backup og meta

တံတောင်ဆစ်နာကျင်ခြင်းကို ဘယ်လိုကုသနိုင်သလဲ


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 09/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    တံတောင်ဆစ်နာကျင်ခြင်းကို ဘယ်လိုကုသနိုင်သလဲ

    သင့်အနေနဲ့ တံတောင်ဆစ်နာကျင်ခြင်းကို တခါတရံ ခံစားရနိုင်ပြီး အဆိုပါအချိန်တွေမှာ အားနည်းခြင်း၊အရာဝတ္ထုတွေကို ကိုင်တွယ်ရာမှာ အခက်အခဲဖြစ်ခြင်း စတာတွေကို ရင်ဆိုင်ကြုံတွေ့ရနိုင်ပါတယ်။ သင့်အနေနဲ့ လက် အသုံးပြုပြီး နိစ္စဓူဝကိစ္စတွေကို ဆောင်ရွက်ရပါတယ်။

    ဒါကြောင့် တံတောင်ဆစ်နာကျင်ခြင်းကို ခံစားရပြီဆိုရင် ရောဂါလက္ခဏာတွေကို အမြန်ဆုံး ထိထိရောက်ရောက် ကုသပေးနိုင်မယ့် နည်းလမ်းကို ရှာဖွေဖို့ အရေးကြီးပါတယ်။ ဘယ်လိုနည်းလမ်းတွေလဲဆိုတာ သိရှိနိုင်ဖို့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါဦး။

    ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခြင်း

    တံတောင်ဆစ်နာကျင်ခြင်းအပါအဝင် နာကျင်မှုတွေကို ကုသရာမှာ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခြင်းဟာ အကောင်းဆုံးသော ရွေးချယ်မှုတခု ဖြစ်ပါတယ်။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခြင်းဟာ တံတောင်ဆစ်နေရာကို ပြန်လည်ကြံ့ခိုင်သန်စွမ်းလာစေတဲ့အပြင် နောက်တကြိမ်ထပ်ဖြစ်မှာကိုလည်း ကာကွယ်တားဆီးပေးပါသေးတယ်။

    တံတောင်ဆစ်တောင့်တင်းနာကျင်ခြင်းကို သက်သာပျောက်ကင်းစေဖို့အတွက် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခြင်းတွေကို ပြုလုပ်ရာမှာ နားလည်တတ်ကျွမ်းတဲ့ ပညာရှင်တွေကို သင့်ကို ကူညီပေးပါလိမ့်မယ်။ တံတောင်ဆစ်နားတဝိုက်မှာရှိတဲ့ ကြွက်သားတွေကို ဒါဏ်ပိမနေစေဘဲ ကျန်းမာသန်စွမ်းလာစေဖို့အတွက် အခြားသော ရိုးရှင်းတဲ့ လေ့ကျင့်ခန်းတွေကိုလည်း ပြုလုပ်နိုင်ပါတယ်။

    ကျန်းမာသန်စွမ်းတဲ့ ကြွက်သားတွေဟာ အဆစ်အမြစ်တွေနဲ့ အရိုးတွေကို ထောက်မ ကူညီပေးနိုင်ပါတယ်။ သင့်အနေနဲ့ ဒီလေ့ကျင့်ခန်းတွေကို အနည်းဆုံး တရက်တခါတော့ ပြုလုပ်ဖို့ လိုပါလိမ့်မယ်။ သင့်တံတောင်ကိုလည်း အခါအားလျော်စွာ လှုပ်ရှားပေးပါ။ လေ့ကျင့်ခန်းမလုပ်၊လှုပ်ရှားမှုမရှိရင် နာကျင်မှုပိုဆိုးလာနိုင်ပြီး တံတောင်ဆစ်ဟာ တောင့်တင်းလာနိုင်ပါတယ်။

    အပ်စိုက်ခြင်းကိုလည်း အသုံးပြုနိုင်ပါတယ်။ အပ်စိုက်ကုသတဲ့အခါ သင့်အာရုံကြောတွေကို နှိုးဆွပေးနိုင်ဖို့အတွက် အထူးပြုလုပ်ထားတဲ့ အပ်တွေကို သတ်မှတ်ထားတဲ့ နေရာတွေမှာ သင့်အရေပြားအောက်ထဲကို ထိုးစိုက်ရပါတယ်။ ဒီအချိန်မှာ သင့်ခန္ဓါကိုယ်ကနေ endorphins လို့ခေါ်တဲ့ ဟော်မုန်းတမျိုးကို ထုတ်လုပ်ပေးပြီး အဆိုပါ ဟော်မုန်းဟာ နာကျင်မှုတွေကို သက်သာစေပါတယ်။

    အပ်စိုက်ကုသခြင်းရဲ့ ထိရောက်မှုအာနိသင်ကို အတိအကျ သုတေသနပြုထားတဲ့ လေ့လာမှုတွေ မရှိသေးပေမယ့် အခြားသော (ခွဲစိတ်မှုမဟုတ်တဲ့) ကုသမှုတွေနဲ့ မသက်သာရင်တော့ ဒီနည်းလေးကို စမ်းကြည့်သင့်ပါတယ်။

    ဆေးဝါးအကူအညီယူခြင်း

    ရောင်ရမ်းနာကျင်မှုတွေကို လျော့ပါးသက်သာစေပြီး အဆစ်အမြစ်တွေကို ကာကွယ်ပေးဖို့အတွက် ဆေးဝါးတွေကိုလည်း သုံးစွဲနိုင်ပါတယ်။ ဆရာဝန်ဆေးစာပါမှ ဝယ်ယူလို့ရတဲ့ ဆေးနဲ့ မိမိဖာသာ ဝယ်ယူသုံးစွဲနိုင်တဲ့ဆေး ပုံစံနှစ်မျိုးလုံးကို သုံးစွဲနိုင်ပါတယ်။

    သုံးစွဲလေ့ရှိတဲ့ ဆေးတွေကတော့ စတီးရွိုက်မဟုတ်တဲ့ အကိုက်အခဲပျောက်ဆေးတွေ (ဥပမာ အက်စ်ပရင်)ပဲ ဖြစ်ပါတယ်။ မိမိဖာသာ ဝယ်ယူသုံးစွဲနိုင်တဲ့ဆေးတွေနဲ့ မသက်သာရင် ပိုပြီးအာနိသင်ပြင်းတဲ့ဆေးကို သုံးစွဲဖို့ သင့်ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်။ မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို ရှောင်ရှားနိုင်ဖို့အတွက် ဆရာဝန်ရဲ့ လမ်းညွှန်သတိပေးချက်တွေကို အတိအကျ လိုက်နာရမှာပဲ ဖြစ်ပါတယ်။

    ထိုးဆေးများ သုံးစွဲခြင်း

    ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ ပျောက်မသွားတဲ့ ပြင်းထန်ဆိုးရွားသော နာကျင်မှုဝေဒနာတွေအတွက် စတီးရွိုက်ထိုးဆေးတွေကို သုံးစွဲနိုင်ပါတယ်။ ဆေးထိုးပြီး နာရီအနည်းငယ်အကြာမှာ နာကျင်မှုဝေဒနာ ပိုဆိုးလာနိုင်ပေမယ့် ဒီလိုနာကျင်ပြီးရင် သက်သာသွားလေ့ ရှိပါတယ်။

    သင့်အနေနဲ့ ဒုတိယတကြိမ် ဆေးထပ်ထိုးဖို့ လိုကောင်းလိုပါလိမ့်မယ်။ စတီးရွိုက်ထိုးဆေးတွေဟာ အင်မတန် ထိရောက်ပါတယ်။ သူတို့ဟာ နာကျင်မှုကို သက်သာအောင် ကူညီပေးနိုင်သလို လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာအောင်လည်း အားပေးပါတယ်။ သင့်အနေနဲ့ တံတောင်ဆစ်နာတိုင်း ဆေးထိုးရမယ်လို့တော့ မဆိုလိုပါဘူး။

    ခွဲစိတ်ကုသခြင်း

    ယေဘုယျအားဖြင့် ခွဲစိတ်ကုသမှု ပြုလုပ်လေ့ မရှိပါဘူး။ တံတောင်ဆစ်နာကျင်ခြင်းဟာ မခွဲမစိတ်ဘဲ ပြန်လည်ကောင်းမွန်လာနိုင်ပါတယ်။ ဒါပေမယ့် အခြားသော ထူးထူးခြားခြား ပြဿနာတွေ ရှိနေရင် ဒါမှမဟုတ် လေ့ကျင့်ခန်း၊သောက်ဆေး၊ထိုးဆေးတွေနဲ့ နာကျင်မှုမသက်သာဖူးဆိုရင်တော့ ခွဲစိတ်မှုပြုလုပ်ဖို့ လိုကောင်းလိုပါလိမ့်မယ်။

    · တံတောင်ဆစ် တောင့်တင်းနေခြင်း : ပုံမှန်မဟုတ်တဲ့ အရိုးတွေ ဖြစ်ပေါ်လာတဲ့အတွက် သင့်တံတောင်ဆစ်က တောင့်တင်းလာပါလိမ့်မယ်။ ဒီလို အခြေအနေ ဖြစ်ပေါ်လာပြီဆိုရင် ခွဲစိတ်ကုသမှုကို ခံယူမှသာ ပုံမမှန်ဖြစ်ပေါ်နေတဲ့ အရိုးနဲ့ အခြားသော တစ်ရှုးတွေကို ဖယ်ရှားပစ်နိုင်မှာ ဖြစ်ပါတယ်။

    ခွဲစိတ်မှု ခံယူပြီးတဲ့နောက်မှာ သင့်ရဲ့ လှုပ်ရှားမှုတွေက ပုံမှန်ပြန်ဖြစ်လာမှာ ဖြစ်ပါတယ်။

    · အဆစ်အမြစ်ရောင်ခြင်း : တံတောင်ဆစ်ရောင်ရမ်းနာကျင်တဲ့အခါ ပစ္စည်းတွေကို သယ်ဖို့၊မ,ဖို့ ခက်ခဲလာပါတယ်။ ခွဲစိတ်ကုသခြင်းဟာ ပုံမမှန်ဖြစ်ပေါ်နေတဲ့ အရိုးတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

    သင့်ရောဂါအခြေအနေပြင်းထန်မှုပေါ် မူတည်ပြီး သင့်တော်တဲ့ ခွဲစိတ်ကုသမှု ပုံစံကို သင့်ဆရာဝန်ကို ဆုံးဖြတ်ရွေးချယ်မှာ ဖြစ်ပါတယ်။ ခွဲစိတ်မှုပြုလုပ်ပြီးချိန်မှာ ပုံမှန်လှုပ်ရှားသွားလာမှုတွေကို အချိန်တိုအတွင်း ပြန်လည်ပြုလုပ်နိုင်ဖို့အတွက် ခန္ဓါကိုယ်လှုပ်ရှားလေ့ကျင့်ကုသမှုတွေကို ဆက်လက်လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

    တံတောင်ဆစ်နာကျင်ခြင်းဟာ နေ့စဉ်လှုပ်ရှားသွားလာမှုတွေကို ထိခိုက်စေပြီး နေရထိုင်ရတာ အဆင်မပြေ ဖြစ်လာစေနိုင်ပါတယ်။ ဒါပေမယ့် မပူပါနဲ့၊ထိရောက်တဲ့ ကုသမှုတွေ ရှိနေပါပြီ။

    သင့်အနေနဲ့ မခွဲမစိတ်တဲ့ နည်းလမ်းတွေကို ဦးစွာ အသုံးပြုနိုင်ပြီး မသက်သာတော့မှ ခွဲစိတ်ကုသမှု ခံယူရမှာ ဖြစ်ပါတယ်။ အသင့်တော်ဆုံးသော ကုသမှုနည်းလမ်းကို ရွေးချယ်နိုင်ဖို့ သင့်ဆရာဝန်က ကူညီပေးပါလိမ့်မယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 09/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement