backup og meta

ဒူးဆစ်များ တောင့်တင်းသူများတွင် ပြုလုပ်သင့်သော လေ့ကျင့်ခန်း ၅ မျိုး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 09/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဒူးဆစ်များ တောင့်တင်းသူများတွင်  ပြုလုပ်သင့်သော လေ့ကျင့်ခန်း ၅ မျိုး

    ဒူးဆစ်များ တောင့်တင်းနေပါသလား၊ ပုံမှန်လောက် လှုပ်ရှားမှုများ မပြုနိုင်ဖြစ်နေပါသလား။ သင့်နေစဉ် အလုပ်များပျက်သည်အထိ ဖြစ်နေပါသလား။ ထိုလက္ခဏာများ ခံစားနေရပါက ဆရာဝန်က သင့်ကို လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းဖြင့် တက်ကြွစွာနေထိုင်ရန် အကြံပေးပါလိမ့်မည်။ အောက်ပါတို့သည် ဒူးဆစ်တောင့်တင်းသူများတွင် ပြုလုပ်သင့်သော လေ့ကျင့်ခန်းများ ဖြစ်ပါသည်။ ဒူးဆစ်များ တောင့်တင်းသူများတွင် ပြုလုပ်သင့်သော လေ့ကျင့်ခန်း ၅ မျိုး ကို ဖတ်ရင်း အတူတူ လိုက်လုပ်ကြည့်စို့နော်။

    ဒူးဆစ်များ တောင့်တင်းသူများတွင် ပြုလုပ်သင့်သော လေ့ကျင့်ခန်း ၅ မျိုး

    ဒူးဆစ်များ တောင့်တင်းသူများတွင် ပြုလုပ်သင့်သော လေ့ကျင့်ခန်း ၅ မျိုး ကတော့

    ပေါင်အနောက် ကြွက်သားများကို ဆန့်ထုတ်ခြင်း

    ထိုနည်းသည် သင့်ကို နာကျင်မှုများ သက်သာစေခြင်း၊ လှုပ်ရှားမှုများကောင်းစွာ ပြုလုပ်နိုင်ခြင်းနှင့် အဆစ်များကို ထိခိုက်မှုများမှ ကာကွယ်ပေးခြင်းတို့ ပြုလုပ်ပေးနိုင်ပါသည်။

    • ကြမ်းပေါ်တွင် လှဲချလိုက်ပါ။
    • ကိုယ်ကို ဖြေလျှော့ထားပါ။
    • ဘယ်ဘက်ခြေကျင်းဝတ်ကို ပတ်ရန် ကြိုးသို့မဟုတ် အိပ်ရာခင်းကို သုံးပါ။
    • ထို့နောက် ဘယ်ဘက်ခြေထောက်ကို ကြိုးသို့မဟုတ် အိပ်ရာခင်းကို သုံးပြီး ထောင်မတ်ထားပါ။
    • ထိုအချိန်တွင် သင့်ပေါင်နောက်ရှိကြွက်သားများနှင့် ဒူးအနောက်ရှိနေရာများတွင် တင်းနေသည်ကို ခံစားရလိမ့်မည်။
    • ထိုအနေအထားအတိုင်း စက္ကန့် ၃၀ ထားပါ။
    • ထို့နောက် ခြေထောက်ကို ဖြေးဖြေး ပြန်ချပါ။
    • ခြေတစ်ဖက်ကို ၂ ကြိမ်စီ လုပ်ပါ။

    ဒူးများကို ကွေးခြင်း

    ထိုနည်းကို စလုပ်ရန် ခြေများကိုဆန့်ပြီး ဝမ်းလျားမှောက် အိပ်ပါ။ သက်သောင့်သက်သာရှိစေရန် ဒူးအောက်တွင် မျက်နှာသုတ်ပဝါ ခင်းထားနိုင်ပါသည်။

    • တောင့်တင်းနေသော ဒူးကို ကွေးပြီး ခြေဖျားများကို တင်ပါးဘက်သို့ ကော့တင်ပါ။ ဒူးနာလာလျှင် ထိုအနေအထားကို ဒူးမကွေးဘဲ ပြုလုပ်နိုင်ပါသည်။ ခြေထောက်များကို တတ်နိုင်သမျှ မြှောက်တင်ပါ။
    • ခြေထောက်က်ု မြှောက်ချီ ချချီ ဖြေးညှင်းစွာ လုပ်ပါ။
    • ပုံမှန် အနေအထားသို့ ပြန်သွားပါ။
    • ဒူးများ ခံနိုင်ရည်ရှိလျှင် တစ်ဖက်ကို ၈- ၁၂ ကြိမ်စီလုပ်ပါ။

    ပေါင်ရှေ့ကြွက်သားများကို ဆန့်ခြင်း

    ထိုနည်းကို စလုပ်ရန် မျက်နှာကို မှောက်ပြီး ဝမ်းလျားမှောက် အိပ်ပါ။

    • ညို့သကျည်းကို ပတ်ရန် ကြိုးသို့မဟုတ် အိပ်ရာခင်းကို သုံးပါ။
    • ထို့နောက် ကြိုးသို့မဟုတ် အိပ်ရာခင်းကို သုံးပြီး ခြေဖနောင့်ကို တင်ပါးဘက်သို့ ကွေးပါ။
    • ထိုအချိန်တွင် သင့်ပေါင်ရှေ့ရှိကြွက်သားများ တင်းနေသည်ကို ခံစားရလိမ့်မည်။
    • ထိုအနေအထားအတိုင်း စက္ကန့် ၃၀ ထားပါ။
    • ထို့နောက် ခြေထောက်ကို ဖြေးဖြေး ပြန်ချပါ။
    • ခြေတစ်ဖက်ကို ၂ ကြိမ်စီ လုပ်ပါ။

    ခြေသလုံးများကို ဆန့်ထုတ်ခြင်း

    ထိုလေ့ကျင့်ခန်းတွင် ဟန်ချက်ကို ထိန်းရန် ထိုင်ခုံ သို့မဟုတ် စားပွဲ သို့မဟုတ် နံရံ လိုအပ်ပါသည်။

    • ဘယ်ခြေထောက်ကို ကွေးပါ။
    • ညာခြေကို နောက်တစ်လှမ်းဆုတ်ပြီး ဖြေးဖြေးချင်းဆန့်ပါ။ ထိုအချိန်တွင် ခြေဖဝါးများကို ကြမ်းပြင်နှင့် ကပ်နေအောင်ထားပါ။ ညာခြေသလုံးကြွက်သားများ တင်းလာသည်ကို သင်ခံစားရလိမ့်မည်။
    • ထိုအနေအထားအတိုင်း စက္ကန့် ၂၀ ထားပါ။
    • ထို့နောက် မူလအနေအထားအတိုင်း ပြန်သွားပါ။
    • ခြေတစ်ဖက်ကို ၂ ကြိမ်စီ လုပ်ပါ။

    ခြေထောက်များကို တဖြောင့်တည်းဖြစ်အောင် ဆန့်ထုတ်ခြင်း

    ထိုလေ့ကျင့်ခန်းသည် ဒူးဆစ်များကို သန်မာစေပါသည်။

    • ကြမ်းပေါ်တွင် ပက်လက်အိပ်ပါ။
    • သင့်လက်များဖြင့်ထောက်ပြီး ကိုယ်အပေါ်ပိုင်းကို မြှောက်ပါ။
    • ထို့နောက် ဘယ်ဒူးကို အနည်းငယ်ကွေးပါ။ ခြေဖဝါးများကို ကြမ်းပေါ်တွင်ထားပါ။
    • ညာဘက်ခြေထောက်ကို ဖြောင့်နေအောင်ထားပါ။
    • ညာဘက် ပေါင်ရှိကြွက်သားများကို ဆန့်ပြီး ခြေထောက်ကို ဖြေးဖြေးကြွပါ။
    • ထိုအနေအထားအတိုင်း ၃ စက္ကန့်ထားပါ။
    • ညာဘက်ပေါင်သားများကို ညှစ်ထားချိန်တွင် ညာခြေထောက်ကို ကြမ်းပြင်ဘက်သို့ ဖြေးဖြေးချင်း ပြန်ကပ်ပါ။
    • ၁၀ ကြိမ် ပြုလုပ်ပါ။
    • နောက်တစ်ဖက်ကိုလည်း ၁၀ ကြိမ် ပြုလုပ်ပါ။

    အထက်ပါလေ့ကျင့်ခန်း ၅ မျိုး ကို မှန်ကန်စွာပြုလုပ်ပါက ဒူးများတောင့်တင်းနေခြင်းကို သက်သာစေပါသည်။ သင့်ဝေဒနာနှင့် ပတ်သက်ပြီး သိလိုသည်များရှိသော် ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်နိုင်ပါသည်။

    ရေးသားသူ− Dr K. Zin Thwe

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Hello Sayarwon Panel မှ ရေးသားသည်။ · 09/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement