backup og meta

ခြေကျင်းဝတ်နာကျင်ခြင်း - ရောဂါလက္ခဏာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Wathun Myat Chal မှ ရေးသားသည်။ · 09/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခြေကျင်းဝတ်နာကျင်ခြင်း - ရောဂါလက္ခဏာများ

    သင့်ရဲ့ ခြေချင်းဝတ်နဲ့ပတ်သက်တဲ့ပြဿနာတွေကို သင်ခံစားနေရနိုင်ပါတယ်။ နာကျင်မှုတွေ၊ အားနည်းမှုတွေ ဒါမှမဟုတ် အခြားသောအရာတွေကို ခံစားနေရနိုင်ပါတယ်။ ဒါတွေက သင့်ရဲ့ကျန်းမာရေးအကြောင်းဘာတွေပြောနေသလဲဆိုတာကို လေ့လာကြည့်ရအောင်။

    ခြေချင်းဝတ်ရဲ့ အဖြစ်များတဲ့ ပြဿနာများ

    ခြေချင်းဝတ်နာကျင်ခြင်းဟာ ခြေချင်းဝတ်မှာ ဒဏ်ရာရရှိခြင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။

    ဥပမာ – ကြွက်သားညောင်းညာတာ၊ တင်းမာနေတာတွေနဲ့ ကျိုးပဲ့တာတွေကြောင့်ဖြစ်နိုင်ပါတယ်။

    • ကြွက်သားညောင်းညာခြင်း (Sprians)

    ကြွက်သားညောင်းညာခြင်းဟာ အဖြစ်အများဆုံး ခြေချင်းဝတ်ပြဿနာပါပဲ။ ဒီမှာတော့ သင့်ရဲ့ ခြေချင်းဝတ်မှာရှိတဲ့ အရွတ်တွေဟာ စုတ်ပြဲသွားတာ ဒါမှမဟုတ် ကွာသွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။ သင့်တစ်သက်တာမှာ ခြေချင်းဝတ်လည်သွားတာမျိုး တစ်ခါလောက်တော့ ရှိဖူးပါလိမ့်မယ်။

    ဒါပေမဲ့ ဒီခြေချင်းဝတ်လည်ခြင်းဟာ ရောင်ရင်းခြင်းနဲ့ နာကျင်ခြင်းတွေဖြစ်ခဲ့မယ်ဆိုရင်တော့ ခြေချင်းဝတ်က ကြွက်သားတွေကို ထိခိုက်စေနိုင်ပါတယ်။ ဒီလို အဖြစ်မျိုးတွေ ထပ်ကာထပ်ကာဖြစ်တယ် ဒါမှမဟုတ် ပြင်းပြင်းထန်ထန်ဖြစ်ရင်တော့ နောက်ပိုင်းမှာ နာတာရှည်ခြေချင်းဝတ်နာတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။

    အဖြစ်များတဲ့ လက္ခဏာတွေကတော့-

    ထိခိုက်တဲ့နေရာမှာ ရောင်ရမ်းပြီး အညိုအမည်းစွဲခြင်း

    သင်ရွေ့လျားလိုက်တဲ့အခါတိုင်း ဒါမှမဟုတ် ခြေထောက်ပေါ် အလေးတစ်ခုခုတင်လိုက်တိုင်း နာကျင်ခြင်း

    ထိလိုက်တဲ့အချိန်တိုင်း ကျဉ်နေခြင်း

    တစ်ခုခုစုတ်ပြဲနေသလို ခံစားရခြင်း

    မကုသဘဲထားလိုက်တဲ့အချိန်မှာ နာကျင်မှုတွေ ပိုပြီးပြင်းထန်လာခြင်း စတာတွေပါ။

    • Strains (တင်းခြင်း)

    Strain ကတော့ ကြွက်သားတွေ ဆွဲဆန့်ခံရပြီး စုတ်ပြဲသွားတဲ့အချိန်မှာ ဖြစ်တတ်ပါတယ်။ အဖြစ်များတဲ့ လက္ခဏာတွေကတော့

    ခြေချင်းဝတ်နဲ့ အဆစ်တွေကို အသုံးပြုတဲ့အချိန်တိုင်း ဒါမှမဟုတ် အနားပေးလိုက်တဲ့အချိန်တိုင်းမှာ ကြွက်သားတွေနာကျင်ခြင်း

    ထိခိုက်တဲ့နေရာမှာ ရောင်ရမ်းခြင်း၊ အညိုအမည်းစွဲခြင်းနဲ့ နီရဲခြင်း

    • ကြွက်တက်ခြင်း

    ခြေချင်းဝတ်ရဲ့ ထိခိုက်ထားတဲ့နေရာတွေမှာ ရုပ်ပိုင်းဆိုင်ရာ လုပ်ဆောင်မှုတွေ လျော့ကျလာခြင်း

    • ကျိုးပဲ့ခြင်း

    ခြေချင်းဝတ်ကျိုးခြင်းဟာ ခြေချင်းဝတ်မှာရှိတဲ့ အရိုး တစ်ခု သို့မဟုတ် တစ်ခုနဲ့အထက် ကျိုးသွားတဲ့ အခြေအနေမှာဖြစ်ပေါ်ပါတယ်။ ဒီလိုကျိုးခြင်းဟာ ရိုးရှင်းတဲ့အခြေအနေကနေ ပြင်းထန်တဲ့အခြေအနေထိ ဖြစ်ပေါ်နိုင်ပါတယ်။

    အရိုးတစ်ချောင်း ရိုးရိုးကျိုးခြင်းဟာ သင့်ရဲ့လှုပ်ရှားမှုတွေကို ကန့်သတ်ထားမှာ မဟုတ်ဘဲ ပြင်းထန်တဲ့ ကျိုးပဲ့ခြင်းတွေကတော့ သင့်ရဲ့ လှုပ်ရှားမှုနိုင်တဲ့ အတိုင်းအတာကို လျှော့ချနိုင်သလို ခြေချင်းဝတ်ပေါ်ကိုလည်း ဘယ်လိုဖိအားမျိုးမှ ပေးနိုင်တော့မှာ မဟုတ်ပါဘူး။

    တကယ်လို့ ခြေချင်းဝတ်မှာ အရိုးကျိုးတာမျိုး ရှိခဲ့ရင် ဒီလက္ခဏာတွေ သင့်မှာ ရှိနေနိုင်ပါတယ်။

    ရုတ်တရက်ပြင်းပြင်းထန်ထန် နာကျင်ခြင်း

    ခြေချင်းဝတ်မှာ ရောင်ရမ်းပြီး အညိုအမည်းစွဲခြင်း

    ထိလိုက်ရင် နာကျင်ခြင်း

    ပုံမှန်မဟုတ်တဲ့ ပုံသဏ္ဍာန်ဖြစ်နေခြင်း

    ခန္ဓါကိုယ်ရဲ့ အချို့သော ရောဂါတွေကလည်း ခြေချင်းဝတ်ကို ထိခိုက်စေနိုင်ပြီး နာကျင်မှုတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ သူတို့မှာတော့ Osteoarthritis, rheumatoid arthritis , လေးဘက်နာ သို့မဟုတ် ပိုးဝင်ပြီးအဆစ်နာခြင်း စတာတွေ ပါဝင်ပါတယ်။

    • Osteoarthritis

    ဒါကတော့ အဖြစ်အများဆုံးပြဿနာဖြစ်ပါတယ်။ သင့်မှာ ဒီပြဿနာ ရှိခဲ့တယ်ဆိုရင်တော့ ခြေချင်းဝတ် အဆစ်ရဲ့ အရိုးတွေကြားမှာ ကြားခံအဖြစ်ဆောင်ရွက်ပေးတဲ့ cartilage ဟာ ထိခိုက်ပျက်စီးသွားလို့ပါ။

    အဖြစ်များတဲ့ လက္ခဏာတွေကတော့-

    ခြေချင်းဝတ်ကို ထိလိုက်တဲ့အချိန်တိုင်း နာကျင်ခြင်း

    ဖြစ်တဲ့ နေရာတစ်ဝိုက်မှာ နာကျင်ခြင်း

    ခြေချင်းဝတ် မလှုပ်ရှားနိုင်ခြင်း

    ခြေချင်းဝတ်က အလေးချိန်တွေကို ခံနိုင်ရည်မရှိခြင်း

    ခြေချင်းဝတ်အဆစ်မှာ ရောင်ရမ်းခြင်း၊ တောင့်တင်းခြင်း

    • Rheumatoid arthritis

    ဒါကတော့ သင့်ရဲ့ ခုခံအားစနစ်က အဆစ်တွေကို တိုက်ခိုက်တဲ့အချိန်မှာ ဖြစ်ပေါ်ပါတယ်။ ဒါဟာ နာတာရှည်အခြေအနေတစ်ခုဖြစ်ပြိး အဆစ်တွေကတော့ ရောင်ရမ်းတာ၊ တောင့်တင်းတာနဲ့ နာကျင်တာတွေ ဖြစ်နိုင်ပါတယ်။ ဒါဟာ အနီးနားမှာရှိတဲ့ cartilage နဲ့ အရိုးတွေကို ထိခိုက်စေနိုင်ပါတယ်။

    သင့်မှာ ဒီပြဿနာရှိခဲ့ရင်တော့ အဖြစ်များတဲ့ ဒီလက္ခဏာတွေ တွေ့ရမှာပါ။

    ခြေချင်းဝတ်တွင် နာကျင်ခြင်း။

    ရောင်ရမ်းခြင်း၊ တောင့်တင်းခြင်း

    ပင်ပန်းခြင်းနဲ့ ကိုယ်အလေးချိန်ကျခြင်း

    အဆစ်တွေမှာ ပူနွေးနေခြင်း

    ခြေချင်းဝတ်ကို သိပ်မလှုပ်ရှားနိုင်ခြင်း

  • လေးဘက်နာ။
  • လေးဘက်နာကတော့ သွေးထဲမှာ ယူရစ်အက်စစ်တွေ များနေတဲ့အခါ ဖြစ်တတ်ပါတယ်။ ပြီးရင်တော့ ယူရစ်အက်စစ်တွေဟာ ကျောက်တွေအဖြစ် အဆစ်တွေမှာ ဖြစ်ပေါ်လာပါတယ်။ အချိန်တွေကြာလာတဲ့အခါ လေးဘက်နာဟာ အဆစ်တွေ၊ ကြွက်သားကြောတွေနဲ့ အခြားသော တစ်သျှူးတွေကို ထိခိုက်စေနိုင်ပါတယ်။

    အဖြစ်များတဲ့ လက္ခဏာတွေကတော့ နာကျင်ခြင်း၊ ရောင်ယမ်းခြင်း၊ နီရဲခြင်းနဲ့ ပူခြင်း စတာတွေပါ။ သင်က လမ်းလည်းမလျှောက်နိုင်၊ မတ်တပ်လည်းမရပ်နိုင်တဲ့အခြေအနေမျိုးလည်း ဖြစ်နိုင်ပါတယ်။

    • ပိုးဝင်နိုင်တဲ့ အကြောရောင်နာ (Infectious arthritis)

    ဒါကိုတော့ septic arthritis လု့ိလည်းခေါ်ပြီး ခြေချင်းဝတ်အဆစ်မှာ ပိုးဝင်တာပါ။ ပိုးဝင်ခြင်းဟာ ဘက်တီးရီးယား၊ ဗိုင်းရပ်စ် သို့မဟုတ် မှိုကြောင့်ဖြစ်တတ်ပါတယ်။ လက္ခဏာတွေမှာတော့-

    အဆစ်မှာ နာကျင်ခြင်း

    ထိခိုက်တဲ့နေရာမှာ ရောင်ရမ်း နီရဲခြင်း

    အနည်းငယ်ဖျားပြီး ကြက်သီးထခြင်း

    လမ်းလျှောက်ရခက်ခဲခြင်း သို့မဟုတ် ထိခိုက်ထားတဲ့ ခြေချင်းဝတ်အဆစ်လှုပ်ရှားဖို့ ခက်ခဲခြင်း

    ဆရာဝန်ဘယ်အချိန်ပြရမလဲ ဒါမှမဟုတ် ဆေးရုံဘယ်အချိန်သွားရမလဲ။

    အချို့သော ဆေးဝါးတွေနဲ့ အိမ်မှာအရင်ကုသကြည့်ပါ။ ဒါပေမဲ့ ကျွမ်းကျင်သူတွေဆီက အကူအညီကို ဘယ်တော့ယူရမယ်ဆိုတာ သိဖို့ကလည်း အရေးကြီးပါသေးတယ်။

    ဆေးပညာဆိုင်ရာ အကူအညိအတွက်-

    တကယ်လို့ သင့်ရဲ့ လက္ခဏာတွေက ပြင်းထန်နေခဲ့ပြီး အောက်ပါအချက်တွေထဲက တစ်ခုခုဖြစ်ခဲ့မယ်ဆိုရင် ဆေးရုံသို့မဟုတ် ဆေးကုသရေးစင်တာ တစ်ခုခုကို သွားသင့်ပါပြီ။

    ခြေချင်းဝတ်မှာ ပြင်းပြင်းထန်ထန် နာကျင်တာ

    ခြေချင်းဝတ်ရောင်နေတာ

    ထိခိုက်မိတဲ့နေရာမှာ အနာတွေ့တာ (open wound)

    ထိခိုက်မိတဲ့ခြေချင်းဝတ်က ပုံနဲ့ မတူဘဲ လုံးဝ ကွဲပြားခြားနားနေတာ

    ခြေချင်းဝတ်မှာဖြစ်နေတဲ့ ပြဿနာနဲ့ဆက်စပ်နေတယ်လို့ထင်ရတဲ့ ပိုးဝင်တာမျိုး ရှိနေတယ်ထင်ရင် ဆိုလိုတာက သိပ်မပြင်းထန်တဲ့ အဖျားရှိမယ် (၃၇၊ ၃၈ ဒီဂရီ ဆဲလ်စီးယပ်စ်လောက်ရှိမယ်)၊

    နာကျင်မှုတွေ၊ နီရဲနေတာတွေနဲ့ နာကျင်နေတဲ့ နေရာတစ်ဝိုက်မှာ ပူနေတာတွေရှိခဲ့မယ်ဆိုရင်

    လှုပ်ရှားရခက်ခဲနေတယ်ဆိုရင်။ ဆိုလိုတာက သင်က မလှုပ်ရှားနိုင်ဘူး ဒါမှမဟုတ် ခြေချင်းဝတ်က ဘာအလေးချိန်ကိုမျ မခံနိုင်ဘူးဆိုရင်။

    • ရက်ချိန်းယူရန်

    ဆရာဝန်က အချို့သောဆေးဝါးတွေ ဒါမှမဟုတ် ကုထုံးတွေ ဥပမာ- အပူ၊အအေးကုထုံး (hot/ cold compresses) တွေကိုညွှန်းပေးနိုင်ပါတယ။် ဒါမှမဟုတ် သင့်ရဲ့ခြေချင်းဝတ်နာတာ သက်သာဖို့အတွက် အိမ်တွင်းဆေးဝါးတွေကိုလည်း သင်အသုံးပြုနိုင်ပါတယ်။

    ဒါပေမဲ့ ရက်သတ္တပတ် အနည်းငယ်ကြာလာတဲ့ထိ ခြေချင်းဝတ်နာတာက မပျောက်ကင်းဘူးဆိုရင်တော့ ဆရာဝန်နဲ့ တွေ့သင့်ပါပြီ။ သင့်ဆရာဝန်နဲ့ ဒီပြဿနာအကြောင်းတွေ၊ အခြားထိရောက်မယ့် ကုထုံးတွေအကြောင်း ဆွေးနွေးနိုင်ပါတယ်။

    ခြေချင်းဝတ်နဲ့ ပတ်သက်ပြီး ဆရာဝန်က ဘယ်လို ရောဂါအတည်ပြုမလဲ။

    ဆရာဝန်တွေနဲ့ တွေ့တဲ့အခါ သူတို့က ဖြစ်ရတဲ့ အဓိက အကြောင်းရင်းပေါ်မူတည်လို့ ရောဂါအမည်တပ်ပါလိမ့်မယ်။

    • ဆေးစစ်ချက်မှတ်တမ်းများ

    ရောဂါတစ်ခုကို အတည်ပြုနိုင်ဖို့အတွက် ပထမဆုံးလုပ်ရတာက ဆေးမှတ်တမ်းတွေကို ပြန်လည်စစ်ဆေးတာပါ။ သူတို့သင့်ကိုမေးနိုင်တဲ့ မေးခွန်းအချို့ကို ဒီမှာဖော်ပြထားပေးပါတယ်။

    သင့်ရဲ့ လက္ခဏာတွေက ဘာတွေလဲ။ ခြေချင်းဝတ်မှာ နာကျင်မှုတွေ၊ ထုံကျဉ်မှုတွေနဲ့ အားနည်းမှုတွေ ခံစားနေရသလား။

    ဒီလက္ခဏာတွေပေါ်တာ ဘယ်လောက်ကြာပြီလဲ။

    အားကစားနဲ့ပတ်သက်တဲ့ ဒဏ်ရာတစ်ခုခုများ ဒီရက်ပိုင်းရထားသေးလား။ ချော်လဲတာ ဒါမှမဟုတ် ယာဉ်မတော်တဆမှု တစ်ခုခု စသဖြင့်

    ခြေချင်းဝတ်ကို ဘယ်လိုကုသထားသလဲ။ နာကျင်မှုသက်သာဖို့ ဘာတွေ လုပ်ခဲ့သလဲ။ ဒါမှမဟုတ် ရောင်ရမ်းမှုသက်သာဖို့ ဘာတွေလုပ်လဲ။

    အရင်ကရော ခြေချင်းဝတ်ပြဿနာ တစ်ခုခုရှိဖူးလား

    အဲ့လိုအခြေအနေဖြစ်ခဲ့တုန်းက ဘာလုပ်ခဲ့လဲ။

    ဒီပြဿနာပြီးတဲ့နောက် ခြေချင်းဝတ်က လုံးဝ ပြန်ကောင်းသွားသလား။

    သင့်အခြေအနေပေါ်မူတည်ပြီး မေးခွန်းတွေကတော့ ပြောင်းလဲသွားနိုင်ပါတယ်။ ဒါပေမဲ့ အခြေအနေတွေအားလုံးမှာတော့ အားလုံးကိုမှတ်မိနေဖို့နဲ့ ရိုးရိုးသားသားဖြေဆိုဖို့ လိုအပ်ပါတယ်။

    • စမ်းသပ်မှုများ

    သင့်ရဲ့ ဆေးမှတ်တမ်းကို ကြည့်ပြိးပြီဆိုရင်တော့ သင့်ခြေချင်းဝတ်ရဲ့ အပြင်ပိုင်းပုံသဏ္ဍာန်ကို စစ်ဆေးပြီး စမ်းသပ်ချက်အချို့လုပ်ခိုင်းပါလိမ့်မယ်။ ခြေချင်းဝတ်မှာ ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေ ဥပမာ ရောင်ရမ်းခြင်း၊ နာကျင်ခြင်း သို့မဟုတ် နီရဲနေခြင်းတွေ ရှိမရှိ ရှာဖွေပါလိမ့်မယ်။

    သင့်ရဲ့ခြေချင်းဝတ်ကိုသူတို့လည်း လှုပ်ကြည့်ပါလိမ့်မယ်။ သင့်ကိုလည်း လှုပ်ခိုင်းပါလိမ့်မယ်။ ပြီးရင်တော့ သင့်ရဲ့ တုန့်ပြန်မှုနဲ့ လှုပ်ရှားနိုင်မှုတွေကို စစ်ဆေးပါလိမ့်မယ်။ ဆရာဝန်က သင့်ကို သင့်ရဲ့ ခံစားမှုတွေအကြောင်းမေးတဲ့အခါ ရိုးရိုးသားသားဖြေဆိုပါ။

    • ပုံရိပ်စစ်ဆေးမှုများ

    ဒီလိုစစ်ဆေးမှုတွေကတော့ တစ်ခါတလေမှာ သင့်ခြေချင်းဝတ်ကျိုးသွားတဲ့အခြေအနေအတွက် ပုံတွေနဲ့ အချက်အလက်တွေကို အသေးစိတ်သိရဖို့အတွက် လုပ်ခိုင်းကြတာပါ။ အမျိုးမျိုးသော ဓါတ်မှန်တွေက သင့်အရိုးတွေရရဲ့ အခြေအနေတွေကို ဖော်ပြနိုင်ပါလိမ့်မယ်။

    CT sanတွေမှာတော့ ခြေချင်းဝတ်မှာ ပါဝင်တဲ့ ဖွဲ့စည်းပုံတွေကို ပိုင်းဖြတ်ပြီးရိုက်ထားတဲ့ ဥပမာ အင်္ဂါတွေ၊ သွေးကြောတွေနဲ့ အရိုးတွေကို ရိုက်ထားတဲ့ ပုံတွေ ပါဝင်ပါတယ်။ MRI scan ကတော့ ခြေချင်းဝတ်အတွင်းဖွဲ့စည်းပုံတွေကို အနက်၊ အဖြူနဲ့ မီးခိုးရောင် ပုံတွေအဖြစ်ထုတ်ပေးပါတယ်။

    သူကတော့ cartilage တွေ၊ ကြွက်သားကြောတွေနဲ့ အရွတ်တွေ ရောင်ရမ်းနေသလား ဒါမှမဟုတ် ပြဿနာဖြစ်နေသလားဆိုတာ ဆုံးဖြတ်အတည်ပြုနိုင်ဖို့ အသုံးဝင်ပါတယ်။

    ခြေချင်းဝတ်နာကျင်ခြင်းဟာ အဖြစ်များတဲ့ ပြဿနာတစ်ခုပါ။ ဒါဟာ ခြေချင်းဝတ်မှာရှိတဲ့ ရိုးရှင်းတဲ့ ပြဿနာလေးရဲ့ ရလဒ်လည်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ပြင်းထန်တဲ့ ရောဂါတွေကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။ သင့်ရဲ့လက္ခဏာတွေကို စောစောသိနိုင်အောင်နဲ့ လိုအပ်တဲ့အချိန်မှာ အကူအညီရယူနိုင်အောင် စစ်ဆေးထားသင့်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Wathun Myat Chal မှ ရေးသားသည်။ · 09/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement