backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Polymyalgia rheumatica (ပိုလီမိုင်ရယ်လ်ဂျီးရား ရုမတစ်ကာ)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Thin Myat Sandi Cho မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Polymyalgia rheumatica (ပိုလီမိုင်ရယ်လ်ဂျီးရား ရုမတစ်ကာ) ကဘာလဲ။

ကြွက်သားတွေနာကျင်ခြင်းတောင့်တင်းခြင်းကိုဖြစ်စေတဲ့ ရောင်ရမ်းခြင်းရောဂါဖြစ်ပါတယ်။ အထူးသဖြင့် ပခုံးတွေမှာဖြစ်ပါတယ်။ လက္ခဏာတွေက မြန်မြန်ပြလေ့ရြှိပီး မနက်ပိုင်းတွေမှာပိုဆိုးပါတယ်။

Polymyalgia rheumatica (ပိုလီမိုင်ရယ်လ်ဂျီးရား ရုမတစ်ကာ) က ဘယ်လောက်အဖြစ်များသလဲ

အများစုက အသက်၆၅နှစ်အထက်တွေဖြစ်ပါတယ်။ အသက်၅၀အောက်တွေမှာ ဖြစ်တာအလွန်ရှားပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုဖြစ်ပါတယ်။ မြောက်ပိုင်းဥရောပအနွယ်ဝင်တွေနဲ့ စကန်ဒီနေဗီယန်အနွယ်တွေမှာ ပိုဖြစ်ပွားနိုင်ချေများပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Polymyalgia rheumatica (ပိုလီမိုင်ရယ်လ်ဂျီးရား ရုမတစ်ကာ) ရဲ့လက္ခဏာတွေကဘာတွေလဲ

polymyalgia rheumatica ရဲ့ ရောဂါလက္ခဏာတွေကတော့ ခန္ဓါကိုယ်နှစ်ခြမ်းစလုံးမှာ ဖြစ်လေ့ရှိပါတယ်။

ပထမဆုံးလက္ခဏာအနေနဲ့ ပခုံးနာကျင်ခြင်းအောင့်ခြင်း

လည်ပင်၊ လက်မောင်းအထက်ပိုင်း၊ တင်ပါး၊ တင်ပဆုံရိုးနဲ့ ပေါင်နာကျင်ခြင်း အောင့်ခြင်း ကိုက်ခဲခြင်း

သက်ရောက်ခံရတဲ့ ဖြစ်ပွားတဲ့နေရာမှာ တောင့်တင်းခြင်း အထူးသဖြင့်မနက်ပိင်းတွေမှာ ဒါမှမဟုတ် အချိန်အကြာကြီးမလှုပ်ရှားဘဲနေတာမျိုးတွေမှာ ဖြစ်ပါတယ်။

ဖြစ်ပွားတဲ့နေရာမှာ အကန့်အသတ်နဲ့သာလှုပ်ရှားနိုင်ခြင်း

လက်ကောက်ဝတ်၊ တံတောင်ဆစ်နဲ့ဒူးခေါင်းတွေမှာ နာကျင်ခြင်း၊ တောင့်တင်းခြင်း( အဖြစ်တော့နည်းပါတယ်။ )

ပိုပြီးယေဘုယျကျတဲ့လက္ခဏာတွေကတော့

မဆိုသလောက်ဖျားခြင်း

မောပန်းနွမ်းနယ်ခြင်း

နုံးခြင်း

အစားစားလိုစိတ်မရှိခြင်း

မရည်ရွယ်ဘဲ ကိုယ်အလေးချိန်ကျဆင်းခြင်း

စိတ်ဓါတ်ကျခြင်း

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ကိုက်ခဲခြင်းနာကျင်ခြင်း တောင့်တင်းခြင်းတွေခံစားခဲ့ရမယ်ဆိုရင် ပြသသင့်ပါတယ်။

အအိပ်ပျက်မယ်ဆိုရင်

အဝတ်အစားဝတ်ခြင်းလိုမျိုး နေ့စဉ်လှုပ်ရှားမှုတွေကို အနှောင့်အယှက်ဖြစ်နေခေဲ့မယ်ဆိုရင်

အကြောင်းရင်းများ

Polymyalgia rheumatica (ပိုလီမိုင်ရယ်လ်ဂျီးရား ရုမတစ်ကာ) ကိုဘာတွေကဖြစ်စေသလဲ

ဘောကြာင့်ဖြစ်ရတယ်ဆိုတာကို မသိရသေးပါဘူး။ အချို့သောဂျင်းတွေနဲ့ မျိုးရိုးဗီဇပြောင်းလဲမှုတွေက ရောဂါဖြစ်နိုင်ချေကိုများစေပါတယ် ပတ်ဝန်ကျင်အကြောင်းအရာတွေကလည်း ရောဂါကြိးထွားရာမှာ အဓိကကျပါတယ်။ နောက်ပိုင်းအသစ်တွေ့ရှိချက်တွေမှာ စက်ဝန်းအလိုက်ဖြစ်ပြီး ရာသီအလိုက်ဖြစ်တတ်ပါတယ်။ ဗိုင်းရပ်ကူးစက်ပိုးဝြင်ခင်းလိုမျိုး ပတ်ဝန်းကျင်တွန်းအားတွေက ရောဂါကိုဖြစ်စေတယ်လို့အကြံပြုကြပါတယ်။ လက္ခဏာတွေမြန်မြန်ဖြစ်လာခြင်းက ကူးစက်ပိုးကြောင့်ဖြစ်တယ်လို့ ယူဆကြပါတယ်။ တကယ်တမ်းမှာတော့ ဆက်နွှယ်နေတာတော့ မတွေ့သေးပါဘူး။

ဖြစ်နိုင်ခြေများ

Polymyalgia rheumatica (ပိုလီမိုင်ရယ်လ်ဂျီးရား ရုမတစ်ကာ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

အသက်အရွယ်- အသက်ကြီးတဲ့လူတွေမှာ လုံးဝနီးပါးအဖြစ်များပါတယ်။ ပျမ်းမျှအသက်ကတော့ ၇၃နှစ်ဖြစ်ပါတယ်။

အမျိုးသားအမျိုးသမီး- အမျိုးသမီးတွေမှာ ဖြစ်နိုင်ချေနှစ်ဆပိုများပါတယ်။

လူမျိုးနဲ့နေထိုင်ရာဒေသ– မြောက်ပိုင်းဥရောပလူဖြူတွေမှာ အဖြစ်အများဆုံးဖြစ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Polymyalgia rheumatica (ပိုလီမိုင်ရယ်လ်ဂျီးရား ရုမတစ်ကာ) ကို ဘယ်လိုအတည်ပြုပါသလဲ

လူပတ်ရောဂါနဲ့ အဆစ်ရောင်ရောဂါတွေလို ရောင်ရမ်းခြင်းဆိုင်ရာအခြားရောဂါတွေနဲ့ လက္ခဏာတွေကအလားတူနေပါတယ်။ တိကျတဲ့အဖြေရှာအတည်ပြုခြင်းရနိုင်ဖို့ ကိုယ်ခန္ဓါပိုင်းဆိုင်ရာစမ်းသပ်စစ်ဆေးမှုတွေ၊ ရောင်ရမ်းခြင်းနဲ့ သွေးဆိုင်ရာပုံမမှန်ခြင်းများအတွက် မြောက်များလှစွာသော စစ်ဆေးခြင်းများပြုလုပ်ပေးပါလိမ့်မယ်။

သင့်ရဲ့ရွေ့လျားလှုပ်ရှားနိုင်မှုကို အကဲဖြစတ်ဖို့အတွက် လည်ပင်းလက်မောင်းနဲ့ခြေသလုံးတွေကို ဖြည်းညြဖ်းညင်ညင်သာသာရွေ့စေပါလိမ့်မယ်။ ဒီရောဂါရှိနေပြိလို့သံသယရှိလာတဲ့အခါမှာ ခန္ဓါကိုယ်တွင်းရောင်ရမ်းခြင်းလက္ခဏာတွေကို စစ်ဆေးဖို့အတွက် သွေးဖောက်စစ်ခြင်းများကို ပြုလုပ်ရနိုင်ပါတယ်။ သွေးနီဥအနည်ထိုင်နှုန်းနဲ့ ဆီရီအတ်တစ်ပရိုတိန်းပမာဏ ကို တိုင်းတာပေးပါလိမ့်မယ်။ ဒိပမာဏနှစ်ခုအလွန်အမင်းပုံမှန်မဟုတ်ဘဲများနေခြင်းက ရောင်ရမ်းခြင်းရှိနေပြီလို့ ယူဆနိုင်ပါတယ်။

အဆစ်နဲ့တစ်ရှူးတွေမှာ ရောင်ရမ်းခြင်းရှိမရှိစစ်ဆေးဖို့အတွက် အယ်ထရာဆေင်းရိုက်ပေးနိုင်ပါတယ်။ အယ်ထရာဆောင်းက ကြိမ်နှုန်းမြင့်အသံလှိုင်းတွေကိုအသုံးပြုပြီး ခန္ဓါကိုယ်အနှံမှာရှိတဲ့ အစိတ်အပိုင်းတွေကို တိကျတဲ့ပုံရိပ်တွေအဖြစ်ပုံဖော်ပေးပါတယ်။ လက္ခဏာတူတဲ့အခြားအခြေအနေတွေကနေ ခွဲခြားရာမှာအကူအညီပေးနိုင်ပါတယ။်

ဒိရောဂါနဲ့ နားထင်သွေးလွှတ်ကြောရောင်ရမ်းခြင်းက ဆက်နွှယ်နေတာကြောင့် ဆရာဝန်က အသားစနမူနာယူချင်ပါလိမ့်မယ်။ နားထင်နေရာက သွေးလွျှွှ်ကြောတစ်ရှူးနမှုနာသေးသေးလေးဖယ်ထုတ်ခြင်းက အလွန်ရိုးရှင်းပြီးအန္တရာယ်နည်းပါတယ်။ တစ်ရှူးနမူနာကို ဓါတ်ခွဲခန်းကိုပို့ပြိး ရောင်ရမ်းခြင်းလက္ခဏာတေါကို ခွဲခြမ်းစိတ်ဖြာမှာဖြစ်ပါတယ်။ သွေးကြာတွေရောင်ရမ်းခြင်းဖြစ်နေပြီလို့ သံသယရှိတဲ့အခါမှသာလျှင် တစ်ရှူးနမူနာယူဖို့လိုပါတယ်။

နားထင်သွေးလွှတ်ကြောရောင်ခြင်းအတွက် လက္ခဏာများ

နာတာရှည်ခေါင်းကိုက်ခြင်း

အမြင်ဝါးခြင်း နှစ်ထပ်မြင်ခြင်း

အမြင်အာရုံဆုံးရှုံခြင်း

ဦးရေတင်းခြင်း

မေးရိုးနာကျြင်ခင်း

Polymyalgia rheumatica (ပိုလီမိုင်ရယ်လ်ဂျီးရား ရုမတစ်ကာ) ကို ဘယ်လိုကုသပါသလဲ

လက္ခဏာတွေသက်သာစေဖို့အတွက ်ဆေးတွေပါပါတယ်။ မကြာခဏရောဂါပြန်ထခြင်း အဖြစ်များပါတယ်။

  • ကော်တီကိုစတီးရွိုက်

ပရတ်နီဆုန်းလိုမျိုး ကော်တီကိုစတီးရွိုက်သောက်ဆေးပမာဏနည်းနည်းက ကုသရာမှာသုံးလေ့ရှိပါတယ်။ ကုသမှုအစပိုင်းနေ့စဉ်ပမာဏကတော့ ၁၂ကနေ၂၅မိလီဂရမ်တစ်နေ့စာဖြစ်ပါတယ်။

ပထမနှစ်ရက်သုံးရက်အတွင်းမှာ နာကျင်ခြင်းတောင့်တင်းဖြင်း စပြီးသက်သာနိုင်ပါတယ်။ ကုသမှုကမထိရောက်ဘူးဆိုရင် အဆစ်ရောင်အထူးကုဆရာဝန်ဆီ လွှဲပေးပါလိမ့်မယ်။

ကုသမှုစပြီး နှစ်ပတ်ကနေလေးပတ်ကြာပြီးနောက် သင့်လက္ခဏာနဲ့ သွေးစစ်တဲ့အဖြေပေါ်မူတည်ပြီး ဆေးပမာဏကိုဖြည်းဖြည်းချင်းလျှော့ပေးပါလိမ့်မယ်။ လက္ခဏာတွေ နောက်ထပ်ပြန်ပေါ်ခြင်းမရှိဘဲ ဆေးပမာဏကိုနည်းနိုင်သမျှနည်းစေနိုင်ဖို့ ဖြစ်ပါတယ်။

လူနာအများစုမှာ ကော်တီကိုစတီးရွိုက်ကုသမှုကု အနည်းဆုံးတစ်နှစ်ဆက်ပေးဖို့လိုပါတယ်။ ကုသမှုထိရောက်မရောက်၊ ဘေးထွက်ဆိုးကျိုးတွေရှိနေမနေ စောင့်ကြည့်နိုင်ဖို့ ဆရာဝန်နဲ့မကြာခဏပြသဖို့ လိုပါလိမ့်မယ်။

ဆေးကိုမြန်မြန်လျှော့ချလိုက်ခြင်းက ရောဂါပြန်ထစေပါတယ်။ လူနာ၃၀ကနေ၆၀ရာနှုန်းမှာ ကော်တီကိုစတီးရွိုက်လျှော့ချပြိး ရောဂါအနည်းဆုံးတစ်ကြိမ်ပြန်ထနိုင်ပါတယ်။ ယာယီဆေးပမာဏတိုးပေးခြင်းဖြင့် ရောဂါပြန်ထခြင်းကိုကုသနိုင်ပြီး နောက်ပြန်လျှော့ချသွားရမှာစြဖ်ပါတယ်။

  • ဘေးထွက်ဆိုးကျိုးများကို စောင့်ကြည့်ခြင်း

ကော်တီကိုစတီးရွိုက်ရေရှည်အကြာကြီးစွဲသုံးခြင်းက ပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုးများစွာကို ဖြစ်စေပါတယ်။ ဆရာဝန်က သင့်ပြဿနာတွေအတွက် အနီးကပ်စောင့်ကြည့်ပေးပါလိမ့်မယ်။ ဆေးပမာဏကိုချိန်ညှိပေးပြီး ကော်တီကိုစတီးရွိုက်ကုသမှုအပေါ်တုန့်ပြန့်မှုတွေကို ကွပ်ကဲနိုင်တဲ့ကုသမှုတွေကို ညွှန်ကြားပါလိမ့်ယမ။် ဖြစ်နိုင်တဲ့ဘေးထွက်ဆိုးကျိုးတွေကတော့

ကိုယ်အလေးချိန်တက်ခြင်း

အရိုးပါးခြင်း- အရိုးသိပ်သည်းဆနည်းခြင်း၊ အရိုးအားနည်းခြင်း

သွေးတိုးခြင်း

ဆီးချို

မျက်လုံးတိမ်စွဲခြင်း

  • ကယ်ဆီယမ်နဲ့ဗီတာမင်ဒီဖြည့်စွက်စာများ

ဆရာဝန်က ကော်တီကိုစတီးရွိုက်ကုသမှုကြောင့်အရိုးပါးခြင်းကို ကာကွယ်ုဖိအတါက ်ကယ်ဆီယမ်နဲ့ဗီတာမင်ဒီဖြည့်စွက်ဆေးများ နေ့စဉ်မှီဝဲဖို့ညွှန်းပါလိမ့်ယ် အမေရိကန်အဆစ်အမြစ်ရောင်အဖွဲ့အစည်းက ကော်တီကိုစတီးရွိုက် မှီဝဲနေရသူများအတွကိ နေ့စဉ်ဆေးပမာဏကို သတ်မှတ်ပေးထားပါတယ်။

ကယ်ဆီယမ် ၁၂၀၀မှ ၁၅၀၀မီလီဂရမ်

ဗီတာမင်ဒီ ၈၀၀မှ ၁၀၀၀ အိုင်ယူ

အဆုတ်ရောင်ကာကွယ်ဆေးထိုးခြင်း

ပရတ်နီဆိုလုန်း တစ်နေ့၂၀မီလီဂရမ်သို့ အထက်ပိုသုံးနေတယ်ဆိုရင် အဆုတရောင်ကာကွယ်ဆေးထုးဖို့ ဆရာဝန်ကညွှန်ကြားပါလမ်မယ်။

  • မတ်သိုထရတ်ဆိတ် (ထရီဇော)

အမေရိကန်နဲ့ဥရောပ အဆစ်အမြစ်ရောင်အဖွဲ့အစည်းက ကော်တီကိုစတီးရွိုက်သုံးပြုလူနာအချို့မှာ မီသိုထရတ်ဆိတ်သုံးဖို့အကြံပြုပါတယ်။ ဒီဆေးက ခုခံအားစနစ်ကိုချပေးတဲ့ သောက်ဆေးဖြစ်ပါတယ်။ ကုသမှုအစပိင်းမှာသို့ နောက်ပိုင်းမှာအသုံးဝင်ပါတယ်။ ရောဂါပြန်ထတာမျိုး သို မဟုတ့် ကော်တီကိုစတီးရွိုက်ဆေးမတိုးတာမျိုးတွေမှာ ဖြစ်ပါတယ်။

  • ကိုယ်လက်လှုပ်ရှားမှုဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာကုထုံးများ

ကိုယ်လက်လှုပ်ရှားမှုကောင်းကောင်းမလုပ်နိုင်တော့တဲ့အခါမှာ ရုပ်ပိုင်းဆိုင်ရာကုထုံးတွေက ကောင်းကျိုးရနိုင်ပါတယ်။ နေ့စဉ်အလုပ်တွေကိုဆောင်ရွက်နိုင်စွမ်း၊ သန်မာခြင်းနဲ့ ဆီလျော်အောင်လုပ်ဆောင်နုငိငြခ်းကု ပြန်ရဖို့ကြိုစားနေမယ်ဆိုရင် ရုပ်ပိုင်းဆိုင်ရာကုထုံးက ကောင်းမကောင်းသင့်တော်မတော် ဆရာဝန်နဲပဆွေးနွေးတိုင်ပင်သင့်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက polymyalgia rheumatica ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် polymyalgia rheumatica ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

ကျန်းမာရေးနဲ့ညီညွှတ်စွာစားသောက်ခြင်း- အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များ၊ ကောက်နှံစစ်စစ်များ၊ အဆီမပါတဲ့အသားနဲ့ နှိ့ထွက်ပစ္စည်းတွေကို စားပါ။ အရည်ပုံခြင်းနဲ့သွေးုတိုးခြင်းကိုကာကွယ်ဖို့အတွက် ဆားလျှော့စားပါ။

လေ့က်ျငခန်းပုံမှန်ပြုလုပ်ပါ။ ကျနးမာတဲ့ကိုယ်အေလးချိန်ကိုထိန်းနိုင်ဖို့နဲ့ အရိုးနဲ့ကြွက်သားတွေကိုနသန်မာဖို့အတွက ် လေ့ကျင့်ခန်းနဲ့ပတ်သက်ပြီး ဆရာဝန်နဲပတုင်ပင်ပါ။

အထောက်အပံ့ပေးကိရိယာများ အသု့းပြုခြင်း – ဘီးပါတဲ့ခရီးဆောင်အိတ်၊ ပစ္စည်းတင်တွန်းလှည်း၊ ရေချိုးခန်းအကိုင်တန်းတွေနဲ့ အခြားအကူပစ္စည်းကိရိယာတွေက နေ့စဉ်တာဝန်တွေကို ပိုမိုလွယ်ကူစေပါလိမ့်မယ်။ ခွာနိမ့်ဖိနပ်အပါးလိုမျိုး လဲကျနိုင်ချေနည်းစေတာမျိုးကို ရွေးချယ်ပါ။ တောင်ဝှေး သို့အခြားသောလမ်းလျှောက်အကူပစ္စည်းတွေက မလဲကျသွားအောင်း မထိခိုက်အော်ငကာကွယ်ဖိုပအတွက် သင့်တော်မတော် ဆရာဝန်နဲ့တိုင်ပင်ပါ။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Thin Myat Sandi Cho မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement