backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Slipped capital femoral epiphysis (ပေါင်ရိုးချော်ခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Kaung Thar မှ ရေးသားသည်။ · 06/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Slipped capital femoral epiphysis (ပေါင်ရိုးချော်ခြင်း) ကဘာလဲ။

ပေါင်ရိုးချော်ခြင်းသည် တင်ပါးအဆစ်ရှိအလုံးသည် ပေါင်ရိုးမှခွဲထွက်သွားခြင်းဖြစ်သည်။ အရို၏ကြီးထွားနှုန်းကိုဖြစ်စေသောနေရာတွင်ဖြစ်သည်။ ပေါင်ရိုးချော်ခြင်းသည် တင်ပါးအဆစ်နှစ်ဖက်လုံးတွင်ဖြစ်နိုင်သည်။ အပီဖိုက်ဆစ်သည် အရိုးရှည်၏အဆုံးပိုင်းဖြစ်သည်။ ထိုအဆုံးပိုင်းနှင့် အဓိကအရိုးဆစ်ကြားကို အရိုးကြီးထွားစေသောနေရာနှင့်ခြားထားသည်။ ဒီအခြေအနေတွင်အရိုးကြီးထွားနေသောအပေါ်ပိုင်းတွင်ချော်ခြင်းဖြစ်သည်။

Slipped capital femoral epiphysis (ပေါင်ရိုးချော်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါဟာ ကလေးအယောက်တသိန်းတွင် နှစ်ယောက်ခန့်ဖြစ်သည်။ ကြီးထွားနေသောကလေးငယ် အသက် ၁၁ မှ ၁၅ များသောအားဖြင့်ယောကျာ်းလေး ဝသောကလေး ကြီးထွားမြန်သောကလေးနှင့် အခြားအကြောင်းကြောင့်ဟော်မှန်းမျှတမှုမရှိသောကလေးများတွင်ပိုဖြစ်တတ်သည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Slipped capital femoral epiphysis (ပေါင်ရိုးချော်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ပေါင်ရိုးချော်ခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

လမ်းလျောက်ရခက်ခြင်း။ ထော့နဲ့ထော့နဲ့လမ်းလျောက်ခြင်း

ဒူးခေါင်းနာခြင်း

တင်ပါးရိုးနာခြင်း

တင်ပါးရိုးတောင့်ခြင်း

ခြေထောက်အပြင်သို့ထွက်နေခြင်း

တင်ပါးဆစ်လှုပ်ရှားမှုသိပ်မလုပ်နိုင်ခြင်း။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်မှာအောက်ဖော်ပြပါအချက်အလက်တွေထဲကတစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။

သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Slipped capital femoral epiphysis (ပေါင်ရိုးချော်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ဖစ်စေသောအကြောင်းကိုမသိပါ။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Slipped capital femoral epiphysis (ပေါင်ရိုးချော်ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

ပေါင်ရိုးချော်ခြင်းဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

အဝလွန်ခြင်း

ဆေးများ(ဥပမာ စတီးရွိုက်)

သိုင်းရွိုက်ပြသာနာများ

ဓါတ်ရောင်ခြည်ကုထုံးများ

ကျောက်ကပ်ရောဂါနှင့်ဆိုင်သော အရိုးပြသာနာများ

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Slipped capital femoral epiphysis (ပေါင်ရိုးချော်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

စမ်းသက်ခြင်းတွင် ဆရာဝန်မှ ကလေးကျန်းမာရေးအခြေအနေ ရောဂါသမိုင်းကြောင်းစသည်ကို့ကိုမေးလိမ့်မည်။ ထိုနောက် ကလေးလက္ခဏာများ လက္ခဏာမည်မျှပေါ်သည်တို့ကိုမေးလိမ့်မည်။

ကလေးလှဲသည့်အချိန်တွင် ဆရာဝန်မှဖြစ်သော တင်ပါးဆစ် နှင့်ခြေထောက်ကိုသေချာစမ်းသက်ပြီးအောက်ပါတို့ကိုရှာလိမ့်မည်။

လှုပ်ရှားမှုများက နာခြင်း

တင်ပါးဆစ်လှုပ်ရှားနိုင်မှုနည်းခြင်း အဓိကအားဖြင့် အတွင်းကိုလှည့်ခြင်း

တမင်လုပ်တာမဟုတ်ပဲ ကြွက်သားများတောင့်နေခြင်း အကြောဆွဲခြင်း

ကလေးလမ်းလျောက်ပုံကိုလည်းကြည့်လိမ့်မည်။ ထိုကလေးများတွင် ပုံမှန်မဟုတ်သောလမ်းလျောက်ပုံနှင့် ထော့နဲ့ထော့နဲ့လျောက်ခြင်းတို့ရှိတတ်သည်။

ဓါတ်မှန်ရိုက်ခြင်း

ထိုလေ့လာချက်များက သိပ်သည်းဆများသောအဂါ် ဥပမာ အရိုးပုံရိပ်ကိုပြစေသည်။ တင်ပါးစုံ တင်ပါးရိုး ပေါင်ရိုးတို့ကို ထောင့်မျိုးစုံမှရိုက်ထားသော ဓါတ်မှန်များက ရောဂါအတည်ပြုရန်အထောက်အကူဖြစ်နိုင်သည်။

ထိုလူနာတွင် ပေါင်ရိုးခေါင်းသည် အရိုးမှချော်ပြီး ထွက်နေသည်ကိုတွေ့နိုင်သည်။

Slipped capital femoral epiphysis (ပေါင်ရိုးချော်ခြင်း) ကို ဘယ်လိုကုသပါသလဲ

ကုထုံး၏ရည်ရွယ်ချက်မှာ အနည်းငယ်ချော်နေသော ပေါင်ရိုးကိုထပ်မချော်အောင်လုပ်ခြင်းဖြစ်သည်။ များသောအားဖြင့်ခွဲစိတ်သည်။

စောစီးစွာသိပါက တင်ပါးဆစ်ကို တည်ငြိမ်အောင်လုပ်ခြင်း နှင့်နောက်ဆက်တွဲများကိုကာကွယ်ပေးနိုင်ခြင်းတို့လုပ်နိုငသည်။ အစောဆုံးနှင့်အထိရောက်ဆုံးကုသပါက တင်ပါးရိုးကြာရှည်လုပ်ဆောင်နိုင်စွမ်းပိုကောင်းသည်။

ထိုရောဂါသေမျာပါက ပေါင်ပေါ်သို့ အလေးဖြစ်စေသော အရာများကို ခွင့်မပြုတော့ပါ။ ဆေးရုံတက်ရန်လိုပြီး များသောအားဖြင့် ၂၄ နာရီမှ ၄၈ နာရီအတွင်းခွဲစိတ်မှုကိုလုပ်သည်။

လုပ်ဆောင်ချက်များ

ခွဲစိတ်မှုလုပ်ဆောင်ချက်သည် ပျင်းထန်မှုအပေါ်မူတည်သည်။ ကုသသည့်ပုံစံအများစုတွင်။

အထဲတွင်တည်ငြိမ်အောင်လုပ်ခြင်း။ ရောဂါအခြေအနေတည်ငြိမ်ပြီးမပြင်းထန်သောသူများတွင်လုပ်လေ့ရှိသည်။ ဆရာဝန်မှ ပေါင်ရိုးနားတွင် အပေါက်သေးလုပ်ပြီး သတ္ထုမူလီကို ကြီးထွားစေသည့်နေရာတွင် ထည့်ပေးသည်။ ထိုကြောင့်ပေါင်ရိုးခေါင်းကိုတည်ငြိမ်စေပြီး နောက်ထပ်ချော်ခြင်းကိုသက်သာစေသည်။ အချိန်ကြာသည်နှင့် အရိုးကြီးထွားစေသည့်အနေရာသည် ပိတ်သွားသည်။ ပိတ်သွားပါက နောက်ထပ်ချော်ခြင်းမျိုးမဖြစ်တော့ပါ။

ဖွင့်ပြီးပြန်ပြင်ခြင်း။ အခြေအနေသိပ်မကောင်းသောကိစ္စများတွင် တင်ပါးရိုးကိုဖွင့်ပြီး ပေါင်ရိုးခေါင်းကိုပုံမှန်နေရာသို့ပြန်သွင်းလိမ့်မည်။ ထို့နောက် သတ္ထု မူလီ ဖြင့် ကြီးထွားသည့်နေရာပြန်ပိတ်သည့်အထိ ရစ်ထားလိမ့်မည်။ ဈေးပိုကြိးပြီး ပြန်ကောင်းရန်အချိန်ကြာတတ်သည်။

ဆန့်ကျင်ဘက်တင်ပါးဆစ်တွင် ထည့်ခြင်း။ အချို့သောသူမျူားတွင် ဆန့်ကျင်ဘက်ဘက်တွင်ပါဖြစ်နှုန်းပိုများတတ်သည်။။ ထိုကိစ္စမျိုးတွင် မဖြစ်သောဘက်ကိုပါ အချိန်တစ်ပြိုင်နက်ထည့်ခြင်းအားဖြင့် ဖြစ်နှုန်းကိုသက်သာစေနိုင်သည်။ ဆရာဝန်က သင့်တော်သည်မသင့်တော်သည်ကိုပြောလိမ့်မည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ပေါင်ရိုးချော်ခြင်းကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။

ပေါင်ရိုးချော်ခြင်းသည် လူတိုင်းမကာကွယ်နိုင်ပါ။ ကျန်းမာသောကိုယ်အလေးချိန်က အရိုးအဆစ်များကိုဝန်မပိစေပဲ ပျက်ဆီးခြင်း အားနည်းခြင်းကိုသက်သာစေနိုင်သည်။ ကလေးကအဝလွန်နေပါက လုံခြုံသောအာဟာရနှင့်လေ့ကျင့်ခန်း ပုံစံကိုဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပါ။

အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Kaung Thar မှ ရေးသားသည်။ · 06/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement