backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Shin Splints ( ညှို့သကျည်းနာကျင်ခြင်း )

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Thin Myat Sandi Cho မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Shin Splints ( ညှို့သကျည်းနာကျင်ခြင်း ) ကဘာလဲ။

ညှို့သကျည်းမှာ နာကျင်မှုခံစားနေရခြင်းဖြစ်ပါတယ်။ ညှို့သကျည်းက ခြေထောက်အရှေ့ပိုင်းမှာရှိတဲ့ ကြီးမားတဲ့အရိုးဖြစ်ပါတယ်။ အတွင်းဘက်ညှို့သကျည်းဖိအားများမှုရောဂါစုလို့လည်း ခေါ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုအသင့်အတင့်ကနေ ပြင်းပြင်းထန်ထန်လုပ်တဲ့လူတွေမှာ ဖြစ်နိုင်ပါတယ်။ ဖြစ်နေိုင်ချေတေါက ပြင်းထန်တဲ့ကိုယ်လက်လှုပ်ရှားမှုအစီအစဉ်တွေမှာ ပါဝင်နေရင်၊ တင်းနစ်၊ ရက်ကက်ဘော၊ ဘောလုံး၊ ဘက်စကက်ဘောစတဲ့အားကစားတွေမှာပါဝင်နေမယ်ဆိုရင် ဖြစ်နိုင်ချေများပါတယ်။ အချို့အခြအနေတွေမှာ လှုပ်ရှားမှုကိုရပ်လိုက်ရတဲံအထိ နာကျင်မှုကပြင်းထန်နိုင်ပါတယ်။

ဖိအားကြောင့်ဖြစ်တဲ့ပြဿနာဖြစ်ပါတယ်။ နေ့စဉ်လှုပ်ရှားမှုထပ်ခါထပ်ခါပြုလုပ်ခြင်းက ခြေထောက်အရိုး၊ ကြွက်သသားနဲ့ အဆစ်တွေကိုဖိအားဖြစ်စေပါတယ်။ သင့်ခန္ဓါကိုယ်ကို သဘာဝအတိုင်းပြုပြင်ထိန်းသိမ်းပေးနိုင်စွမ်းကို တားမြစ်ပါတယ်။

Shin Splints ( ညှို့သကျည်းနာကျင်ခြင်း ) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Shin Splints ( ညှို့သကျည်းနာကျင်ခြင်း ) ရဲ့လက္ခဏာတွေကဘာတွေလဲ

ညှို့သကျည်းနာကျင်ခြင်း ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့-

  • ခြေထောက်အရှေ့ဘက်မှာ ကိုက်ခဲနာကျင်နေခြင်း
  • ကိုယ်လက်လှုပ်ရှားပြုနေဏသ်အတွင်း နာကျင်မှုခံစားရခြငး
  • ကြွက်သားနာကျင်ခြင်း
  • ညှို့သကျည်းတစ်ဖက်တစ်ချက်နာကျင်ခြင်း
  • ခြေထောက်အတွင်းပိုင်းတစလျှောက်နာကျင်ခြင်း
  • ခြေထောက်အတွင်းပိုင်းတစ်လျှောက်တင်းခြင်း အနာဖြစ်နေခြင်း
  • ခြေထောက်ရောင်နေခြင်း ( မဆိုသလောက်ရေင်နေခြင်းဖြစ်ပါတယ။်)
  • ခြေထောက်ထုံခြင်း၊ အားနည်းခြင်း

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။

ချော်လဲပြီးနောက်ပိုင်း မတော်တဆဖြစ်ပြီးနောက်ပိုင်း ညှို့သကျည်းနာကျင်ခြင်း

  • ညှို့သကျည်းပူလောင်နေခြင်း
  • ရေင်ရမ်းနေခြင်း
  • ဖောရောင်နေခြင်း
  • အနားယူချိန်မှာတောင် ညှို့သကျည်းနာကျင်နေခြင်း

အကြောင်းရင်းများ

Shin Splints ( ညှို့သကျည်းနာကျင်ခြင်း ) ကိုဘာတွေကဖြစ်စေသလဲ

ညှို့သကျည်းနဲ့ညှို့သကျည်းကိုတွယ်ဆက်ထားတဲ့ ပတ်ပတ်လည်ကြွက်သားတွေအပေါ် ဖိအားအများကြီးသက်ရောက်မှုနဲ့ ဆက်နွှယ်နေပါတယ်။ ကြွက်သားတွေရောင်ရမ်းပြီး အရိုးအပေါ်ဖိအားများရာကနေ နာကျင်မငနဲရောင်ရမ်းမှုတွေဖြစ်စေပါတယ်။

အရိုးကျိုးခြင်းကိုဖြစ်စေတဲ့ဖိအားသက်ရောက်မှုတွေကလည်း ဒီပြဿနာရဲ့အကြောငင်းရင်းဖြစ်နိုင်ပါတယ်။ ခန~ဓါကိုယ်က အနားယူဖို့အချိန်လေုံလုံလောက်လောက်ပေးတဲ့အခါမှာ အရိုးအပိုင်းအစတွေကိုပြန်လည်ပြုပြင်ပေးပါတယ်။ အနားမပေးဘူးဆိုရငတော့ အရိုးအပိုင်းအစတွေကနေ အရိုးတစ်ချောင်းလုံးကျိုးတဲ့အထိဖြစ်သွားနိုင်ပါတယ်။

နောက်ထပ်အကြာင်းရင်းများ

  • ခြေထောက်ပုံစံမမှန်ခြင်း( ခြေထောက်ပြားခြင်း)
  • ပေါင်ကြွက်သားများ တင်ပါးကြွက်သားများအားနည်းခြင်း
  • ပျော့ပျောင်းမှုမရှိခြင်း
  • ထရိန်နင်နည်းလမ်းများမမှန်ခြင်း

ဖြစ်နိုင်ခြေများ

Shin Splints ( ညှို့သကျည်းနာကျင်ခြင်း ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

  • အပြေးသမားများအထူးသဖြင့် စပြေးစအပြေးသမားများ
  • ကိုယ်လက်လှုပ်ရှားမှုအချိန်ကာလ၊ ကြိမ်နှုန်းနဲ့ပြင်းအားကို ရုတ်တရက်တိုးလိုက်ခြင်း
  • တောင်ကုန်း၊ မြေမာမာကွန်ကရစ်လိုမျိုး မြေမာမာတွေမှာ မညီညာတဲ့နေရာတွေတောင်ကုန်းလိုမျိုး စတာတွေမှာပြေးခြင်း
  • စစ်တပ်ထရိန်နင်ဆင်းနေရခြင်း
  • ခြေခုံပြားခြင်း၊ ခြေခုံမြင့်လွန်းခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Shin Splints ( ညှို့သကျည်းနာကျင်ခြင်း ) ကို ဘယ်လိုအတည်ပြုပါသလဲ

သင့်ကျန်းမာရေးရာဇဝင်နဲ့ ကိုယ်ခန္ဒါစစ်ဆေးစမ်းသပမှုတွေအပေါ်မှာ အခြေခံပြီး အတည်ပြုလေ့ရှိပါတယ်။

အိက်စ်ရေးနြ့အခြားပုံရိပ်ဖော်နည်းလမ်းတွေကလေည်း ဖိအားများအရိုးကျိုးခြင်းလိုမျိုး နာကျင်မှုရဲ့အခြားဖြစ်နိုင်ချေကြောင်းရင်းတွေကို ရျာပေးနိုင်ပါတယ်။

Shin Splints ( ညှို့သကျည်းနာကျင်ခြင်း ) ကို ဘယ်လိုကုသပါသလဲ

ခန္ဓါကိုယ်ကိုအနားပေးခြင်း

နာကျင်မှုနဲ့ရောင်ရမ်းမှုကိုသက်သာစေဖို့ ညှိုပသကျည်းပေါ်ရေခဲကပ်ပေးခြင်း (နှစ်ရက်သုံးရက်လောက် ဒါမှမဟုတ် အနာသက်သာသွားတဲ့အထိ ၃နာရီ၄နာရီခြားတစ်ခါ မိနစ်၂၀-၃၀ကြာကပ်ပေးရမှာဖြစ်ပါတယ်။)

ေရောင်ရမးခြင်းကိုသက်သာစေတဲ့အကိုက်အခဲပျောက်ဆေးများ မှီဝဲပါ။ ဆရာဝန်ကမညွှန်ကြးသေးဘူးဆိုရင် ရံဖန်ရံခါမှာသာအသုံးပြုသင့်ပါတယ။

ဖိနပ်ခံအသုံးပြုခြင်း

ရွေ့လျားမှုကိုယ်လက်လှုပ်ရှားမှုများ အကန့်အသတ်နဲ့ဆောင်ရွက်ခြင်း

ခြေထောက်နွေးထွေးဖို့ ခြေအိတ်အသုံးပြုခြင်း

နောက်ကျောသို့ခြေထောက်ကိုပြဿနာပေးရတဲ့အကြောင်းရင်းကိုရှာပြိး ကုသမှုခံယူခြင်းဒါမှမဟုတ် ခြေထောက်နာကျင်မှုကိုဖြစ်စေတဲ့ပြေးခြင်းနည်းလမ်းမှန်မမှန်ကို သုံးသပ်ပြီး ကုသမှုခံယူခြင်း

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကShin Splints ( ညှို့သကျည်းနာကျင်ခြင်း )ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့်Shin Splints ( ညှို့သကျည်းနာကျင်ခြင်း )

ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

လှုပ်ရှားမှုကို ခွဲခြမ်းစိတ်ဖြာခြင်း- သင့်ပြေးခြင်းနည်းလမ်းကို ဗီဒီရိုရိုက်ကြည့်ခြင်းက ခြေထောက်နာကျင်ခြင်းကိုဖြစ်စေတဲ့ လှုပ်ရှားမှုအမျိုးမျိုးကို အတည်ပြုဖို့အကူအညီပေးနိုင်ပါတယ်။ အများစုမျာ ပြေးခြင်နည်းလမ်းနည်းနည်းလေးပြောင်းလိုက်ခြင်းက ဖြစ်နိုင်ချေကိုနည်းစေပါတယ်။

ဖိနပ်အံဝင်ခွင်ကျဖြစ်တာမျိုးကိုဝတ်ဆင်ပြီး ရှူးဖိနပ်ဖနောင့်အတွင်းပိုင်းအခံအသုံးပြုခြင်း

မြေမာမာသို့ မြေမညီတဲ့နေရာတွေ ကုန်းစောင်းတွေမှာ ကိုယ်လက်လှုပ်ရှားမှုမျိုးကိုရှောင်ပါ။

ကိုယ်လက်လှုပ်ရျားမှုအပြင်းအဆကို တဖြည်းဖြည်းချင်းတိုးသွားခြင်း

ကိုယ်လက်လှုပ်၇ှာ်းမှုမပြုခင် သွေးပူလေ့ကျင့်ခန်းပြုလုပ်ခြင်း

အကြောလျှော့ခြင်း

ခြေထောက်သန်မာစေတဲ့လေ့ကျင့်ခန်းများပြုလုပ်ခြင်း -ခြေချောင်းလေ့ကျင့်ခနးက ခြေသလုံးကြွက်သားတွေကိုသန်မာစေပါတယ။

နာကျင်မှုဖြစ်နေရင် ကိုယ်လက်လှုပ်ရှားမှုကိုရပ်လိုက်ခြင်း

ခြေဗြောင်ပြေးခြင်း

ခြေထောက်သန်မာစေတဲ့ထရိန်နင်းဆင်းခြင်း- သင့်ခြေသလုံး၊ ခြေချင်းဝတ်၊ တင်ပါးဆုံရိုး၊နဲ့ကိုယ်ထည်သန်မာပြီး ဟန်ချက်ညိစေဖို့ ကိုယ်လက်လှုပ်ရှားမှုတွေပြုလုပ်ပေးခြင်းဖြင့် ပြင်းထန်တဲ့အားကစားတေါအတွက် သင့်ခြေထောက်ကိုပြင်ဆင်ပေးနိုင်ပါတယ်။

ခြေခုံအထောက်အပံ့-ခြေထောက်နာကျင်မှုအထူးသဖြင့် ခြေခုံပြားနေသူတွေမှာ အကူအညီပေးနိုင်ပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Thin Myat Sandi Cho မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement