backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

1

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Osgood-Schlatter Disease (အဆစ်နာရောဂါ)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Kaung Thar မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Osgood-Schlatter Disease (အဆစ်နာရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Osgood-Schlatter Disease (အဆစ်နာရောဂါ) ကဘာလဲ။

အဆစ်နာခြင်းဟာ ဖြစ်စေတဲ့ အကြောင်းရင်းများစွာရှိပြီး အဖြစ်များတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ များသောအားဖြင့်ထိခိုက်ဒဏ်ရာ နဲ့ အဆစ်ရောင်ရောဂါရဲ့ လက္ခဏာအနေနဲ့ဖြစ်တတ်ပါတယ်။ အဖြစ်များသော အဆစ်နာရခြင်းအကြောင်းရင်းများကို အောက်တွင် ဖော်ပြထားပါသည်။

Osgood-Schlatter Disease (အဆစ်နာရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

သက်ကြီးရွယ်အိုတွေမှာ အဆစ်နာခြင်းတဖြည်းဖြည်းဆိုးလာရခြင်းဟာ osteoarthritis လို့ခေါ်တဲ့ အဆစ်အမြစ်ရောင်ရောဂါ၏ လက္ခဏာတစ်ခု ဖြစ်ပါတယ်။ Osteoarthritis ဟာ UK မှာ အဖြစ်များဆုံးအဆစ်ရောင်ရောဂါတစ်မျိုးဖြစ်ပါတယ်။ အဆစ်တစ်နေရာ (သို့) တစ်နေရာထက်ပိုပြီး ထိခိုက်နိုင်ပါတယ်။

လက္ခဏာများ

Osgood-Schlatter Disease (အဆစ်နာရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

အရိုးအဆစ်ရောင် ရောဂါကြောင့် နာကျင်မှု၊တောင့်တင်းမှုတွေ ဖြစ်စေနိုင်ပါတယ် ဘာကြောင့်လဲဆိုတော့ အရိုးရဲ့ အပေါ်ရံ အကာကို ထိခိုက်စေပြီး အဆစ်တစ်ဝိုက်နဲ့ အတွင်းပိုင်းမှာရှိတဲ့ တစ်ရှူးတွေကို ရောင်စေသောကြောင့်ဖြစ်တယ်။

တစ်ခါတလေ လူငယ်တွေမှာလဲ ဖြစ်တတ်ပါတယ်။ အထူသဖြင့် အဝလွန်သူ ၊ ယခင်က အဆစ်မှာ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရဖူးသူ လူငယ်တွေမှာဖြစ်တတ်ပါတယ်။

အဆစ်ကိုကာထားသော တစ်ရှူးအလွှာရောင်ခြင်း

တကယ်လို့ မကြာသေးခင်ကအဆစ်တွေထိခိုက်ထားပြီး ရုတ်တရက် ပြန်နာလာလျှင် ဖြစ်နိုင်ချေရှိတာက traumatic synovitis လို့ခေါ်တဲ့ အဆစ် နဲ့အရွတ် တွေ မှာကာထားတဲ့ တစ်ရှူးအလွှာတွေရောင်ခြင်းကြောင့် ဖြစ်ပါတယ်။ နီခြင်း၊ ပူခြင်းတော့ မရှိတတ်ပါ။

ဂေါက် (သို့ )ဂေါက်နဲ့ဆင်တူသောရောဂါ

တကယ်လို့ အဆစ်အပေါ်က အရေပြား ပူပြီးနီလာမယ်၊နာကျင်တာလဲ ခဏခဏပိုဆိုးလာမယ်ဆိုလျှင် ဖြစ်နိုင်ချေများတာက ဂေါက် (သို)့ ဂေါက်နဲ့ဆင်တူသော အဆစ်ရောင်ရောဂါတစ်မျိုးကြောင့်ဖြစ်ပါတယ်။ ဂေါက်ဆိုတာ uric acid (စွန့်ထုတ်ပစ္စည်းတစ်မျိုး)တွေ ခန္ဓါကိုယ်မှာ စုပုံလာခြင်းကြောင့်ဖြစ်တဲ့ ရောဂါတစ်ခုပါ။ uric acid တွေ ထုတ်လုပ်မှုများနေရင် (သို့) ကျောက်ကပ်က ကောင်းကောင်းမစွန့်ထုတ်နိုင်တော့ရင် ခန္ဓါကိုယ်မှာ စုပုံလာပါတယ်။

Uric acid တွေများလာတဲ့ အခါ အဆစ်တွေထဲမှာ ပုံဆောင်ခဲတွေဖြစ်လာပါတယ်။၎င်း ပုံဆောင်ခဲတွေက အဆစ်တွေကို ရောင်စေပြီး ပိုပြီးနာကျင်လာစေတယ်။ သင်ဟာ ကောင်းစွာ လှုပ်ရှားမှုမပြုနိုင်တော့ပဲ ဖျားလဲဖျားနိုင်ပါတယ်။

ဂေါက်ဟာ အများအားဖြင့် တခြားအဆစ်တွေကိုမထိခိုက်ခင်မှာ ခြေမကို အရင်ထိခိုက်တတ်ပါတယ်။ ဂေါက်ရောဂါကို မှန်ကန်စွာအဖြေရှာဖို့ အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ကုသမှုခံယူလျှင် နောက်ပိုင်း အဆစ်တွေနာခြင်းနဲ့ မလှုပ်ရှားနိုင်ခြင်းတို့ကို ကာကွယ်နိုင်ပါသောကြောင့်ဖြစ်တယ်။

ဂေါက်နဲ့ဆင်တူသောရောဂါ (pseudogout) ဟာ ဂေါက်ရောဂါ နဲ့အခြေအနေခြင်း တူပါတယ်။ သူ့မှာလည်း ကယ်လ်စီယမ်ပုံဆောင်ခဲတွေက အဆစ်အတွင်းနဲ့ပတ်လည်မှာ အနည်ထိုင်ပါတယ်။ မတူတာက pseudogout က ဒူးဆစ်ကို အရင်ထိပါတယ်။

ဒူးဆစ်ကာအရိုး အနောက်ဘက် အရိုးနုတွေ ထိခိုက်ခြင်း

အတက်အဆင်းလုပ်လျှင် ဒူးနာတာ ပိုဆိုးလာခြင်းဟာ chrodromalacia patellae လို့ခေါ်တဲ့ ဒူးဆစ်ကာအရိုး ထိခိုက်ခြင်းကြောင့်ဖြစ်ပါတယ်။ သူလည်း နီခြင်း ပူခြင်းတို့ မဖြစ်စေပါဘူး။

အကြောင်းရင်းကို သေချာမသိရသော်လည်း ဒူးကို အလွန်အကျွံအသုံးပြုခြင်းနဲ့ ဆက်စပ်နိုင်ပါတယ်။

ဒီပြဿနာကို အရောင်ကျဆေး၊ ရေခဲအုပ်ခြင်းနှင့် အနားယူခြင်းတို့ဖြင့် ဖြေရှင်းလို့ရပါတယ်။

အဆစ်တွေကြား သွေးယိုခြင်း

တကယ်လို့ မကြာသေးခင်က အရွတ်ပြဲခြင်း၊ဒူးခေါင်းရိုးကျိုးခြင်းကဲ့သို့သော ဒူးခေါင်းကို ထိခိုက်ဒဏ်ရာဖြစ်ထားလျှင် ဒူးဆစ်တွေကြား သွေးထွက်တာကို ဖြစ်စေပါတယ်။ အဲ့ဒါကို haemarthrosis လို့ ခေါ်ပါတယ်။

Warfarin လိုမျိုး သွေးကျဲဆေးသုံးတဲ့ သူတွေမှာ ပိုဖြစ်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

Haemarthrosis ရဲ့ လက္ခဏာတွေဟာ ဒူးရောင်ခြင်း၊ ပူခြင်း၊ တောင့်ခြင်း နှင့် သွေးခြေဥခြင်းတို့ဖြစ်ပြီး ထိခိုက်ပြီးပြီးချင်း ပေါ်လာတတ်ပါတယ်။

ဒူးရောင်နေလျှင် ဆေးရုံကို ချက်ချင်းသွားပြီး ကုသမှု ခံယူသင့်ပါတယ်။

အကြောင်းရင်းများ

Osgood-Schlatter Disease (အဆစ်နာရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

အောက်ပါ အကြောင်းရင်းများကြောင့် ရုတ်တရက် ဒူးနာခြင်းကို ဖြစ်စေသော်လည်း အဖြစ်နည်းပါတယ်။

  • ကျိုးခြင်း (လက်၊ လက်ကောက်ဝတ်၊ ခြေထောက်၊ ခြေချင်းဝတ်၊ ပေါင် ရိုး ကျိုးခြင်းအကြောင်းများကို ဖတ်ရှုပါ။)
  • Reactive arthritis _ ကူးစက်ရောဂါတစ်ခုဖြစ်ပြီး နောက်မှာ ပါလာတတ်သော လူငယ်တွေမှာ အဖြစ်များသော အဆစ်ရောင်ရောဂါတစ်မျိုး
  • Psoriatic arthritis – ဆိုရီရေးစစ် ဖြစ်တဲ့ လူ ငါးယောက်မှာ တစ်ယောက်ဖြစ်တဲ့ အဆစ်ရောင်ရောဂါမျိုးဖြစ်ပါတယ်။
  • သွေးလေးဖက်နာ – နာလိုက် ပျောက်လိုက်နဲ့ အဆစ်တစ်ခုထဲမှာသာ စဖြစ်တတ်ပါတယ်။
  • Osgood-Schlatter’s disease ( ဒူးခေါင်းအောက်က အရိုးဖုမှာ ရောင်ပြီး နာခြင်း)
  • Septic arthritis -သွေးထဲမှ ဘတ်တီးရီးယားပိုးများ အဆစ်ထဲဝင်ရောက်ကာ ရောင်ရမ်းနာကျင်စေသော ရောဂါတစ်မျိုးဖြစ်တယ်။ ဆိုးဝါးသောရောဂါတစ်ခုဖြစ်ပြီး လှုပ်လို့မရအောင် နာခြင်း၊ပူခြင်း၊ရောင်ခြင်း တစ်ခါတစ်ရံ ဖျားခြင်းပါဖြစ်သည်။ ထိုအခြေအနေဖြစ်လာပါက ဆရာဝန်(သို့) အရေးပေါ်ဆေးရုံသို့ ချက်ချင်းသွားပြပါ။

Risk factors

ငါ့ဆီမှာ Osgood-Schlatter Disease (အဆစ်နာရောဂါ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

  • Haemophilia – သွေးခဲမှုကို သက်ရောက်မှုရှိသည့် မွေးရာပါရောဂါ
  • အပူပိုင်းဒေသမှာ ဖြစ်တဲ့ ကူးစက်ရောဂါ
  • ကင်ဆာ
  • အရိုးကြေခြင်း (avascular necrosis) – သွေးရောက်မှုမရှိခြင်းကြောင့် ဖြစ်တတ်သည်။
  • မကြာခဏ အဆစ်လွဲခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Osgood-Schlatter Disease (အဆစ်နာရောဂါ) ကို ဘယ်လိုကုသပါသလဲ

  • ဆိုးဝါးသောရောဂါတစ်ခုဖြစ်ပြီး လှုပ်လို့မရအောင် နာခြင်း၊ပူခြင်း၊ရောင်ခြင်း တစ်ခါတစ်ရံ ဖျားခြင်းပါဖြစ်သည်။ ထိုအခြေအနေဖြစ်လာပါက ဆရာဝန်(သို့) အရေးပေါ်ဆေးရုံသို့ ချက်ချင်းသွားပြပါ။

Hello Health Group သည်ဆေးပညာအကြံပေးခြင်း၊ ရောဂါရှာဖွေခြင်းနှင့်ကုသပေးခြင်းများမပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Kaung Thar မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement