အရိုးကျိုးခြင်း

အရိုးကျိုးခြင်း သည် အဖြစ်များသည့် အရိုးအကြောပြဿနာဖြစ်တဲ့အတွက် လက္ခဏာတွေ၊ ကုသနည်းတွေ၊ ကာကွယ်နည်းတွေ၊ ဆောင်ရန်ရှောင်ရန်တွေကို သိထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အရိုးကျိုးခြင်း

အရိုးကျိုးသွားတဲ့အခါ မြန်မြန်ပြန်ဆက်စေဖို့

ချော်လဲတာကြောင့်ဖြစ်ဖြစ်၊ မတော်တဆထိခိုက်မိတာတွေကြောင့်ဖြစ်ဖြစ် အရိုးကျိုးတာမျိုးတွေဖြစ်နိုင်ပါတယ်။ အရိုးကျိုးတာက သာမန်မျက်စိနဲ့ မြင်ဖို့ခက်သလို သေချာလေးဂရုစိုက်ပေးဖို့လည်း လိုပါတယ်။ အရိုးပြန်ဆက်တဲ့အချိန်မျာ အစားအသောက်၊ အနေအထိုင်ကို သေချာလေးဂရုစိုက်ပေးမှာ အရိုးက အကောင်းဆုံးပြန်ဆက်နိုင်မှာပါ။ ဒီတော့ အကြောင်းအရင်းတစ်ခုခုကြောင့် အရိုးကျိုးသွားတဲ့အခါ အရိုးမြန်မြန်ဆန်ဆန်ပြန်ဆက်စေဖို့ ဘာတွေလိုက်နာဖို့လိုမလဲဆိုတာကို ဒီဆောင်းပါးလေးကနေ မျှဝေပါရစေ။ ခန္ဓာကိုယ်ရဲ့ ငြမ်းဖြစ်တဲ့အရိုးတွေကို ဘယ်လိုဖွဲ့စည်းထားတာလဲ............ ခန္ဓာကိုယ်ရဲ့ အခြေခံကျတဲ့ ငြမ်းတွေဖြစ်တဲ့ အရိုးတွေကို ကော်လာဂျင်လို့ ခေါ်တဲ့ (ပရိုတင်း) နဲ့ဖွဲ့စည်းထားပြီး အပေါ်ကနေမှ သတ္တုဓာတ်တွေဖြစ်ကြတဲ့ ကယ်လ်ဆီယမ်နဲ့ ဖော့စဖရိတ်တို့က ကြံ့ခိုင်မှုကို အားဖြည့်ပေးထားကြပါတယ်။ ဒါကြောင့် အရိုးတွေကျန်းမာနေစေဖို့ ထိခိုက်သွားတဲ့အခါ အမြန်ဆုံးပြန်ကျန်းမာလာစေဖို့အတွက် အာဟာရတွေကို ပြည့်ဝမျှတအောင်စားသုံးပေးဖို့ လိုပါမယ်။ ကျိုးသွားတဲ့အရိုး မြန်မြန်ပြန်ဆက်စေဖို့ အရိုးတွေကျိုးသွားတဲ့အခါ ပြန်ဆက်ပြီး အမြန်ဆုံးအကောင်းပကတိပြန်ဖြစ်စေဖို့ဆိုရင် ပုံမှန်ထက် အာဟာရဓာတ်တွေကို ပိုမိုစားသုံးပေးဖို့လိုအပ်ပါမယ်။ ဒီတော့ ဘာတွေစားမလဲ......... ကယ်လ်ဆီယမ် အရိုးတွေနဲ့သွားတွေ ကြံ့ခိုင်သန်စွမ်းစေဖို့ မရှိမဖြစ်လိုအပ်မယ့်ဓာတ်တစ်မျိုးပါ။ အရိုးရဲ့ သိပ်သည်းဆကို […]

အရိုးကျိုးခြင်း ကို ရှာဖွေမည်။

အရိုးကျိုးခြင်း

Broken upper arm (လက်မောင်းရိုးကျိုးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Broken upper arm (လက်မောင်းရိုးကျိုးခြင်း) ကဘာလဲ။ လက်မောင်းရိုးဆိုတာဟာ အရိုးတစ်ခုဖြစ်ပြီး ပုခုံးကနေ တံတောင်ဆစ်ထိသွားနေတဲ့အရိုးကိုခေါ်ပါတယ်။   ကျန်းမာနေတဲ့လူတွေမှာ လက်မောင်းရိုးကျိုးခြင်း အများစုဟာ လက်မောင်းကို ပြင်းထန်တဲ့ထိခိုက်မှုဖြစ်ခြင်း ကြောင့်ဖြစ်ရပါတယ်။ များသောအားဖြင့်ကတော့မော်တာတပ်ယာဉ်တွေကြောင့် မတော်တဆဖြစ်မှုများ သို့မဟုတ် အမြင့်က ပြ ုတ်ကျမှုတွေမှာဖြစ်တတ်ပါတယ်။ အဖြစ်များလေ့ သိပ်မရှိတာတွေကတော့ လက်မောင်းရိုးလိမ်ခြင်း၊လက် ထောက်လျက်သား လက်ဖြန့်ရက်သားကျခြင်း သို့မဟုတ် လက်မောင်းက ကြွက်သားတွေ အလွန်အမင်း ကျုံ့ခြင်း ဆန့်ခြင်းကြောင့် ဖြစ်ရပါတယ်။ တကယ်လို့ ကြွက်သားတွေအလွန်မင်း ကျုံ့ခြင်းဆန့်ခြင်း ကြောင့်ဖြစ်ပါက အရိုးကလိမ်ပြီးကျိ ုးပါမယ်။၎င်းကို လိမ်ကျိုး ခြင်း သို့မဟုတ် ဘောလုံးပစ်သူလိုကျိုးခြင်း လို့ခေါ်ပါတယ်။ ဒီလိုဒဏ်ရာမျိုးကတော့ ရှားပါတယ်။   တကယ်လို့လက်မောင်းရိုးက သာသာလေးကျရုံ တိုက်မိရုံနဲ့ ကျိုးတယ်ဆိုပါက ဒီအရိုးဟာ အစကတည်းက အကြောင်း တစ်ခုခုကြောင့်အားနည်းပြီးသား ဖြစ်နိုင်ပါတယ်။ ကင်ဆာ သို့မဟုတ် အရိုးပွရောဂါတို့ကြောင့်ဖြစ်နိုင်ပါတယ်။၎င်းကို ရောဂါကြောင့်ကျိ ုးခြင်းလို့ခေါ်ပါတယ်။ ကင်ဆာကြောင့်ဖြစ် သော လက်မောင်းရိုးကျိ ုးခြင်းက အသက်ကြီးတဲ့လူတွေမှာ ပိုတွေ့ရတတ်ပါတယ်။ ထိခိုက်ဒဏ်ရာရလို့ကျိုးတာကျတော့ လူငယ်တွေမှာ ပိုတွေ့ရတတ်ပါတယ်။ Broken upper arm (လက်မောင်းရိုးကျိုးခြင်း) […]


အရိုးကျိုးခြင်း

Broken facial bone (မျက်နှာအရိုးကျိုးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Broken facial bone (မျက်နှာအရိုးကျိုးခြင်း) ကဘာလဲ။ မျက်နှာအရိုးကျိုးခြင်း ဆိုတာ မျက်နှာမှာရှိတဲ့ အရိုးတခုခု ကျိုးခြင်းဖြစ်သည်။ နှာခေါင်း ပါးအရိုး မျက်လုံးနားကအရိုး နှင့် မေးရိုးတို့ပါဝင်သည်။ များသောအားဖြင့် ထိခိုက်မိသောကြောင့်ဖြစ်တတ်သည်။ဥပမာ မော်တော်ကားတိုက်ရင်း အားကစားလုပ်ရင်းတိုက်မိခြင်း ပြုတ်ကျခြင်း သို့မဟုတ် ရန်ဖြစ်ခြင်းတို့ကြောင့်ဖြစ်တတ်သည်။ တစ်ခါတရံတွင် မျက်နှာရှိအရိုးများအားနည်းခြင်းသည် သွားနှင့်ပတ်သက်သော လုပ်ဆောင်မှုများကြောင့်လည်းဖြစ်နိုင်သည်။ Broken facial bone (မျက်နှာအရိုးကျိုးခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာအလွန်အဖြစ်များပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများBroken facial bone (မျက်နှာအရိုးကျိုးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ကျိုးသောမျက်နှာအရိုးပေါ်မူတည်၍ လက္ခဏာများမတူနိုင်ပါ။ အချို့သောလက္ခဏာ ဥပမာ နာခြင်း ရောင်ခြင်း နှင့် အညိုအမဲစွဲခြင်း တို့သည်အရိုးကျိုးခြင်းလက္ခဏာများဖြစ်သည်။ အဓိကမျက်နှာအရိုးကျိုးခြင်းတို့မှာ အောက်ပါအတိုင်းဖြစ်သည်။ နှာရိုးကျိုးခြင်း နာခြင်း ရောင်ခြင်း နှာခေါင်းသွေးလျှံခြင်း နှာခေါင်းအနားတွင်ညိုမဲစွဲခြင်း အသက်ရှူရခက်ခြင်း နဖူးရိုးကျိုးခြင်း နဖူးရိုး အထဲသို့ဝင်သွားခြင်း နှာခေါင်းတွင်းရှိ ရိုးတွင်းလေအိတ်အတွင်းရောင်ခြင်း မျက်လုံးဒဏ်ရာရခြင်းတို့ဖြစ်နိုင်သည်။ ပါးအရိုး မေးရိုးအပေါ်ပိုင်းကျိုးခြင်း(ဇိုင်ကိုမက်တစ် မက်စလရီအရိုးကျိုးခြင်း) ပါးရိုးပြားသွားခြင်း ထိမိသောဘက်ရှိ မျက်လုံးအောက်တွင် အာရုံခံမှုများပြောင်းလဲသွားခြင်း အမြင်အာရုံပြသာနာများဖြစ်ခြင်း မေးရိုးလှုပ်ခြင်းကြောင့်နာခြင်း မျက်လုံးရိုးကျိုးခြင်း မျက်လုံးနေသော အရိုးပါဝင်သည်။ တုံးသောအရာ ဥပမာ ဘောလုံး […]


အရိုးကျိုးခြင်း

Broken sternum (ရင်ညွန့်ရိုးကျိုးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက် Broken sternum (ရင်ညွန့်ရိုးကျိုးခြင်း) ကဘာလဲ။ ရင်ညွန့်ရိုးကျိုးခြင်းဆိုသည်မှာ ရင်သားရိုးကျိုးသွားခြင်းကို ဆိုလိုသည်။ ရင်ညွန့်ရိုးကျိုးခြင်းသည် အရိုးအားရင်ဘတ်အရှေ့မှ တိုက်ရိုက်ထိခိုက်မှုကြောင့်အများအားဖြင့်ဖြစ်တတ်သည်။ ယာဉ်မ တော်တဆဖြစ်မှုများတွင် ပို၍အဖြစ်များသည်။ Broken sternum (ရင်ညွန့်ရိုးကျိုးခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများ Broken sternum (ရင်ညွန့်ရိုးကျိုးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ရင်ညွန့်ရိုးကျိုးခြင်း ရဲ့ရောဂါလက္ခဏာများတွင် ချော်လဲခြင်း(သို့)တိုက်ရိုက်ထိခိုက်မှုတခုအပြီး ရင်ဘတ်ရှေ့တည့် တည့်မှ ရုတ်တရက်စတင်နာကျင်ကိုက်ခဲလာခြင်းပါဝင်သည်။ ထိုနာ ကျင်မှုသည် ဖြစ်ပွားရာနေရာတွင်သာဖြစ်ပြီးဘေးသို့ ပြန့်သွားခြင်းမရှိပေ။ အရိုးကျိုးသွားသောနေရာအား ထိခိုက်လျှင်နာ ကျင်ပြီး နာရီအနည်းငယ်အတွင်းညိုမည်းစွဲလာနိုင်ပါသည်။20ရာခိုင် နှုန်းသောဝေဒနာရှင်များတွင် အသက်ရှူရခက်သည့် အခြေအနေများကြုံတွေ့ရနိုင်ပါသည်။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။ သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။ ဘယ်အချိန်မှာ […]


အရိုးကျိုးခြင်း

Slipped capital femoral epiphysis (ပေါင်ရိုးချော်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Slipped capital femoral epiphysis (ပေါင်ရိုးချော်ခြင်း) ကဘာလဲ။ ပေါင်ရိုးချော်ခြင်းသည် တင်ပါးအဆစ်ရှိအလုံးသည် ပေါင်ရိုးမှခွဲထွက်သွားခြင်းဖြစ်သည်။ အရို၏ကြီးထွားနှုန်းကိုဖြစ်စေသောနေရာတွင်ဖြစ်သည်။ ပေါင်ရိုးချော်ခြင်းသည် တင်ပါးအဆစ်နှစ်ဖက်လုံးတွင်ဖြစ်နိုင်သည်။ အပီဖိုက်ဆစ်သည် အရိုးရှည်၏အဆုံးပိုင်းဖြစ်သည်။ ထိုအဆုံးပိုင်းနှင့် အဓိကအရိုးဆစ်ကြားကို အရိုးကြီးထွားစေသောနေရာနှင့်ခြားထားသည်။ ဒီအခြေအနေတွင်အရိုးကြီးထွားနေသောအပေါ်ပိုင်းတွင်ချော်ခြင်းဖြစ်သည်။ Slipped capital femoral epiphysis (ပေါင်ရိုးချော်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ ကလေးအယောက်တသိန်းတွင် နှစ်ယောက်ခန့်ဖြစ်သည်။ ကြီးထွားနေသောကလေးငယ် အသက် ၁၁ မှ ၁၅ များသောအားဖြင့်ယောကျာ်းလေး ဝသောကလေး ကြီးထွားမြန်သောကလေးနှင့် အခြားအကြောင်းကြောင့်ဟော်မှန်းမျှတမှုမရှိသောကလေးများတွင်ပိုဖြစ်တတ်သည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများSlipped capital femoral epiphysis (ပေါင်ရိုးချော်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ပေါင်ရိုးချော်ခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ လမ်းလျောက်ရခက်ခြင်း။ ထော့နဲ့ထော့နဲ့လမ်းလျောက်ခြင်း ဒူးခေါင်းနာခြင်း တင်ပါးရိုးနာခြင်း တင်ပါးရိုးတောင့်ခြင်း ခြေထောက်အပြင်သို့ထွက်နေခြင်း တင်ပါးဆစ်လှုပ်ရှားမှုသိပ်မလုပ်နိုင်ခြင်း။   အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ သင့်မှာအောက်ဖော်ပြပါအချက်အလက်တွေထဲကတစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။ သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် […]


အရိုးကျိုးခြင်း

Tibia Fracture ( ခြေသလုံးရိုးကျိုးခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Tibia Fracture ( ခြေသလုံးရိုးကျိုးခြင်း ) ကဘာလဲ။ ထိခိုက်မိခြင်းကြောင့် ခြေသလုံးရိုးကျိုးခြင်း အဖြစ်များပါတယ်။ အားကစားလုပ်ရင်း ခိုက်မိခြင်း၊ ချော်လဲခြင်း စသည်တို့ကြောင့် ခြေသလုံးရိုးသာမက ခြေကျင်းဝတ်နှင့် ဒူးခေါင်းပါ ကျိုးပဲ့နိုင်ပါတယ်။ ခြေသလုံးတွင် အရိုးနှစ်ချောင်းရှိပြီး tibia သည် အလေးချိန်ဒါဏ် ခံနိုင်ဆုံး အရိုးဖြစ်ကာ fibula မှာ ပိုပါး၍ ဘေးကျသော အရိုးဖြစ်သည်။ ထိခိုက်မိပါက ထိုအရိုးနှစ်ချောင်းလုံး ကျိုးနိုင်ပါတယ်။ အရိုးကျိုးခြင်းတွင် ကျိုးသော တည်နေရာပေါ်မူတည်ပြီး အဖျားပိုင်းတွင်ကျိုးခြင်း၊ အလယ်တွင် ကျိုးခြင်း၊ အရင်းပိုင်းတွင် ကျိုးခြင်း ဟူ၍ ရှိသည်။ လုံး၀ ပြန်ကောင်းစေရန် အနည်းဆုံး တစ်နှစ်မှ နှစ်နှစ်ထိ ကြာနိုင်ပါတယ်။ Tibia Fracture ( ခြေသလုံးရိုးကျိုးခြင်း ) က ဘယ်လောက်အဖြစ်များသလဲ ခြေသလုံးရိုးကျိုးခြင်း သည် အဖြစ်များဆုံး ခန္ဓါကိုယ်ရှိ […]


အရိုးကျိုးခြင်း

Femur shaft fractures (ပေါင်ရိုးတိုင်ကျိုးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Femur shaft fractures (ပေါင်ရိုးတိုင်ကျိုးခြင်း) ကဘာလဲ။ ပေါင်ရိုးသည်ခန္ဓါကိုယ်တွင် အသန်မာဆုံးအရှည်ဆုံးအရိုးဖြစ်သည်။ ပေါင်ရိုးသည်သန်မာလွန်း၍ကျိုးရန်အားအများကြီးလိုအပ်သည်။ ကားတိုက်မှုဥပမာ သည် အများဆုံးဖြစ်စေသောအကြောင်းဖြစ်သည်။ ရှည်ပြီး ဖြောင့်သောအပိုင်းကို ပေါင်ရိုးတိုင်ဟုခေါ်သည်။ ထိုနေရာတွင်ကျိုးပါက ပေါင်ရိုးတိုင်ကျိုးခြင်းဟုခေါ်သည်။ ပေါင်ရိုးကျိုးခြင်းသည် များသောအားဖြင့် ဖြစ်စေသောအားအပေါ်မူတည်သည်။ အရိုးများက တညီတည်းသို့မဟုတ် လွဲသွားခြင်း နှင့် အရေပြားအပိတ် သို့မဟုတ် အဖွင့်( အရိုးကအရေပြားကိုဖောက်ထွက်) တို့ဖြစ်နိုငသည်။ ခွဲခြားစနစ်ကိုသုံး၍ဆရာဝန်မှ ကျိုးခြင်းအဆင့်ကိုသတ်မှတ်သည်။ ပေါင်ရိုးကျိုးခြင်းတွင် ကျိုးသောနေရာ( ပေါင်ရိုးတိုင်တွင်သုံးပိုင်းရှိသည်။ အဝေး အလယ် အနီး) အရိုးကျိုးသည့်ပုံစံ (ဥပမာ လားရာမျိုးစုံကျိုးနိုင်သည် ဥပမာ အလျားလိုက် အရှည်လိုက်သို့မဟုတ် အလယ်) ထိခိုက်မှုကြောင့်ကျိုးပါက အရေပြားနှင့်ကြွက်သားသည် အရိုးအပေါ်တွင်ရှိမရှိ။ ပေါင်ရိုးတိုင်ကျိုးခြင်း အဓိကပုံစံများမှာ ကန့်လတ်ဖြတ်ကျိုးခြင်း။ ထိုကျိုးခြင်းတွင် ပေါင်ရိုးတိုင်၏ ရေပြင်ညီအတိုင်းအဖြောင့်လိုက်ကျိုးသည်။။ စောင်းကျိုးခြင်း။ ထိုကျိုးခြင်းတွင် ပေါင်ရိုးတိုင်တွင် ထောင့်တခုပေါ်ကျိုးသည်။ ရစ်ပြီးကျိုးခြင်း။ အရိုးကျိုးရာသည်သိကြားလုံးအပေါ် ဝိုင်းထားသကဲ့လို့ ဖြစ်နေသည်။ လိမ်သွားစေသောအားပါသည့်အချိန်တွင်ထိုသို့ကျိုးခြင်းမျိုးဖြစ်နိုင်သည်။ တစ်စဆီကျိုးခြင်း။ ဒီကျိုးခြင်းတွင် အရိုးသည် သုံးလေးပိုင်းမကကြေသွားသည်။ များသောအားဖြင့် အရိုးအစများအရေအတွက်သည် […]


အရိုးကျိုးခြင်း

Cervical fracture (လည်ပင်းရိုးကျိုးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Cervical fracture (လည်ပင်းရိုးကျိုးခြင်း) ကဘာလဲ။ လည်ပင်းမှာရှိတဲ့ အရိုးခုနှစ်ခုဟာ လည်ပင်းကျောရိုးဆစ်တွေဖြစ်ကြပါတယ်။ ဒီကျောရိုးမထဲက လည်ပင်းရိုးတွေဟာခေါင်းကို အထောက်အကူပြ ုပြီး ပုခုံနဲ့ ခန္ဓါကိုယ်ကို ဆက်သွယ်ပေးထားပါတယ်။ လည်ပင်းကျောရိုးဆစ်တွေတစ်ခု ကျိုးတာပဲ့တာမျိုးဖြစ်ခဲ့ရင် များသောအားဖြင့် ဇက်ကျိုးခြင်းလု့ိခေါ်ပါတယ်။ ကျောရိုးမကြီးကို ထိခိုက်ဒဏ်ရာရခဲ့ပါက နောက်ဆက်တွဲဆိုးကျိ ုးတွေအများကြီးရှိလာနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အာရုံကြောမ စနစ်က ဦးနှောက်ရယ် ခန္ဓါကိုယ်ရယ်ကို ဆက်သွယ်ထားပြီး ကျောရိုးဆစ်တွေ ကြားကနေဖြတ်သွားရ တာကြောင့်ဖြစ်ပါတယ်။ အာရုံကြောမကြီးကို ထိခိုက်မိပါကလေဖြတ်ခြင်းဖြစ်နိုင်ပြီး သေတဲ့အထိဖြစ်နိုင်ပါတယ်။ လည်ပင်းကျောရိုးဆစ်တွေထဲက တစ်နေရာရာကို ထိခိုက်မိပါက လည်ပင်းအောက်ကစပြီး ခန္ဓါကိုယ်တစ်ခုလုံး ယာယီ သို့မဟုတ် အမြဲတမ်း အကြောသေတာမျိုးဖြစ်နိုင်ပါတယ်။ Cervical fracture (လည်ပင်းရိုးကျိုးခြင်း) က ဘယ်လောက်အဖြစ်များသလဲ အတွေ့ရများပါတယ်။ အထူးသဖြင့် အားကစားသမားတွေမှာတွေ့ရတတ်ပါတယ်။ အခြားအချက်အလက်တွေသိရဖို့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများCervical fracture (လည်ပင်းရိုးကျိုးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ လည်ပင်းက အရိုးဆစ်တစ်ခုကျိုးသွားပါက ပထမဆုံးတွေ့ရမယ့်လက္ခဏာကတော့ လည်ပင်းနာခြင်းဖြစ်ပါတယ်။ ဒီလိုဖြစ် တာကအာရုံကြောတွေကို […]


အရိုးကျိုးခြင်း

Broken Finger (လက်ချောင်းရိုးများကျိုးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Broken Finger (လက်ချောင်းရိုးများကျိုးခြင်း) ကဘာလဲ။ သင့်လက်ချောင်းများရှိအရိုးများကို အရိုးဆစ်များphalangesများဟုခေါ်သည်။ လက်ချောင်းတခုတွင် အရိုးဆစ်သုံးခုရှိသည်။ ခြွင်းချက်အနေဖြင့် လက်မတွင် အရိုးဆစ်နှစ်ခုရှိသည်။ တခု(သို့)တခုထက်ပိုသောထိုလက်ရိုးဆစ်များကျိုးပါကလက်ချောင်းရိုးကျိုးခြင်းကိုဖြစ်ပွားစေသည်။ လက်ကျိုးခြင်းသည် လက်အားထိခိုက်ဒဏ်ရာရခြင်း၏ရလဒ်ဖြစ်သည်။ မည်သည့်အရိုးဆစ်မဆိုကျိုးနိုင်သည်။ သင့်၏လက်သီးဖုများသည်လည်း သင့်လက်ချောင်းရိုးများဆုံရာနေရာဖြစ်ပြီး ထိုနေရာတွင်လည်း ကျိုးနိုင်သည်။ Broken Finger (လက်ချောင်းရိုးများကျိုးခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။   လက္ခဏာများBroken Finger (လက်ချောင်းရိုးများကျိုးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ လက်ချောင်းရိုးများကျိုးခြင်း ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ နာကျင်ကိုက်ခဲခြင်း ရောင်ရမ်းခြင်း ထိလိုက်လျှင်နာကျင်ခြင်း နဂိုပမာဏအတိုင်းလှုပ်ရှား၍မရခြင်း သင့်လက်ချောင်းသည်ပုံလည်းပျက်နေနိုင်ပါသည်။ ကျိုးထားသော လက်ချောင်းများသည် အလွန်နာကျင်နိုင်ပြီး အထူးသဖြင့် သင့်လက်ချောင်းများကို လှုပ်ရန်ကြိုးစားသောအခါတွင်ဖြစ်သည်။ သို့သော်တခါတရံတွင် နာကျင်မှုသည် စူးစူးဝါးဝါးမဟုတ်ပဲ ထိုနာကျင်မှုကို ခံနိုင်ရည်ရှိနေနိုင်တတ်သည်။ ဆိုးဆိုးဝါးဝါးနာကျင်မှုမရှိသော်လည်း ဆေးကုသမှုမလိုအပ်ဟုမဆိုလိုပါ။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် […]


အရိုးကျိုးခြင်း

Broken Foot (ခြေထောက်ကျိုးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Broken Foot (ခြေထောက်ကျိုးခြင်း) ကဘာလဲ။ မတော်တဆမှုတခုခု(သို့)ချော်လဲပြုတ်ကျခြင်းတခုခုမှ သင့်ခြေထောက်ကျိုးနိုင်ပါသည်။ ထိုအဖြစ်များလှသော ထိခိုက်မှုသည်ဆေးဘက်ဆိုင်ရာစစ်ဆေးကုသမှုချက်ချင်းလိုအပ်ပြီး ပြင်းထန်နိုင်ပါသည်။ ခြေထောက်ကျိုးခြင်း၏ပြင်းထန်မှုမှာ ကွဲပြားနိုင်သောကြောင့် အကယ်၍သင့်ခြေထောက်ကျိုးသွားသည်ဟုသံသယရှိပါကသင်၏ဆရာဝန်ကိုပြသရန်လိုအပ်သည်။ သင်လုံးဝပြန်ကောင်းနိုင်ရန် ကုသမှုအစီအစဉ်ကို ဆရာဝန်မှ စီစဉ်ပေးနိုင်ပါသည်။ Broken Foot (ခြေထောက်ကျိုးခြင်း) က ဘယ်လောက်အဖြစ်များသလဲ ခြေထောက်အရိုးများကျိုးသွားခြင်းသည် အရမ်းအဖြစ်များပါသည်။ အမှန်ဆိုရလျှင် အရိုး10ခုကျိုးတိုင်း ခြေအရိုး1ခု ကျိုးခြင်းဖြစ်လေ့ရှိသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ PasteTextHere လက္ခဏာများBroken Foot (ခြေထောက်ကျိုးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ခြေထောက်ကျိုးခြင်း ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ နာကျင်ကိုက်ခဲခြင်း သွေးခြေဥသကဲ့သို့ညိုမည်းစွဲသွားခြင်း ထိတွေ့လိုက်လျှင်နာကျင်ခြင်း ရောင်ရမ်းဖုဖောင်းလာခြင်း လမ်းလျှောက်ရအဆင်မပြေခြင်း(သို့) ခြေထောက်ပေါ်တွင် အလေးချိန်များနေခြင်း ကျိုးသွားသောအရိုးသည် ငေါထွက်နေခြင်း (သို့) ခြေထောက်သည် ပုံမှန်အနေအထားမဟုတ်ပဲ လွဲချော်ပျက်ယွင်းနေခြင်း စသည့်ဖြင့် ခြေထောက်တွင် ပုံပျက်သွားခြင်း။ သင်၏လက္ခဏာများသည်ကွဲပြားနိုင် သော်လည်း နာကျင်ကိုက်ခဲမှု၊ညိုမည်းစွဲခြင်းနှင့် ရောင်ရမ်းခြင်းတို့မှာ အဖြစ်များသည်။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက […]


အရိုးကျိုးခြင်း

Broken Hand (လက်ကျိုးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Broken Hand (လက်ကျိုးခြင်း) ကဘာလဲ။ သင့်၏လက်ကောက်ဝတ်(သို့)လက်ရှိအရိုးများတခု(သို့)တခုထက်ပို၍ကျိုးသွားခြင်း(သို့)အက်သွားခြင်းကို လက်ကျိုးခြင်းဟုခေါ်သည် ။ ချော်လဲကျသောအခါ မိမိကိုယ်ကိုထိန်း၍ ဆန့်ထားသောလက်ဖြင့်မြေပြင်ကို ထောက်မိသောအခါ ထိုကဲ့သို့သောထိခိုက်မှုအများစုသည် လက်ကောက်ဝတ်တွင်ဖြစ် ပွားလေ့ရှိသည်။ ထိုကဲ့သို့သောလက်ကောက်ဝတ်(သို့)လက်ကျိုး ခြင်းကို တတ်နိုင်သမျှမြန်မြန်ကုသရန်အရေးကြီးသည်။ မကုသပါက အရိုးမျှသည် ပုံပန်းမကျ ဆက်သွားပြီး သင့်၏နေ့စဉ်လုပ်ငန်းများ ဥပမာစာရေးခြင်း (သို့)ကြယ်သီးတပ်ခြင်း စသည်တို့ကိုထိခိုက် သွားစေနိုင်ပါသည်။ စောစီးစွာကုသခြင်းသည် နာကျင်မှုနှင့် တောင့်ခဲနေမှုတို့ကို သက်သာစေသည်။   Broken Hand (လက်ကျိုးခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများBroken Hand (လက်ကျိုးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ လက်အားထိခိုက်အနာတရဖြစ်ခြင်းသည် သိသာလှပါသည်။ လက်ကျိုးခြင်း ရဲ့ ရောဂါလက္ခဏာတွေကတော့ ရောင်ရမ်းခြင်း ညိုမည်းစွဲခြင်း နာကျင်ခြင်း လက်ချောင်းများပုံပန်းမကျဖြစ်ခြင်း အားနည်းခြင်း လက်မှ ကောင်းစွာမဆုပ်ကိုင်နိုင်ခြင်း လက်ချောင်းများ၏လှုပ်ရှားမှုပမာဏလျော့နည်းသွားခြင်း အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ သင့်လက်များသည် ပုံမှန်အတိုင်းလုပ်ဆောင်နိုင်စွမ်းရှိနေစေရန် အလွန်အရေးကြီးပြီး မည်သည့်ပြုပြင်မရတော့သည့်ထိခိုက်မှုမျှမရှိ စေရန်သေချာအောင်စစ်ဆေးထားသင့်ပါသည်။ အဘယ်ကြောင့်ဆို သော်သင့်လက်များသည် အလွန်အရေးကြီးသောကြောင့် ဆရာဝန်တစ်ဦးသည် အလွန်အရေးမကြီးလှသောထိခိုက်မှုမှလွဲ၍ ကျန်သည့်လက်၏ထိခိုက်မှုများကို ကြည့်ရှူစစ်ဆေးကာ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်