ကလေးတွေမှာ အဓိကဖြစ်တတ်ပြီး သေဆုံးနိုင်ခြေရှိတဲ့ ရောဂါဖြစ်ပါတယ်။ အသက်ရှူလမ်းကြောင်းကို အဓိက ဒုက္ခပေးပေမယ့် နှလုံး၊ ကျောက်ကပ်နဲ့ အာရုံကြောတွေကိုပါ ထိခိုက်စေနိုင်ပါတယ်။
လက္ခဏာများ
လေထဲကနေကူးစက်နိုင်တဲ့ ရောဂါပိုးတွေ ဝင်ရောက်လာပြီးရင် အောက်ပါလက္ခဏာတွေ တွေ့ရနိုင်ပါတယ်။
– ချောင်းဆိုးခြင်း
– လည်ချောင်းနာခြင်း
– နှာစေးခြင်း၊ နှာပိတ်ခြင်း၊ နှာရည်ကျခြင်း
– အကျိတ်များရောင်ခြင်း
– ခေါင်းကိုက်ခြင်း၊ တကိုယ်လုံးကိုက်ခဲခြင်း
– ဖျားခြင်း
– အစားပျက်ခြင်း
– အားအင်ကုန်ခမ်းခြင်း
အဆိုပါလက္ခဏာတွေဟာ ယေဘုယျတွေ့ရတတ်တဲ့ လက္ခဏာတွေဖြစ်ပြီး ရောဂါအလိုက်ကွာခြားတဲ့ လက္ခဏာတွေ ရှိပါသေးတယ်။ ဥပမာ ဝက်သက်ဆိုရင် တစ်ကိုယ်လုံးမှာ အနီစက်တွေ ထွက်လာတတ်ပါတယ်။ အဆုတ်တီဘီဆိုရင် ချောင်းဆိုးသွေးပါခြင်း ကြုံနိုင်ပါတယ်။ ဆုံဆို့နာဆိုရင် အသက်ရှူရကြပ်တဲ့အထိ လည်ချောင်းရောင်နေတတ်ပါတယ်။
ဘယ်လိုကာကွယ်မလဲ
လေထဲကနေကူးစက်နိုင်တဲ့ ရောဂါပိုးမွှားတွေကို ကာကွယ်နိုင်ဖို့အတွက် ရောဂါလက္ခဏာရှိသူတွေနဲ့ နီးကပ်စွာနေခြင်းကနေ ရှောင်ကြဉ်ရပါမယ်။ မိမိနေထိုင်မကောင်းဖြစ်ခဲ့ရင် အိမ်မှာပဲ နေသင့်ပါတယ်။ အိပ်ရေးပျက်ခြင်း၊ အစားပျက်ခြင်းတွေကြောင့် ကိုယ်ခံအားနည်းပါးနေချိန်မှာ လူစုလူဝေးကို ရှောင်ကြဉ်ရပါမယ်။ မလွှဲသာမရှောင်သာသွားလာရရင်လည်း နှာခေါင်းစည်းတပ်ဆင်ရပါမယ်။ နှာချေချောင်းဆိုးတဲ့အခါ နှာခေါင်းနဲ့ပါးစပ်ကို ဖုံးကွယ်ထားရပါမယ်။ လက်ကို ဆပ်ပြာနဲ့ မကြာခဏဆေးကြောရပါမယ်။ ကလေးများကို ကာကွယ်ဆေးထိုးပေးရပါမယ်။
နေထိုင်မကောင်းဖြစ်လာချိန်မှာ ကိုယ်ခံအားတက်အောင် နေထိုင်ရပါမယ်။ ဗီတာမင် C သုံးစွဲပြီး စွပ်ပြုတ်ရည် ဓာတ်ဆားအပါအဝင် အရည်ဓာတ်လုံလောက်စွာ သောက်သုံးရပါမယ်။ ဆရာဝန်ညွှန်ကြားတဲ့ဆေးဝါးများကို အတိအကျသောက်သုံးသင့်ပါတယ်။