အငန်ကို ထည့်မစဉ်းစားမိတာ
ကိုယ်အလေးချိန်ထိန်းဖို့အတွက် အဆီနဲ့အချိုကိုပဲ အာရုံစိုက်မိနေမယ် ဒါပေမယ့် အငန်ကိုတော့ မေ့မထားသင့်ပါဘူး။ အငန်ဓာတ်များတာတွေစားရင် ရေဓာတ်စုခြင်းကြောင့် ကိုယ်အလေးချိန်ကို တိုးစေပါတယ်။
အဆီလျှော့ အစားအစာ (low- fat) စားတာ
ဝိတ်မတက်အောင်လို့ အဆီလျှော့ အစားအစာ (low- fat) တွေတော့ ရွေးပြီးစားတာပဲ။ အဆီနည်းတယ်ဆိုပြီး ပိုစားမိရင် ပြဿနာရှိပါတယ်။ ဒါ့အပြင် မုန့်ထုတ်လုပ်တဲ့ကုမ္ပဏီတချို့က အဆီလျှော့ထားပေမယ့် စားရတာ အချိုနဲ့ ဖြည့်စွက်အရသာတွေ အပြည့်ထည့်သွင်းထားတယ်၊ ကိုယ်က မတင်းတိမ်လို့ ပိုစားမိတယ်၊ ထပ်စားချင်မယ်။ မတွက်ချက်ဘဲ စားတဲ့အခါ ကိုယ်အလေးချိန်ကမကျတဲ့အပြင် ပိုတက်လာနိုင်တယ်။
ကျန်းမာရေးနဲ့ညီတာပဲစားဖို့ အတင်းကြိုးစားလွန်းတာ
အစားအသောက်ထိန်းတဲ့နေရာမှာ ကျန်းမာရေးနဲ့ညီတာတွေပဲစားဖို့ ကိုယ့်ကိုယ်ကို ချုပ်တည်းလွန်းတဲ့အခါ ဝိတ်တက်စေမယ့်အစားအစာတွေကို စားချင်စိတ်က ပိုပြီးကြီးထွားလာနိုင်ပါတယ်။ သတိတစ်ချက်လွတ်တာနဲ့ ပိုစားမိသွားပါလိမ့်မယ်။
ဝိတ်ချနေပြီဆို၊ Gym ကစားနေပြီဆို၊ အစားလျှော့နေပြီဆို ဝိတ်ကျတော့မယ် ပုံသေတွက်မထားနဲ့နော်။ ဒီထောင်ချောက်တွေကို ရအောင် ရှောင်ပါလို့။
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။