home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ဝိတ်ချသူတွေ နဲ့ ဆီးချိုသမားများ ကာဗိုဟိုက်ဒရိတ် ရွေးချယ် စားတတ်ဖို့

ဝိတ်ချသူတွေ နဲ့ ဆီးချိုသမားများ ကာဗိုဟိုက်ဒရိတ် ရွေးချယ် စားတတ်ဖို့

carbs လို့ခေါ်ကြတဲ့ ကာဗိုဟိုက်ဒရိတ် တွေက ခန္ဓာကိုယ်ရဲ့ ပင်မခွန်အား အရင်းအမြစ် ဖြစ်ပြီး ညီညွတ်မျှတတဲ့ စားသောက်မှုပုံစံတိုင်းမှာ အရေးပါတဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်နေပါတယ်။ ဒါပေမယ့် ကိုယ်အလေးချိန် လျှော့ချလိုသူတွေနဲ့ ဆီးချိုဝေဒနာရှင်တွေအတွက်တော့ သင့်တော်မယ့် ရွေးချယ်စားသုံးနည်းကို အကြံပြုပေးချင်ပါတယ်။

ကာဗို ဘယ်နှမျိုး ရှိလဲ

ကာဗိုဟိုက်ဒရိတ် အဓိကအမျိုးအစား(၃) မျိုးက သကြားဓာတ်၊ ကစီဓာတ်နဲ့ အမျှင်ဓာတ်တွေဖြစ်ပါတယ်။ သူတို့ရဲ့ဓာတုဖွဲ့စည်းမှုနဲ့ ခန္ဓာကိုယ်တုံ့ပြန်မှုတွေကို အခြေခံပြီး ရိုးရိုးလား၊ အရောလား ခွဲခြားလို့ရပါတယ်။ ဒါပေမယ့် အစားအသောက်အများစုမှာ ကာဗိုဟိုက်ဒရိတ်တစ်မျိုးနဲ့အထက် ပါဝင်နေတတ်တာကြောင့် ကိုယ့်အတွက် ကျန်းမာရေးနဲ့ညီတာ၊ မညီတာကိုရွေးချယ်ဖို့သိပ်မလွယ်နိုင်ပါဘူး။

ကာဗိုဟိုက်ဒရိတ်ရိုးရိုးတွေက ချေဖျက်ရလွယ်ကူတဲ့ အခြေခံသကြားဓာတ်တွေနဲ့ ဖွဲ့စည်းထားပါတယ်။ သန့်စင်၊ပြုပြင်ထားတဲ့ သကြားတွေကို သကြားလုံးတွေ၊ မုန့်တွေနဲ့ အချိုရည်တွေမှာ သုံးကြပေမယ့် ဒီလိုသကြားဓာတ်တချို့က အသီးတွေနဲ့ နို့တွေမှာ သဘာဝအတိုင်း ပါဝင်နေတတ်ပါတယ်။

ဂျုံကြမ်း၊ ပဲနဲ့ ကစီပါတဲ့ဟင်းသီးဟင်းရွက်တွေမှာတွေ့ရတဲ့ ကာဗိုဟိုက်ဒရိတ်အရောက longer chains of sugar moleculesတွေ ပါဝင်လို့ ခန္ဓာကိုယ်က ဖြိုခွဲချက်လုပ်ဖို့ အချိန်ပိုယူရပါတယ်။ ဒါ့ကြောင့် လူကို ခွန်အားပမာဏ ပိုပေးနိုင်တယ်လို့ သိရပါတယ်။

ကာဗိုဟိုက်ဒရိတ် ရိုးရိုး ဆိုတာ ဘာလဲ

သူတို့အားလုံး ကတော့ ဆိုးကျိုးပေးတဲ့ ကာဗိုဟိုက်ဒရိတ်တွေမဟုတ်ကြပါဘူး။ ဘယ်အစားအသောက် ကနေ သူတို့ကို ရရှိလိုက်တာလဲ ဆိုတာ ကိုပဲ မူတည်တာပါ။ ဥပမာ အသီးအနှံ နဲ့ ဟင်းသီးဟင်းရွက်တွေ က ကျန်းမာရေးအတွက် အရေးပါတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်အရင်းအမြစ်တွေ ဖြစ်ပြီး အခြေခံသကြားဓာတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ကာဗိုဟိုက်ဒရိတ်ရိုးရိုးတွေ သဘာဝအလျောက် ပါဝင်ပါတယ်။

ဒါပေမယ့် အသီးနဲ့ ဟင်းသီးဟင်းရွက်တွေက ကွတ်ကီးနဲ့ ကိတ်မုန့်တို့လို ပြုပြင်သကြား ထပ်ပေါင်းထားတဲ့ ကာဗိုဟိုက်ဒရိတ်ရိုးရိုး အမျိုးအစားဝင် တခြားအစားအသောက်တွေ နဲ့တော့ ကွာခြားပါတယ်။ အသီးတွေမှာ ပါတဲ့အမျှင်ဓာတ်က ခန္ဓာကိုယ်ရဲ့ သကြားချေဖျက်မှုကို ပြောင်းလဲစေပြီး အစာချေဖျက်မှုကို နှေးစေပါတယ်။

ကာဗိုဟိုက်ဒရိတ်ရိုးရိုး ဖြစ်ပေမယ့် အကန့်အသတ်နဲ့ ဆင်ခြင်စားသုံးသင့်တဲ့ အစားအစာတွေကတော့ –

  • ဆိုဒါ
  • သကြားလုံး
  • ကွတ်ကီး
  • အချိုမုန့်တွေ
    အချိုရည်
  • အားဖြည့်အချိုရည်
  • ရေခဲမုန့် တို့ပါဝင်ပါတယ်။

ကာဗိုဟိုက်ဒရိတ် အရော ဆိုတာ ဘာလဲ

သူတို့ကတော့ အကျိုးပြုတဲ့အမျိုးအစားလို့ သတ်မှတ်ကြပါတယ်။ သူတို့ကို ဖွဲ့စည်းထားတဲ့ သကြားဓာတ်ဟာ ခန္ဓာကိုယ်ကချေဖျက်ဖို့ ပိုကြာတတ်ပါတယ်။ ဒါ့ကြောင့် တစ်နေ့တာလုံးမှာ သကြားဓာတ်ကို နည်းနည်းချင်းပုံမှန်နှုန်းနဲ့ ထုတ်ပေးနေမှာ ဖြစ်ပါတယ်။

ကာဗိုဟိုက်ဒရိတ်အရောပါဝင်တဲ့ အစားအသောက်တွေမှာ ရိုးရိုးမှာထက် ဗီတာမင်၊ သတ္တုဓာတ်နဲ့ အမျှင်ဓာတ်တွေပိုပါဝင်တတ်ပါတယ်။ အာဟာရဓာတ်ပြည့်ဝတဲ့ ကာဗိုဟိုက်ဒရိတ်အရောတွေဆိုတာ –

ကာဗိုဟိုက်ဒရိတ် အရင်းအမြစ်တစ်ခုက ကောင်းမလား၊ ဆိုးမလား ရွေးချယ်တော့မယ်ဆိုရင် ဒါလေး သတိရပါ။ သကြားဓာတ်များပြီး အမျှင်ဓာတ်၊ ဗီတာမင်နဲ့သတ္တုဓာတ်တွေနည်းလေ ကျန်းမာရေးအတွက် မကောင်းလေ ဆိုတာပါပဲ။

အပေါ်မှာ ပြောခဲ့သလိုပဲ ကိုယ်အလေးချိန်လျှော့ချချင်တဲ့ သူတွေနဲ့ ဆီးချိုရောဂါရှိသူတွေကတော့ ကာဗိုဟိုက်ဒရိတ်အရော ကို ပိုပြီးသင့်တော်ပါတယ်နော်။ ဉာဏ်ရှိသလို ချင့်ချိန် စားသုံးတတ်ပါစေကြောင်း အကြံပြုလိုက်ရပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Yun Sandi Nan Mon မှ ရေးသားသည်။ 2 ရက် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။