လည်ပင်းကိုဆတ်ကနဲလှည့်လိုက်တာကြောင့်လည်းကောင်း၊ အားကစားလုပ်ခြင်းကြောင့်လည်းကောင်း၊ မတော်တဆတွေကြောင့်လည်းကောင်း ဇက်နာနိုင်ပါတယ်။ အားကစားကြောင့် လည်ပင်းရှိ အာရုံကြောများ ထိခိုက်ခံရပြီး လည်ပင်း၊ လက်နဲ့ ပခုံးတို့မှာ နာကျင်ခြင်း၊ ထုံခြင်း၊ အားနည်းခြင်းတို့ ခံစားရနိုင်ပါတယ်။
မတော်တဆမှုတွေကြောင့် လည်ပင်းရှေ့သို့၊နောက်သို့ ၊ ဘေးသို့ တွန်းခံ၊ဆွဲခံလိုက်ရနိုင်ပါတယ်။ ဇက်ကို ဆွဲဆန့်လိုက်သလိုဖြစ်သွားပြီး အရွတ်များ ထိခိုက်ဒဏ်ရာ ရသွားပါတယ်။ ဒါကြောင့် ဇက်နာခြင်း၊ ဇက်တောင့်တင်းခြင်းနဲ့ လှုပ်ရှားရခက်ခဲခြင်းတို့ ခံစားလာရနိုင်ပါတယ်။
- နေထိုင်ပုံ ကိုယ်နေကိုယ်ထား မမှန်ကန်ခြင်း
ကိုယ်နေကိုယ်ထား မမှန်ကန်ခြင်းက ဇက်ကြောတက်စေနိုင်ပါတယ်။ အိမ်တို့ အလုပ်တို့မှာ သင်ကိုယ်အနေအထား အမှားဖြင့် နေထိုင်နေနိုင်ပါတယ်။ ခေါင်းကိုရှေ့သို့ စိုက်လိုက်ပြီး ကိုယ်မှာရှိနေတဲ့ ကမ္ဘာဆွဲအားဗဟိုချက်ကို ပြောင်းလဲလိုက်တဲ့ အခါမှာ ခေါင်းကိုထိန်းထားနိုင်ဖို့ ကြွက်သားနဲ့ အရွတ်တို့က ပိုမိုအလုပ်လုပ်ရပါတယ်။
ကွန်ပျူတာရှေ့ထိုင်ခြင်း၊ ဖုန်းသုံးခြင်း၊ တီဗီကြည့်ခြင်း၊ စာအုပ်ဖတ်ခြင်းနှင့် ကားမောင်းခြင်းတို့က မကောင်းတဲ့ ကိုယ်အနေအထားတွေပါ။ ထိုအရာများကို အချိန်ကာလကြာမြင့်စွာ ပြုလုပ်နေမယ်ဆိုရင်တော့ ဇက်ကြောတွေ နာကျင်လာပါလိမ့်မယ်။
- လှုပ်ရှားမှုတစ်ခုတည်းကို ထပ်ခါထပ်ခါ ပြုလုပ်နေရခြင်း
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။