မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe
ဖနောင့်ဟာ ခန္ဒါကိုယ်ရဲ့ အရေးကြီးဆုံးအပိုင်းတွေထဲက တစ်ခုဖြစ်ပါတယ်။၎င်းဟာ ခန္ဒါကိုယ်လှုပ်ရှားတဲ့အခါ ခန္ဒါကိုယ်ရဲ့ အလေးချိန်ကိုထိန်းထားနိုင်အောင် တည်ဆောက်ထားတာဖြစ်ပါတယ်။ သင့်ရဲ့ဖနောင့်တစ်ခုခုဖြစ်တဲ့ အခါ သင်ခြေလှမ်းလှမ်းတာ ပြသနာဖြစ်တာကအစ ခန္ဒါကိုယ်ပုံမှန်ရပ်တည်မှုပြောင်းလဲခြင်းအဆုံး အမျိုးမျိုးဖြစ်လာနိုင်ပါတယ်။ Heel spurs(plantar fasiitis), heel bursitis (subcalcaneal bursitis) နှင့် heel bumps တွေကတော့ ဖနောင့်နာခြင်းရဲ့ အဖြစ်များဆုံးသုံးမျိုးပဲ ဖြစ်ပါတယ်။
ဖနောင့်နာခြင်းဖြစ်စေတဲ့ အရာ ၃ မျိုးမှာ
Heel spurs
ဖနောင့်အရိုးနှင့် ခြေချောင်း၏ အခြေကို ဆက်သွယ်ထားတဲ့ အလွှာ (ligamentလိုမျိုး) ရောင်တဲ့အခါ heel spurs ဖြစ်ပေါ်ပါတယ်။ လှုပ်ရှားမှုပိုများတဲ့ သူတွေ သို့ ခန္ဒါကိုယ်အနေအထားပုံမှန်ထက်ပိုတဲ့ အထူးသဖြင့် အားကစားသမားတွေမှာ ဒီလိုဖနောင့်ရိုးပုံစံမျိုးခံစားနေကြပါတယ်။ တခါတရံ ဒီအခြေအနေက တချို့သောလူများ ။ ။ အဝလွန်သူတွေ၊ ဖိနပ်မတော်ခြင်း၊ ခြေဖနောင့်အသုံးလွန်သူများ သို့ ရုတ်တရက် ခြေဖဝါးဆန့်ခြင်း၊ Achilles အရွတ်တင်းခြင်း…
Heel bursitis
တစ်စုံတစ်ယောက်က အမြင့်ပေါ်မှ အောက်မျက်နှာပြင်သို့ ခြေဖနောင့်ဖြင့် ပြုတ်ကျတဲ့အခါ ဆိုးရွားတဲ့ထိခိုက်မှုကို ဖြစ်စေပြီး bursa လို့ခေါ်တဲ့ အရည်ပြည့်နေတဲ့ ဖိုက်ဘာအိတ်ရောင်ခြင်းဖြစ်ပေါ်ပါတယ်။ နာကျင်မှုက ဖနောင့်အလယ်က စဖြစ်ပြီး လူတွေကို ပုံမှန်လုပ်ဆောင်မှုတွေကို ရပ်တန့်စေနိုင်တဲ့အထိ နေ့ဘက်မှာ ပိုဆိုးရွားစေပါတယ်။
Heel bumps
ဖနောင့်နာခြင်းကို ဖြစ်စေတဲ့ အရာများ
ဖနောင့်နာခြင်းကို ဖြစ်စေတဲ့ အကြောင်းပြချက်အမျိုးမျိုးရှိပါတယ်။ ။ ခါးအောက်ပိုင်းပြသနာများ၊ အဆစ်ရောင်ခြင်း အခြေအနေများ၊ ကိုယ်အလေးချိန်များခြင်း၊ မတော်တဲ့ ဖိနပ်များစီးခြင်း…ဒီအရာတွေက ဖနောင့်ရိုးကို အသုံးလွန်မှုဖြစ်စေပါတယ်။
အောက်ပါ ဖနောင့်အနောက်မှ တင်းမာတဲ့ အဖုတွေက အဖြစ်များတဲ့ ဖြစ်စဉ်တွေဖြစ်ပါတယ်။
Heel pad’s chronic inflammation : ဒီအခြေအနေက ဖနောင့်ကို ပြင်းထန်စွာ ထုမိတဲ့အခါ သို့ heel pad ရဲ့ ထူထဲမှုလျော့ပါးလာခြင်းကြောင့်ဖြစ်နိုင်ပါတယ်။
Tarsal tunnel syndrome : ဒီအခြေအနေက tibial nerve ခြေချင်းဝတ်က ဖြတ်သွားတဲ့အခါ အာရုံကြောကို ဖိမိခြင်းကြောင့် ဖြစ်လာပြီး Tinel’s sign ကို ဖြစ်ပေါ်စေပါတယ်။ ဒီရောဂါဖြစ်တဲ့အခါ ခြေဖဝါးအောက် တဆစ်ဆစ်ဖြစ်ခြင်း သို့ ပူခြင်းအပြင် တစ်ခါတစ်ရံ ခြေထောက်အောက်မှာ လွတ်နေသကဲ့သို့ ခံစားရနိုင်ပါတယ်။
Severs disease : ဒီအခြေအနေကတော့ ဖနောင့်ရိုးအစိတ်အပိုင်းတစ်ခု ယာယီသွေးမရရှိတဲ့အခါမှာ ဖြစ်တတ်ပါတယ်။ အသက် ၈နှစ်ကနေ၂၅နှစ်လူငယ်တွေမှာ တွေ့ရတတ်ပါတယ်။
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
အိမ်မှာ ဖနောင့်နာခြင်းဖြစ်တဲ့အခါအနာသက်သာအောင်လုပ်နိုင်တဲ့နည်းတွေရှိပါတယ်။ဥပမာ ခန္ဒါကိုယ်အား အတတ်နိုင်ဆုံးအနားပေးခြင်း၊အနာသက်သာအောင် ရေခဲကပ်ပေးခြင်း၊OTC အနာသက်သာဆေးတွေသုံးခြင်း၊သင့်တော်တဲ့ ဖိနပ်များစီးခြင်း၊အိပ်နေစဉ် ဖနောင့်အား ညပတ်တီးစီးထားပေးခြင်း တို့ဖြစ်ပါတယ်။
အခြေအနေပိုဆိုးလာလျှင် ဆရာဝန်နဲ့ အမြန်ဆုံးသွားပြသင့်ပါတယ်။ ဆရာဝန်က အသုံးဝင်ပြီး သင့်တော်တဲ့ ကုသမှုတွေ ပေးပါလိမ့်မယ်။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။
Dr. K Zin Thwe
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။