backup og meta

သင်ခံစားနေရသော နာကျင်ခြင်းများသည် တင်ခံအာရုံကြောများကို ဖိမိသော အကြောင်း တခုတည်းကြောင့်လား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. K Zin Thwe မှ ရေးသားသည်။ · 09/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင်ခံစားနေရသော နာကျင်ခြင်းများသည် တင်ခံအာရုံကြောများကို ဖိမိသော အကြောင်း တခုတည်းကြောင့်လား

    တင်ခံအာရုံကြောသည် နောက်ကျောအနောက်ဖက်မှ တဆင့် ခြေထောက်၏အနောက်ဖက်တလျှောက်ရှိနေသော အာရုံကြောဖြစ်ပါသည်။ ထိုအာရုံကြောများထိခိုက်မိ၍ဖြစ်စေ၊ ခါးအောက်ပိုင်းတွင်ဖြစ်သော ပြသနာတခုခုကြောင့် ဖိမိ၍ဖြစ်စေ သင့်တွင် မခံမရပ်နိုင်အောင်နာကျင်မှုများ ဖြစ်စေနိုင်ပါသည်။

    တင်ခံအာရုံကြောသွားရာတလျှောက်နာကျင်ခြင်း ဝေဒနာသည် အာရုံကြောများထိခိုက်ခြင်းကြောင့်ဖြစ်ခြင်း ဖြစ်ပါသည်။

    ခါးအောက်ပိုင်းတွင်ရှိသော အာရုံကြောများတွင် မည်သည့်အကြောကိုမဆိုထိခိုက်မိလျှင်တင်ခံအာရုံကြောသွားရာတလျှောက်နေရာများဖြစ်သော

    နောက်ကျောအနောက်ဖက်မှ စတင်၍ ခြေထောက်၏အနောက်ဖက်တလျှောက်တွင် ထုံကျဉ်ခြင်း၊ အားနည်းခြင်း၊ နာကျင်ခြင်းများဖြစ်နိုင်ပါသည်။

    တင်ခံအာရုံကြောသွားရာတလျှောက်နာကျင်ခြင်းသည် အောက်ပါလက္ခဏာများကို တခုထက်ပိုပြီး ခံစားရနိုင်ပါသည်။

    · တင်ပါး သို့မဟုတ် ခြေထောက်တဖက်တည်းတွင် စ၍နာကျင်လာကာ ခြေထောက်တချောင်းလုံးနှင့် ခြေဖဝါး၊ ခြေချောင်းများအထိပါ နာကျင်ခြင်း

    · ခြေထောက်နာကျင်မှုသည် ကျဉ်နာခြင်း၊ မီးစနှင့် ထိုးသလိုနာခြင်း ပုံစံမျိုးဖြစ်ပါသည်။

    · ခြေထောက်၊ ခြေဖဝါးများ နှင့် ခြေချောင်းများထုံကျဉ်ခြင်းကြောင့် လှုပ်ရှားရခက်ခဲခြင်း

    · ထိုင်နေလျှင် ပိုနာခြင်း

    · မတ်တပ်ရပ်ရခက်ခဲစေအောင်ပင် စူးရှစွာနာကျင်ခြင်း

    တင်ခံအာရုံကြောသွားရာတလျှောက်နာကျင်ခြင်းသည် မခံမရပ်နိုင်အောင် ကြာရှည်စွာ နာကျင်နေခြင်းမျိုးဖြစ်ပါသည်။

    အများစုသော ခါးအောက်ပိုင်းနာကျင်မှုများသည် တင်ခံအာရုံကြောသွားရာတလျှောက်နာကျင်ခြင်း(Sciatica) ကိုဖြစ်စေနိုင်ပါသည်။

    ခါးဆစ်များကျွံခြင်း၊ ခါးရိုးကြားရှိ ချပ်ပြားများပျက်စီးသွားခြင်း၊ ခါးအရိုးအလယ်ဆစ်နေရာ ချော်ခြင်း တို့သည် လူငယ်များတွင် Sciatica ကိုအဖြစ်များစေသော အကြောင်းမျာဖြစ်ပါသည်။ အသက် ၆၀ ကျော်လျှင်မူ အသက်ကြီးခြင်းကြောင့် ပင်မကျောရိုးအခေါင်းများကျဉ်းသွားခြင်းနှင့် အဆစ်ချော်ခြင်းများ ဖြစ်လေ့ရှိပါသည်။

    ထို့ကြောင့် တင်ခံအာရုံကြောသွားရာတလျှောက်နာကျင်ခြင်း(Sciatica) ကိုဖြစ်စေနိုင်သောအကြောင်းများကို တိကျစွာသိပြီး ကုသမှုများကို စနစ်တကျခံယူသင့်ပါသည်။

    တင်ခံအာရုံကြောများနာကျင်ခြင်း (Sciatica)နှင့် နာကျင်မှုပုံစံတူညီသော အခြားရောဂါများ

    အချို့သော ခြေထောက်နာကျင်ခြင်းများသည် Sciatica နှင့် ပုံစံတူသော်လည်း ဆေးပညာဖြင့် စီစစ်ပိုင်းခြားသော် Sciatica ကြောင့် မဟုတ်သော အခြေအနေများကြောင့်လည်း ဖြစ်နိုင်ကြောင်းတွေ့ရသည်။

    ယင်းတို့မှာ-

    · အဆစ်ပြသနာများ

    ခါးရိုးဆစ်များရောင်ရမ်းခြင်းကြောင့် ခြေထောက်နေရာတွင် နာကျင်ခြင်းဖြစ်နိုင်ပါသည်။ ထိုသို့သော နာကျင်မှုမျိုးသည် တင်ခံအာရုံကြောဖိမိခြင်းကြောင်းဖြစ်ခြင်း မဟုတ်သည့်အတွက် ကုသမှုပုံစံများလည်း ကွာခြားသွားစေနိုင်ပါသည်။

    ထိုသို့သော အခြေအနေများတွင် အဆစ်များ ရောင်ရမ်းမှုသက်သာပြီး လှုပ်ရှားမှုများကောင်းစေရန် အရောင်ကျဆေးပေးရမည်ဖြစ်ပြီး ခွဲစိတ်ရန်လည်း မလိုအပ်သော အခြေအနေဖြစ်ပါသည်။

    · မြှီးညှောင့်ရိုးတွင်ရှိသော ခါးဆစ်များ လုပ်ဆောင်မှုမမှန်ကန်ခြင်း

    ပင်မကျောရိုး၏အောက်ဆုံး မြှီးညှောင့်ရိုးနေရာတွင်ရှိသော ခါးဆစ်များ လုပ်ဆောင်မှုမမှန်ကန်ခြင်းကြောင့် L5 နေရာတွင်ရှိသော အာရုံကြောများကို ဖိမိခြင်းကြောင့် နာကျင်မှုများဖြစ်ခြင်းဖြစ်သည်။ ယင်းနာကျင်မှုသည် တင်ခံအာရုံကြောများနာကျင်ခြင်း (Sciatica)နှင့် နာကျင်မှုပုံစံတူညီပါသည်။

    · ပေါင်ဘေးဖက် ကြွက်သားများနှင့် အာရုံကြောများ ထိခိုက်သော ရောဂါစု

    တင်ခံအာရုံကြောများသည်Piriformis အမည်ရှိသော ပေါင်ဘေးဖက် ကြွက်သားများအောက်တွင်တည်ရှိခြင်းကြောင့် ထိုကြွက်သားများက

    တင်ခံအာရုံကြောများကိုဖိမိခြင်းကြောင့် နာကျင်မှုများဖြစ်ပေါ်ခြင်းဖြစ်သည်။

    တင်ခံအာရုံကြောများနာကျင်ခြင်း (Sciatica)ဟူသည်မှာ ဆေးပညာအားဖြင့်ပြောရလျှင် ပင်မကျောရိုးရှိ အာရုံကြောများ ဖိမိခြင်းကြောင့်ဖြစ်သော ဝေဒနာတခုသာဖြစ်ပါသည်။ သို့သော် ထိုသို့ဖြစ်လျှင် ခြေထောက်များနာကျင်ခြင်းကို ပထမဦးစွာခံစားရသောကြောင့် Sciatica ဟုခေါ်ဝေါ်သုံးနှုန်းထားခြင်းဖြစ်ပါသည်။

    အချုပ်ဆိုရသော် တင်ခံအာရုံကြောသွားရာတလျှောက်နာကျင်ခြင်းသည် အကြောင်းရင်းများစွာကြောင့်ဖြစ်နိုင်ပြီး မခံမရပ်နိုင်အောင်နာကျင်သော ဆိုးရွားပြင်းထန်သော လက္ခဏာများရှိလျှင် ခွဲစိတ်မှုများပြုလုပ်ရန် လိုအပ်ကောင်း လိုအပ်နိုင်သောကြောင့် သင့်ဝေဒနာများကို ဆရာဝန်နှင့် တိုင်ပင်ပြီး ကုသရန်လိုအပ်ပါသည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. K Zin Thwe မှ ရေးသားသည်။ · 09/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement