင်ရောက်ခြင်း ၊

    – ကျောရိုးကို ပြန်မတည့်နိုင်ခြင်း ၊

    – ခွဲစိတ်ပြီးနောက်ပိုင်းမှာကျောရိုးကွေးခြင်းဟာ ပိုမိုဆိုးရွားလာခြင်း တို့ ဖြစ်ပါတယ်။

    ခွဲစိတ်ပြီးနောက်ပိုင်း ဂရုစိုက်ရမည့်အရာများ ။

    ခွဲစိတ်ပြီးနောက်ပိုင်း ၂ ရက်ကနေ ၃ ရက်မှာ သင့်ရဲ့ကိုယ်ကိုအနည်းငယ်စတင်လှုပ်ရှားလာနိုင်ပါပြီ ။ သင့်ရဲ့အခြေအနေနဲ့ ပြန်ကောင်းလာမှုနှုန်းအပေါ်မူတည်ပြီး ဆေးရုံတွင် ၄ ရက်မှ၇ရက်အထိဆက်လက်နေရန်တော့ လိုအပ်ပါလိမ့်မယ်။ ၂ ပါတ်မှ ၄ ပါတ်အတွင်းတွင်ပုံမှန်ဘဝကဲ့သို့နေထိုင်နိုင်ပြီဖြစ်ပြီး ကိုယ်လက်လှုပ်ရှားမှုများကိုတော့ အားလုံးကောင်းသွားမှသာလုပ်ရပါမယ်။

    အလေးအပင်များမခြင်း ၊ကိုယ်ကိုကွေးရန် လိမ်ရန်လိုသည် လှုပ်ရှားမှုများမလုပ်ရပါဘူး ။ အရိုးများပေါင်းသပ်နေစဉ်မှာ ကျောရိုးမကြီးတည်ငြိမ်နေစေရန် ဆရာဝန်ဟာ သင့်ကို ခါးထိန်းချုပ်ပေးသည့်ဝတ်စုံကိုဝတ်ဆင်ရန် အကြံပေးပါလိမ့်မယ်။ ခွဲစိတ်ပြီး ၆ လမှ ၁၂ လအကြာမှာတော့ လှုပ်ရှားမှုအားလုံးကိုပြန်လည်လုပ်နိုင်ပါပြီ ။

    ခွဲစိတ်ပြီး တစ်နှစ် မှ နှစ်နှစ်အတွင်း ဓါတ်မှန်အမြဲရိုက်ပြီးအခြေအနေကို စောင့်ကြည့်နေရန်လိုအပ်ပါတယ် ။ အရိုးမာဖြစ်သွားတဲ့အချိန်အထသင်ဟာ မည်သည့်ကုသမှုမျှ လိုအပ်မည်မဟုတ်ပါ ။

    အကယ်၍ သင်ဟာ မိန်းကလေးဖြစ်ခဲ့လျှင် ကိုယ်ဝန်ဆောင်၍ မိန်းမကိုယ်မှ ပုံမှန်အတိုင်းပင်ကလေးမွေးဖွားနိုင်ပါတယ်။

    အကယ်၍ သင့်ရဲ့ကျောရိုးကွေးနေခြင်းဟာ ပိုဆိုးလာလျှင်တော့ ခွဲစိတ်ရန်လိုအပ်ပါပြီ ။ ခွဲစိတ်ခြင်းဟာ လေဖြတ်ခြင်းနှင့် သွေးထွက်ခြင်းကဲ့သို့ အန္တရာယ်များရှိသော်လည်း ထိုအဖြစ်များဟာ ရှားပါး၍ ထိန်းချုပ်၍ရပါတယ် ။ ဒါ့အပြင် အကောင်းဆုံးသက်သာကောင်းမွန်လာဖို့ ဆရာဝန်ရဲ့ ညွှန်ကြားချက်များကို မလွဲမသွေလိုက်နာရပါမယ်။

    Hello health group သည် ကျန်းမာရေးဆိုင်ရာအကြံပေးခြင်း ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းတို့ကို မပြုလုပ်ပေးပါ ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Phyo Wai Yan မှ ရေးသားသည်။ · 07/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement